ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ်၊ ၃/၂၀၀၁
ရန်ကုန်မြို့၊ ၁၃၆၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်(၂၀၀၁ ခုနှစ်၊ မေလ ၇ ရက်)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) မြို့တော်နယ်နိမိတ်ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကို ဆိုသည်။
(ခ) မြေခွန် မြေခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှား ရမ်းခ တို့ကိုဆိုသည်။
(ဂ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တိုနှစ်ရှည် ကာလသတ်မှတ်၍ အငှားချထားသည့် စာချုပ်ကိုဆိုသည်။
(ဃ) လိုင်စင် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အ ညီ မြေကို ယာယီအသုံးပြုခွင့်ပေးခြင်းကို ဆိုသည်။
(င) ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့်စည်းကမ်းချက်များ နှင့် အညီ လူနေအိမ် သို့မဟုတ်အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။
(စ) ဌာနမှူး ဆိုသည်မှာ ကော်မတီလက်အောက်ရှိ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနကို ကြီးကြပ် ကွပ်ကဲရသောအရာရှိကို ဆိုသည်။
အခန်း(၂)
မြေများကို စီမံခန့်ခွဲခြင်း
၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိအောက်ပါမြေများမှအပ ကော်မတီပိုင် မြေများ ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ ကော်မတီက တည်ဆဲဥပဒေ နှင့်အညီလဲွှပြောင်းရယူ ထားသော မြေများ၊ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ် ဖြင့်ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိက အားနေထိုင် အသုံးပြုခွင့် ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့်အညီ စီမံခန့်ခွဲပိုင် ခွင့်ရှိသည်-
(က) နိုင်ငံတော်ပိုင်မြေ
(ခ) အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊
(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊
(ဃ) အခွန်လွတ် သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊
(င) လယ်ယာမြေ နှင့် မြေလွတ်မြေရိုင်း
၄။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည်-
(က) မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ စီမံချက် ချမှတ်ဆောင်ရွက်ခြင်း၊
(ခ) မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီမြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်ခြင်း၊ မြို့မြေစာရင်း များ၊ မြို့နယ်၊ ရပ်ကွက်၊မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း၊
(ဂ) မြေငှားစာချုပ်များ၊လိုင်စင်များနှင့်ပါမစ်များ ထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း။
(ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊သက်တမ်း တိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း၊
(င) မြေများကိုလဲလှယ်ခြင်း၊မြေပိုင်ဆိုင်ခွင့်အမည် လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ် ခွင့်ပြုခြင်း၊သက်သေခံမြေပုံမြေရာဇဝင် ထုတ်ပေးခြင်း၊ မြေတန်းဖိုးဖြတ်ခြင်းနှင့် အခြား နည်းဖြင့် စီမံခန့်ခွဲခြင်း။
(စ) မြေခွန်မြေခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကြွေးကျန်ကောက်ခံခြင်း၊မြေခွန်မြေခ ကင်း လွတ်ခွင့်ပြု ခြင်း၊ သက်သာခွင့်ပြုခြင်း၊ပြန်လည်သတ်မှတ် စည်းကြပ်ခြင်း၊ စာရင်းမှ ပယ် ဖျက်ခြင်းနှင့် အခွန်ပိုငွေ ပြန်အမ်းခြင်း။
(ဆ) တရားမဝင် ကျူးကျော်ခြင်း၊မပြုနိုင်ရန်တားမြစ်ခြင်းနှင့် တရားမဝင်ကျူးကျော်သည့် အဆောက် အအုံများ၊ တရားမ၀င်ကျူးကျော်သူများကိုဖယ်ရှားခြင်း၊တရားစွဲဆိုခြင်း၊
(ဇ) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)ပါ ပြဌာန်းချက် အရ ‘လယ်ယာမြေ’ဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(စျ) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို ဖယ်ရှားခြင်း၊
(ည) သက်ဆိုင်ရာ ဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသောမြို့သစ်များ၊စီမံ ကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး ဤနည်းဥပဒေ များနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဋ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိ အဆောက်အအုံများ၊ စက်ရုံ အလုပ်ရုံများ၊ ဌာန ဆိုင်ရာ အဆောက်အအုံများ မီးလောင် ပျက်စီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
(ဌ) မြစ်ချောင်းကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ် တစ်ခုခု ကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများကို စီမံခန့်ခွဲခြင်းနှင့် စနစ်တကျ နေရာချထားရန် ဆောင်ရွက်ခြင်း၊
(ဍ) အသုံးပြုခွင့်မရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုဿန်မြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း နှင့်အညီ စီမံခန့်ခွဲခြင်း၊
၅။ ကော်မတီသည်-
(က) နည်းဥပဒေ ၃၅ နှင့်အညီ အများပြည်သူအကျိုးအတွက် သိမ်းယူထားသော သို့မဟုတ် ဝယ်ယူထား သော မြေနှင့်အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ် သလို စီမံခန့်ခွဲနိုင်သည်။
(ခ) နည်းဥပဒေ ၃၆၊ ၃၇၊ ၃၈ နှင့် ၃၉ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် အညီ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။
၆။ ကော်မတီသည် နည်းဥပဒေ ၄ နှင့် ၅ တို့အရ ကော်မတီ၏မြေများ စီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ် ချက်များနှင့် အညီဆောင်ရွက်ရန် ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အား လွှဲအပ်တာဝန်ပေးနိုင်သည်။
၇။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန်မြေခ အရပ်ရပ် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော်အရာရှိ၊ မြေခွန် တော်အရာရှိ၊ မြေအရာရှိ နှင့် နယ်နိမိတ်သတ်မှတ်ရေး အရာရှိများအဖြစ် သင့်လျော်သည့်ဝန်ထမ်းအား တာဝန်ပေးအပ်၍ ဆောင်ရွက်စေ နိုင်သည်။
