အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
ဌာန၏ လုပ်ငန်းတာ၀န်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ရေအရင်းအမြစ်များ၊ ရေသန့်စင်စက်ရုံများနှင့် ရေဆိုးသန့်စင်စက်များ၏ ကြံ့ခိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တိုးတက်လာသော မြို့တော်နေလူဦးရေအား လုံလောက်စွာရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်အသစ်များ ဖော်ထုတ်အသုံးပြုနိုင်ရေးနှင့် ရေဆိုးသန့်စင်စွန့်ပစ်မှုများအား စီမံဆောင်ရွက်ခြင်း။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့် ညီညွတ်သောရေကောင်းရေသန့်များကို ပေးဝေနိုင်ရေးအတွက် ရေအရည်အသွေးနှင့် စွန့်ပစ်ရေဆိုးအရည်အသွေးများအား စီမံခန့်ခွဲခြင်း။
- ရေတွန်းစက်ကြီးများ၊ ရေသန့်စင်စက်ရုံများနှင့် ရေဆိုးသန့်စင်စက်ရုံများအား စွမ်းအားပြည့်ဖြင့် မောင်းနှင်နိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့တပ်ဆင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခြင်း။
- ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်မကြီးများ၊ DMA Network များနှင့် Service Reservoir များနှင့် ရေဆိုးပိုက်လိုင်းကွန်ရက်များ၏ ကြံ့ခိုင်ရေးကို စီမံဆောင်ရွက်ခြင်းနှင့် စီမံကိန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခြင်း။
- ရန်ကုန်မြို့တော်နေပြည်သူများသို့ ရေပေးဝေရေးနှင့် ရေဆိုးဝန်ဆောင်မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ရေဖိုးရေခအပြည့်အဝကောက်ခံရရှိရေး၊ ရေလေလွင့်ဆုံးရှုံးမှု လျှော့ချရေးလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ စီမံ ဆောင်ရွက်ခြင်း။
- ရေပိုက်လိုင်းစနစ်မှ ရေပေးဝေနိုင်ခြင်းမရှိသော မြို့နယ်များတွင် မြေအောက်ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ခြင်း။
- ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များအတွက် အထောက်အကူပြုသည့် လျှပ်စစ်မီးသွယ်တန်းရယူသုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရေရှည်တွင် လျှပ်စစ်မီးသုံးစွဲမှုသက်သာရေးအတွက် ခေတ်မှီနည်းစနစ်များဖြင့် အရည်အသွေးပြည့်မှီသော စက်ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခြင်း။
- ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ယာဉ်၊ ယန္တရားများနှင့် စက်သုံးဆီများ စနစ်တကျသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ခြင်း။
- ဝန်ထမ်းရေးရာကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အရ၊ အသုံးငွေ စာရင်းများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။
- Master Plan နှင့်အညီ နှစ်တိုနှစ်ရှည်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ရန်ပုံငွေ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံတကာချေးငွေနှင့် ထောက်ပံ့ငွေများရရှိရန် စီမံဆောင်ရွက်ခြင်း။
- တိုးတက်လာသော ခေတ်မှီနည်းပညာများကိုအသုံးပြု၍ ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ အဆင့်မြှင့်တင်ခြင်းကို စီမံဆောင်ရွက်ခြင်း။
- ရန်ကုန်မြို့တော်သူ၊မြို့တော်သားတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို နေ့စဉ် လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး။
- ရေဖိုးရေခများ အပြည့်အ၀ကောက်ခံရရှိရေး။
- ရေလေလွင့်ပြုန်းတီးမှုများ ကာကွယ်ထိန်းသိမ်းရေး။
- မိလ္လာများ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရေး။
