ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း
ရောင်းစျေး - ၂၁၀၀ ကျပ်
ဝယ်စျေး - ၂၁၀၀ ကျပ်
အထက်ပါအမှိုက်သိမ်းစနစ်(၄)ခုစလုံးတွင်ကော်မတီမှသတ်မှတ်ပေးထားသည့်အမှိုက်အိတ်အစိမ်းအပြာများဖြင့်လုံခြုံစွာ ချည်နှောင်၍ စွန့်ပစ်ပေးရပါမည်။ မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်ရမည်ဖြစ်ပါသည်။အခြားအမှိုက်များကို စွန့်ပစ်လိုပါက On Call စနစ်ဖြင့် စွန့်ပစ်နိုင်ပါသည်။
နောက်ဖေးလမ်းကြားအမှိုက်များမှာ ပြည်သူများမှ စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ ဖြစ်သဖြင့် ကော်မတီအနေဖြင့် တရား၀င်သတ်မှတ်ထားသော အမှိုက်စွန့်ပစ်မှု စနစ်များ အတိုင်း သိမ်းဆည်း ဆောင်ရွက်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာ လမ်း/ရပ်ကွက်မှသာ သိမ်းဆည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူများအဆင်ပြေစေရန် အလို့ငှာ နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမည်ဆိုပါက ကော်မတီမှ ယာဉ်ငှား ရမ်းခ ကင်းလွတ်ခွင့်ပြုပြီး ကုန်ကျမည့် စက်သုံးဆီသာကျခံပေးရမည် ဖြစ်ပါသည်။ ၄င်းအမှိုက်များကို ရှင်းလင်းသယ်ထုတ်ခြင်း၊ ယာဉ်ပေါ်တင်ခြင်းများကိုမူ သက်ဆိုင်ရာလမ်း/ရပ်ကွက်မှသာ တာ၀န်ယူဆောင်ရမည် ဖြစ်ပါသည်။
ကော်မတီ၏ အမှိုက်သိမ်းစနစ်တွင်လည်း ပါဝင်ခြင်းမရှိ၊ သီးခြားအမှိုက်သိမ်းဆည်းခ On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်းမျိုးလည်းမဟုတ်ဘဲ အမှိုက်များကို မိမိအစီအစဉ်ဖြင့် သယ်ယူ၍ သတ်မှတ်ထားသော နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ လာရောက်စွန့်ပစ်မည်ဆိုပါက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ခနှုန်းထားမှာ အမှိုက်တစ်တန်လျှင် ၂၀၀၀၀ိ/ (ကျပ်နှစ်သောင်းနှုန်း)ပေးဆောင်ရန် သတ်မှတ်ထားပါသည်။
ပြည်သူများလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အလို့ငှာ ကော်မတီမှ အများပြည်သူသုံးအဆင့်မြင့် သန့်စင်ခန်းများကို ဆောက်လုပ်ပေးလျက်ရှိရာ မြေပေါ်သန့်စင်ခန်း (၂၇)ခုအား၊ အခပေးသန့်စင်ခန်းများအဖြစ် ထားရှိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်သူများလိုအပ်လျက်ရှိပါက ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ကော်မတီအနေဖြင့် ရွှေ့လျား (Mobile)သန့်စင်ခန်းများနှင့် ရွှေ့လျားသန့်စင်ခန်းယာဉ်တို့အား ပြုလုပ်ထားရှိပြီး ငှားရမ်းခ နှုန်းထားများမှာ တစ်ရက်လျှင် ရွှေ့လျားသန့်စင်ခန်းတစ်လုံး ၂ဝဝဝဝိ/-နှုန်း၊ ရွှေ့လျားသန့်စင် ခန်းယာဉ်တစ်စီး ကျပ် ၁၅၀၀၀၀/-နှုန်းတို့ ဖြစ်ပါသည်။
|
စဉ် |
မြို့နယ်အမည် |
အိမ်သာ(၆)လုံးပါ ရွေ့လျားသန့်စင်ခန်း ယာဉ်(၁)စီး(၁)ရက်ငှားရမ်းခ |
ရွေ့လျားသန့်စင်ခန်း ငှားရမ်းခ(၁)ရက် |
ရွေ့လျားသန့်စင်ခန်း သယ်ယာဉ်(၁)ခေါက်ငှားရမ်းခ(ကျပ်) |
ရေပုပ်စုပ်ယာဉ် (၁)ခေါက်ငှားရမ်းခ(ကျပ်) |
ရေသယ်ယာဉ် (၁)ခေါက်ငှားရမ်းခ(ကျပ်) |
|
၁ |
ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ အလုံ |
၁၅၀၀၀၀ |
၂၀၀၀၀ |
၅၈၆၀၀ |
၆၂၂၅၀ |
၇၂၇၀၀ |
|
၂ |
ကြည့်မြင်တိုင်၊ဒဂုံ၊ဒေါပုံ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဆိပ်ကမ်း |
၁၅၀၀၀၀ |
၂၀၀၀၀ |
၈၂၉၀၀ |
၇၂၇၀၀ |
၉၃၆၀၀ |
|
၃ |
လှိုင်၊ ကမာရွတ်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဗဟန်း၊ စမ်းချောင်း၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့် |
၁၅၀၀၀၀ |
၂၀၀၀၀ |
၁၀၇၂၀၀ |
၉၃၆၀၀ |
၁၁၄၅၀၀ |
|
၄ |
ဒဂုံမြို့သစ်(တောင်ပိုင်း/ မြောက်ပိုင်း/အရှေ့/ဆိပ် ကမ်း)၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံ၊ သန်လျင်၊ အင်းစိန်၊ မရမ်းကုန်း |
၁၅၀၀၀၀ |
၂၀၀၀၀ |
၁၂၇၀၀၀ |
၁၁၄၅၀၀ |
၁၃၅၄၀၀ |
|
၅ |
ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ပတ္တမြားမြို့သစ် |
၁၅၀၀၀၀ |
၂၀၀၀၀ |
၁၅၅၈၀၀ |
၁၃၅၄၀၀ |
၁၅၆၃၀၀ |
|
၆ |
ဝါယာလက်၊ ထောက်ကြန့်၊ ဒလ၊ ဆိပ်ကြီးခနောင်တို |
၁၅၀၀၀၀ |
၂၀၀၀၀ |
၁၈၀၁၀၀ |
၁၅၆၃၀၀ |
၁၇၇၂၀၀ |
မှတ်ချက်။အထက်ပါဇယားမှ ရွေ့လျားသန့်စင်ခန်းသယ်ယာဉ် နှုန်းထားမှာ အပို့(၁)ခေါက်အတွက် ကုန်ကျမည့်ဈေးနှုန်းဖြစ်ပါသည်။ အသိမ်း(၁)ခေါက်အတွက်လည်း အထက်ပါဇယားအတိုင်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။ ငှားရမ်းသူမှ ၎င်းတို့၏ အစီအစဉ်ဖြင့် သန့်စင်ခန်းများအား သယ်ယူခြင်းနှင့် ပြန်လည် ပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်သည့်အတွက် ငှားရမ်းလိုသည့် အခေါက်အတွက်သာ ကုန် ကျငွေပေးသွင်းရပါမည်။
ထိန်ပင်သုသာန်တွင် သင်္ဂြိုဟ်ရန်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေဝေးသုသာန်တွင် အအေး ခန်းထားရှိပြီး သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေးကြေး ၁၀၀၀၀ဝိ/- ပေးသွင်း ရမည်ဖြစ်ပြီး၊ သတ်မှတ်သုသာန်မဟုတ်ဘဲ တိုက်ရိုက်သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေး ကြေး ပေးသွင်းရန် မလိုပါ။၊
