၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သောအောက်ဖော်ပြပါ ယာဉ်ယန္တရားများနှင့်လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့်ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် အိတ်ဖွင့်တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်--
အိတ်ဖွင့်တင်ဒါပုံစံများကို ၂၉ - ၅ -၂၀၂၃ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ဖော်ပြပါပစ္စည်းများအနက် အမှတ်စဉ်(ဈ မှ ဎ အထိ)ပါ ပစ္စည်းများကို ၈-၆-၂၀၂၃ ရက်နေ့ (၁၂:၀၀)နာရီနှင့် အမှတ်စဉ်(က မှ ဇ အထိ) ယာဉ်ယန္တရားများကို ၁၅-၆-၂၀၂၃ ရက်နေ့(၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။
အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့်ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
အိတ်ဖွင့်တင်ဒါပုံစံများကို ၁၈ - ၅ - ၂၀၂၃ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ဖော်ပြပါများအနက် အမှတ်စဉ်(ည)ပါပစ္စည်းများကို ၈ - ၆ -၂၀၂၃ ရက်နေ့ (၁၂:၀၀) နာရီနှင့်ကျန်ပစ္စည်းများကို ၁-၆-၂၀၂၃ ရက်နေ့(၁၂:၀၀) နာရီနောက်ဆုံးထား၍တင်သွင်းရန်ဖြစ်ပါသည်။
အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ၄၅ ပေ X ၁၅ ပေ ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ စီမံလုပ်ငန်းဌာနခွဲ(လုပ်ငန်းရေးရာ)သို့
ဆက်သွယ်လျှောက်ထားနိုင်ပါကြောင်း - အသေးစိတ်ကြည့်ရှုရန်
ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application အသုံးပြု၍ AYA Pay. CB Pay, KBZ Pay, UAB Bank Sai Sai Pay, AGD Bank One Pay, Wave Money, My Tel, OK$ တို့မှ ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြို့ပြစီမံကိန်းဌာနမှ ဆောင်ရွက်ခဲ့သော ရန်ကုန်မြို့ဇုန်သတ်မှတ်ချက်စည်းမျဉ်း (Yangon Zoning Regulation) နှင့် ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ (Development Permit Rules and Regulations) အား အများပြည်သူပိုမိုသိရှိနိုင်ရေးနှင့် အကြံပြုလိုသည်များရှိပါက မြို့ပြစီမံကိန်းဌာန၏ email address ဖြစ်သည့် ycdc.upd@gmail.com သို့ ပေးပို့အကြံပြုနိုင်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အဦများ၏ ရေနှင့်သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုမိန့်များလျှောက်ထား ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကန့်သတ်ခွင့်ပြုထားသော နောက်ဆက်တွဲပါလုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက စိစစ်ထုတ်ပြန်ထားသော (Water Supply & Sanitation) မှတ်ပုံတင်လက်မှတ်ရရှိထားပြီး စည်းကမ်းသတ်မှတ်ချက်ကာလများနှင့် ကိုက်ညီစွာ သက်တမ်းတိုးဆောင်ရွက်ထားပြီးဖြစ်သည့် P.E(Water & Sanitation), R.S.E(Water & Sanitation), R.E(Water & Sanitation)များမှ ၁-၇-၂၀၂၂ ရက်နေ့မှစတင်၍ တာဝန်ယူလက်မှတ် ရေးထိုးလျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
အသေးစိတ်ကြည့်ရှုရန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် ရာပြတ်ဌာနရုံးခွဲများကို တိုးချဲ့ဖွင့်လှစ်ထားပြီး မြေနှင့်အဆောက်အအုံများအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်ကြည့်ရှုရန်