အခန်း(၃)
မြို့ပြစီမံကိန်းများရေးဆွဲခြင်း
၈။ ကော်မတီသည် မြို့တော်နယ်နိမိတ် အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ် သည့်နယ်မြေအတွက်ဖြစ်စေ ရေးဆွဲထားသော မြို့ပြစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဉက္ကဌ ထံသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတစ်ရပ်ကို အသေးစိတ်ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။
၁၀။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်နိုင်သည်။
၁၁။ ကော်မတီသည် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသည့် နေရာများကို စနစ်တကျ မြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာချ ထားခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၂။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ရှင်းလင်းဖယ်ရှားပြီး စနစ်တကျပြန်လည်နေရာ ချထားခြင်း၊ ပြောင်းရွှေ့ နေရာချထားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၁၃။ ကော်မတီသည် မြို့ပြပြန်လည်တည်ဆောက်ရေး၊ မြို့ပြပြန်လည်သစ်လွင်ရေးနှင့် မြို့ပြဒီဇိုင်းပုံ ရေးဆွဲခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။
၁၄။ ကော်မတီသည် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့အတွက် ပြည် တွင်း ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။
အခန်း(၄)
မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်း
၁၅။ ကော်မတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီ ချက်ဖြင့် မြေယာ မူဝါဒများ ရေးဆွဲခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၆။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက မြေအသုံးချမှုများကို သတ်မှတ်ခြင်းနှင့် ပြုပြင်ပြောင်းလဲ ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်း ကောင်း၊ ပုဂ္ဂလိကအဖွဲ့ အစည်းတစ်ခုခုကသော်လည်းကောင်း၊ မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီက ရေးဆွဲထားသည့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် လိုက်လျော ညီထွေမှု ရှိ မရှိ စီစစ်ရမည်။
၁၈။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချလိုပါက ကော်မတီနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမည်။
၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းဇုန်များကို မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ ရေးဆွဲသတ်မှတ်နိုင်သည်။
၂၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ ဖော်ထုတ်ပြီးသော အိမ်ရာမြေကွက်များကို အသေးစိတ် တိုင်းတာ၍ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်းနှင့် ကွန်ပျူတာမှတ်တမ်းတို့တွင် မှတ်တမ်းတင်ထားရမည်။
၂၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆုံး အဖြတ်ပေးနိုင်သည်။
အခန်း(၅)
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း
၂၂။ ကော်မတီသည် လူနေထိုင်ရန်အတွက် အဆောက်အအုံများဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများဆောင်ရွက်ရန် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးနိုင်သည်။
၂၃။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒ နှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လို အပ်သော အချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျှော့ပေါ့သတ်မှတ်၍ ထုတ်ပေးနိုင်သည်။
၂၄။ ကော်မတီသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့်ရရှိ သည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးနိုင်သည်-
(က) တစ်ဦးချင်းစနစ်
(ခ) တင်ဒါစနစ်
(ဂ) လေလံစနစ်
၂၅။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏ သက်တမ်းကိုသတ်မှတ်ခြင်း၊ ပြင်ဆင် ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
၂၆။ (က) ကော်မတီသည် မြေငှားစာချုပ် စည်းကမ်းများ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ် စည်း ကမ်းများကိုသတ်မှတ်နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလို စီမံခန့်ခွဲနိုင် သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကို ပြန်လည်တောင်း ခံပိုင်ခွင့် မရှိစေရ။
၂၇။ ကော်မတီသည် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ် သာသနာ့မြေဂရန်နှင့် အခွန်လွတ် ဗဒ္ဓသိမ်မြေဂရန်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ထုတ်ပေးနိုင်သည်။
၂၈။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၂၉။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်း မြေငှား စာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ရရှိသည့် ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။
အခန်း(၆)
မြေခွန် မြေခ စည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း
၃၀။ ကော်မတီသည် နည်းဥပဒေ ၃ အရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေများ နှင့်အညီ စည်းကြပ်ကောက်ခံရမည်။
၃၁။ ကော်မတီသည် စည်းကြပ်ကောက်ခံမည့် မြေခွန် မြေခ အမျိုးအစားနှင့်နှုန်းထားများကို အခါ အားလျော် စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
၃၂။ ကော်မတီသည် ရရန်ရှိသော မြေခွန်မြေခကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရ တောင်းခံနိုင်သည်။
၃၃။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်းဖိုးအပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနထံမှ တောင်းခံရယူရမည်။
