ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ

ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း

ရောင်းစျေး - ၂၁၀၀ ကျပ်

ဝယ်စျေး - ၂၁၀၀ ကျပ်

logo

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း

ရောင်းစျေး - ၂၁၀၀ ကျပ်

ဝယ်စျေး - ၂၁၀၀ ကျပ်

ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ရေပုပ်စုပ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ ရေပုပ်စုပ်ယာဉ်ဌာနစုမှ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များသို့ ရေပုပ်စုပ် ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

၂။ ငှားရမ်းအသုံးပြုနိုင်သည့် ယာဉ်အမျိုးအစားမှာ ဂါလံ(၈၀၀)ဆံ့ယာဉ်ကြီးနှင့် ဂါလံ(၄၀၀)ဆံ့ ယာဉ်ငယ်များဖြစ်ပါသည်။

၃။ အောက်ဖော်ပြပါ နှုန်းထားများအတိုင်း ၁-၄-၂၀၂၆ မှ စတင်၍ ကောက်ခံပါသည်-

စဉ်
မြို့နယ်
ဝန်ဆောင်မှုနှုန်းထား
ယာဉ်ကြီး
ယာဉ်ငယ်
ယာဉ်
ဝန်ဆောင်ခ
မိလ္လာ
စွန့်ပစ်ခ
စုစုပေါင်း
ဝန်ဆောင်ခ
ယာဉ်
ဝန်ဆောင်ခ
မိလ္လာ
စွန့်ပစ်ခ
စုစုပေါင်း
ဝန်ဆောင်ခ
လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ဝါယာလက်၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ ပတ္တမြား မြို့သစ်။ ၉၃၀၀၀/- ၄၀၀၀/- ၉၇၀၀၀/- ၇၃၂၀၀/- ၂၀၀၀/- ၇၅၂၀၀/-
မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မ/ဥက္ကလာ၊ ရွှေပေါက်ကံ၊ သန်လျင်၊ ဒဂုံမြို့သစ် (တ/မ/ရှေ့/ ဆိပ်ကမ်း) ၆၈၄၀၀/- ၄၀၀၀/- ၇၂၄၀၀/- ၅၄၇၅၀/- ၂၀၀၀/- ၅၆၇၅၀/-
လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ တ/ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဒလ။ ၆၂၂၅၀/- ၄၀၀၀/- ၆၆၂၅၀/- ၄၈၆၀၀/- ၂၀၀၀/- ၅၀၆၀၀/-
ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်။ ၅၆၁၀၀/- ၄၀၀၀/- ၆၀၁၀၀/- ၄၂၄၅၀/- ၂၀၀၀/- ၄၄၄၅၀/-

၄။ ရေပုပ်စုပ်ယာဉ်ငှားရမ်းလိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းထောင့်၊ ယမုံနာ၀င်း(ဒေါပုံသင်္ဘောကျင်း မှတ်တိုင်အနီး)၊ ရေပုပ်စုပ်ယာဉ်ဌာနစု၌လည်းကောင်း ရုံးဖွင့်ရက် နံနက်(၉:၃၀)နာရီမှ ညနေ (၂:၃၀) နာရီ အတွင်းလိုအပ်သော ယာဉ်ကြီး/ငယ်အလိုက် ကျသင့်ငွေ ပေးသွင်းငှားရမ်းနိုင်ပါသည်။

၅။ ရေပုပ်စုပ်ယာဉ် နှင့်ပတ်သက်သောကိစ္စများ သိရှိလိုပါက ဖုန်း - ၀၉-၄၅၀၀၆၄၂၇၆၊ ၀၉-၂၆၂၆၄၀၄၉၆၊ ၀၉-၇၉၀၈၆၉၈၁၁၊၀၉-၅၁၅၄၉၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ရေပုပ်စုပ်ယာဉ်ငှားရမ်းခြင်း ငွေပေးသွင်းသူများ ကြိုတင်သိရှိရန်အချက်များ

၁။ လုပ်ငန်းဆောင်ရွက်ရမည့် အိမ်ရှိရာလမ်းသို့ ဝင်/ထွက်နိုင်မည့် ယာဉ်အရွယ်အစား(ယာဉ်ကြီး/ယာဉ်ငယ်) စီစစ်ငှားရမ်းပါရန်။ ရေပုပ်စုပ်ယာဉ်ဝင်မရ/ လုပ်ငန်းမဆောင်ရွက်ပါက ဌာနသို့ ပေးသွင်းငွေ ပြန်လည် ထုတ်ယူ၍ မရပါ။

၂။ ရေပုပ်စုပ်ယာဉ်ဝင်၍မရနိုင်ဟု ယာဉ်မောင်းသုံးသပ်သောလမ်းသို့ မဖြစ်မနေဝင်ရောက်စေပါက ဖြစ်ပေါ် လာသောကိစ္စအဝဝကို ငှားရမ်းဆောင်ရွက်သူ အိမ်ရှင်မှတာဝန်ယူဖြေရှင်းပေးရန်။

၃။ ကြိုတင်ငွေ ပေးသွင်းရာ၌ ဆက်သွယ်ရန် ပေးထားသောဖုန်းမှာ လုပ်ငန်းဆောင်ရွက်ရမည့် အိမ်တွင် အမြဲရှိနေနိုင်သော ဖုန်းဖြစ်ရန်။

၄။ ရေပုပ်စုပ်ရန် ချိန်းဆိုထားသော နေ့ရက်တွင် လုပ်ငန်းကိစ္စပြောဆိုနိုင်သူတစ်ဦးရှိနေစေရန်။

၅။ ရေပုပ်စုပ်ကားနှင့် ရေပုပ်ကန်သည် ပေ(၁၀၀)အတွင်းသာရှိရန်။ ပေ(၁၀၀)ကျော်ခြင်း၊ ရေပုပ်မဟုတ်ဘဲ အမှိုက်များ၊မြေခဲများ၊သဲများ ရှိနေခြင်းတို့အား စုပ်ယူ၍မရပါ။

၆။ ရေပုပ်စုပ်ကား ရောက်ရှိလာပြီး ငှားရမ်းသူ၏ ချို့ယွင်းမှုကြောင့် လုပ်ငန်းမဆောင်ရွက်နိုင်ခဲ့လျှင် ဌာနသို့ ပေးသွင်းငွေ ပြန်လည်ထုတ်ယူ၍ မရပါ။

၇။ ရေပုပ်စုပ်ယာဉ် လုပ်ငန်းဆောင်ရွက်ပြီးပါက လုပ်ငန်းပြီးစီး ကျေနပ်ကြောင်းပုံစံ၌ လက်မှတ်ရေး ထိုးပေးရန်။

၈။ ချိန်းဆိုထားသော နေ့ရက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရေပုပ်စုပ်ယာဉ်မလာရောက်နိုင်ပါက ဌာနမှ ဖုန်းဖြင့် အသိပေးအကြောင်းကြားပါမည်။

၉။ မိလ္လာရေ (Black Water)မှလွှဲ၍ အခြားဓာတုစွန့်ပစ်ရည်၊ ဆီပါသောအရည်များ ၊ နှုန်းနှင့်အနည်အနှစ်များ (လုံးဝ)(လုံးဝ)စုပ်မပေးပါ။

ယနေ့ကြည့်ရှုသူ - ၇၀

Online Services ကြည့်ရှုသူ - ၄၅၂၃၇

UEC ကြည့်ရှုသူ - ၁၃၉၅၅

ကြည့်ရှုသူစုစုပေါင်း - ၁၁၇၁၀၀၈၉

© Copyright. All rights reserved by YCDC