- ခေတ်မီနည်းစနစ်ဖြင့်ရေပေးဝေဖြန့်ဖြူးရေးနှင့်မိလ္လာများစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် တိုးမြှင့်စီမံ ဆောင်ရွက်ရေး။
ရည်မှန်းချက်လုပ်ငန်းတာ၀န်(၅)ရပ်
ရေအရင်းအမြစ်များနှင့်ရေသန့်စင်စက်ရုံများစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေအရင်းအမြစ်နှင့် ရေသန့်စင်စက်ရုံများမှ ရေကောင်းရေသန့်များကို ရေပို့ပိုက်လိုင်းကွန်ရက်အတွင်းသို့ ရေဖိအားညီမျှစွာ ရောက်ရှိရေးလုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
- ရေအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရေဝေရေလဲသစ်တောဧရိယာများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း။
- ရေလှောင်ကန်ကြီးများအတွင်းသို့ မိုးရေစီးဆင်းမှုကောင်းပြီး ရေသိုလှောင်စုဆောင်းရရှိမှု အပြည့်အဝရရှိစေရန် ရေအဝင်ချောင်းဝများကို စစ်ဆေးခြင်း၊ အမှိုက်၊ ဒိုက်၊ ဗေဒါများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ကန်ရေပြင်ကြည်လင်သန့်ရှင်းမှုလုပ်ငန်းဆောင်ရွက်ခြင်း။
- ရေအရင်းအမြစ်များအတွင်းရှိ ရေပေးဝေရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ကြံ့ခိုင်မှုကောင်းစေရန် အစဉ်အမြဲစစ်ဆေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
- ရေအရင်းအမြစ်များ၏ ရေအရည်အသွေးကောင်းစေရန် ကာကွယ်ထိန်းသိမ်းခြင်း၊ နေ့စဉ်တိုင်းတာစစ်ဆေးခြင်း၊ ဆန်းစစ်လေ့လာသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ရေအရင်းအမြစ်များ၏ မိုးလေဝသနှင့်ဇလဗေဒ အချက်အလက်များ တိုင်းတာခြင်း၊ ရေလှောင်ကန်များ၏ မိုးရေသိုလှောင်ရရှိမှုနှင့် ရေလိုအပ်ချက် ဟန်ချက်ညီစေရန် နေ့စဉ်တိုင်းတာတွက်ချက်ပြီး ရေပေးဝေခြင်းနှင့် မှတ်တမ်းတင်ခြင်း။
- ရေသန့်စင်စက်ရုံများ၌ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ရေအရည်အသွေးများ ထုတ်လုပ် ဖြန့်ဝေပေးနိုင်ရန် ရေသန့်စင်မှုစနစ်ကို နေ့စဉ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုကိုစီမံခန့်ခွဲခြင်း။
- မြေအောက်ရေထုတ်လုပ်နိုင်မှုနှင့် အရည်အသွေးများကို တိုင်းတာခြင်း၊ စစ်ဆေးခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်း။
- မြေအောက်ရေဖြင့် အားဖြည့်ပေးဝေနိုင်ရေး အဝီစိတွင်းများ တူးဖော်ခြင်း၊ မြေအောက်ရေပေးဝေရေးစခန်းများ တည်ထောင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်းနှင့် ကော်မတီ၏ နယ်နိမိတ်အတွင်း မြေအောက်ရေသုံးစွဲမှုများကို စီမံကြီးကြပ်ကွပ်ကဲရေးနှင့် လေ့လာဆန်းစစ်ထိန်းသိမ်းခြင်း။
- အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် ရေပေးဝေရေးဆောင်ရွက်နေသော မိုးရေစု ရေကန်များ၏ ကြံ့ခိုင်မှု၊ ရေအရည်အသွေး၊ မိုးရေစုဆောင်းရရှိမှု၊ ပတ်ဝန်းကျင်မှ အညစ်အကြေးဝင်ရောက်မှုများကို စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
ရေပို့ပိုက်လိုင်းကွန်ရက်နှင့်ထပ်ဆင့်ရေတွန်းစက်ရုံများစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေပို့ပိုက်လိုင်းကွန်ရက်မှတစ်ဆင့် ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန်များသို့ ရေလုံလောက်စွာ ရောက်ရှိစေရေးအတွက် ရေဖိအားထိန်းညှိဖြန့်ဝေပေးပို့နိုင်ရန် လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရေပို့ပိုက်လိုင်းများ ကြံ့ခိုင်မှုနှင့် လုံခြုံမှု အတွက် စစ်ဆေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်း။
