ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကပိုင်၊ အစိုးရဌာနဆိုင်ရာပိုင်နှင့် အဖွဲ့အစည်းပိုင် မရွှေ့မပြောင်းနိုင်သောမြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့် အဆောက်အအုံဖြစ်စေ ၄င်းတို့၏ နှစ်စဉ်တန်ဖိုးအပေါ်တွင် ကော်မတီကသတ်မှတ်ထားရှိသည့် ရာခိုင်နှုန်းဖြင့် လအလိုက်၊ ကွာတာအလိုက်၊ နှစ်အလိုက် စည်းကြပ်ကောက်ခံသော အခွန်ဖြစ်ပါသည်။ ပစ္စည်းခွန်ဟုဆိုရာတွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်(သန့်ရှင်းရေးခွန်)တို့ ပါဝင်သည်-
ဟိုတယ်၊ မိုတယ်၊ အင်း များအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုရိပ်သာများ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ လစဉ်ပေးပို့သည့် အရှုံး/အမြတ်စာရင်းတွင် ပါရှိသော အခန်းငှားရမ်းခဝင်ငွေမှ အောက်ဖော်ပြပါ သက်သာခွင့်များ နုတ်ပယ်ပေးပြီး အသားတင်ကျန်ငွေအပေါ် ၆% ဖြင့်စည်းကြပ်၍ ဝင်ငွေစာရင်းတင်ပြသည့် ကာလအတိုင်း ကောက်ခံပါသည်-
လျှော့ပေါ့သက်သာခွင့်များပေးခြင်း
(က) | ဝင်ငွေခွန် | ၁၀% |
(ခ) | ကုန်သွယ်လုပ်ငန်းခွန် | ၁၀% |
(ဂ) | ဝန်ဆောင်ခ | ၁၀% |
(ဃ) | မြေ(သို့)အဆောက်အအုံပိုင်ရှင်သို့ပေးရသည့် ငှားရမ်းခ (ငှားရမ်းခပေးရမှသာ) | |
(င) | ဘဏ်ဝန်ဆောင်ခ | ၄% (သက်ဆိုင်မှသာ) |
(စ) | အသားတင်ကျန်ငွေ | = လစဉ်တန်ဖိုး (MRV)(Monthly Ratable Value ) |
(ဆ) | ပစ္စည်းခွန် | =လစဉ်တန်ဖိုး ၆% |
ပစ္စည်းခွန်စည်းကြပ်ရန် ဝင်ငွေပြည့်မီခြင်းမရှိသော ဟိုတယ်၊ မိုတယ်၊ အင်းများကို အောက်ဖော်ပြပါ ကြိတ်နှုန်းများဖြင့် စည်းကြပ်ကောက်ခံပါသည်-
အခန်းအရေအတွက် | လစဉ်တန်ဖိုး | တစ်လကြိတ်နှုန်း(ကျပ်) |
---|---|---|
၁ ခန်းမှ ၃၀ ခန်း | ၅၀,၀၀၀ ကျပ် | ၆,၅၀၀ ကျပ် |
၃၁ ခန်းမှ ၆၀ ခန်း | ၇၀,၀၀၀ ကျပ် | ၉,၁၀၀ ကျပ် |
၆၁ ခန်းမှ ၁၀၀ ခန်း | ၁၀၀,၀၀၀ ကျပ် | ၁၃,၀၀၀ ကျပ် |
၁၀၁ ခန်းမှ ၂၀၀ ခန်း | ၁၄၀,၀၀၀ ကျပ် | ၁၈,၂၀၀ ကျပ် |
၂၀၁ ခန်းမှ အထက် | ၁၉၀,၀၀၀ ကျပ် | ၂၄,၇၀၀ ကျပ် |
မှတ်ချက်။ FDI, JV ဟိုတယ်များအား သာမန်မြေနှင့်အဆောက်အအုံပေါ်တွင် တွက်ချက်စည်းကြပ်သည့်နှုန်းများအတိုင်း စည်းကြပ်ကောက်ခံရန်
Apartment, Tower, Residence များအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