၃၄။ ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခများ ကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။
အခန်း(၇)
မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း
၃၅။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိက ပိုင်မြေ နှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် သင့်လျော်သောတန်ဖိုးပေး၍ဝယ်ယူခြင်း ပြုနိုင်သည်။
၃၆။ ကော်မတီသည် မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင်မြေကို အများ ပြည်သူအကျိုး အတွက် လွှဲပြောင်းရယူရန်လိုအပ်ပါက မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေကိုလွှဲပြောင်းရယူရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။
၃၇။ ကော်မတီသည် သက်ဆိုင်ရာ၀န်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသော မြို့သစ်များ၊စီမံကိန်းဇုန်များ၊အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်း ရယူပြီး ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲနိုင်သည်။
၃၈။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်မြေကိုလွှဲ ပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်း ရယူနိုင်သည်။
၃၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတည်ရှိသော စားကျက်မြေများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွဲပြောင်းရယူနိုင်သည်။
အခန်း(၈)
မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီမံခန့်ခွဲခြင်း
၄၀။ ကော်မတီသည် ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့် ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသောမြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်း နိုင်သော ပစ္စည်းများမှအပ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။
၄၁။ ကော်မတီသည် ဤနည်းဥပဒေများ၏ အခန်း(၇)ပါ ပြဌာန်းချက်များနှင့်အညီ သိမ်းယူထား သော မြေများ၊ ဝယ်ယူထားသောမြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။
အခန်း(၉)
မှတ်တမ်းများ၊ ပုံစံများ သတ်မှတ်ခြင်း ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း
၄၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများ မြေစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍-
(က) ကွန်ပျူတာမှတ်တမ်းများ ထားရှိရမည်။
(ခ) လိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများ၊စာရင်းဇယားများ၊ပုံစံများကို သတ်မှတ်ထား ရှိရ မည်။
(ဂ) ကွန်ပျူတာမှတ်တမ်းများ၊အခြားလိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများနှင့် စာရင်းဇယားများ ကို စနစ်တကျထိန်းသိမ်းထားရှိရမည်။
၄၃။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူအား ကြည့်ရှုခွင့် ပေးခြင်း၊မိတ္တူကူးယူခွင့်ပြုခြင်း၊မိတ္တူကူးခ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
အခန်း(၁၀)
မြေတိုင်းတာခြင်း
၄၄။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး ၏လျှောက် ထားချက်အရဖြစ်စေ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။
၄၅။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သောမြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေနှင့် ကော်မတီက မြေငှားစာချုပ်၊လိုင်စင်၊ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ သတ်မှတ်ချက်များ နှင့်အညီ ဝင်ရောက် တိုင်းတာခွင့်ရှိသည်။
၄၆။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြေတိုင်းတာရေးဆောင်ရွက်သည့် မြေတိုင်းတာရေး အဖွဲ့၀င် တစ်ဦးဦးအား ဟန့်တားနှောင့်ယှက်ခြင်း မပြုရ။
အခန်း(၁၁)
တရားမ၀င် ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း
၄၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေများပေါ်တွင် တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သူများအား ဖယ်ရှားခြင်း တို့ကိုပြုလုပ်နိုင်သည်။
၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းဆောင်ရွက်ရန်လွှဲပြောင်းရယူထားသော မြေများပေါ်ရှိ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် တရားမဝင်ကျူးကျော်သူများအား ဖယ်ရှားနိုင်သည်။
အခန်း(၁၂)
အယူခံခြင်း
၄၉။ ဤနည်းဥပဒေများအရ ချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အောက်ပါအတိုင်း အယူခံဝင် နိုင်သည်-
(က) ဌာနမှူးက ချမှတ်သောအမိန့်ကို ရုံးအကြီးအကဲထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း။
(ခ) ရုံးအကြီးအကဲက ချမှတ်သော အမိန့်ကို ကော်မတီထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြား စာ ရရှိသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း။
၅၀။ ကော်မတီက ချမှတ်သောအမိန့်သည် အပြီးအပြတ် ဖြစ်စေရမည်။
အခန်း(၁၃)
အထွေထွေ
၅၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေကို သတ်မှတ်ပြီး လိုအပ်သော အစီအစဉ်များချမှတ် ဆောင်ရွက်နိုင်သည်။
၅၂။ ကော်မတီသည် မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် မြို့တော်နယ်နိမိတ်ကို အခါအားလျော်စွာပြင်ဆင်တိုးချဲ့သတ်မှတ်နိုင်သည်။
၅၃။ဤနည်းဥပဒေများပါပြဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လိုအပ်သည့်အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများထံ တောင်းခံနိုင်သည်။
၅၄။ ကော်မတီသည် ဤနည်းဥပဒေများအရဆောင်ရွက်ရန်ရှိသော လုပ်ပိုင်ခွင့်နှင့်လုပ်ငန်း တာဝန် များကို ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အားဖြစ်စေ၊မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအားဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၅၅။ ရုံးအကြီးအကဲနှင့် ဌာနမှူးတို့သည် ဤနည်းဥပဒေများအရ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်း တာဝန်များကို သင့်လျော်သည့်ဝန်ထမ်းများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။