- ရေပို့ပိုက်လိုင်းကွန်ရက်အတွင်းရှိ ထပ်ဆင့်ရေတွန်းစက်ရုံများ၊ ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန်များနှင့် ရေဖြန့်ဖြူးပေးဝေရေးရေတွန်းစက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊ ကြံ့ခိုင်မှုအတွက် စစ်ဆေးခြင်းနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်း။
- ရေဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ရေပို့ပိုက်လိုင်းကွန်ရက်များကို နေ့စဉ်စစ်ဆေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။
- ရေပို့ပိုက်လိုင်းများ၏ နယ်နိမိတ်အတွင်း ကျူးကျော်များ ဝင်ရောက်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ကာကွယ်တားဆီးဖယ်ရှားခြင်း။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
အုပ်ချုပ်ရေးနှင့်ရန်ပုံငွေစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ဝန်ထမ်းရေးရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း။
- ရုံးလုပ်ငန်းတာဝန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်မီအောင်မြင်ပြီးမြောက်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဦးစီးကြပ်မတ်ဆောင်ရွက်ခြင်း။
- ရေအရင်းအမြစ်များ၊ ရေတွန်းစက်ရုံများ၊ ရေသန့်စင်စက်ရုံများ၊ ရေဆိုးသန့်စင်စက်ရုံများ၊ ရေပိုက်လိုင်းကွန်ရက်များ၊ ရေဆိုးပိုက်လိုင်းကွန်ရက်များ၊ ဝန်ထမ်းအိမ်ရာများစသည့် ဌာနပိုင်အခြေခံအဆောက်အအုံများ၏ လုံခြုံရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်း။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ် တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်းများကို စစ်ဆေးကြပ်မတ်ခြင်း။
- လူ့စွမ်းအားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာသင်ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ စာကြည့်တိုက်ကို စီမံခန့်ခွဲခြင်း။
- ဘဏ္ဍာရေးနှစ်အလိုက် လုပ်ထုံးလုပ်နည်းအညီ ရန်ပုံငွေလျာထားနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေလျာထားချက်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း။
- ရေဖိုးရေခများ အပြည့်အဝကောက်ခံရရှိရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေစာရင်းဇယားများကို စစ်ဆေးကြပ်မတ်ခြင်း။
- ရငွေနှင့် အပ်နှံရန်ပုံငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲခြင်း။
- ရငွေနှင့်သုံးငွေများကို ON-LINE စနစ်ဖြင့် စီမံခန့်ခွဲနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း။
- စံပြုထားသောလုပ်ထုံးလုပ်နည်းများ(SOP, STANDARD OPERATION PROCEDURE) များကို ဆန်းစစ်ခြင်းနှင့် ပြင်ဆင်ရေးဆွဲခြင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
စီမံကိန်းနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများရေးဆွဲခြင်းနှင့် စီမံကိန်းများ အောင်မြင်မှုကို လေ့လာစောင့်ကြည့်သုံးသပ်ခြင်းနှင့် စီမံကိန်းများပြင်ဆင်ရေးဆွဲခြင်း။
- ရေပေးဝေရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်၊ လုပ်ငန်းအသီးသီး၏ အရေးပါသော စွမ်းဆောင်ရည် သော့ချက်များကို လေ့လာသုံးသပ်အကဲဖြတ် ခြင်းနှင့် သုတေသနလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
- တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးအား စစ်ဆေးကြပ်မတ်ခြင်း။
- လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်နှင့်စက်မှုပစ္စည်များ သိုလှောင်ထိန်းသိမ်းခြင်း၊ စနစ်တကျထုတ်ပေးခြင်းနှင့် ဖြည့်တင်းခြင်း။
- အင်ဂျင်နီယာလုပ်ငန်းများအတွက် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် ခန့်မှန်းလုပ်ငန်းတန်ဘိုးနှင့် လုပ်ငန်းသုံးပစ္စည်းများ တွက်ချက်ခြင်း။
