- ရန်ကုန်မြေပုံ
- ဌာနများ
- ဝန်ဆောင်မှုများ
- ဥပဒေ၊နည်းဥပဒေများ
- လေ့လာစရာရန်ကုန်
- အွန်လိုင်းဝန်ဆောင်မှုများ
- မီဒီယာများ
- ကြော်ငြာသင်ပုန်း
- Myanmar SEADRM Project
- Invitation For Expressions of Interest (EOI)For Development of Industrial Park With Essential Ancillary Infrastructure In New Urban Development of YGN
- မြို့ပြမြေစီမံခန့်ခွဲမှုဌာနဆိုင်ရာ အသိပေးကြေညာချက်များ
- အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ အသိပေးကြေညာချက်များ
- အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဆိုင်ရာ အသိပေးကြေညာချက်များ
- လမ်းညွှန်ချက်ဗီဒီယိုများ
- FAQs
- Privacy Policy
- အကြံပြုရန်နှင့်ပြန်ကြားစာ
- ဆက်သွယ်ရန်
- ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ
- မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာများ
ယနေ့မြို့တော်ဘဏ်ဒေါ်လာဈေးနှုန်း
- ရောင်းဈေး- ၂၁၀၀ ကျပ်
- ဝယ်ဈေး - ၂၁၀၀ ကျပ်
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တွင်အသုံးပြုရန်အတွက် လိုအပ်သောအောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၃-၁၂-၂၀၂၂ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၂၇-၁၂-၂၀၂၂ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။။အသေးစိတ်ကြည့်ရှုရန်
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာဌာနများတွင် အသုံးပြုရန်အတွက် လိုအပ်သောအောက်ဖော်ပြပါ ယန္တရားများနှင့်လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၂-၂၀၂၂ နှင့် ၆-၁၂-၂၀၂၂ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၁၆-၁၂-၂၀၂၂ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။အသေးစိတ်ကြည့်ရှုရန်
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနအသီးသီးမှ အသုံးမလို ပိုလျှံပစ္စည်းများနှင့် ကတ္တရာပြားများကို တင်ဒါစနစ်ဖြင့် ရောင်းချဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူအပ်ပါသည်။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၁၂)ထပ်ခွဲရုံး၊ (၇)လွှာရှိ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ယာဉ်ရပ်နားစခန်းများစီမံခန့်ခွဲရေးရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ယာဉ်ရပ်နားစခန်းများစီမံခန့်ခွဲရေး ရုံးသို့လည်းကောင်း၊ ဖုန်းနံပါတ် -၀၉၂၅၀၁၈၀၃၀၃ သို့လည်းကောင်း ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်အသေးစိတ်ကြည့်ရှုရန်
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဂေါက်ကွင်းတွင် အသင်းဝင်ထားသော အသင်း သား (မြန်မာ/နိုင်ငံခြားသား) အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လစဉ်ကြေးပေးသွင်းရန် ပျက်ကွက်လျက်ရှိ ပါသည်။ သို့ဖြစ်ပါသောကြောင့် မြို့တော်ဂေါက်ကွင်း၏ စည်းမျဉ်းဥပဒေအပိုဒ်(၉)တွင် တစ်နှစ်နှင့်အထက် ပျက် ကွက်သောအသင်းသား(မြန်မာ/နိုင်ငံခြားသား)များအား အသင်းသားအဖြစ်မှ ရပ်စဲမည်ဟုပါရှိပါသဖြင့် ၃၁-၁၂-၂၀၂၂ ရက် နောက်ဆုံးထားပြီး အသင်းသားလစဉ်ကြေးများကို လာရောက်ပေးသွင်းနိုင်ပါရန် အသိပေးကြေညာ အပ်ပါသည်။
- ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များရှိ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application အသုံးပြု၍ AYA Pay. CB Pay, KBZ Pay, UAB Bank Sai Sai Pay, AGD Bank One Pay, Wave Money, My Tel, OK$ တို့မှ ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
- မြို့ပြစီမံကိန်းဌာနမှ ဆောင်ရွက်ခဲ့သော ရန်ကုန်မြို့ဇုန်သတ်မှတ်ချက်စည်းမျဉ်း (Yangon Zoning Regulation) နှင့် ဖွံ့ဖြိုးရေးခွင့်ပြုမိန့်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ (Development Permit Rules and Regulations) အား အများပြည်သူပိုမိုသိရှိနိုင်ရေးနှင့် အကြံပြုလိုသည်များရှိပါက မြို့ပြစီမံကိန်းဌာန၏ email address ဖြစ်သည့် ycdc.upd@gmail.com သို့ ပေးပို့အကြံပြုနိုင်ပါသည်။
-
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အဦများ၏ ရေနှင့်သန့်ရှင်းမှုဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုမိန့်များလျှောက်ထား ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကန့်သတ်ခွင့်ပြုထားသော နောက်ဆက်တွဲပါလုပ်ငန်း သတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက စိစစ်ထုတ်ပြန်ထားသော (Water Supply & Sanitation) မှတ်ပုံတင်လက်မှတ်ရရှိထားပြီး စည်းကမ်းသတ်မှတ်ချက်ကာလများနှင့် ကိုက်ညီစွာ သက်တမ်းတိုးဆောင်ရွက်ထားပြီးဖြစ်သည့် P.E(Water & Sanitation), R.S.E(Water & Sanitation), R.E(Water & Sanitation)များမှ ၁-၇-၂၀၂၂ ရက်နေ့မှစတင်၍ တာဝန်ယူလက်မှတ် ရေးထိုးလျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
အသေးစိတ်ကြည့်ရှုရန် -
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် ရာပြတ်ဌာနရုံးခွဲများကို တိုးချဲ့ဖွင့်လှစ်ထားပြီး မြေနှင့်အဆောက်အအုံများအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်ကြည့်ရှုရန်