သုသာန်အအေးခန်းများတွင် ထားရှိပြီးသော ရုပ်အလောင်းများအား ဌာနခွင့်ပြုချက် မရှိဘဲ အခြားပြင်ပသို့ သယ်ဆောင်၍မရပါ။
(က) လျှောက်လွှာ
(ခ) လျှောက်ထားသူ၏ခံဝန်ချက်
(ဂ) မိသားစုမှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
(ဃ) သင်္ချိုင်းလက်မှတ်
(င) သန်းခေါင်စာရင်းမိတ္တူ
(စ) ကွယ်လွန်သူ၏မှတ်ပုံတင်မိတ္တူ
(ဆ) လျှောက်ထားသူ၏မိတ္တူ
အလောင်းသယ်ယာဉ်များသည် သင်္ချိုင်းလက်မှတ်ပါရှိပြီးသောအလောင်းကို သယ်ယူရန်ဖြစ်ပါက (၂၄)နာရီအတွင်း သယ်ယူခွင့်ပြုသည်။ဆက်သွယ်ခေါ်ယူ သူနာရေး ရှင်းဘက်မှ (၁) ဦးသည် သယ်ယူမည့် အလောင်းသယ်ယာဉ်နှင့်အတူ လိုက်ပါရမည်ဖြစ်ပါသည်။
| မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများမှ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်း ဆောင်ရွက်သူဖြစ်စေ၊ ဘေးဖြစ်စေတတ်သော အရည်၊ စက်ဆုပ်ဖွယ်အရာများနှင့်ဆေးရုံ စွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်းခြင်း၊ စီးထွက်စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း၊ | ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၃)လ အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ | |
| မြို့တော်နယ်နိမိတ်အတွင်းရှိတည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ၊ မိမိတို့၏ လုပ်ငန်းဆောင် ရွက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန် အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကိုပျက်ကွက်ခြင်း၊ | ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်။ | |
| မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ နှင့် အလုပ်ရုံများမှထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ ရေဆိုး များစီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအောက်သို့ စိမ့်ဝင်မှု ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများ ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ရန် တာဝန်ပျက်ကွက် ခြင်း၊ | ငွေဒဏ် ကျပ် (၃) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေချမှတ်ရမည်။ | |
| မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင်ခြင်း၊ | ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။ | |
| စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုးများကို သတ်မှတ်ထားသော စံချိန်စံ ညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် ခြင်း၊ စီးဆင်းစေခြင်း၊ | ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ | |
| စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေ ရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ထုတ် ခြင်း၊ | ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။ | |
| စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်း ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံ/ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက် များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီကသီးသန့် သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ် ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံး၊ အမှိုက်ကားနှင့် အမှိုက်ပုံရန် သတ်မှတ်ထား သည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်း ကောင်း စွန့်ပစ်ခြင်း၊ | ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
မှတ်ချက် - ထို့ပြင် အမှိုက်ထွက်ရှိမှုအား လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တို့အား အင်တိုက်အားတိုက် ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေ ရန် ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်သူတို့မှ ၎င်းတို့ ထုတ်လုပ်လိုက်သော ကုန်ပစ္စည်း မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို Extended Procedure Responsibility-EPR (ထုတ်လုပ်သူ၏ တာဝန်ယူမှု/တာဝန်ခံမှု) စနစ်အရ နောက်ဆုံးစွန့်ပစ်မှု အခြေအနေ သို့ ရောက်သည်အထိ တာဝန်ယူစီမံဆောင်ရွက်ရန်နှင့် အကယ်၍ လိုက်နာမှုမရှိပါက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၅၀၀-၂၇၀၀ တန် ထွက်ရှိပြီး လူတစ်ဦးတစ်နေ့လျှင် 0.51 kg နှုန်းဖြင့် စွန့်ပစ်မှုရှိကြောင်း တွေ့ရှိရပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမြို့နယ် (၃၃)မြို့နယ်မှ နေ့စဉ်သိမ်းဆည်းရရှိသည့် အမှိုက်တန်ချိန် ၂၅၀၀ တန်မှ ၂၇၀၀ တန်အား အောက်ပါစနစ်များဖြင့် စုစည်းသိမ်းဆည်း သယ်ဆောင်၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် စီမံခန့်ခွဲဆောင် ရွက်လျက်ရှိခြင်း-
| စဉ် | အမည် | တည်နေရာ | အကျယ် အဝန်း | အသုံးပြုပြီးဧရိယာ | ကျန်ရှိသည့်ဧရိယာ | တစ်ရက်စွန့်ပစ်အမှိုက်တန်ချိန် | မှတ်ချက် | |