- လုပ်ငန်းသုံးပစ္စည်းများနှင့် စက်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းစသည့်တို့ကို စီမံကြီးကြပ်ဆောင်ရွက်ခြင်း။
- နိုင်ငံတကာထောက်ပံ့ငွေနှင့် ချေးငွေလုပ်ငန်းစီမံကိန်းများ၏ ရုံးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
- ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ၏ အချက်အလက်များကို GIS စနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းနှင့် ဆန်းစစ်လေ့လာသုံးသပ်ခြင်းများ ဆောင်ရွက်ခြင်း။
- ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ၏ ရေအရည်အသွေးကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း။
- ရေလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် ရေပေးဝေရေးစနစ်ကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်း၊ ရေသုံးစွဲမှုကို စစ်ဆေးကြပ်မတ်ခြင်းနှင့် ညွှန်ကြားခြင်း၊ ရေပေးဝေရေးစနစ်မှန်ကန်ရေး စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခြင်း။
- ရေလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းများဖွင့်လှစ် ပို့ချခြင်း၊ ဗဟုသုတများမျှဝေပေးခြင်းနှင့် သင်တန်းကျောင်းကို ကြီးကြပ်ကွပ်ကဲခြင်း။
- ရေပေးဝေရေးစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သုတေသနလုပ်ငန်းများ၊ စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း။
- PPP (PUBLIC PRIVATE PARTNERSHIP) ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စနစ်တကျကြီးကြပ်ဆောင်ရွက်ခြင်။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်း။
လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေပေးဝေရေးစနစ်အတွင်း အသုံးပြုလျက်ရှိသော လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အားကြိုးလိုင်းများ၊ ရေတွန်းစက်များ စသည်တို့၏ ကြံ့ခိုင်မှုအား စစ်ဆေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
- ရေပေးဝေရေးစနစ်တွင် အရေးပါသော ရေတွန်းစက်များနှင့် ရေသန့်စင်စက်ရုံများ အချိန်မှန်လုပ်ငန်းလည်ပတ်နိုင်ရန် လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
- စီမံကိန်းများဆောင်ရွက်ရာတွင် လျှပ်စစ်မီးရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
- လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများ တပ်ဆင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
- စက်၊ ယာဉ်၊ ယန္တရားများ သုံးစွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
- လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာဆိုင်ရာ အရန်ပစ္စည်းများ အသင့်ရှိနေစေရန် စီမံခန့်ခွဲ ခြင်းနှင့် စက်ယန္တရားများတီထွင်ခြင်း၊ သုတေသနပြုလုပ်ခြင်း။
- ရေပို့ပိုက်လိုင်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ပံ့ပိုးဆောင်ရွက်ခြင်း။
- ကော်မတီပိုင် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်း များလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ နှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
ရေဖြန့်ဖြူးပေးဝေရေးဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်စနစ်အတွင်း ရေဖိအားညီမျှစွာဖြင့် ရေသုံးစွဲသူများထံ ရေလုံလောက်စွာရောက်ရှိစေရန် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