၅။ Apartment, Tower, Residence များ၏ လစဉ်အခန်းငှားရမ်းခဝင်ငွေမှ သက်ဆိုင်ရာသို့ပေးရသော ငှားရမ်းခကို ဦးစွာနုတ်ပယ်ပေးပြီးနောက် ကျန်ငွေအနက်မှ အောက်ဖော်ပြပါ သက်သာခွင့်များထပ်မံနုတ်ပယ်ပြီး အသားတင်ကျန်ငွေအပေါ် ၁၃% ဖြင့်စည်းကြပ်၍ ဝင်ငွေစာရင်း တင်ပြသည့်ကာလအတိုင်း ကောက်ခံပါသည်-
လျှော့ပေါ့သက်သာခွင့်များပေးခြင်း
(က) | ဝင်ငွေခွန် | ၁၀% |
(ခ) | ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် | ၂၅% |
(ဂ) | ကျန်ငွေအပေါ် အထွေထွေစရိတ် | ၂၅% |
(ဃ) | ကျန်ငွေအပေါ် ဝန်ဆောင်မှုစရိတ် | ၂၀% |
(င) | အသားတင်ကျန်ငွေ | =လစဉ်တန်ဖိုး (MRV)(Monthly Ratable Value ) |
(စ) | ပစ္စည်းခွန် | = လစဉ်တန်ဖိုး၏ ၁၃% |
ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များ လိုအပ်ပါသည်-
Plaza များအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
Plaza များ၏ လစဉ်အခန်းငှားရမ်းခဝင်ငွေမှ သက်ဆိုင်ရာသို့ ပေးရသောငှားရမ်းခကို ဦးစွာနုတ်ပယ်ပေးပြီးနောက် ကျန်ငွေအနက်မှ အောက်ဖော်ပြပါ သက်သာခွင့်များ ထပ်မံနုတ်ပယ်ပြီး အသားတင်ကျန်ငွေအပေါ် ၁၃% ဖြင့်စည်းကြပ်၍ ဝင်ငွေစာရင်းတင်ပြသည့် ကာလအတိုင်း ကောက်ခံပါသည်-
လျှော့ပေါ့သက်သာခွင့်များပေးခြင်း
(က) | ဝင်ငွေခွန် | ၁၀% |
(ခ) | ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် | ၂၅% |
(ဂ) | ကျန်ငွေအပေါ် အထွေထွေစရိတ် | ၂၅% |
(ဃ) | အသားတင်ကျန်ငွေ | =လစဉ်တန်ဖိုး (MRV)(Monthly Ratable Value ) |
(င) | ပစ္စည်းခွန် | = လစဉ်တန်ဖိုး၏ ၁၃ % |
ငှားရမ်းထားသော မြေ/အဆောက်အအုံအခန်းများပေါ်အား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
မြေ၊ အဆောက်အအုံ၊ အခန်းအား နေထိုင်ရန်အတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အတွက်လည်းကောင်း ငှားရမ်းထားရှိပါက နှစ်ဦးနှစ်ဖက်သဘောတူညီထားသည့် တစ်လငှားရမ်းခငွေမှ အောက်ဖော်ပြပါသက်သာခွင့်များကိုနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၃% ဖြင့် စည်းကြပ်၍ စာချုပ်ပါငှားရမ်းကာလအတိုင်း ကောက်ခံပါသည်-
လျှော့ပေါ့သက်သာခွင့်များပေးခြင်း
(က) | ဝင်ငွေခွန် | ၁၀% |
(ခ) | ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် | ၂၅% |
(ဂ) | ကျန်ငွေအပေါ် အထွေထွေစရိတ် | ၂၅% |
(ဃ) | အသားတင်ကျန်ငွေ | =လစဉ်တန်ဖိုး (MRV)(Monthly Ratable Value ) |