၅၆။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြား ချက်များကို ထုတ်ပြန်နိုင်သည်။
အမိန့်အရ
(ပုံ)ကိုလေး ဉက္ကဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၂၃-၁-၂ဝ၁ရ ရက်စွဲပါ ကော်မတီဝင်များအစည်းအဝေးမှတ်တမ်း (၃/၂ဝ၁၇) ဆုံးဖြတ်ချက်အပိုဒ်-၆။ (က/၄၂)အရယာယီအတည်ပြုထားသည့်မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ်၊ /၂ဝ၁၇
ရန်ကုန်မြို့၊ ခုနှစ်၊ လ ရက်
(၂ဝ၁၇ ခုနှစ်၊ လ ရက်)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၅ ၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤလုပ်ထုံးလုပ်နည်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများဟု ခေါ်တွင်စေရမည်။
၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော စကားရပ်များသည် ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဆိုသည်။
(ခ) ကော်မတီ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အရ ဖွဲ့စည်းထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆိုသည်။
(ဂ) ဌာန ဆိုသည်မှာ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနကို ဆိုသည်။
(ဃ) မြေပိုင်မြေ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆို သည်။
(င) ဘိုးဘပိုင်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(၁ဝ)အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိသော မစိုက်ပျိုးသည့်မြေကို ဆိုသည်။
(စ) ဂရန်ရှိမြေပိုင်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က)အရ ခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုသည်။
(ဆ) မြေပိုင်ရှင်အခွင့်အရေး ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ပုဒ်မ ၇(က)အရ ဓါးမဦးချ အမွေဆက်ခံပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းရောင်းချခွင့်ကိုဆိုသည်။
(ဇ) လိုင်စင်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ်-၃ဝ၊ ၃၄ တို့အရ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေး ထားသော မြေကိုဆိုသည်။
(ဈ) ပါမစ်မြေ ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ် နေထိုင်ခွင့်ပြု ထားသောမြေကိုဆိုသည်။
(ည) မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇၊ ၈နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီက စည်းကမ်းချက် များသတ်မှတ်ပြီး နှစ်ကာလအပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကို ဆိုသည်။
(ဋ) စကွာတာမြေ ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍ လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြုခဲ့၍ လည်းကောင်း၊ မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်ခဲ့၍ လည်းကောင်း မြေအဆင့်အတန်းနှိမ့်ချသတ်မှတ်သောမြေကိုဆိုသည်။
(ဌ) ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျတည်ရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်းပြေစာဖြင့် ကောက်ခံသောမြေမျိုးကို ဆိုသည်။
(ဍ) ကျူးကျော်မြေ ဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိသူများ ဝင်ရောက်နေထိုင်လျက်ရှိ သောမြေကိုဆို သည်။
(ဎ) အခွန်လွတ်သာသနာ့မြေ ဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ၊ သာသနာ အကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးသောမြေကို ဆိုသည်။
(ဏ) အခွန်လွတ်သာသနာ့မြေဂရန် ဆိုသည်မှာ သာသနာရေး၊ သာသနာမှုအလို့ငှာ တည်ဆဲ ဥပဒေနှင့်အညီ မြေယာအပိုင်ပတ္တာစာချုပ်ဖြင့် သတ်မှတ်ထုတ်ပေးသည့်လက်မှတ်ကို ဆို သည်။(၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံမြေနှင့်အခွန်တော်နည်းဥပဒေများ၊ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ ၅ဝ၊ ၅၁ နှင့် ၅၄)
(တ) အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စ အတွက် အသုံးပြုရန်အလို့ငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့်မြေကို ဆိုသည်။
(ထ) အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဝိသုံဂါမသိမ် အဖြစ် အသုံးပြုရန် အသီးအခြား မြေပေးအမိန့်ဖြင့် သတ်မှတ်ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။(အောက်မြန်မာနိုင်ငံမြေခွန်တော်နည်း ဥပဒေများ နည်းဥပဒေ ၃၄ နှင့် အောက် မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ ၅၂ )
(ဒ) မြို့ကွက်မြေပုံ ဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ် ထားသည့် အခြေပြမြေပုံကို ဆိုသည်။
(ဓ) မြို့မြေစာရင်း ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ၁ အခန်း(၂)၊ အပိုဒ် ၇ အရ မြို့ကွက်မြေပုံဖြင့်ရှိပြီးသော မြေများ၏မြေပိုင်ဆိုင်ခွင့်စာရင်းကို ဆိုသည်။
(န) အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်း ဆိုသည်မှာ မြေတိုင်းရပ်ကွက်အလိုက်၊ မြေကွက်အလိုက် မြေပိုင်ဆိုင်ခွင့်အမျိုးအစားအလိုက် မြေခွန်၊ မြေငှားရမ်းခ စည်းကြပ်ရန် ပြုစုထားသော နှုန်းထားစာရင်းကို ဆိုသည်။
(ပ) မြေပိုင်ဆိုင်မှုမှတ်ပုံစာရင်း ၁(က) ဆိုသည်မှာ ကွင်းအလိုက်၊ ဦးပိုင်အလိုက် တည်ရှိ နေသောမြေများ၏မြေပိုင်ဆိုင်ခွင့်စာရင်းကို ဆိုသည်။
အခန်း (၂)
မြို့ပြစီမံကိန်းဆိုင်ရာမြေများစီမံခန့်ခွဲခြင်း
၃။ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်များအရ မြို့ပြဖွံ့ဖြိုးမှုအလို့ငှာ ဧရိယာအများအပြားကို ဂရန် သို့မဟုတ် ပါမစ်ထုတ်ယူခွင့်ရရှိသူက လျှောက်ထားလာလျှင် အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရမည်-