- ရေပြုန်းတီးမှု မဖြစ်ပေါ်စေရေးအတွက် ရေဖြန့်ဖြူးပေးဝေရေးကွန်ရက်စနစ်၏ ကြံ့ခိုင်မှု နှင့် လုံခြုံမှုအတွက် စစ်ဆေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်း။
- ရေဖိုးရေခများလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စစ်ဆေးခြင်း၊ ကာကွယ်တားဆီးခြင်း နှင့် အရေးယူဆောင်ရွက်ခြင်း။
- ရေမီတာယူနစ်များ စနစ်တကျဖတ်ရှု မှတ်တမ်းတင်ခြင်းနှင့် ရေဖိုးရေခ အပြည့်အဝ ကောက်ခံရရှိရေး စစ်ဆေးကြပ်မတ်ခြင်းများကို စနစ်တကျဆောင်ရွက်ခြင်းနှင့် ခေတ်မှီ သောစနစ်ဖြင့် စီမံခန့်ခွဲနိုင်အောင် အဆင့်မြှင့်တင်ခြင်း။
- ရေဖြုန်းတီးမှုမဖြစ်ပေါ်စေရေး ရေသုံးစွဲသူပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
- အိမ်ရေဆက်သွယ်သုံးစွဲခွင့်၊ အဆောက်အအုံများအတွင်း ရေနှင့်မိလ္လာတပ်ဆင် သုံးစွဲခွင့်၊ မိလ္လာကန်တည်ဆောက်ခွင့် စသည့် ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းကို စစ်ဆေးကြပ်မတ်ခြင်းနှင့် စနစ်တကျမှတ်တမ်းတင်ခြင်း။
- ရေသုံးစွဲသူပြည်သူများ စိတ်ကျေနပ်မှု ရရှိစေရန် ရေဖြန့်ဖြူးပေးဝေရေး ဝန်ဆောင်မှုပေးခြင်းနှင့် ရေသုံးစွဲရမှုဆိုင်ရာ မကျေနပ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း။
- မြို့နယ်များရှိ ရေပေးဝေရေးအတွက် အထောက်အကူပြုသော မိုးရေစုမြေသား ရေလှောင်ကန်များကို ပြင်ဆင်ထိန်းသိမ်းခြင်း။
- ကော်မတီပိုင် ရေဖြန့်ဖြူးပေးဝေရေးဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင် မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
ရေဆိုးပိုက်လိုင်းကွန်ရက်စီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- အဆောက်အအုံများမှ စွန့်ပစ်သောရေဆိုး စုဆောင်းသည့် ပိုက်ပြွန်ဝမှစတင်ပြီး ရေဆိုးသန့်စင်စက်ရုံရောက်သည်ထိ ရေဆိုးသယ်ယူပို့ဆောင်ပေးသော ရေဆိုးပိုက်လိုင်း ကွန်ရက်စနစ်ကို စီမံခန့်ခွဲခြင်း။
- ရေဆိုးစီးဆင်းမှုကောင်းစေရန် ရေဆိုးပိုက်လိုင်း၊ လေပိုက်လိုင်း၊ လေမှုတ်စက်များ၊ မိလ္လာစက်အိုးများ၊ အထောက်အကူပြုစက်များစသည့် ရေဆိုးသယ်ယူပို့ဆောင်ပေးသော ရေဆိုးပိုက်လိုင်းကွန်ရက်စနစ်တွင် ပါဝင်သော အခြေခံအဆောက်အအုံများကို စစ်ဆေး ကြပ်မတ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲခြင်း။
- ရေဆိုးပိုက်လိုင်းကွန်ရက်စနစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် သုတေသန ပြုလုပ်ခြင်းနှင့် အဆင့်မြှင်တင်ခြင်း။
- ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် လိုအပ်သော အရန်စက်နှင့် စက်ပစ္စည်းများ အဆင်သင့်ဖြစ်စေရန် စီစဉ်ခြင်း၊ တင်ပြခြင်း။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
ရေဆိုးဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- အဆောက်အအုံများ၏ ရေဆိုးစွန့်ပစ်မှုစနစ်နှင့် ရေဆိုးသန့်စင်မှုစနစ်များကို စစ်ဆေး ကြပ်မတ်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။
- ရေဆိုးသန့်စင်စက်ရုံများ လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ရေဆိုးသန့်စင်မှုစနစ်ကို စစ်ဆေးကြပ်မတ်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း။
- ကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အအုံများ၏ အတွင်းနှင့်အပြင် ရေနှင့်မိလ္လာ စနစ်များကို စစ်ဆေးကြပ်မတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူနေထိုင်အသုံးပြုနိုင်ကြောင်း ခွင့်ပြုချက်ပေးနိုင်ရန် စစ်ဆေးတင်ပြခြင်း။
- ရေဆိုးစွန့်ပစ်မှုစနစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနပြုလုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း။