(င) | ပစ္စည်းခွန် | = လစဉ်တန်ဖိုး၏ ၁၃ % |
မူလပိုင်ရှင်ထံမှ မြေနှင့်အဆောက်အအုံ၊ အခန်းများကိုငှားရမ်းရယူ၍ တစ်ဆင့်ပြန်လည်အငှားချထားပါက ထိုသို့ပြန်လည် အငှားချထားသူ ဒုတိယပုဂ္ဂိုလ်အား ပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် စည်းကြပ်မည့်ကာလအတွက် အငှားချထားခြင်း ခံရသူ တတိယပုဂ္ဂိုလ်ထံမှ ရရှိသည့်ငှားရမ်းခအနက်မှ မူလပိုင်ရှင်သို့ပေးရသည့်ငှားရမ်းခအပါအဝင် အောက်ဖော်ပြပါသက်သာ ခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၃ % ဖြင့်စည်းကြပ်၍ စာချုပ်ပါငှားရမ်းကာလအတိုင်း ကောက်ခံပါသည်-
လျှော့ပေါ့သက်သာခွင့်များပေးခြင်း
(က) | မူလပိုင်ရှင်သို့ပေးရသောငှားရမ်းခ | |
(ခ) | ကျန်ငွေအပေါ် ဝင်ငွေခွန် | ၁၀ % |
(ဂ) | ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် | ၂၅% |
(ဃ) | ကျန်ငွေအပေါ် အထွေထွေစရိတ် | ၂၅ % |
(င) | အသားတင်ကျန်ငွေ | = လစဉ်တန်ဖိုး (MRV) |
(စ) | ပစ္စည်းခွန် | = လစဉ်တန်ဖိုး၏ ၁၃ % |
ကော်မတီက စည်းကြပ်သော ပစ္စည်းခွန်ကို မြေ၊ အဆောက်အအုံ အခန်းပိုင်ရှင်ထံမှ ကောက်ခံရမည်ဖြစ်ပါသည်။သို့သော် နှစ်ဦးသဘောတူစာချုပ်တွင် ငှားရမ်းသူမှ ပေးဆောင်ရမည်ဟု ထည့်သွင်းဖော်ပြထားပါက စာချုပ်ပါအတိုင်း ကောက်ခံရမည် ဖြစ်ပါသည်။
ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များ လိုအပ်ပါသည်-
စက်ရုံ၊ အလုပ်ရုံများအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
စက်ရုံ၊ အလုပ်ရုံများအပေါ် ဘဏ္ဍာနှစ် တစ်နှစ်လျှင်တစ်ကြိမ် အောက်ပါအတိုင်း ပစ္စည်းခွန်စည်းကြပ် ကောက်ခံပါသည်-
မြေ၏နှစ်စဉ်တန်ဖိုး | = မြေတန်ဖိုး၏ ၃% |
အဆောက်အအုံ၏နှစ်စဉ်တန်ဖိုး | = အဆောက်အအုံတန်ဖိုး၏ ၆% |
စက်ပစ္စည်း၏နှစ်စဉ်တန်ဖိုး | = စက်ပစ္စည်းတန်ဖိုး၏ ၆% |
နှစ်စဉ်တန်ဖိုးစုစုပေါင်း | = မြေ၏နှစ်စဉ်တန်ဖိုး+ အဆောက်အအုံ၏နှစ်စဉ်တန်ဖိုး+ စက်ပစ္စည်း၏နှစ်စဉ်တန်ဖိုး |
တစ်နှစ်ကျသင့်ပစ္စည်းခွန် | = နှစ်စဉ်တန်ဖိုး စုစုပေါင်း ၏ (၁၃%) |
စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုလုပ်ငန်းများအား ပစ္စည်းခွန်စည်းကြပ်ရာတွင် တွက်ချက်အသုံးပြုရမည့် မြေ၊ အဆောက်အအုံတို့၏ တစ်စတုရန်းပေ တန်ဖိုးနှုန်းထားများအား အောက်ပါအတိုင်းသတ်မှတ်ပါသည်-
မြေတစ်စတုရန်းပေတန်ဖိုး | = ၁,၀၀၀ ကျပ် |