(က) ကော်မတီမှ မြို့ပြစီမံကိန်းရေးဆွဲသတ်မှတ်ထားသော ဇုန်အလိုက် မြေ အသုံးချမှုနှင့် ကိုက်ညီမှု ရှိ၊ မရှိ။
(ခ) မူလမြို့ကွက်ကျမြေပုံရှိပြီး ဧရိယာအတွင်းဖြစ်ပါက လျှောက်ထားသူက တင်ပြလာသည့် ဂရန်၊ ပါမစ်ပေးရမည့် မြေကွက်များ၏အကွက်ချပုံ (Layout Plan)တွင်ပါရှိသည့် လမ်းများ၊ ရေနှုတ်မြောင်းများ၊ ရေသုံးစွဲမှုနှင့်ရေဆိုးစွန့်ပစ်မှုများ၊ အမှိုက်စွန့်ပစ်မှုများစသည့် ကော်မတီ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ကိုက်ညီမှု ရှိ၊ မရှိ။
(ဂ) မူလမြို့ကွက်ကျမြေပုံမရှိသေးသည့် ဧရိယာဖြစ်ပါက လျှောက်ထားသူ တင်ပြလာသည့် ဂရန်၊ ပါမစ်ပေးရမည့် မြေကွက်များ၏အကွက်ချပုံ (Layout Plan)သည် ကော်မတီက လျာထားသည့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ လမ်းကွန်ယက်များ၊ ရေနှုတ်မြောင်းများ၊ ရေသုံးစွဲမှုနှင့် ရေဆိုးစွန့်ပစ်မှု သတ်မှတ်ချက်များ၊ အမှိုက်စွန့်ပစ်မှုဆိုင်ရာစသည့် အခြေခံအဆောက်အအုံ ဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ။
(ဃ) တင်ပြလာသည့် မြေကွက်များ၏အကွက်ချပုံ(Layout Plan)များသည် ဂရန်၊ ပါမစ်ရယူမည့် ဧရိယာအကျယ် အဝန်းပေါ်မူတည်၍ သတ်မှတ်ထား သည့် မြေအသုံးချမှုစံ သတ်မှတ်ချက်များ ပါဝင်မှု ရှိ၊ မရှိနှင့် ကိုက်ညီမှု ရှိ၊ မရှိ။
၄။ အထက်အပိုဒ် ၃ ပါအချက်များကို စိစစ်ပြီးနောက် ကော်မတီ၏ သတ်မှတ်ချက် များပါဝင်မှုနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားသူသို့ ပြန်လည်ပြင်ဆင်တင်ပြစေရမည်။ ပြန်လည်ပြင်ဆင်တင်ပြလာမှုအပေါ်တွင် ထပ်မံစိစစ်ပြီးကိုက်ညီမှုရှိပါက ကော်မတီဝင်များ အစည်းအဝေးသို့တင်ပြ၍ ခွင့်ပြုချက်ရယူထုတ်ပေးရမည်။
၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လယ်မြေနှင့် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လျှောက်ထားနေရာ သည် မည်သည့်မြို့ပြစီမံကိန်းတွင် ပါဝင်သည်ကို စိစစ်ခြင်းများအတွက် ကော်မတီ၏ မြို့ပြ စီမံကိန်းလျာထားမှုများနှင့် တိုက်ဆိုင်စိစစ်ပြီးနောက် ကော်မတီသို့ တင်ပြအတည်ပြုပြီး ပြန်ကြားရမည်။
အခန်း (၃)
မြေငှားစာချုပ် အသစ်ထုတ်ပေးခြင်း
၆။ အောက်ဖော်ပြပါ မြေအမျိုးအစားများအတွက် နှစ်ရှည်၊ နှစ်တိုကာလ အပိုင်းအခြား အထိ မြေငှား စာချုပ်များကိုစည်းကမ်းသတ်မှတ်ချက်များဖြင့် ထုတ်ပေးသည်-
(က) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊
(ခ) ဥပဒေနှင့်အညီလွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက်ရှိပြီးမြေ၊
(ဂ) လိုင်စင်မြေ၊
(ဃ) ပါမစ်မြေ၊
(င) စကွာတာမြေ၊
(စ) စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန် ခြင်းမြေ၊
(ဆ) ဂရန်ပေးစီမံချက်မြေ။
၇။ မြေငှားစာချုပ်ကို အောက်ပါအရည်အချင်းများနှင့်ညီညွတ်ပါက လျှောက်ထား ခွင့်ရှိသည်-
(က) ပဋိဉာဉ်စာချုပ်ချုပ်ဆိုပိုင်ခွင့်ရှိသူ-
(၁) အသက်(၁၈)နှစ်ပြည့်သူ၊
(၂) စိတ်ပေါ့သွပ်သူမဖြစ်စေရ၊
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ၊ ဧည့်နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူ၊
(ဂ) သတ်မှတ်ထားသောမြေငှားခကိုပေးဆောင်နိုင်သူ။
၈။ မြေငှားစာချုပ် လျှောက်ထားရယူလိုသူသည် ဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါ အထောက်အထားများကို တင်ပြလျှောက်ထားရမည်-
(က) မြေပိုင်ဆိုင်မှုစာချုပ်စာတမ်း သို့မဟုတ် မြေပိုင်ဆိုင်မှု အထောက်အထား မူရင်းများ၊ တရားရုံးအမိန့်များ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဂ) မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာ။
၉။ စကွာတာမြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်း။ စကွာတာမြေအား အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလက်ခံရရှိသူက မြေငှား စာချုပ်(ဂရန်) လျှောက်ထားခွင့်ရှိပြီး မြေငှားစာချုပ်ထုတ်ပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်များ ပြည့်စုံမှု ရှိ၊ မရှိ၊ ၎င်းမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံခြင်း၊
(စ) တင်ပြထားသည့် မြေပိုင်ဆိုင်မှု အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ၊ မရှိ၊
(ဆ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) မြေသိမ်း ရှိ၊ မရှိ၊
(၂) မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၃) အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၄) တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၅) ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၇) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ။
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်း ရှိ၊ မရှိ၊
(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်း(သို့မဟုတ်)ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ ကြော်ငြာခြင်း၊
(ဌ) သတင်းစာ ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက်ရယူခြင်း၊
(ဍ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထားပေးသွင်းစေခြင်း၊ စည်းကမ်းပျက် ဒဏ်ကြေးပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှား စာချုပ်(ဂရန်)စာအုပ်တောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှား စာချုပ်(ဂရန်) များပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(တ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုး ပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန် မူရင်းခွဲ (ရုံးလက်ခံ)ကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိပြီး အမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲ အားပေးပို့ခြင်း၊