- မိလ္လာစွန့်ပစ်မှုစနစ်အား ပြည်သူများ စိတ်ကျေနပ်မှုရရှိစေရန် ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးခြင်းနှင့် မကျေနပ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း။
- ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းခြင်း။
ရန်ကုန်မြို့တော် ရေပေးဝေရေးသမိုင်းကြောင်း |
|
၁၈၄၂ |
ရေတွင်းကြီး (၃၀) |
၁၈၇၉ |
ကန်တော်ကြီးကန် |
၁၈၈၄ |
အင်းလျားကန် |
၁၉၀၄ |
လှော်ကားရေလှောင်ကန် |
၁၉၄၀ |
ဂျိုးဖြူရေလှောင်ကန် |
၁၉၉၂ |
ဖူးကြီးရေလှောင်ကန် |
၂၀၀၅ |
ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) |
၂၀၁၄ |
ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) |
လှော်ကားရေလှောင်ကန်ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၀၀ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၀၄ ခုနှစ် |
ရေစုဆောင်းသောဧရိယာ |
၁၀.၅ စတုရန်းမိုင် |
ရေပြင်ဧရိယာ(ရေပြည့်ချိန်) |
၄.၄ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၁၂၀၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၁၀၆၀၀ ဂါလန်သန်း |
ကန်ရေလျှံအမှတ် |
၆၂ ပေ |
ပထမရေယူပေါက် အမြင့်ပေ |
၅၇.၂ ပေ |
ဒုတိယရေယူပေါက် အမြင့်ပေ |
၄၉.၂ ပေ |
တတိယရေယူပေါက် အမြင့်ပေ |
၄၂.၂ ပေ |
ပိုက်အရွယ်အစား |
၄၂"Ø |
အကွာအဝေး |
၁၇ မိုင် |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၁၄ ဂါလံ (သန်း) |
လှော်ကားရေတွန်းစက်ရုံ |
|
ရေတွန်းစက်ရုံအမှတ်(1) |
|
1000 KW(26 MGD) |
၄ လုံး |
မော်တာ၊ ပန့်(2DUTY : 2 STANDBY) |
|
ရေတွန်းစက်ရုံအမှတ်(၂) |
|
75 KW မော်တာပန့် (8 MGD) |
၂ လုံး |
ဂျိုးဖြူရေလှောင်ကန်ဆိုင်ရာ အချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၃၆ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၄၀ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၁၂.၇ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၂.၈ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၁၆၆၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၈၄၀၀ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၂၁၅ ပေ |
အနိမ့်ဆုံးကန်ရေချိန် |
၁၃၈ ပေ |
ပထမ ရေယူပေါက် |
၂၀၁ ပေ |
ဒုတိယရေယူပေါက် |
၁၈၀၀၀ ပေ |
တတိယ ရေယူပေါက် |
၁၃၈ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၂၇ ဂါလန်သန်း |
အကွာအဝေး |
၄၃ မိုင် |
ဖူးကြီးရေလှောင်ကန် ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၇၃ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၈၈ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၂၇.၂၇ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၆.၈ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၂၃၀၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၂၀၀၀၀ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၁၁၅.၅ ပေ |
ပထမ ရေယူပေါက် |
၉၁.၅ ပေ |
ဒုတိယရေယူပေါက် |
၇၆.၅ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၅၄ ဂါလန်သန်း |
အကွာအဝေး |
၃၂ မိုင် |
ပျော်ဘွယ်စုရေတွန်းစက်ရုံ |
|
တည်ဆောက်သောခုနှစ် |
၂၀၀၅ ခုနှစ် |
185KW မော်တာပန့်(16.0 MGD) |
၃ လုံး |
ဖူကြီး ရေတွန်းစက်ရုံ |
|
450 KW မော်တာပန့်(27 MGD) |
၃ လုံး |
(2DUTY : 1 STANDBY) |
