ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ရန်ကုန်မြို့တော်သူမြို့တော်သားများ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ချမ်းသာပျော်ရွှင်စေရေး၊ဉာဏ်ရည်ဖွံ့ဖြိုးစေရေး၊နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး၊ ထူးချွန်ထက်မြက်သော ဂေါက်သီးရိုက်ကစားသမားများ ပေါ်ထွက်လာစေရေး ပြည်တွင်းပြည်ပမှ ဂေါက်သီးရိုက်ကစားသမားများ အချင်းချင်း ချစ်ကြည်ရင်း နှီးမှု ပိုမိုရရှိစေရေးအစရှိသည့် ရည်ရွယ်ချက်များဖြင့် မြို့တော်ဂေါက်ကွင်းအား တည်ထောင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဂေါက်ကွင်း၏
အရှေ့ဖက်၌ - ပြုပြင်ထိန်သိမ်းရေးလေတပ်
အနောက်ဖက်၌ - အင်းစိန်၊(ဖေါ့ကန်) အောင်ဇေယျရပ်ကွက်
မြောက်ဖက်၌ - တပ်မတော်ဂေါက်ကွင်း
တောင်ဖက်၌ - တပ်မတော်လေတပ်၏ အိမ်ထောင်သည် လိုင်းများ အကြားမြေဧက (၃၀၀) ခန့်ရှိသော ဧရိယာအတွင်း (၁၈)ကျင်းပါ ဂေါက်ကွင်း (၂) ကွင်း တည်ဆောက်ထားခြင်းဖြစ်ပါ သည်။
၄င်းဧရိယာသည် တပ်မတော်ပိုင် မြေနေရာ ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ဂေါက်ကွင်း ဖောက်လုပ်ရန် ညွှန်ကြားခဲ့သည့်အတွက် (၁-၅-၁၉၉၁)ရက်နေ့မှ စတင်၍ Han Golf Master PTE.,Ltd မှဂေါက်သီး ပညာရှင် ဦးချမ်းဟန် ဦးစီးသော ကွင်းဒီဇိုင်းအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ မှ ဌာနများ ပူးပေါင်းပြီး ဖောက်လုပ်ခဲ့ရာ အကျယ်အဝန်း (၁၇၆)ဧက ရှိသော ငွေသော်တာကွင်း မြေဧက အကျယ်အ၀န်း (၁၀)ဧက ခန့်ရှိသော ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းနှင့် ပင်မ Club House အား (၃၀-၁-၁၉၉၄) ရက်နေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ငွေသော်တာကွင်းဖွင့်လှစ်ပွဲအခမ်းအနားသို့ နိုင်ငံတော် အကြီးအကဲများ တက်ရောက် ခဲ့ပြီး လစ်လပ်နေသော နေရာများတွင် ထပ်မံ၍ (၁၈)ကျင်းပါ ကွင်းတစ်ကွင်းအား ဖောက်လုပ်ရန် ညွှန်ကြားခဲ့သဖြင့် အပိုဒ် (၂) ပါငွေသော်တာကွင်း ဖောက်လုပ်ခဲ့သော အဖွဲ့ဖြင့်ပင် (၁-၃-၁၉၉၄) ရက်နေ့မှ စတင် ဖောက်လုပ်ခဲ့ရာ အကျယ် အဝန်း (၁၁၂.၃၁၆) ဧက ရှိ မြကန်သာ ကွင်းအား (၁၈-၉-၁၉၉၆) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မြို့တော်ဂေါက်ကွင်း၏လုပ်ငန်းတာဝန်များ
ကော်မတီမှ ချမှတ်ပေးထားသော လုပ်ငန်းတာ၀န်များကို အထွေထွေမန်နေဂျာမှ တာဝန်ခံ၍ အောင်မြင်အောင် ဆောင်ရွက်ရန်။
မြို့တော်ဂေါက်ကွင်း လုပ်ငန်းကိစ္စအဝဝ အကောင်အထည်ဖော်အောင်မြင်ရန် အတွက် ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ရန်။
ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စည်းကမ်းတကျ ရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်။
မြို့တော်ဂေါက်ကွင်းအသင်းသားများ ဂေါက်ကွင်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အကျင့် သိက္ခာရှိစေရေးနှင့် အဆင့်အတန်းမြင့်မားစေရေးအတွက် ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်ရန်။
မြို့တော်ဂေါက်ကွင်းနှင့် မြို့တော်ဂေါက်ကွင်းဟိုတယ်တို့၏ ကြီးပွားတိုးတက်ရေးကို ကြံဆလုပ်ဆောင်ရန်နှင့် လိုအပ်ပါက ကော်မတီသို့ အကြံပြုတင်ပြရန်။
မြို့တော်ဂေါက်ကွင်းအဆင့်မြှင့်တင် မွမ်းမံပြင်ဆင်မှုများအား သက်ဆိုင်ရာကော်မတီဝင်မှတဆင့် ဥက္ကဌ(မြို့တော်ဝန်)ထံ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်။
ပြည်တွင်းပြည်ပအသင်းအဖွဲ့များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဂေါက်သီးရိုက်ပြိုင်ပွဲပြုလုပ်လိုပါက အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်။
မြို့တော်ဂေါက်ကွင်း၏ ၀င်ငွေနှင့် ဌာနပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်။
မြို့တော်ဂေါက်ကွင်း၏ အဆင့်အတန်းတိုးတက်သည်ထက် တိုးတက်အောင် အမြဲကြံဆ ဆောင်ရွက်ရန်။
ကော်မတီမှ လိုအပ်၍ ပေးအပ်လာသည့် အခြားတာ၀န်၀တ္တရားများအား ထမ်းဆောင်ရန်။
မြို့တော်ဂေါက်ကွင်းတွင် အောက်ပါအတိုင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်-
(က) မြို့တော်ဂေါက်ကွင်းတွင် အသင်းသားအဖြစ်လက်ခံခြင်း။
