၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ကြီးကြပ်မှုအောက်ရှိ ယာဉ်ရပ်နားစခန်းများမှ ယာဉ်ဝင်ခ/ယာဉ်ရပ်နားခ ကောက်ခံသည့်လုပ်ငန်း(၁၃)ခု၊ ရေချိုး/သန့်စင်ခန်း အသုံးပြုခကောက်ခံသည့်လုပ်ငန်း(၁၂)ခု၊နားနေဆောင်နားနေခကောက်ခံသည့်လုပ်ငန်း(၃)ခုနှင့် ကော်မတီပိုင်ဆိုင်ခန်း(၄၁)ခန်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်--
တင်ဒါရောင်းချမည့်ရက်မှာ ၁၄ - ၁ -၂၀၂၅ (အင်္ဂါနေ့)ရက်နေ့ဖြစ်ပြီး တင်ဒါအရောင်းပိတ်မည့်ရက်မှာ ၃၀ - ၁ -၂၀၂၅ (ကြာသပတေးနေ့) (၁၃ : ၀၀ နာရီ) ဖြစ်ပါသည်--အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာဌာနများတွင် အသုံးပြုရန်အတွက် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်--
အိတ်ဖွင့်တင်ဒါပုံစံများကို ၁၃-၁-၂၀၂၅ ရက်နေ့မှစ၍ရောင်းချမည်ဖြစ်ပြီး ၂၁-၁-၂၀၂၅ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်--အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အင်းစိန်မြို့နယ် အဆင့်မြင့်လက်ကားဈေး (တညင်းကုန်း) ဈေးစီမံကိန်းမှ (၂)ခန်းတွဲ (၃)ထပ်တိုက် Shop House ဆိုင်ခန်းအဆောက်အဦ (၁၀)လုံးအားတင်ဒါခေါ်ယူရောင်းချရန်အတွက် အဆိုပြုလွှာများတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်--
တင်ဒါလျှောက်လွှာရောင်းချမည့်ရက် - ၁၀-၁-၂ဝ၂၅ ရက် မှ ၂၄-၁-၂ဝ၂၅ ရက်နေ့ထိ(ရုံးချိန်အတွင်း)ရောင်းချမည်ဖြစ်ပြီး တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် - ၃၀-၁-၂ဝ၂၅ (ကြာသပတေးနေ့)၊ ၁၃:ဝဝ နာရီ တင်သွင်းရန်ဖြစ်ပါသည်။ --အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခကောက်ခံခြင်းလုပ်ငန်း(၂)ခု၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းများရှိအငှားချလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၂၅ မှ ၃၁-၃-၂၀၂၆ထိ)အငှားချထားရန်အတွက် တင်ဒါအဆိုပြုလွှာများတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်--
တင်ဒါလျှောက်လွှာရောင်းချမည့်ရက် - ၁၃-၁-၂ဝ၂၅ ရက် မှ ၂၇-၁-၂ဝ၂၅ ရက်နေ့ထိ(ရုံးချိန်အတွင်း)ရောင်းချမည်ဖြစ်ပြီး တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် - ၂၈-၁-၂ဝ၂၅ (အင်္ဂါနေ့)၊ ၁၃:ဝဝ နာရီ တင်သွင်းရန်ဖြစ်ပါသည်။ --အသေးစိတ်ကြည့်ရှုရန်
မြို့တော်နယ်နိမိတ်အတွင်း စိုက်ထူထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ၄၅၊ × ၁၅၊ ကြော်ငြာဘုတ်များအား၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာတပ်ဆင်လိုသူများသို့ မဲနှိုက်အငှားချထားခြင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလိုပါက www.ycdc.gov.mm တွင် Online စနစ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်--
လျှောက်လွှာတင်သွင်းရမည့်ရက်မှာ ၂၃-၁-၂၀၂၅ ရက်နေ့မှ ၇-၂-၂၀၂၅ ရက်နေ့ထိဖြစ်ပါသည်--အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး ဖိုင်ဘာသွယ်တန်းခြင်း Last Mile မြေပေါ် မြေအောက်သွယ်တန်းခြင်း၊ Telecommunication Pole စိုက်ထူခြင်း နှင့် Smart Pole/ Mono Pole စိုက်ထူခြင်းလုပ်ငန်းများကို BOT စနစ်ဖြင့် တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၄)အား Last Mile မြေပေါ်မြေအောက် သွယ်တန်းခြင်းနှင့် Telecommunication Pole စိုက်ထူခြင်းလုပ်ငန်းအား Lot(၆)ခုခွဲ၍ ကုမ္ပဏီ(၆)ခုမှ ဆောင်ရွက် လျက်ရှိပြီး Smart Pole/ Mono Pole စိုက်ထူခြင်းလုပ်ငန်းအား Lot(၄)ခုခွဲ၍ ကုမ္ပဏီ (၄)ခု ဆောင်ရွက်လျက်ရှိပါသည်။ ဆက်သွယ်ရေးဖိုင်ဘာ သွယ်တန်းခြင်းနှင့် တိုင်များ စိုက်ထူခြင်း လုပ်ငန်းဆောင်ရွက်လိုသူ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း- အသေးစိတ်ကြည့်ရှုရန်
ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application အသုံးပြု၍ AYA Pay. CB Pay, KBZ Pay, UAB Bank Sai Sai Pay, AGD Bank One Pay, Wave Money, My Tel, OK$ တို့မှ ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြို့ပြစီမံကိန်းဌာနမှ ဆောင်ရွက်ခဲ့သော ရန်ကုန်မြို့ဇုန်သတ်မှတ်ချက်စည်းမျဉ်း (Yangon Zoning Regulation) နှင့် ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ (Development Permit Rules and Regulations) အား အများပြည်သူပိုမိုသိရှိနိုင်ရေးနှင့် အကြံပြုလိုသည်များရှိပါက မြို့ပြစီမံကိန်းဌာန၏ email address ဖြစ်သည့်ycdc.upd@gmail.com သို့ ပေးပို့အကြံပြုနိုင်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အဦများ၏ ရေနှင့်သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုမိန့်များလျှောက်ထား ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကန့်သတ်ခွင့်ပြုထားသော နောက်ဆက်တွဲပါလုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက စိစစ်ထုတ်ပြန်ထားသော (Water Supply & Sanitation) မှတ်ပုံတင်လက်မှတ်ရရှိထားပြီး စည်းကမ်းသတ်မှတ်ချက်ကာလများနှင့် ကိုက်ညီစွာ သက်တမ်းတိုးဆောင်ရွက်ထားပြီးဖြစ်သည့် P.E(Water & Sanitation), R.S.E(Water & Sanitation), R.E(Water & Sanitation)များမှ ၁-၇-၂၀၂၂ ရက်နေ့မှစတင်၍ တာဝန်ယူလက်မှတ် ရေးထိုးလျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် ရာပြတ်ဌာနရုံးခွဲများကို တိုးချဲ့ဖွင့်လှစ်ထားပြီး မြေနှင့်အဆောက်အအုံများအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။အသေးစိတ်ကြည့်ရှုရန်