| ၁ | ထိန်ပင် | လှိုင်သာယာမြို့နယ် | ၂၉၀ ဧက | ၂၂၃ ဧက | ၆၇ ဧက | ၁၆၀၀ | ယခင် ဟင်း လင်းပွင့် စုပုံခြင်းမှ ယခု Semi-Aerobic Landfill(Fukuoka Method) စနစ်ဖြင့် တစ်စိတ်တစ်ပိုင်း ပြောင်းလဲဆောင် ရွက်ခြင်း | |
| ၂ | ထားဝယ်ချောင် | ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် | ၁၁၃ ဧက | ၇၅ ဧက | ၃၈ဧက | ၁၁၀၀ | ဟင်းလင်းပွင့်စုပုံခြင်း(Semi-Aerobic Landfill(Fukuoka Method)စနစ်ဖြင့် တစ်စိတ်တစ်ပိုင်းပြောင်းလဲဆောင်ရွက်ခြင်း) | |
| ၃ | ဒလ | ဒလမြို့နယ် | ၂.၇၄၉ ဧက | ၂.၇၄၉ဧက | ၀ ဧက | ၃၅ | ဟင်းလင်းပွင့်စုပုံခြင်း(Semi-Aerobic Landfill(Fukuoka Method)စနစ်ဖြင့် တစ်စိတ်တစ်ပိုင်းပြောင်းလဲဆောင်ရွက်ခြင်း) | |
| ၄ | ဆိပ်ကြီးခနောင်တို | ဆိပ်ကြီး ခနောင်တို မြို့နယ် | ၂.၂၇၇ ဧက | ၁.၅ ဧက | ၀.၇၇၇ ဧက | ၈ | ဟင်းလင်းပွင့်စုပုံခြင်း | |
| ၅ | ရန်ကုန်ပေါက် | တွိံတေး မြို့နယ် | ၁၀၉.၉၃ | အမှိုက်ပုံသစ်တည်ဆောက်နေခြင်း | ||||
| ၆ | သရက်ပင်ချောင် | ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ် | ၁၈၂.၅၂၈ | ၃ဧက | ၁၇၉.၅၂၈ဧက | ၆၅တန် | အမှိုက်ပုံသစ်တည်ဆောက်နေခြင်းနှင့်စတင်စုပုံလျက်ရှိခြင်း | |
| ၇ | YWTEPY | ရွှေပြည်သာမြို့ နယ် | ၁၀၉.၉၃ | ၆၀ | တစ်ရက်လျှင်တန်(၆၀)မီးရှို့ဖျက်စီးခြင်း |
| (က) | စက်မှုဇုန်ပေါင်း | ၂၉ ခု | |
| (ခ) | စက်ရုံပေါင်း | ၇၆၆၀ ရုံ | |
| ၁။ | အထည်ချုပ်စက်ရုံ | ၆၃၅ ရုံ | |
| ၂။ | စားသောက်ကုန်စက်ရုံ | ၅၅၃ ရုံ | |
| ၃။ | ဓါတုပစ္စည်းစက်ရုံ | ၁၈၈ ရုံ | |
| ၄။ | သံရည်ကျိုစက်ရုံ | ၇၈ ရုံ | |
| ၅။ | အအေးခန်းစက်ရုံ | ၃၃၂ ရုံ | |
| ၆။ | စက္ကူစက်ရုံ | ၁၉၃ ရုံ | |
| ၇။ | အရက်ချက်စက်ရုံ | ၁၀ ရုံ | |
| ၈။ | သစ်တောထွက်ပစ္စည်းစက်ရုံ | ၂၅၃ ရုံ | |
| ၉။ | လူသုံးကုန်ပစ္စည်းစက်ရုံ | ၁၀၀၈ ရုံ | |
| ၁၀။ | ကားပစ္စည်းနှင့်ဝန်ဆောင်မှုလုပ်ငန်း | ၁၃၀ ရုံ | |
| ၁၁။ | သိုလှောင်ရုံ | ၉၅၁ ရုံ | |
| ၁၂။ | ပဲသန့်စင်စက်ရုံ | ၁၅၁ ရုံ | |
| ၁၃။ | သံနှင့်သံမဏိလုပ်ငန်းစက်ရုံ | ၁၅၁ ရုံ | |
| ၁၄။ | လျှပ်စစ်ပစ္စည်းလုပ်ငန်းစက်ရုံ | ၁၁၇ ရုံ | |
| ၁၅။ | စက်နှင့်စက်ပစ္စည်းလုပ်ငန်းစက်ရုံ | ၅၆၈ ရုံ | |
| ၁၆။ | ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစက်ရုံ | ၄၉၈ ရုံ | |
| ၁၇။ | အခြားစက်ရုံ | ၉၅၁ ရုံ |
စာသင်ကျောင်းများသို့အသိပညာပေးဆောင်ရွက်ရာ၌ ကျောင်းသား/ကျောင်းသူများ၏ အသက်အရွယ်၊ သင် ကြားမှတ်သားနိုင်စွမ်းရည်တို့အပေါ်မူတည်၍မူလတန်း အဆင့်၊အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဟူ၍အပိုင်း(၃)ပိုင်းခွဲခြားကာသင်ရိုးညွှန်းတမ်းများရေး ဆွဲ၍သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် အခြေခံပညာ ကျောင်းများသို့စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းအားနှစ်စဉ်ဆောင်ရွက်လျက်ရှိခြင်း၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနလက်အောက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များအား သိမ်းဆည်းသယ်ယူ၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ပို့ဆောင်စီမံခန့်ခွဲသည့်အမှိုက်တန်ချိန်မှာ တစ်ရက်လျှင် (၂၅၀၀)တန်မှ(၂၇၀၀)တန်ခန့်ဖြစ်ပြီးအဆိုပါအမှိုက်များအားနောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီး(၂)ခုဖြစ်သော လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊အမှိုက်ပုံအသေး(၂)ခုဖြစ် သောမြို့နယ်အလိုက် သီးခြားစွန့်ပစ်ရန်သတ်မှတ်ထားသည့် ဒလအမှိုက်ပုံနှင့်ဆိပ်ကြီးခနောင်တိုအမှိုက်ပုံတို့တွင်စွန့်ပစ်စီမံခန့်ခွဲ လျက်ရှိပါသည်။လက်ရှိအသုံးပြုနေသော နောက်ဆုံးစွန့်ပစ်အမှိုက် ပုံများမှာ နှစ်ကာလကြာမြင့်စွာအသုံးပြုခြင်းနှင့် အမှိုက်စွန့်ပစ်မှု ပမာဏမှာနှစ်အလိုက်တိုးမြင့်လာရာအမှိုက်စုစည်းရန်မြေနေရာရှားပါးလာသည့်အတွက် အမှိုက်ပုံသစ်များထပ်မံတည်ဆောက်ရန် လိုအပ်ပါသဖြင့်မြေနေရာရှာဖွေခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်နှင့် တွံတေးခရိုင်၊ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တို့အား တိုးမြှင့်၍ ထပ်မံတည်ဆောက်ဆောင်ရွက်ခဲ့ပါသည်။