(ခ) လာရောက်ကစားသည့် ဂေါက်သီးရိုက်ကစားသမားများ အဆင်ပြေချောမွေ့စွာ ကစားနိုင်ရေးအတွက် အချိန်ကြိုတင် (Tee-off-Time)၊ ကယ်ဒီကြိုတင်(Caddie Booking)တင်ခြင်းများလက်ခံဆောင်ရွက်ခြင်း။
(ဂ) အသင်းအဖွဲ့များ၊ဌာနဆိုင်ရာများမှ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် အချိန်ကြိုတင်စီစဉ်ပေးခြင်း၊ လိုအပ်သည့် ကယ်ဒီစီစဉ်ပေးခြင်း၊ ဘာဂီငှားရမ်းအသုံးပြုနိုင်ရေးအတွက် စီစဉ်ပေးခြင်း၊ Longest Drive တိုင်းတာပေးခြင်း၊ Nearest Pin တိုင်းတာပေးခြင်း၊ Nearest Line တိုင်းတာပေးခြင်း၊Score Board မှတ်တမ်းတင်ပေးခြင်း၊ ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရန် နေရာထိုင်ခင်း စီစဉ်ပေးခြင်း။
(ဃ) မိသားစုအပန်းဖြေအနားယူနိုင်ရေးအတွက် မြင်းခွာကျွန်းရေးကူးကန်နှင့် စားသောက်ဆိုင် ဖွင့်လှစ်ပေးထားခြင်း၊ ဘာဂီဖြင့် ကွင်းအတွင်း လှည့်လည် ကြည့်ရှုနိုင်ရေးစီစဉ်ပေးခြင်း။
(င) ရုပ်ရှင်၊ဗွီဒီယို၊ဓါတ်ပုံရိုက်ကူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
(စ) မြို့တော်ဂေါက်ကွင်းတွင် ပြည်တွင်းပြည်ပမှ လာရောက်အပန်းဖြေ ဂေါက်သီးရိုက်ကစားသူများ တည်းခိုနေထိုင်နိုင်ရေးအတွက် မြို့တော်ဂေါက်ကွင်း ဟိုတယ်အား ဖွင့်လှစ်ထားရှိခြင်း
ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များ
မြို့တော်ဂေါက်ကွင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဦးမင်းညွန့် အထွေထွေမန်နေဂျာ (ညွှန်ကြားရေးမှူး) ၀၉ ၅၀၂၇၂၄၀ |
|
ဧည့်ကြိုဌာနစိတ် ၀၉ ၄၂၁၁၁၉၉၃၂၊ ၀၉ ၂၅၀၅၃၂၆၆၈ |
|
ဦးစီးအရာရှိ(လုပ်ငန်း) ၀၉ ၅၄၀၈၈၃၂ |
အသင်းဝင်ကြေးနှုန်းထားများ |
||
၁။ |
အလွတ်အသင်းသား(၁)ဦး |
|
|
(က) မြန်မာ (Co) |
၅,၀၀၀,၀၀၀ |
|
(ခ) နိုင်ငံခြား [O(FE)] |
၁၂,၀၀၀,၀၀၀ |
၂။ |
ကုမ္ပဏီအသင်းသား(၂)ဦး |
|
|
(က) မြန်မာ (C) |
၃,၀၀၀,၀၀၀ |
|
(ခ) နိုင်ငံခြား [C(FE)] |
၁၅,၀၀၀,၀၀၀ |
၃။ |
အစိုးရဝန်ထမ်းအသင်းသား(၁)ဦး |
|
|
(က) မြန်မာ (GS) |
၂,၀၀၀,၀၀၀ |
|
|
|
၄။ |
အသင်းသားလစဉ်ကြေး (အနည်းဆုံး (၆) လ ပေးသွင်းရမည်။) |
|
|
(က) မြန်မာ |
၁၀,၀၀၀ |
|
(ခ) နိုင်ငံခြားသား |
၂၀၀,၀၀၀ |
၅။ |
မိသားစုဝင်ကတ် |
|
