ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ရေဆိုး၊ ရေပုပ်များစီမံချက်ဖြင့်(သို့မဟုတ်) မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် သယ်ယူပေးရန် အစီစဉ် ရှိ/မရှိ သိလိုပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ (ရေပုပ်စုပ်ယာဉ်စုအနေဖြင့်) ရေပုပ်စုပ်ဝန်ဆောင်မှုလုပ်ငန်းကို
ဂါလံ(၈၀၀)ဆံ့ယာဉ်ကြီး၊ ဂါလံ(၄၀၀)ဆံ့ ယာဉ်ငယ်များဖြင့် နေ့စဉ်လုပ်ငန်း ဆောင်ရွက်လျှက်ရှိပါသည်။ ၁-၆-၂၀၂၆ မှစတင်၍ မြို့နယ်အလိုက် ရေပုပ်စုပ်ယာဉ်ငှားရမ်းခနှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-

စဉ်
မြို့နယ်
ဝန်ဆောင်မှုနှုန်းထား
ယာဉ်ကြီး
ယာဉ်ငယ်
ယာဉ်
ဝန်ဆောင်ခ
မိလ္လာ
စွန့်ပစ်ခ
စုစုပေါင်း
ဝန်ဆောင်ခ
ယာဉ်
ဝန်ဆောင်ခ
မိလ္လာ
စွန့်ပစ်ခ
စုစုပေါင်း
ဝန်ဆောင်ခ
လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ဝါယာလက်၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ ပတ္တမြား မြို့သစ်။ ၁၃၆၀၀၀/- ၄၀၀၀/- ၁၄၀၀၀၀/- ၁၀၇၆၀၀/- ၂၀၀၀/- ၁၀၉၆၀၀/-
မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မ/ဥက္ကလာ၊ ရွှေပေါက်ကံ၊ သန်လျင်၊ ဒဂုံမြို့သစ် (တ/မ/ရှေ့/ ဆိပ်ကမ်း) ၉၄၂၀၀/- ၄၀၀၀/- ၉၈၂၀၀/- ၇၆၂၅၀/- ၂၀၀၀/- ၇၈၂၅၀/-
လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ တ/ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဒလ။ ၈၃၇၅၀/- ၄၀၀၀/- ၈၇၇၅၀/- ၆၅၈၀၀/- ၂၀၀၀/- ၆၇၈၀၀/-
ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်။ ၇၃၃၀၀/- ၄၀၀၀/- ၇၇၃၀၀/- ၅၅၃၅၀/- ၂၀၀၀/- ၅၇၃၅၀/-

ပြည်သူများ မိမိငွေကြေးဖြင့် ငှားရမ်းပါက အလွယ်တကူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မိလ္လာများ ပြည့်လျှံ သောအခါ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။
ရေပုပ်စုပ်ယာဉ် ငှားရမ်းလိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ ဒေါပုံမြို့နယ်၊မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းဒေါင့်၊ ယမုံနာ၀င်း( ဒေါပုံသင်္ဘောကျင်းမှတ်တိုင်အနီး)၊ ရေပုပ်စုပ်ယာဉ်ဌာနစု၌ လည်းကောင်း ရုံးဖွင့်ရက် နံနက်(၉:၃၀)နာရီမှ ညနေ(၂:၃၀)နာရီအတွင်း လိုအပ်သော ယာဉ်ကြီး/ငယ်အလိုက် ကျသင့်ငွေ ပေးသွင်းငှားရမ်းနိုင်ပါသည်။ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊၊ တယ်လီဖုန်းအမှတ်(၀၉-၄၅၀၀၆၄၂၇၆၊ ၀၉-၂၆၂၆၄၀၄၉၆) ဖြင့်လည်းကောင်း၊ ဆက်သွယ်ငှားရမ်းပြီး၊ နောက်တစ်နေ့တွင် လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြန်ကြားအပ်ပါသည်။