(၁)ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် ရန်ကုန်မြို့ တော်နယ်နိမိတ်အတွင်းရှိ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်၊မင်္ဂလာ ဒုံခရိုင်၊ အင်းစိန် ခရိုင်တို့ရှိ (၁၇)မြို့နယ်မှ နေ့စဉ် စွန့်ပစ်သည့် အမှိုက်များအား သိမ်းဆည်းသယ်ယူပို့ ဆောင်၍ စွန့်ပစ်စီမံခန့်ခွဲသည့် အမှိုက်တန်ချိန်မှာ တစ်ရက်လျှင်(၁၅၀၀)တန်မှ (၁၇၀၀)တန်အထိဖြစ် ခြင်း၊ အမှိုက်စုပုံသည့်စနစ်အားမူလဟင်း လင်းပွင့် (Open Dumping)စနစ်မှမြေတစ်လွှာ၊အမှိုက်တစ် လွှာဖုံးအုပ်၍ Semi-Aerobic Landfill (Fukuoka Method)တစ်စိတ်တစ်ပိုင်းသို့အဆင့်မြှင့်ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊သရက်ပင်ချောင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသစ်(၁၈၂.၅၂၈)ဧကအား ၂၀၂၁ခုနှစ်မှစတင်၍ တည်ဆောက်ခဲ့ပါသည်။ သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအား Semi-Aerobic Landfill စနစ်ဖြင့်အမှိုက် စွန့် ပစ်ဆောင်ရွက်မည်ဖြစ်ပြီး(၁)ရက်လျှင် အမှိုက်စွန့်ပစ်နိုင် မည့်ခန့်မှန်းတန်ချိန်မှာ တန် ၅၀၀ မှတန် ၁၀၀၀ နီးပါးစွန့် ပစ်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ သစ် (၁၀၉.၉၃) ဧကအား ၂၀၂၁ ခုနှစ်တွင်ဆက်လက်၍ တည်ဆောက်ခဲ့ပါသည်။ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်အား Semi-Aerobic Landfill စနစ်ဖြင့်အမှိုက်စွန့်ပစ်ဆောင်ရွက်မည် ဖြစ်ပြီး(၁)ရက်လျှင်အမှိုက်စွန့်ပစ်နိုင်မည့်ခန့်မှန်းတန်ချိန် မှာ တန်၁၀၀၀ခန့်စွန့်ပစ်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ (က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း လေထုအရည် အသွေးစောင့်ကြည့်လေ့လာတိုင်း တာ ခြင်းအားမြို့နယ်(၃၃)မြို့နယ်အတွင်းလွှမ်းခြုံနိုင်ရန် စုစုပေါင်း (၆၇)နေရာသတ်မှတ်ပြီး၂၀၁၆ ခုနှစ်မှစတင်၍ တိုင်းတာ စောင့် ကြည့်လေ့လာခြင်း၊ ဆောင်ရွက်ခဲ့ပြီး နောက်လက်ရှိတွင် မြေပြင်အနေအထားနှင့် သင့်လျော် မှုရှိပြီး Public Used ဧရိယာ အပါအဝင်တိုင်းတာသင့် သည့် နေရာ(၅၃)နေရာအား ပြန် လည်သတ်မှတ်ကာ Wet Season, Dry Seasonအဖြစ် ခွဲခြား ၍တိုင်းတာ ဆောင်ရွက်လျက်ရှိပြီးထိုသို့တိုင်းတာဆောင်ရွက်ရာတွင်Ecom Trek စက်(၂)လုံးရှိပြီး စက်များ တပ် ဆင်ထားသည့်ရွေ့လျားမော်တော် ယာဉ်(၁)စီးဖြင့်အဖွဲ့ (၂)ဖွဲ့ခွဲ၍Parameter(၁၄)မျိုးအားတိုင်းတာလျက်ရှိခြင်း၊
-ကိုရီးယားနိုင်ငံ၊Global Energy Solution Co.,Ltd နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့်ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများရှိ အမှိုက်ဟောင်းများမှထွက်ရှိသော မီသိန်းဓာတ်ငွေ့များအား စုစည်းသန့်စင်၍ အခြားပါရှိသောဓာတ်ငွေ့များကိုလေထဲသို့ထုတ်လွှတ်ခြင်းနှင့်သန့်စင်ပြီးမီသိန်းဓာတ်ငွေ့များအားGenerator နှင့်လည်ပတ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် PPA နှင့် BOT စာချုပ်ချုပ်ဆိုနိုင်ရေးဆောင်ရွက်လျက်ရှိခြင်း၊
-ရန်ကုန်မြို့နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးများတွင်အမှိုက်မှလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့်စက်ရုံများအကောင်အထည်ဖော်နိုင်ရေးကုမ္ပဏီများမှဖြစ်နိုင်ချေရှိ/မရှိကနဦးလေ့လာ ဆန်းစစ်ခြင်း(FeasibilityStudy)အားကွင်းဆင်းလေ့လာခြင်းဆောင်ရွက်လျက်ရှိခြင်း၊
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်သိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ ရန်ကုန်မြိုတော်စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများအား ၀န်ဆောင်မှု ပေးလျက် ရှိပါသည်- (က)နေ့စဉ်ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။
(ဌာနကသတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာများဖြစ်သည့် အမှိုက်ကန်၊ အမှိုက်ပုံး များရှိ စွန့်ပစ်အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခကောက်ခံ၍ သိမ်းဆည်းပေး ခြင်း။) (ခ)သီးခြားအမှိုက်သိမ်းစနစ် On Call ဖြင့်သိမ်းဆည်းပေးခြင်း။
(တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက် အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှ ထွက်ရှိ သောအမှိုက်များကို သိမ်းဆည်းပေးခြင်း။) (ဂ)နောက်ဖေးလမ်းကြားအမှိုက်သိမ်းဆည်းဆောင်ရွက်ခြင်း။
(အမှိုက်သိမ်းယာဉ် ငှားရမ်းခ(အခမဲ့)ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်သုံးဆီနှင့် လုပ်သားအင်အားကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။) (ဃ)ဆေးရုံဆေးခန်းထွက်အမှိုက်များအား ဌာနမှသတ်မှတ်ထားသော သီးခြား Box Type Container Vehicle ဖြင့် သိမ်းဆည်းပေးခြင်း။ (င)စီးပွားရေးလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများမှ ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။ (စ)မိမိအစီအစဉ်ဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ လာရောက်စွန့်ပစ်စေခြင်း။ (ဆ)ရွှေ့လျားသန့်စင်ခန်းများ ငှားရမ်းပေးခြင်း။ (ဇ)အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်းများအား B.O.T စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း။ (စျ)ရက်လွန်ဆေးဝါးများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တန်ဖိုးတွက်ချက်၍ စနစ်တကျ ဖျက်ဆီးပေးခြင်း။ (ည)ဆေးရုံဆေးခန်းထွက်စွန့်ပစ် ပစ္စည်းများအား ဆေးရုံ/ဆေးခန်း အမှိုက်မီးရှို့စက် (Incineration Plant) ဖြင့် ဖျက်ဆီးပေးခြင်း။ (ဋ)စက်မှုဇုန်များရှိ စက်ရုံများလည်ပတ်ရာတွင် ဖြစ်ပေါ်နိုင်သော သဘာ၀ပတ်၀န်းကျင် ထိခိုက်နိုင်မှုအခြေအနေအား စစ်ဆေးကြပ်မတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း။ (ဌ)ပြည်သူများ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (ဍ)နာရေးသင်္ဂြိုဟ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ (ဎ)တာမွေမြို့နယ်၌ အိမ်ထောင်စုသုံး ကြီးမားသည့် စွန့်ပစ်ပစ္စည်းများအား (Eco Centre)တွင် ကြားခံစွန့်ပစ်နိုင်ခြင်း။ (ဥပမာ-မွေ့ယာ၊ ဆိုဖာ၊ ကုတင်အကျိုးအပျက်၊ ကုလားထိုင်အပျက်၊ ဗီရိုအပျက်၊ အခြားပရိဘောဂပစ္စည်းအကျိုးအပဲ့များ၊ဂတ်စ်အိုး၊ မီးသတ်ဆေးဘူး၊ ဘတ္တရီအိုးအပျက်၊ လုံးဝပြန်လည်အသုံးပြု၍မရသောတီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအကျိုးအပဲ့များနှင့် အပိုင်းအစများ၊ စားသုံးဆီအကြွင်း အကျန်နှင့် စက်ဆီချောဆီများ၊ တာယာများ၊ အိမ်သုတ်ဆေးဘူးခွံများ၊ မီးချောင်းနှင့်မီးသီးများ၊ မှန်ကွဲ၊ဖန်ထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းအပိုင်းအစများ အစရှိသဖြင့်) ၂။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်- စဉ် အကြောင်းအရာ ဌာနခွဲ/ခရိုင်/မြို့နယ် ဖုန်းနံပါတ် ၁ အပိုဒ် ၁။ (က၊ ခ၊ ဂ၊ ဃ၊ င)ပါ ၀န်ဆောင်မှုများ အရှေ့ပိုင်းခရိုင် ၀၉-၅၀၆၃၅၀၂ ၂ ။ သင်္ဃန်းကျွန်း ၀၉-၄၅၃၈၉၁၇၆၆ ၃ ။ တောင်ဥက္ကလာပ ၀၉-၇၇၄၇၇၁၉၈၁ ၄ ။ ရန်ကင်း ၀၉-၅၄၀၄၈၂၅ ၅ ။ တာမွေ ၀၉-၄၃၀၉၅၂၁၄ ၆ ။ မြောက်က္ကလာပ ၀၉-၄၅၃၈၉၁၇၇၂ ၇ ။ မရမ်ကုန်း ၀၉-၂၀၀၄၈၅၁ ၈ ။ လှိုင် ၀၉-၄၅၃၈၉၁၈၇၄ ၉ ။ ဒဂုံမြောက် ၀၉-၆၆၆၉၄၀၅၂၅ ၁၀ ။ ဒဂုံတောင် ၀၉-၄၄၃၁၀၉၃၆၉ ၁၁ ။ ဒဂုံအရှေ့ ၀၉-၄၅၃၈၉၁၇၈၃ ၁၂ ။ ဒဂုံဆိပ်ကမ်း ၀၉-၄၄၈၀၅၀၉၀၅ ၁၃ ။ မြောက်ပိုင်ခရိုင် ၀၉-၄၅၃၈၉၁၈၅၅ ၁၄ ။ ကမာရွတ် ၀၉-၆၉၉၂၅၈၆၂၈ ၁၅ ။ ဗဟန်း ၀၉-၄၅၃၈၉၁၈၀၉ ၁၆ ။ အနောက်ပိုင်းခရိုင် ၀၉-၉၅၆၆၅၆၈၅၆ ၁၇ ။ ကျောက်တံတား ၀၉-၄၅၃၈၉၁၇၉၄ ၁၈ ။ ဒဂုံ ၀၉-၄၅၃၈၉၁၈၀၃ ၁၉ ။ ပန်းဘဲတန်း ၀၉-၄၅၃၈၉၁၈၀၆ ၂၀ ။ လသာ ၀၉-၄၅၃၈၉၁၈၁၂ ၂၁ ။ လမ်းမတော် ၀၉-၄၅၃၈၉၁၈၁၅ ၂၂ ။ အလုံ ၀၉-၄၅၃၈၉၁၈၁၈ ၂၃ ။ ကြည့်မြင်တိုင် ၀၉-၄၅၃၈၉၁၇၉၇ ၂၄ ။ စမ်းချောင်း ၀၉-၄၅၃၈၉၁၈၀၀ ၂၅ ။ တောင်ပိုင်းခရိုင် ၀၉-၄၅၃၈၉၁၈၂၂ ၂၆ ။ မင်္ဂလာတောင်ညွန့် ၀၉-၄၅၃၈၉၁၈၂၉ ၂၇ ။ သာကေတ ၀၉-၄၅၃၈၉၁၈၃၈ ၂၈ ။ ဒေါပုံ ၀၉-၄၅၀၂၁၉၃၇၄ ၂၉ ။ ပုဇွန်တောင် ၀၉-၄၂၁၀၂၉၆၃၈ ၃၀ ။ ဗိုလ်တထောင် ၀၉-၄၂၁၀၄၆၄၅၄ ၃၁ ။ ဒလ ၀၉-၄၅၃၈၉၁၈၄၃ ၃၂ ။ ဆိပ်ကြီးခနောင်တို ၀၉-၄၅၃၈၉၁၈၄၆ ၃၃ ။ မင်္ဂလာဒုံ ၀၉-၄၂၇၂၆၅၀၂၂ ၃၄ ။ ရွှေပြည်သာ ၀၉-၄၅၃၈၉၁၈၇၁ ၃၅ ။ လှိုင်သာယာ(အရှေ့) ၀၉-၄၅၃၈၉၁၈၇၇ ၃၆ ။ လှိုင်သာယာ(အနောက်) ၀၉-၉၆၄၂၃၄၆၅၄ ၃၇ ။ အင်းစိန် ၀၉-၄၅၃၈၉၁၈၈၀ ၃၈ ။ သီရိမင်္ဂလာစျေး ၀၉-၄၄၀၁၉၀၁၈၀ ၃၉ အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု ထိန်ပင်အမှိုက်ပုံ ၀၉-၅၄၀၈၂၃၂ ၄၀ အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု ထားဝယ်ချောင်အမှိုက်ပုံ ၀၉-၄၄၈၀၁၄၉၇၁ ၄၁ အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု မော်တော်ယာဉ်ဌာနခွဲ ၀၉-၄၀၂၉၆၄၇၄၇ ၄၂ အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု မော်တော်ယာဉ်ဌာနခွဲ ၀၉-၅၁၄၉၃၃၀ ၄၃ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ရေဝေးသုသာန် ၀၉-၇၇၄၉၅၀၁၃၆ ၄၄ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ထိန်ပင်သုသာန် ၀၉-၂၅၃၂၉၈၂၅၈ ၄၅ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ကျီစုသုသာန် ၀၉-၂၆၃၁၀၂၂၆၆ ၄၆ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ကျူချောင်သုသာန် ၀၉-၄၂၀၀၉၁၄၄၆ ၄၇ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ဒလသုသာန် ၀၉-၄၄၈၀၅၀၈၅၉ ၄၈ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ဆိပ်ကြီးခနောင်တိုသုသာန် ၀၉-၆၆၀၆၈၈၅၇၆ ၄၉ အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု ဆိပ်ကြီးသုသာန် ၀၉-၇၉၄၈၀၁၂၄၃ ၃။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ဌာနခွဲ၊ ခရိုင်၊ မြို့နယ်များသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ရုံးချုပ်(၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်)သို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် ဌာနမှ အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ကျေနပ်မှု အပြည့်အဝရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးဖော်ပြအပ်ပါသည်။ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ (ခ) ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ
(၁)ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဗိုလ်တ ထောင်ခရိုင်၊သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် မရမ်းကုန်းခရိုင်(မြောက်ဥက္ကလာပမြို့နယ်)တို့ရှိမြို့ နယ်(၁၄)မှနေ့စဉ်စွန့်ပစ်သည့်အမှိုက်များအားသိမ်း ဆည်းသယ်ယူပို့ဆောင်၍ နောက်ဆုံးစွန့်ပစ်အမှိုက် ပုံတွင် စွန့်ပစ်စီမံခန့်ခွဲသည့် အမှိုက်တန်ချိန်မှာ (၁၀၀၀)တန်မှ(၁၂၀၀)တန်အထိဖြစ်ခြင်း၊ အမှိုက် စုပုံသည့်စနစ်အားမူလဟင်းလင်းပွင့် (Open Dumping) စနစ်မှမြေတစ်လွှာ၊အမှိုက်တစ်လွှာဖုံးအုပ်၍Semi- Aerobic Landfill တစ်စိတ်တစ်ပိုင်းသို့ အဆင့်မြှင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း၊
(၂) ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် မီး ဘေးအန္တရာယ်လျော့ပါးရေးနှင့် လုံခြုံရေးအတွက် ရေဂါလန်(၆.၂)သန်းဆံ့ရေလှောင်ကန်ထားရှိပြီး ယင်းမှတဆင့်မြင်းကောင် ရေ(၁၀)ကောင်အား ရေ စုပ်စက်(၁)လုံးနှင့်မြင်းကောင်းရေ(၁၆)ကောင်အားရေစုပ်စက်တို့ဖြင့်ရေတွန်း၍တိုက်ရိုက်ရေရယူနိုင်ရန်စီစဉ်ထားခြင်းနှင့်အဆင့်သင့်ရေရယူနိုင်သည့် နေရာများအားလည်း တိုးမြှင့်စီစဉ်ဆောင်ရွက်ထား ခြင်း၊
(၃) ၂၀၂၁ ခုနှစ်တွင် ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ မူလကဟင်းလင်းပွင့်စနစ်ဖြင့် အမှိုက်စုပုံ ထားခြင်း၊ ဘေးပတ်ဝန်းကျင်တွင် ပြောင်းရွှေ့နေ ထိုင်သူများရှိလာပြီး ရပ်ကွက်များကဲ့သို့ ဖြစ်လာ ခြင်း၊အောင်းပူများဖြင့် မီးလောင်မှုအန္တရာယ် လျော့ ပါးစေရေးတို့အတွက် ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအား စွန့်ပစ်မှုစနစ်အဆင့်မြှင့်တင်ဆောင် ရွက်ခြင်းကိုနည်းပညာရယူခဲ့သည့်အတိုင်းအမှိုက် တစ်လွှာ၊မြေတစ်လွှာဖုံးအုပ်ပြီး အမှိုက်မှ ထွက်ရှိ သည့် Leachate အရည်များထုတ်၍ စုစည်းခြင်း၊ အမှိုက်များ၏အောင်းပူနှင့်မီသိန်းဓာတ်ငွေ့ထွက်ရှိ မှုတို့အား လျှော့ချစေရန်Perforated Pipe များဖြင့် လေထဲသို့ထုတ်ခြင်းအား Plot များခွဲ၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အရာရှိ ကြီးများ၊ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများတို့မှ အဆင့်မြှင့်ပြောင်းလဲဆောင်ရွက်ခဲ့ခြင်း၊
(၄) ၂၀၂၂ခုနှစ်တွင်လည်းPlotခွဲခြားထားသည့်အတိုင်း အထက်ပါလုပ်ငန်းစဉ်များကိုဆက်လက်၍ တိုးမြှင့် ဆောင်ရွက်ခဲ့ခြင်း၊
(၅) ၂၀၂၃ ခုနှစ်တွင် Plot ခွဲခြားထားပြီးအထက်ပါ လုပ် ငန်းစဉ်များအတိုင်းဆောင်ရွက်ပြီးအမှိုက်စုပုံခြင်း မပြုတော့သည့်နေရာအစိတ်အပိုင်းတို့အားအမှိုက်ပုံပိတ်သိမ်းသည့် Engineering Closure လုပ်ငန်း စဉ်အတိုင်းမြေကြီးဖုံးအုပ်ခြင်း၊Green Areaများ ဆောင်ရွက်ခြင်း၊အမှိုက်အရည်များထွက်ရှိသည့်ရေဆိုးစုကန် (Leachate Pond) ဆောင်ရွက်ခြင်း၊
(၆)၂၀၂၄ခုနှစ်တွင်Plot ခွဲခြားထားသည့်အတိုင်း အထက်ပါလုပ်ငန်းစဉ်များအားဆက်လက်ဆောင်ရွက်ပြီးအမှိုက်စုပုံခြင်းမပြုတော့သည့်နေရာအစိတ်အပိုင်းတို့အား အမှိုက်ပုံပိတ်သိမ်းသည့် Engineering Closure လုပ်ငန်းစဉ်အတိုင်းဆက်လက်မြေကြီးဖုံးအုပ်ခြင်း၊Green Areaများဆောင်ရွက်ခြင်း၊
(၇) ၂၀၂၅ ခုနှစ်တွင် အမှိုက်ပုံတွင် Plot များခွဲခြားထားသည့်အတိုင်း Semi- Aerobic Landfill (Fukuoka Method)တစ်စိတ်တစ်ပိုင်းဖြင့် အမှိုက်စွန့်ပစ်ခြင်းအားတိုးမြှင့်ဆောင်ရွက်ခြင်း၊
(၈) ၂၀၂၆ ခုနှစ်တွင် ထိုကဲ့သို့နည်းစဉ်များဖြင့် ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်နေ့စဉ်စွန့်ပစ်နေသည့်အမှိုက်များအားနည်းပညာအဆင့်မြှင့်တင်ပြောင်းလဲ၍ဆောင်ရွက်လျက်ရှိခြင်း၊
(ဂ)သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည်ဆောက်ခြင်း
(၁) ၂၀၂၁ ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်နိုင်ရေးအတွက် Master Plan ရေး ဆွဲဆောင်ရွက်ရန် မြေပြင်အနေအထား ကွင်းဆင်း တိုင်းတာမှုများဆောင် ရွက် ခဲ့ပါသည်။
(၂) ၂၀၂၂ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည် ဆောက်မည့် Master Plan အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ၊ JICAအဖွဲ့အစည်းနှင့်Expert များတို့ပူးပေါင်း၍ရေး ဆွဲခဲ့ရာAdmin Office,Truck Scael,Fuel Station, Access Road, Drain, Box Culvert,Sluice Gate, Semi-Aerobic Landfill, Sanitary Landfill, Waste to Energy, Leachate Pond, Water Stroage Pond, Buffer Zone၊ Electricity Connection Work and Transformer, Lamp Post တို့အား ဆောင်ရွက်ရန် ပါဝင်ပြီး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမြေနေရာပြု ပြင်ခြင်း၊မြေသားလမ်းတည်ဆောက် ခြင်း၊ ကျောက် အမာခံလမ်းခင်းခြင်း၊ယာယီအုပ်ချုပ်မှုရုံး၊ ဝန်ထမ်း နေထိုင်သည့် ဘာရှာလိုင်း၊ Box Culvert တို့အား တည်ဆောက်ခဲ့ပါသည်။
(၃) ၂၀၂၃ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့် အတိုင်းဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင် အထည်ဖော်ခဲ့ရာ Access Road အဝင်/အထွက် လမ်းများအဖြစ်အမာခံလမ်းနှင့် ကွန်ကရစ်လမ်း များဆောင်ရွက်ခြင်း၊ Sluice Gate တည်ဆောက် ခြင်း၊ Box Culvertများတည်ဆောက်ခြင်း၊ (၂)ထပ် အုပ်ချုပ်မှုရုံးတည်ဆောက်ခြင်း၊ Solar System Lamp Postများဆောင်ရွက်ခြင်းနှင့်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်သည်နှင့်တစ်ပြိုင် နက် တည်းအမှိုက်စုပုံခြင်းအားလည်းဆောင်ရွက်နိုင်ရန်၆၇၀၊x၅၅၀၊အရွယ်Plot တစ်ခုအားအမှိုက်တစ်လွှာ၊ မြေတစ်လွှာဖုံးအုပ်၍ဆောင်ရွက်သောSemi-Aerobic Landfill တို့အား ဘဏ္ဍာရေးနှစ်အလိုက် တိုးမြှင့်၍ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ခြင်း၊