အဆောက်အအုံတစ်စတုရန်းပေတန်ဖိုး | = ၇၀၀ ကျပ် |
ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
သာမန်လူနေအဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
သာမန်လူနေအဆောက်အအုံများ၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများအား မြို့နယ်အတန်းအစား၊ လမ်းအမျိုးအစား၊ အဆောက်အအုံအမျိုးအစားအလိုက် ကော်မတီကသတ်မှတ်သည့် အောက်ပါနှုန်းထားများအတိုင်း မြေတန်ဖိုး၏ ၃% နှင့်အဆောက်အအုံတန်ဖိုး၏ ၆% တို့အား လစဉ်တန်ဖိုးတွက်ချက်သတ်မှတ်ပြီး ယင်းလစဉ်တန်ဖိုး၏ ၁၃% ဖြင့် တစ်လအတွက် စည်းကြပ်၍ ပုဂ္ဂလိကပိုင်များအပေါ် (၆)လအတွက် တစ်ကြိမ်၊ အစိုးရဌာနဆိုင်ရာပိုင်များ အပေါ် (၁)နှစ်အတွက် တစ်ကြိမ်ကောက်ခံပါသည်-
မြေတစ်စတုရန်းပေတန်ဖိုးနှုန်းထားများ (ကျပ်)
မြို့နယ်အတန်းအစား | လမ်းမကြီး | လမ်းကျယ် |
ပထမတန်းစား | ၁,၀၀၀ | ၈၀၀ |
ဒုတိယတန်းစား | ၆၀၀ | ၄၀၀ |
အဆောက်အအုံ၏ တစ်စတုရန်းပေတန်ဖိုးနှုန်းထားများ (ကျပ်)
မြို့နယ်အတန်းအစား | RC/Steel Structure | အုတ်/နံကပ် | ပျဉ်သွပ် | ဝါးဓနိ |
ပထမတန်းစား | ၇၀၀ | ၆၀၀ | ၄၀၀ | ၂၀၀ |
ဒုတိယတန်းစား | ၆၀၀ | ၄၀၀ | ၂၀၀ | ၁၀၀ |
ပစ္စည်းခွန်တွက်ချက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | မြို့နယ်အတန်းအစားများ | |
(၁) | ပထမတန်းစားမြို့နယ်များ(၂၃)မြို့နယ် - ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ တာမွေ၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ အင်းစိန်၊ ဒေါပုံ၊ | |
(၂) | ဒုတိယတန်းစားမြို့နယ်များ(၉)မြို့နယ် - ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒလ၊ ဆိပ်ကြီးခနောင်တို။ | |
(ခ) | စတုရန်းပေ (၆၂၅)ပေရှိ အဆောက်အအုံကို အနိမ့်ဆုံးထား၍ တွက်ချက်ရမည်ဖြစ်ပြီး အခွန်စည်းကြပ်ထိုက်သည့် အဆောက်အအုံတစ်ခုသည် ယင်းထက်ကျဉ်းလျှင်လည်း စတုရန်းပေ (၆၂၅)ပေအတိုင်း စည်းကြပ်ရမည်။ ယင်းထက်ပို၍ ကျယ်နေလျှင်ရှိသည့် ဧရိယာအတိုင်းတွက်ချက်စည်းကြပ်ရမည်။ | |
(ဂ) | အထပ်တိုက်နှင့်အိမ်များဖြစ်ပါက အထပ်မြင့်လာသည်နှင့်အမျှ တစ်ထပ်မြင့်တိုင်း အနီးစပ်ဆုံးအောက်ထပ် အဆောက်အအုံ တန်ဖိုးကျသင့်ငွေ၏ ၂၀%လျှော့၍ (၅)ထပ်ထိလျှော့ပေါ့သွားကာ စည်းကြပ်ရမည်။ (၅)ထပ် မှအစပြု၍ ယင်းထက်မြင့်သော အထပ်များကို (၅)ထပ်၏နှုန်းထားနှင့်အညီ စည်းကြပ်ရမည်။ | |