(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့်အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင်မှတ်သားထားခြင်း၊ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်း၊
(ဒ) မြေငှားခ စည်းကြပ်ကောက်ခံနိုင်ရေးအတွက် မြေငှားစာချုပ်ထုတ်ပေးခံရသူ အမည်ဖြင့် အခွန်စည်းကြပ်ခွဲပုံစာရင်းတွင် ရေးသွင်းခြင်းနှင့် မြေငှားခ စည်းကြပ်ကောက်ခံခြင်း။
၁ဝ။လိုင်စင်မြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်း။ လိုင်စင်မြေအား လက်ရှိ လိုင်စင်အမည်ပေါက်သူဖြစ်ပြီး လိုင်စင်(၃)နှစ်သက်တမ်းချထားခြင်းခံရသူ၊ လိုင်စင် သက်တမ်းတိုးခြင်းအား (၁)နှစ်တစ်ကြိမ်ဖြင့် (၃)နှစ်ဆက်တိုက် သက်တမ်းတိုးရရှိသူက မြေငှားစာချုပ် လျှောက်ထားခွင့်ရှိပြီး မြေငှားစာချုပ်ထုတ်ပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) လိုင်စင်လက်မှတ်မိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သော တရားရုံးအမိန့် ဒီကရီမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံခြင်း၊
(ဆ) မြို့မြေစာရင်းအမည်ပေါက်နှင့် လိုင်စင်ပါအမည်ပေါက်တူညီမှု ရှိ၊ မရှိ စိစစ်ခြင်း၊
(ဇ) အထက်ပါအချက်များပြည့်စုံပါက ခွဲပုံစာရင်းရှိ မူလချပေးသူအမည်နှင့် တိုက်ဆိုင်စစ်ဆေး ခြင်း၊
(ဈ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ည) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား(၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း ရှိ၊ မရှိ၊
(ဋ) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဌ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြို့တော်သတင်းစာ၊ မြန်မာ့ အလင်း၊ ကြေးမုံ သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာ ခြင်း၊
(ဍ) သတင်းစာတို့တွင် သီးခြားကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက် ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဎ) ကော်မတီဝင်များ အစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် အထူးဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်းနှင့်ဝန်ဆောင်ခ ပေးသွင်းပြီးပါက မြေငှားစာချုပ်(ဂရန်)တောင်းခံခြင်း၊
(ဏ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(တ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှား စာချုပ်များပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ထ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကို ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ် တံဆိပ်ခေါင်း ကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ) အား သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထား ရှိခြင်း၊
(ဒ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သား ခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက်ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း၊
မှတ်ချက်။(၁) လျှောက်ထားမှုတွင် လိုင်စင်မူရင်း တင်ပြနိုင်ခြင်းမရှိပါက ပျောက်ဆုံးကြောင်း ကျမ်းကျိန် လွှာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာတို့ဖြင့် ထပ်မံတင်ပြရန်။
(၂) လိုင်စင်မြေများကို မြေငှားစာချုပ်အဖြစ် လျှောက်ထားရာတွင် တစ်နှစ်ယာယီစုပုံလိုင်စင်များ၊ ကော်မတီ၏ ဌာနဝင်ငွေရ လိုင်စင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သမဝါယမအသင်းများ၊ ငြိမ်းချမ်းရေးအဖွဲ့များမှ တစ်နှစ်ယာယီလိုင်စင်၊ သုံးနှစ်ယာယီလိုင်စင်များကို မြေငှားစာချုပ် (ဂရန်)လျှောက်ထားခြင်း ခွင့်မပြု(ခွင့်မပြု)။
(၃) လိုင်စင်မြေမှ မြေငှားစာချုပ် လျှောက်ထားခြင်းတွင် မူလလိုင်စင်ချပေးစဉ်ကတည်းက လူနေထိုင်ရန်၊ အိမ်ရာဆောက်လုပ်ရန်ဟု ခွင့်ပြု သည့် လိုင်စင်များသာ မြေငှားစာချုပ်(ဂရန်)လျှောက် ထားရန်။
(၄) အမည်ပေါက် မဟုတ်သော်လည်း အထက်ပါမှတ်ချက်အပိုဒ်ခွဲ(၃)ပါ အတိုင်း အကျုံးဝင်ပါက မြေငှားစာချုပ်(ဂရန်)လျှောက်ထားနိုင်ပြီး လွှဲပြောင်းပိုင်ဆိုင်သည့် အထောက်အထားများ၊ တရားရုံးအနိုင်ဒီကရီ တို့ဖြင့်သာ လျှောက်ထားရန်။
(၅) အထက်ပါ မှတ်ချက်အပိုဒ်ခွဲ(၄)ပါ အကျုံးဝင်လျှောက်ထားမှုများ အတွက် ခွင့်ပြု ရာတွင် ဂရန်ပေးစီမံချက် ဧရိယာများအတွင်းဖြစ်ပါက ကော်မတီက သတ်မှတ်သည့်ရိုးရိုး ဝန်ဆောင်ခနှုန်းဖြင့်လည်းကောင်း၊ ဂရန်ပေးစီမံချက် ဧရိယာအတွင်းမှ မဟုတ်ပါက ကော်မတီက သတ်မှတ်သည့် မြို့နယ်အလိုက် အထူးဝန်ဆောင်ခ နှုန်းဖြင့်လည်ကောင်း စိစစ်ဆောင်ရွက်ပေးရန်။
(၆) လိုင်စင်မြေအား နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) လျှောက်ထားခြင်း တွင် မြို့မြေစာရင်း၌ အမည်ပေါက်မပါဝင်ခြင်း၊ အမည်ပေါက်ကွဲလွဲ ခြင်းများစိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ တရားဝင်မေးမြန်း စိစစ်အတည်ပြုချက် ရယူဆောင်ရွက် ရန်။
၁၁။ ပါမစ်မြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်း။ပါမစ်မြေအား မြေချပါမစ် ချထားခြင်းခံရသူ အမည်ပေါက် (သို့မဟုတ်) ၎င်းထံမှ စာချုပ်အဆက်အစပ်ဖြင့် လွှဲပြောင်းလက်ခံသူ (သို့မဟုတ်) ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် တရားရုံးဒီဂရီရရှိသူတို့မှ မြေငှားစာချုပ် လျှောက်ထားနိုင်ပြီး မြေငှားစာချုပ် လျှောက်ထားခြင်းအား အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပါမစ်လက်မှတ်မိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) အမည်ပေါက်သူ မဟုတ်ပါက ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း၊ ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း တင်ပြခြင်း ရှိ၊ မရှိ၊