၄။ ၂၀၂၄ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရမည် တို့ကိုဆက်လက်အကောင်အထည်ဖော်ခဲ့ရာ Access Road အဝင်/အထွက်လမ်း များ အဖြစ်အမာခံလမ်းနှင့် ကွန်ကရစ်လမ်းများဆောင်ရွက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်း၊ (၂)ထပ်အုပ်ချုပ်မှုရုံး တည်ဆောက်ခြင်းဆောင်ရွက်ခဲ့ခြင်း၊
၅။ ၂၀၂၅ ခုနှစ်တွင် Master Plan အရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များတွင်ပါဝင်သည့် Track Scale တည်ဆောက်ခြင်း၊ Fuel Pump တည်ဆောက် ခြင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည်နှင့်တစ်ပြိုင်နက်တည်း အမှိုက် စုပုံခြင်းအားလည်း ဆောင်ရွက်နိုင်ရန် ၆၀၀၊x၇၅၀၊ အရွယ်အမှိုက်ချကွင်း ဆောင် ရွက်ခြင်းနှင့် 315 KVA Transformer တည်ဆောက်ခြင်းတို့အား ဘဏ္ဍာရေးနှစ် အလိုက်တိုးမြှင့်၍ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ခဲ့ခြင်း၊
(၆) ၂၀၂၆ ခုနှစ်တွင် Master Plan အရဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများတွင်ပါဝင်သည့် ဝန်ထမ်းလိုင်းခန်းများတည်ဆောက်ခြင်းအမှိုက်ချကွင်းများဖော်ဆောင်ခြင်း၊ရေစီးရေလာကောင်းမွန်စေရန်ရေမြောင်းများပြုပြင်ခြင်း၊ Access Road အဝင်/ အထွက်လမ်းများကွန်ကရစ်ခင်းခြင်းတို့အားဘဏ္ဍာရေးနှစ်အလိုက်တိုးမြှင့်၍ ဖွံ့ဖြိုးတက်အောင်ဆောင်ရွက်ခြင်း၊
(၇) အမှိုက်ပုံဧရိယာတွင် A1 Plot သတ်မှတ်၍ နေ့စဉ်အမှိုက်ပုံသို့ စွန့်ပစ်သည့်အမှိုက်များအားဖိခြင်း၊ ဖြန့်ခြင်း၊ ကြိတ်ခြင်းတို့ဖြင့် အမှိုက်စွန့်ပစ်ခြင်းအားဆောင်ရွက်လျက်ရှိခြင်း။
(ဃ)ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည် ဆောက် ခြင်း
(၁) ၂၀၂၁ ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်နိုင်ရေးအတွက် Master Plan ရေးဆွဲ ဆောင်ရွက်ရန်မြေပြင်အနေအထားကွင်းဆင်း တိုင်း တာမှုများဆောင်ရွက်ခဲ့ခြင်း၊
(၂) ၂၀၂၂ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်မည့် Master Plan အား ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေဖြင့် ရေးဆွဲခဲ့ရာ Admin Office, Truck Scael, Fuel Station, Access Road, Drain, Box Culvert, Semi-Aerobic Landfill, Sanitary Landfill, Waste to Energy, Leachate Pond, Water Stroage Pond, Buffer Zone၊ Electricity Connection Work and Transformer, Lamp Post တို့အားဆောင်ရွက်ရန်ပါဝင်ပြီး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမြေသားလမ်း တည်ဆောက်ခြင်း၊ကျောက်အမာခံလမ်းခင်းခြင်းနှင့် ရှင်းလင်းဆောင်တို့အား တည်ဆောက်ခဲ့ခြင်း၊
(၃) ၂၀၂၃ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့် အတိုင်းဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင် အထည်ဖော်ခဲ့ရာAccessRoadအဝင်/အထွက်လမ်း များအဖြစ် အမာခံလမ်းနှင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်ခြင်း၊Box Culvert များတည်ဆောက် ခြင်း၊ရှင်းလင်းဆောင်တည်ဆောက်ခြင်းနှင့် အရှည် (၉၀၊)၊အကျယ်(၃၀၊) Screw Type RCC တံတား တစ်စင်းတည်ဆောက်ခြင်းတို့အား ဆက်လက်၍ တည်ဆောက် ခြင်းဖြင့်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိခြင်း၊
(၄) ၂၀၂၄ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရ မည်တို့ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ Admin Office, Truck Scael, Fuel Station တည်ဆောက်မည့်နေရာအတွက်မြေကြီးဖို့ခြင်း၊မြေသား လမ်းတည်ဆောက်ခြင်းနှင့် Access Road အဝင်/အထွက်လမ်းများ အမာခံ အတွက်မြေကြီးဖို့ခြင်းတို့အား ဆက်လက်၍တည်ဆောက်ခြင်းဖြင့် ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်လျက်ရှိခြင်း၊
(၅) ၂၀၂၅ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာAccess Works and Infrastructure Developmentဆက်လက်တည်ဆောက်ခြင်းတွင်လမ်းကြံ့ခိုင်ရေးဆောင်ရွက်ခြင်းနှင့် Retaining Wallပြုလုပ်ခြင်းတို့အားဆောင်ရွက်ခဲ့ခြင်း၊
(၆) ၂၀၂၆ ခုနှစ်တွင် Master Plan အရAccess Works and Infrastructure Development ဆက်လက်တည်ဆောက်ခြင်းတွင်မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အမာခံပြုလုပ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိခြင်း၊
၂၆။ အမှိုက်ပမာဏလျှော့ချသည့်နည်းစဉ်ဖြစ်သော 3Rs (Reduce, Reuse, Recycle)လုပ်ငန်းစဉ်တွင် စွန့်ပစ်ပစ္စည်းမှ Recycle လုပ်ငန်းအဖြစ်ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အောက် ပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် Recycle ကဏ္ဍအား တိုးမြှင့်ဆောင်ရွက်ခြင်း