(ဃ) | အထပ်မြင့်အဆောက်အအုံများ စည်းကြပ်ရာတွင် စက်လှေကားတပ်ဆင်ထားသည့် အဆောက်အဦများ စည်းကြပ်ရာ၌ အဆောက်အဦတန်ဖိုးအား အထပ်အားလုံးကို မြေညီထပ်အတိုင်းပေါင်း၍ တွက်ချက်ရမည်။ | |
(င) | အထပ်ခွဲတိုက်များအတွက် အထပ်ခွဲ၏ ရာပြတ်တန်ဖိုးကို ယင်းအထပ်အဆောက်အအုံရာပြတ်တန်ဖိုး၏ ၅၀% သတ်မှတ်ရမည်။ | |
(စ) | အထပ်လိုက်တွင် အခန်းခွဲများရှိပါက အထပ်လိုက်ရာပြတ်တန်ဖိုးကို အခန်းအကျယ်အဝန်းအတိုင်း သတ်မှတ် တွက်ချက်ရမည်။ | |
(ဆ) | မြေတန်ဖိုးများကို ရှိသည့်အကျယ်အဝန်းအတိုင်း သတ်မှတ်စည်းကြပ်ရမည်။ | |
(ဇ) | အခန်းခွဲများအလိုက် စည်းကြပ်မှုမပြုမီ အထပ်မြင့်အဆောက်အအုံများအတွက် (၆၂၅)စတုရန်းပေ အကျယ်ကို မြေငှားရမ်းခအဖြစ် ပထမတန်းစားမြို့နယ်အတွက် (၂,၀၀၀/-)၊ ဒုတိယတန်းစား မြို့နယ်အတွက် (၁,၀၀၀/-)ထည့်သွင်းတွက်ချက်ရမည်။ | |
(ဈ) | စီးပွားရေးအတွက် အသုံးပြုရန်ဆောက်လုပ်သော အဆောက်အအုံများအားလုံးအား ပစ္စည်းခွန်တွက်ချက်ရာတွင် မြို့နယ်အတန်းအစား၊ လမ်းအမျိုးအစားမခွဲဘဲ အမြင့်ဆုံးတစ်စတုရန်းပေ နှုန်းထားများနှင့်သာ တွက် ချက်စည်းကြပ်ရမည်။ | |
မှတ်ချက်။ အစိုးရဌာနဆိုင်ရာလုပ်ငန်းသုံး၊ ရုံး၊ အဆောက်အအုံများအား စည်းကြပ်ရာတွင် မူလအထွေ ထွေခွန် (၈%)၊ မီးခွန် (၅%) အပြင် အမှိုက်နှင့်အညစ်အကြေးခွန်အား မြို့တွင်း(Downtown) မြို့နယ်အတွက် (၈.၅%)နှင့်ကျန်မြို့နယ်များကို (၆.၅%)ဖြင့် ထည့်သွင်းစည်းကြပ်ပါသည်။ |
ပုဂ္ဂလိကပိုင်များအပေါ် ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
အစိုးရဌာနဆိုင်ရာများအပေါ် ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များလိုအပ်ပါသည်-
ပွဲရုံများအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
ဘုရင့်နောင်ပွဲရုံ၊ စီးပွားရေးဇုန်များအား ပစ္စည်းခွန်တွက်ချက်ရာတွင် မြေ(၁)စတုရန်းပေ နှုန်းထားအပေါ် ၃%၊ အဆောက်အအုံ(၁) စတုရန်းပေ နှုန်းထားအပေါ် ၆% ဖြင့် လစဉ်ရာပြတ်တန်ဖိုးတွက်ချက်ပြီး ယင်းလစဉ် ရာပြတ် တန်ဖိုး၏ အထွေထွေခွန် (၈%)၊ မီးခွန် (၅%)၊ စုစုပေါင်း (၁၃%) ဖြင့် ပစ္စည်းခွန်စည်းကြပ်ပါသည်။
ဘုရင့်နောင်ပွဲရုံ စီးပွားရေးဇုန်အတွင်း ပစ္စည်းခွန်တွက်ချက်ရာတွင် အသုံးပြုရမည့် မြေနှင့်အဆောက်အအုံ တို့၏ တန်ဖိုးနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | မြေ တစ်စတုရန်းပေ | တန်ဖိုးနှုန်းထား- | ၈၀၀ ကျပ် |