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (ရုံးပိတ်ရက်များ မပါ) အောက်ပါအတိုင်း ခွင့်ပြုထားသည်- |
||
|
(က) မြန်မာ |
၇,၀၀၀ |
|
(ခ) နိုင်ငံခြားသား |
၂၅,၀၀၀ |
မြို့တော်ဂေါက်ကွင်းတွင် ကောက်ခံသည့်နှုန်းထားများ |
|||
|
မြန်မာ |
နိုင်ငံခြားသား |
|
၁။ |
ကွင်းကြေး(အသင်းသား မပါလျှင်) |
||
|
(က) ရုံးဖွင့်ရက် |
၁၅,၀၀၀ |
၅၅,၀၀၀ |
|
(ခ) ရုံးပိတ်ရက် |
၂၀,၀၀၀ |
၆၀,၀၀၀ |
၂။ |
ကွင်းကြေး(အသင်းသား ပါလျှင်) |
||
|
(က) ရုံးဖွင့်ရက် |
၁၄,၀၀၀ |
၅၀,၀၀၀ |
|
(ခ) ရုံးပိတ်ရက် |
၁၉,၀၀၀ |
၅၅,၀၀၀ |
(မှတ်ချက်။ အသင်းသားတစ်ဦးပါလျှင် ဧည့်သည်(၃)ဦး Discount မြန်မာ ၁၀၀၀/- နိုင်ငံခြားသား ၅၀၀၀/-) |
|||
၃။ |
ကယ်ဒီကြေး |
||
|
(က) Serial |
၅,၀၀၀ |
၃၀,၀၀၀ |
|
(ခ) Byname Fees |
၁၀,၀၀၀ |
၃၅,၀၀၀ |
|
|
|
|
၄။ |
ကယ်ဒီကြိုတင် |
၇,၀၀၀ |
၇,၀၀၀ |
၅။ |
ကွင်းလေ့လာကြေး |
||
|
(က) ရုံးဖွင့်ရက်(အသင်းသား၏ဧည့်) |
၁၄,၀၀၀ |
၅၀,၀၀၀ |
|
(ခ) ရုံးပိတ်ရက်(အသင်းသား၏ဧည့်) |
၁၉,၀၀၀ |
၅၅,၀၀၀ |
|
(ဂ) ရုံးဖွင့်ရက်(ဧည့်သည်) |
၁၅,၀၀၀ |
၅၅,၀၀၀ |
|
(ဃ) ရုံးပိတ်ရက်(ဧည့်သည်) |
၂၀,၀၀၀ |
၆၀,၀၀၀ |
(မှတ်ချက်။ အသင်းသားတစ်ဦးပါလျှင် ဧည့်သည် (၃) ဦး Discount မြန်မာ ၁၀၀၀/- နိုင်ငံခြားသား ၅၀၀၀/-) |
|||
၆။ |
လှည်းငှားခ |
၃,၀၀၀ |
၃,၀၀၀ |
ရ။ |
ဘာဂီငှားခ |
||
|
(က) အသစ် |
၂၅,၀၀၀ / ၃၀,၀၀၀ |
၃၅,၀၀၀ / ၄၀,၀၀၀ |
|
(ခ) အဟောင်း |
၁၅,၀၀၀ / ၂၀,၀၀၀ |
၃၀,၀၀၀ |
၈။ |
အချိန်ကြိုတင် (တစ်တွဲ) |
၄,၀၀၀ |
၄,၀၀၀ |
၉။ |
(၅)ဦးတွဲကြေး |
၃,၀၀၀ |
၃,၀၀၀ |
၁၀။ |
(၆)ဦးတွဲကြေး |
၁၀,၀၀၀ |
၁၀,၀၀၀ |
၁၁။ |
ညမီးကြေး |
|
|
|
(က) ၁ ကျင်း (၁)ဦး |
၄,၀၀၀ |
၅,၀၀၀ |
|
(ခ) ၂ ကျင်း (၁) ဦး |
၈,၀၀၀ |
၁၀,၀၀၀ |
|
(ဂ) ၃ ကျင်း (၁)ဦး |
၁၂,၀၀၀ |
၁၅,၀၀၀ |
|
(ဃ) ၄ ကျင်း (၁)ဦး |
၁၆,၀၀၀ |
၂၀,၀၀၀ |
|
(င) ၅ ကျင်း (၁)ဦး |
၂၀,၀၀၀ |
၂၅,၀၀၀ |
|
တစ်တွဲသာမိလျှင် (၁) ကျင်း (၁) ဦး |
၈,၀၀၀ |
၁၀,၀၀၀ |
၁၂။ |
ကင်မရာ (မှတ်တမ်း) |
၅,၀၀၀ |
၅,၀၀၀ |
၁၃။ |
ဗွီဒီယိုကင်မရာ (မှတ်တမ်း) |