(င) ပိုင်ဆိုင်မှုလွှဲပြောင်းထားသော ကတိစာချုပ်များ၏မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သော တရားရုံးအမိန့် ဒီကရီမိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံး ပေးဆောင် ပြီးကြောင်းပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဇ) အထက်ပါအချက်များပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်းတွင် မူလချပေးသူ အမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြို့မြေစာရင်းတွင် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) ခွင့်ပြု ချပေးထားခြင်း ရှိ၊ မရှိ၊
(ဈ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ည) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေး ထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ဋ) မြေပေါ်ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊
(ဌ) အထက်ပါ အချက်များပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်း သို့မဟုတ် ကြေးမုံ သတင်းစာနှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ ကြော်ငြာခြင်း၊
(ဍ) သတင်းစာတို့တွင် ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက် မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဎ) ကော်မတီဝင်များ အစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှားစာချုပ်(ဂရန်)စာအုပ် တောင်းခံခြင်း၊
(ဏ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(တ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှား စာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ထ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ)အား သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(ဒ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ ထုတ်ပေးပြီးကြောင်း အခွန်ခွဲဝေ စည်းကြပ်မှတ်ပုံစာရင်းတွင် မှတ်သားခြင်း၊ မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခ စည်းကြပ်ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ အမှုတွဲထိန်းသို့ စနစ်တကျထိန်းသိမ်းထားရှိရန်အမှုတွဲ အားပေးပို့ခြင်း၊
(ဓ) မြေအတိုင်းအတာပြောင်းလဲမှုများရှိပါက မြို့ကွက်မြေပုံတွင် မြေပြင်အရှိ အတိုင်း မှတ်သားပြင်ဆင်ရန်။
မှတ်ချက်။(၁) ပါမစ်မစုံဖြင့် လျှောက်ထားခြင်းများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုထားသည့် ဓါတ်ပုံ၊ ရွှေ့ပြောင်းသူများ၏ရာဇဝင်အကျဉ်းချုပ် နှင့် မူရင်း(၂)မျိုးတင်ပြခြင်း၊ ဓါတ်ပုံမတင်ပြနိုင်ဘဲ ကျန်ပါမစ်စာရွက် (၃)ရွက်သာ တင်ပြနိုင်သည့် အမှုတွဲများအား ပါမစ်မစုံဖြင့် ဆောင်ရွက် ရန်နှင့် မြေပြင်ကွင်းဆင်း စစ်ဆေးပြီးပါက သီးခြားသတင်းစာကြော်ငြာစေလျှက် ကန့်ကွက်ချက်မပေါ်ပေါက်ပါက ပါမစ်မူရင်း တင်ပြသည့် နှုန်းထားဖြင့်သာ ကောက်ခံ၍ အထက်အပိုဒ်ပါ လုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ရန်။
(၂) ခြကိုက်ပျက်စီးသည့် ပါမစ်မူရင်းအပြည့်အစုံတင်ပြ၍ ဂရန်သစ် လျှောက်ထားရာတွင် ပါမစ်ချထားပေးခြင်းခံရသူအမည်၊ မြေတိုင်း ရပ်ကွက်၊ မြေကွက်အမှတ်များ ပြည့်စုံစွာ ပါရှိသည့် အမှုတွဲများအား မြေပြင်ကွင်းဆင်း၍ သီးခြားသတင်းစာ ကြော်ငြာစေလျှက် ကန့်ကွက်ချက် မပေါ်ပေါက်ပါက ပါမစ်မူရင်းတင်ပြသည့် နှုန်းထားဖြင့် သာ ကောက်ခံ၍ အထက်အပိုဒ်ပါလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ရန်။
(၃) ပါမစ်မိတ္တူမှန်ဖြင့် လျှောက်ထားလာပါက သက်ဆိုင်ရာထုတ်ပေးထား သည့် ဌာန၏ အတည်ပြုချက် တောင်းခံပြီးရရှိပါက သီးခြားသတင်းစာ ကြော်ငြာ၍ ဆက်လက် ဆောင်ရွက်ရန်။
(၄) ဂရန်သစ်လျှောက်ထားမှုနှင့်ပတ်သက်၍ မြေတိုင်းရာတွင် လျှောက်ထား ပါ မြေကွက်သည် မြို့ကွက်ချမြေပုံအတိုင်းရှိမနေပဲ တည်နေရာကွဲလွဲမှု ဖြစ်ပေါ်နေပါက စိစစ်၍ ကာယကံရှင်များသို့ ခေါ်ယူရှင်းပြပြီး နှစ်ဦး နှစ်ဖက်သဘောတူပါက ရုံးတွင်းမိန့်ထုတ်ပြန်ပြီး Block Map ၌ ပြင်ဆင်ပေးနိုင်သည်။
(၅) ပါမစ်မူရင်းဖြင့် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်းတွင် အခွန်ခွဲဝေ စည်းကြပ်မှုမှတ်ပုံစာရင်း၌ အမည်ပေါက်မပါဝင်ခြင်း၊ အမည်ပေါက်ကွဲလွဲခြင်းများ စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ တရားဝင်မေးမြန်းစိစစ်အတည်ပြုချက် ရယူဆောင်ရွက်ရမည်။
၁၂။ပါမစ်မူရင်း တင်ပြနိုင်ခြင်းမရှိဘဲ ပါမစ်ပျောက်ဖြင့် မြေငှားစာချုပ် လျှောက်ထားခြင်း။ ပါမစ်မြေအား မြေငှားစာချုပ်ထုတ်ပေးရန်အတွက် မြေချပါမစ် ချထားခြင်းခံရသူအမည်ပေါက် (သို့မဟုတ်) ၎င်းထံမှ စာချုပ်အဆက်အစပ်ဖြင့် လွှဲပြောင်း လက်ခံသူ (သို့မဟုတ်) ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် တရားရုံး ဒီဂရီရရှိသူတို့မှ ပါမစ်မူရင်း တင်ပြနိုင်ခြင်းမရှိဘဲ ပျောက်ဆုံးကြောင်းတင်ပြ၍လျှောက်ထားနိုင်ပြီး ပါမစ်ပျောက် ဖြင့် မြေငှားစာချုပ်ထုတ်ပေးရန်အတွက် အောက်ပါအတိုင်းအဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပါမစ်မူရင်းပျောက်ဆုံးကြောင်းကျမ်းကျိန်လွှာ၊ မြေချပါမစ်ချထားခြင်းခံရ သည့် မြို့နယ်ရဲစခန်း ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ပါမစ်ပျောက်ဆုံးကြောင်း ကိုယ်တိုင်ရေးခံဝန်ကတိတင်ပြ ခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုမူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) အမည်ပေါက်သူ မဟုတ်ပါက ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း၊ ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း တင်ပြခြင်း ရှိ၊ မရှိ၊