(ခ) | တိုက် တစ်စတုရန်းပေ | တန်ဖိုးနှုန်းထား- | ၇၀၀ ကျပ် |
(ဂ) | နံကပ် တစ်စတုရန်းပေ | တန်ဖိုးနှုန်းထား- | ၆၀၀ ကျပ် |
ကိုယ်ပိုင်စီးပွားအဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
၁။ | မြို့နယ်အတန်းအစားများသတ်မှတ်ခြင်း | |
(က) | ပထမတန်းစားမြို့နယ် (၂၁)မြို့နယ်- ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဒဂုံ၊ ကမာရွတ်၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်။ | |
(ခ) | ဒုတိယတန်းစား(၇)မြို့နယ်- မြောက်ဥက္ကလာပ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့)၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)။ | |
(ဂ) | တတိယတန်းစား (၅)မြို့နယ်- ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ လှိုင်သာယာ(အနောက်)၊ ဒလ၊ ဆိပ်ကြီးခနောင်တို။ | |
၂။ | လမ်းအမျိုးအစားသတ်မှတ်ခြင်း | |
(က) | လမ်းမကြီး။ အဓိကလမ်းမကြီးများ သို့မဟုတ် မြို့နယ်တစ်မြို့နယ်နှင့်တစ်မြို့နယ် ကူးလူးသွား လာနိုင်သောလမ်းများ။ | |
(ခ) | လမ်းကျယ်။ မြို့နယ်အတွင်းရှိ လမ်းကျယ်များ သို့မဟုတ် မြို့နယ်အတွင်းရှိ ရပ်ကွက် တစ်ရပ်ကွက် နှင့်တစ်ရပ်ကွက် ဆက်သွယ်ဖောက်လုပ်ထားသောလမ်းများ။ | |
(ဂ) | အခြားလမ်း။ လမ်းမကြီးနှင့်လမ်းကျယ်မဟုတ်သော လမ်းများ သို့မဟုတ် လမ်းကျဉ်း၊ လမ်းသွယ်၊ တစ်ဖက်ပိတ်လမ်း စသည်များ။ | |
၃။ | လုပ်ငန်းအုပ်စုများ ခွဲခြားသတ်မှတ်ခြင်း | |
(က) | ပထမအုပ်စု။ လုပ်ငန်းကြီးများ | |
(ခ) | ဒုတိယအုပ်စု။ အလယ်အလတ်အဆင့်လုပ်ငန်းများ။ | |
(ဂ) | တတိယအုပ်စု။ အသေးစားနှင့်အငယ်စားလုပ်ငန်းများ။ | |
(ဃ) | သီးခြားအုပ်စု။ မြို့နယ်အတန်းအစားအလိုက် အမြင့်ဆုံးနှုန်းထားများဖြင့် တစ်ပြေးညီစည်းကြပ်ရမည့် လုပ်ငန်းများနှင့်ကျယ်ဝန်းသော မြေ၊ ကြီးမားသော အဆောက်အအုံများရှိ လုပ်ငန်းများ။ |
၄။ လမ်းမကြီးရှိ စီးပွားလုပ်ငန်းများ၏ တစ်စတုရန်းပေ တန်ဖိုးနှုန်းထားများသတ်မှတ်ခြင်း
မြို့နယ်အတန်းအစား | လုပ်ငန်းအုပ်စု | |||||
---|---|---|---|---|---|---|
မြေ | အဆောက်အအုံ | |||||
လုပ်ငန်း | ' ပ ' အုပ်စု | ' ဒု 'အုပ်စု | ' တ'အုပ်စု | ' ပ 'အုပ်စု | ' ဒု'အုပ်စု | ' တ'အုပ်စု |
ပထမတန်းစားမြို့နယ်များ | ၁၅/- | ၁၃/- | ၁၀/- | ၃၀/- | ၂၆/- | ၂၀/- |