၁၀,၀၀၀ |
၁၀,၀၀၀ |
၁၄။ |
ရုပ်ရှင်/ဗွီဒီယို/ကြော်ငြာ (စီးပွားရေး) |
၁၀၀,၀၀၀ |
၁၀၀,၀၀၀ |
၁၅။ |
အခန်း/နေရာငှားရမ်းခ(တီးဝိုင်းမပါ) ၊ မြန်မာ/နိုင်ငံခြားသား(၁နာရီလျှင်) |
မြန်မာ |
နိုင်ငံခြားသား |
|
(က) အစည်းအဝေးခန်းမ |
၂၀,၀၀၀ |
၃၀,၀၀၀ |
|
(ခ) VIP ကားပါကင်အပေါ်ထပ် |
၂၀,၀၀၀ |
၃၀,၀၀၀ |
|
(ဂ) ငွေသော်တာကလပ်ရှေ့ကားပါကင် |
၃၀,၀၀၀ |
၃၀,၀၀၀ |
၁၆။ |
မီတာခ(တီးဝိုင်းပါလျှင်) ၊ မြန်မာ/နိုင်ငံခြားသား(၁နာရီလျှင်) |
မြန်မာ |
နိုင်ငံခြားသား |
|
(က) အစည်းအဝေးခန်းမ |
၃၀,၀၀၀ |
၇၀,၀၀၀ |
|
(ခ) VIP ကားပါကင်အပေါ်ထပ် |
၃၀,၀၀၀ |
၇၀,၀၀၀ |
|
(ဂ) ငွေသော်တာကလပ်ရှေ့ကားပါကင် |
၆၀,၀၀၀ |
၈၀,၀၀၀ |
မှတ်ချက်။ အခန်း/နေရာငှားရမ်းခများနှင့် မီတာခများအတွက်ပြင်ဆင်ချိန် (၁) နာရီ ပေါင်းထည့်၍ ကောက်ခံပါသည်။ |
|||
|
|
|
|
၁၇။ |
အသင်းသားကတ်ပျောက်/ပျက်ဒဏ်ကြေး |
၃,၀၀၀ |
၂၅,၀၀၀ |
၁၈။ |
ကွင်းငှားရမ်းခြင်း |
မြန်မာ |
နိုင်ငံခြားသား |
(က) |
တစ်နေ့လုံးအတွက် ငှားရမ်းခြင်း |
||
၁။ |
ရုံးဖွင့်ရက် |
၁,၀၀၀,၀၀၀ |
၂,၀၀၀,၀၀၀ |
၂။ |
ရုံးပိတ်ရက် |
၁,၅၀၀,၀၀၀ |
၂,၅၀၀,၀၀၀ |
(ခ) |
နေ့တစ်ဝက်ငှားရမ်းခြင်း(၂၁ တွဲမှ ၃၀ တွဲထိ) |
||
၁။ |
ရုံးဖွင့်ရက် |
၅၀၀,၀၀၀ |
၁,၀၀၀,၀၀၀ |
၂။ |
ရုံးပိတ်ရက် |
၇၀၀,၀၀၀ |
၁,၅၀၀,၀၀၀ |
(ဂ) |
(၁၁) တွဲမှ (၂၀) တွဲထိ |
||
၁။ |
ရုံးဖွင့်ရက် |
၂၀၀,၀၀၀ |
၃၀၀,၀၀၀ |
၂။ |
ရုံးပိတ်ရက် |
၃၀၀,၀၀၀ |
၄၀၀,၀၀၀ |
(ဃ) |
(၁) တွဲမှ (၁၀) တွဲထိ |
||
၁။ |
ရုံးဖွင့်ရက် |
၁၀၀,၀၀၀ |
၂၀၀,၀၀၀ |
၂။ |
ရုံးပိတ်ရက် |
၂၀၀,၀၀၀ |
၃၀၀,၀၀၀ |
၁၉။ |
Tee-Off-Time ပျက်ဒဏ်ကြေး (အသင်းသား) |
၁၆,၀၀၀ |
၆၀,၀၀၀ |
၂၀။ |
ကစားကြေး (အသင်းသား) |
၅,၀၀၀ |
၁၀,၀၀၀ |
၂၁။ |
အမည်လွှဲပြောင်းခ |
မြန်မာ |
နိုင်ငံခြားသား |
|
(က) သာမန်အသင်းသား |
၅၀၀,၀၀၀ |
၁,၂၀၀,၀၀၀ |
|
(ခ) ကုမ္ပဏီအသင်းသား |
၁၅၀,၀၀၀ |
၇၅၀,၀၀၀ |
ယနေ့ကြည့်ရှုသူ - ၅၃
Online Services ကြည့်ရှုသူ - ၂၁၉၇
UEC ကြည့်ရှုသူ - ၇၄၇
ကြည့်ရှုသူစုစုပေါင်း - ၁၁၆၉၃၄၈၉