စီမံရေးရာဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
|
||||||||||||
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ၄၅ ပေ X ၁၅ ပေ ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ စီမံလုပ်ငန်းဌာနခွဲ(လုပ်ငန်းရေးရာ)သို့ ဆက်သွယ်လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် (၀၉-၂၅၀၁၇၉၇၇၉ နှင့် ၀၉၄၅၀၀၃၀၆၇၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ | ||||||||||||
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
|
||||||||||||
၁။ မြို့တော်နယ်နိမိတ်အတွင်း စိုက်ထူထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅' x ၁၅' ကြော်ငြာဘုတ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာတပ်ဆင်လိုသူများသို့ အငှားချထားခြင်း(မဲနှိုက်) ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလိုပါက အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားနိုင်ပါကြောင်း
၂။ အငှားချထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉-၂၅၀၁၇၉၇၇၉၊ ၀၉-၄၅၀၀၃၀၆၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ | ||||||||||||
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
|
||||||||||||
၁။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ်(၄-ဘီ) မြေကွက်အမှတ်(၃၆-ဘီ) အကျယ် (၂၂၀×၁၅၀)ပေစီရှိ မြေ(၂)နေရာကို သဲ၊ ကျောက် စုပုံလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါစနစ်ဖြင့် အငှားချထားနိုင်ရေး တင်ဒါခေါ်ယူအပ်ပါသည်။ ၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ် ၊ (၄၆) လမ်း၊ (၁၂)ထပ်ခွဲရုံး၊(၇)လွှာရှိ စီမံရေးရာဌာန၊ လုပ်ငန်းရေးရာ(အပေါင်ဆိုင်) တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို ၀၉-၂၅၀၁၈၀၄၄၂ သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ |
၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များ လျောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ |
|||||||||||||||||||||||||||||||||||||||||||||||||
၁။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အောက်ပါအတိုင်း အုပ်စုခွဲခြား၍ ငှားရမ်းပေးသွားမည်ဖြစ်ပါသည်-
၂။ကြော်ငြာဆိုင်းဘုတ်များ အငှားချထားရာတွင် လျှောက်ထားသူမှ ကြော်ငြာဘုတ်(၁)ခုလျှင် စပေါ်ငွေ ကျပ်(၂ဝ)သိန်းပေးသွင်း၍ အရေအတွက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများကိုယ်တိုင် ပွင့်လင်း မြင်သာစွာဖြင့် မဲနှိုက်အငှားချထားပေးမည်ဖြစ်ပါသည်။ ၃။အဆိုပါ ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အငှားချထားခြင်း လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၄။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်နှုန်းထားနှင့်တည်နေရာများ
စီမံရေးရာဌာန၊ စီမံဌာနခွဲ၊ ကြော်ငြာဌာန |