ငမိုးရိပ်ရေလှောင်ကန်ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၉၂ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၉၅ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၁၆၀ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၁၇.၁၉ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၄၈၇၉၁ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၄၅၅၃၈ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၁၀၇ ပေ |
အနိမ့်ဆုံးကန်ရေချိန် |
၈၁ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၉၀ ဂါလန်သန်း |
ငမိုးရိပ်ရေသန့်စင်စက်ရုံ |
|
စီမံကိန်းစတင်သည့်နေ့ |
၂၅-၄-၂၀၀၄ |
စီမံကိန်းပထမအဆင့်ပြီးစီးသည့်နေ့ |
၂၃-၁၂-၂၀၀၅ |
တစ်နေ့ရေပေးဝေနိုင်မှု |
၄၅ ဂါလန်သန်း |
စီမံကိန်းဒုတိယအဆင့်ပြီးစီးသည့်နေ့ |
၂၆-၃-၂၀၁၃ |
ရေသန့်စင်စက်ရုံအမှတ်(၁) |
|
800KW (15 MGD)ရေတွန်းစက် |
၄ လုံး |
110KW(15MGD)အနိမ့်ရေတင်စက် |
၄ လုံး |
ရေသန့်စင်စက်ရုံအမှတ်(၂) |
|
560KW(11.25 MGD)ရေတွန်းစက် |
၆ လုံး |
110KW(15 MGD)အနိမ့်ရေတင်စက် |
၄ လုံး |
ကုက္ကိုင်းရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၉၂၆ ခုနှစ် |
တည်နေရာ |
ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့် |
အရွယ်အစား |
၅၅၉ ပေ x ၂၈၆ ပေ x ၂၀ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၂၀)သန်း |
ရေပေးဝေသည့်မြို့နယ်များ |
ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် |
ရေကူးရေတွန်းစက်ရုံ |
|
မူလရေတွန်းစက်ရုံ |
|
275KW မော်တာပန့် (10MGD) |
၃ လုံး |
280KW မော်တာပန့် (10 MGD) |
၄ လုံး |
ဂါလန် (၇)သိန်းဆံ့ ရေလှောင်ကန် |
၁ ကန် |
ရေတွန်းစက်ရုံသစ် |
|
715 KW မော်တာပန့် (20MGD) |
၄ လုံး |
ဂါလန် (၁)သန်းဆံ့ရေလှောင်ကန် |
၁ ကန် |
မဟာဝိဇယရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၉၆၅ ခုနှစ် |
တည်နေရာ |
ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်း |
အရွယ်အစား |
၃၄၉ ပေ x ၂၂၀ ပေ x ၂၂ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၁၀)သန်း |
ရေပေးဝေနိုင်သည့်မြို့နယ်များ |
မရှိပါ |
ရွှေတိဂုံဘုရားရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၈၉၄ ခုနှစ် |
တည်နေရာ |
ရွှေတိဂုံဘုရားလမ်းတောင် ဘက်မုခ် |
အရွယ်အစား |
၂၀၀ ပေ x ၅၀၀ ပေ x ၂၀ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၁)သန်း |
ရေပေးဝေနိုင်သည့်မြို့နယ်များ |
ဒဂုံ၊ လသာ၊ လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ |
သဲဖြူရေပေးဝေရေးစခန်း(လှိုင်သာယာမြို့နယ်) |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၀ ခုနှစ် |
အဝီစိတွင်း |
၁၀"Ø (၁၀) တွင်း / ၈"Ø (၃) တွင်း/ ၆"Ø (၂) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
45KW မော်တာပန့် (9.5MGD) |
၁ လုံး |
22KW မော်တာပန့် (6 MGD) |
၃ လုံး |
ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း(ဒလမြို့နယ်) |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၀ ခုနှစ် |
အဝီစိတွင်း |
၁၀"Ø (၃) တွင်း / ၈"Ø (၄) တွင်း/ ၆"Ø (၁) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
22KW မော်တာပန့် (8 MGD) |
၁ လုံး |
37KW မော်တာပန့် (6 MGD) |
၁ လုံး |
လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၂၁ ခုနှစ် |
ရေအရင်းအမြစ် |
လှိုင်မြစ် |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၆၀)ဂါလန်သန်း |
500KW မော်တာပန့် (20 MGD) |
(၆) လုံး |