ဒုတိယတန်းစားမြို့နယ်များ | ၁၃/- | ၁၁/- | ၈/- | ၂၆/- | ၂၂/- | ၁၆/- |
တတိယတန်းစားမြို့နယ်များ | ၁၁/- | ၉/- | ၆/- | ၂၂/- | ၁၈/- | ၁၂/- |
၅။ ပစ္စည်းခွန်တွက်ချက်နည်းစနစ်
(က) | မြေအကျယ် (စ/ပေ)x နှုန်းထား = မြေတန်ဖိုး MRV |
(ခ) | အအုံအကျယ် (စ/ပေ)x နှုန်းထား = အအုံတန်ဖိုး MRV |
(ဂ) | စုစုပေါင်း MRV = မြေတန်ဖိုး + အအုံတန်ဖိုး |
(ဃ) | သင့်တင့်သည့်ရာပြတ်တန်ဖိုး = MRV ၏ ရာပြည့်ကိန်း |
(င) | တစ်လကျသင့်အခွန်ငွေ= ရာပြတ်တန်ဖိုး x ၁၃% (ထွေ+မီး) |
မှတ်ချက်။
(၁) | ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သော ဘဏ္ဍာနှစ်၏ကာလအတိုင်း ဘဏ္ဍာနှစ်အလိုက် တွက်ချက်စည်းကြပ်ရမည်။ | |
(၂) | လမ်းကျယ်ဖြစ်ပါကလမ်းမကြီးရှိ လုပ်ငန်းများ၏ နှုန်းထားများအတိုင်း MRVတွက်ချက်ရယူပြီးနောက် ယင်း MRV တန်ဖိုးအပေါ် ၂၀% လျှော့ပေါ့ရမည်။ | |
(၃) | အခြားလမ်းဖြစ်ပါကလမ်းမကြီးရှိ လုပ်ငန်းများ၏ နှုန်းထားများအတိုင်း MRVတွက်ချက်ရယူပြီးနောက် ယင်း MRV တန်ဖိုးအပေါ် ၄၀% လျှော့ပေါ့ရမည်။ |
ပစ္စည်းခွန်စည်းကြပ်ရန်အတွက် အောက်ပါအချက်အလက်များ လိုအပ်ပါသည်-
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ပစ္စည်းခွန်စည်းကြပ်ခြင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အား ပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြို့တော် နယ်နိမိတ်အတွင်း နှစ်စဉ်ရရှိသော အရပ်ရပ်အခွန်ဝင်ငွေစုစုပေါင်း၏ ၅%နှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် စည်းကြပ်ကောက်ခံပါသည်။
နိုင်ငံခြားငွေဖြင့် ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
နိုင်ငံခြားငွေဖြင့် ပစ္စည်းခွန်စည်းကြပ်ရာတွင် နေထိုင်အသုံးပြုပုံ၊ လုပ်ငန်းအလိုက် မြန်မာကျပ်ငွေ တွက်ချက် နည်းအတိုင်း တွက်ချက်စည်းကြပ်ပြီး ရရှိလာသည့် နိုင်ငံခြားငွေ (အခွန်ငွေ)ကို အခွန်ထမ်းမှ လာရောက်ပေးဆောင် သည့်နေ့တွင် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော်ဘဏ်လိမီတက်မှ ထုတ်ပြန်သည့် နှုန်းရှင်ငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ဝယ်ဈေးဖြင့်သင့်၍ ပစ္စည်းခွန်ကောက်ခံပါသည်။
ယနေ့ကြည့်ရှုသူ - ၅၃
Online Services ကြည့်ရှုသူ - ၂၁၉၇
UEC ကြည့်ရှုသူ - ၇၄၈
ကြည့်ရှုသူစုစုပေါင်း - ၁၁၆၉၃၄၈၉