(က)ဟင်းသီးဟင်းရွက်အမှိုက်များမှသဘာဝမြေ ဆွေးပြုလုပ်၍အမှိုက်လျှော့ချခြင်းနှင့်သစ်ပင် များစိုက်ပျိုးရာတွင်လည်း သဘာဝ မြေဩဇာ သုံးစွဲပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အော်ဂဲ နစ်သီးပင်စားပင်များဖြစ်ထွန်းနိုင်ရေးရည်ရွယ်၍ဟင်းသီးဟင်းရွက်အမှိုက်များမှ သဘာဝမြေ ဆွေးဆောင်ရွက်ခြင်း(Green Compost)ထုတ် လုပ်ခြင်း၊
(ခ) အမှိုက်ပုံဧရိယာအတွင်းရှိ အိမ်ထောင်စုထွက် အမှိုက်များစုပုံထားသည့် အမှိုက်ပုံမှ အမှိုက် ဟောင်းများကို အမှိုက်မြေဆွေးဇကာချစက် Screening Machine ဖြင့် ဇကာချ၍ သဘာဝ မြေဆွေး (Mixed Compost) ထုတ်လုပ်ခြင်း၊
(ဂ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း စွန့်ပစ်အမှိုက်တွင်ပါရှိသောတာယာ များနှင့်မြို့နယ်များအတွင်းစည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကိုသိမ်းဆည်းဆောင် ရွက်၍ တာယာ၊ ရာဘာနှင့် Steel Wire တို့ ခွဲခြားစိတ်ဖြာကာရာဘာအစိတ်အပိုင်းငယ် များအဖြစ် ချေဖျက်သည့်စနစ်ဖြင့် Recycle ပြန်လည်ပြုလုပ်ခြင်း၊ ယင်းပြုလုပ်ရရှိသည့် အစိတ်အပိုင်းများကိုပစ္စည်းအသစ်ပြုလုပ်နိုင်ခြင်းမရှိသေးသော်လည်း မြေနိမ့်များ၊ အမာခံလိုအပ်သော နေရာများ၊လမ်းပုခုံးများတွင် ဖြည့်စွက်ခြင်းဖြင့် အမှိုက်ပမာဏလျော့ရန် ဆောင်ရွက်လျက်ရှိခြင်း။
၂၇။လေထုအရည်အသွေးစောင့်ကြည့်လေ့လာတိုင်းတာခြင်း
၂၈။စွန့်ပစ်ရေဆိုးစီမံခန့်ခွဲမှုစက်မှုဇုန်များ အတွင်းရှိ ရေဆိုးထွက်ရှိသော စက်ရုံများအနေဖြင့် ရေဆိုးများကို ပြင်ပ သို့စွန့်ပစ်ခြင်းမပြုမီသန့်စင်မှုပြုလုပ်ပြီးစွန့်ပစ်ရည်အား သတ် မှတ် Parameter(၅)မျိုးအားဓါတ်ခွဲစမ်းသပ်၍ ရလဒ်မှာ သတ် မှတ်စံနှုန်းအတွင်းရှိမှသာလျှင် ပြင်ပရေမြောင်းသို့ စွန့်ပစ် ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ်များကိုလည်းMonitoring ပြုလုပ်လျက်ရှိခြင်း။
၂၉။နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းများ
(က) ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်စက်ရုံတည်ဆောက်လည်ပတ်ခြင်း၊
-ဂျပန်နိုင်ငံမှပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍ အနေဖြင့် ကာဗွန် ဒိုင်အောက်ဆိုဒ်လျှော့ချပြီး Carbon Creditရရှိမည့်အစီအစဉ်Joint Crediting Mechanism- JCMအရဂျပန်နိုင်ငံ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ Japan Future Enterprise Engineering Co., Ltd နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့ပူးပေါင်း၍(၁)ရက်လျှင်အမှိုက်မီးရှို့နိုင်သည့်ပမာဏ မှာ တန်(၆၀)ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်သည့် ပမာဏ မှာ(၇၀၀) kWhဖြစ်ပြီး(၄၀၀) kW အား စက်ရုံတွင်း ပြန် လည်အသုံးပြုခြင်းနှင့် (၃၀၀)kW အား လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း၏ National Gird Line သို့တင်ပို့ရောင်းချဆောင်ရွက်လျက်ရှိခြင်း၊စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများအား သန့်စင်ပြီး စက်ရုံတွင်ပင် ပြန်လည်သုံးစွဲခြင်း။
(ခ)Landfill Gas Collection and Flaring Plantဆောင်ရွက်ခြင်း၊
၃၀။အနာဂတ်ကာလ၌ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများနှင့် အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်းစဉ်များတွင်ဆောင်ရွက်ရန်လိုအပ်သည် များလျာထားခြင်း
(က)အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း
(ခ)နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းဆောင်ရွက်ခြင်း
ရန်ကုန်မြို့နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးများတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးကုမ္ပဏီများမှဖြစ်နိုင်ချေရှိ/မရှိ ကနဦးလေ့လာဆန်းစစ်ခြင်း(Feasibility Study)အားကွင်းဆင်းလေ့လာခြင်းဆောင်ရွက်လျက်ရှိခြင်း၊
(ဂ) တာယာအဟောင်းများနှင့်ပလတ်စတစ်များမှဒီဇယ်ဆီထုတ်လုပ်ခြင်း
တာယာအဟောင်းများနှင့်ပလတ်စတစ်များအား Pyrolysis နည်းပညာအသုံးပြု၍စက်မှုလက်မှုလုပ်ငန်းသုံး Non-Standard Diesel ၊မီးထိုးဆီ၊ စတီးတာယာကြိုး ၊ Carbon Powderထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးကနဦးလေ့လာဆန်းစစ်ခြင်း(Feasibility Study) ဆောင်ရွက်ခဲ့ပြီးစီမံကိန်းအကောင်အထည်ဖော်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိခြင်း၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၀န်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများအား အသိပေးကြေညာခြင်း
၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ယနေ့ကြည့်ရှုသူ - ၁၁
Online Services ကြည့်ရှုသူ - ၅၆၇၄၀
UEC ကြည့်ရှုသူ - ၁၄၈၂၁
ကြည့်ရှုသူစုစုပေါင်း - ၁၁၇၁၉၄၅၁