(င) ပိုင်ဆိုင်မှုလွှဲပြောင်းထားသော ကတိစာချုပ်များ၏မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း သို့မဟုတ် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သော တရားရုံးအမိန့် ဒီကရီမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) အထက်ပါအချက်များ ပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်းမှ မူလချပေးသူ အမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မြို့မြေစာရင်းတွင် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားခြင်း ရှိ၊ မရှိ၊
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) သက်ဆိုင်ရာမြေတိုင်းအရာရှိမှ မြေပြင်အခြေအနေကို အသေးစိတ်တိုင်းတာ စစ်ဆေးပြီး လျှောက်ထားသူသည် မြေပေါ်တွင်နေထိုင်ခြင်း ရှိ၊ မရှိ (သို့မဟုတ်) မြေပေါ်တွင်နေထိုင် ခြင်း မရှိပါက ဌာနမှ သတ်မှတ်ထားသည့် အတိုင်းအတာပါ အဆောက်အဦး ရှိ၊ မရှိ ဓါတ်ပုံမှတ်တမ်းတို့ဖြင့် အစီရင်ခံ ပြုစုတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြို့တော်သတင်းစာနှင့် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာ ခြင်း၊
(ဌ) သတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ပါမစ်ပျောက်စိစစ်ရေးအဖွဲ့သို့တင်ပြရန်နှင့် ခွင့်ပြုချက် ရယူခြင်း၊
(ဍ) ပါမစ်ပျောက်စိစစ်ရေးအဖွဲ့မှ စနစ်တကျစိစစ်၍ လျှောက်ထားသူ ကာယကံရှင်အား ခေါ်ယူ၍ ဌာနမှ သတ်မှတ်ခံဝန်ပုံစံတွင် လက်မှတ်ရေးထိုးစေခြင်း၊
(ဎ) သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိခြင်းနှင့် ပါမစ်ပျောက်စိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက် ရယူခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဏ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထားပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှားစာချုပ် (ဂရန်)တောင်းခံခြင်း၊
(တ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့် မြေ၏အတိုင်း အတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ထ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ဒ) မြေငှားစာချုပ်(ဂရန်)စာအုပ်တွင် "ပါမစ်ပျောက်ဆုံးကြောင်းတင်ပြလျှောက်ထားခဲ့ပြီး ယခု ဂရန်သစ်ထုတ်ယူခြင်းနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မှ ယင်းမြေကွက်၏ ပါမစ်မူရင်းတင်ပြ လျှောက်ထားလာခြင်း၊ ပါမစ်မူရင်း တင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်ခဲ့ပါက ယခုထုတ်ပေးထား သည့်ဂရန်အား ပယ်ဖျက်မည်ကို သိရှိပါသည်" စာသားပါရှိသော တံဆိပ်တုံးရိုက်နှိပ်ပြီး ယင်းတံဆိပ်တုံးစာသားပေါ် တွင် ကာယကံရှင်မှ လက်မှတ်ရေးထိုးခြင်း၊
(ဓ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုး ပြီးနောက် ကာယကံရှင်အား မူရင်းကို ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန် မူရင်းခွဲ(ရုံးလက်ခံ)အား သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(န) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း အခွန်ခွဲဝေ စည်းကြပ်မှုမှတ်ပုံစာရင်းတွင်မှတ်သားခြင်း၊ မြို့မြေစာရင်းတွင် မှတ်သားခြင်း၊ ကွန်ပျူတာ မှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခ စည်းကြပ် ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ အမှုတွဲထိန်းသို့ စနစ်တကျထိန်းသိမ်းထားရှိရန် အမှုတွဲအား ပေးပို့ ခြင်း၊
(ပ) မြေအတိုင်းအတာပြောင်းလဲမှုများရှိပါက မြို့ကွက်မြေပုံတွင် မြေပြင်အရှိ အတိုင်း မှတ်သားပြင်ဆင်ခြင်း။
မှတ်ချက်။(၁) ပါမစ်ပျောက်ဖြင့် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) လျှောက်ထား ခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး၊ ကန့်ကွက်မှု မရှိ၍ လျှောက်ထားသူအား နှစ်(၆ဝ)မြေငှားစာချုပ် (ဂရန်)ခွင့်ပြုထုတ်ပေးထားသော်လည်း ပါမစ်မူရင်းရှိသူမှ နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) လျှောက်ထားလာခြင်း၊ ပါမစ်မူရင်းတင်ပြ၍ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လာပါက ယင်း ပါမစ်မူရင်းအား မှန်ကန်မှု ရှိ၊ မရှိ စိစစ်ပြီး မှန်ကန်မှုရှိပါက မူလပါမစ်ပျောက်ဖြင့် ထုတ်ပေးခဲ့သည့် နှစ်(၆ဝ)မူရင်း ဂရန်ကို ပြန်လည်အပ်နှံရန် ကာယကံရှင်သို့ အကြောင်း ကြားခြင်း၊ အပ်နှံပါက နည်းလမ်းတကျပယ်ဖျက်ခြင်း၊ အပ်နှံခြင်းမပြုပါက ကော်မတီဝင် များအစည်းအဝေးသို့ တင်ပြပြီး ရုံးတွင်းအမိန့် ထုတ်ပြန်၍ယင်းဂရန်ကို ပယ်ဖျက်သွား ရန်နှင့် ထိုသို့ ပယ်ဖျက်ကြောင်းကို သီးခြားသတင်းစာကြော်ငြာရန်။
(၂) ပါမစ်ပျောက်ဖြင့် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) လျှောက်ထားခြင်း တွင် အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်း၌ အမည်ပေါက်မပါဝင်ကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ တရားဝင်မေးမြန်း စိစစ်အတည်ပြုချက်ရယူဆောင်ရွက်ရန်။
(၃) ပါမစ်ပျောက်ဖြင့် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) လျှောက်ထားခြင်း တွင် လျှောက်ထားသူတင်ပြသည့် ပါမစ်အမည်ပေါက်နှင့် အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်း၌ မှတ်သားထားသည့် အမည်ပေါက်ကွဲလွဲ ပါက လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်ပေးခြင်းမပြု ရန်။
(၄) ပါမစ်ပျောက်ဖြင့် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်)လျှောက်ထားခြင်းတွင် လျှောက်ထားသူက ပူးတွဲတင်ပြလာသော တရားရုံးစီရင်ချက်၊ အမိန့်၊ ဒီကရီအထောက်အထားများအရ ပါမစ် မူရင်းကို လျှောက်ထားသူက မတရားလက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်လျှင် လိုအပ် သည့်စီစစ်မှုများကို ဌာနက စိစစ်ပြီးနောက် ပါမစ်ပျောက်လျှောက်ထား မှု ဖြစ်သော်လည်း "ပါမစ်ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထား ခဲ့ပြီး ယခု ဂရန်သစ် ထုတ်ယူ ခြင်းနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မှ ယင်းမြေကွက်၏ ပါမစ်မူရင်း တင်ပြလျှောက်ထား လာခြင်း၊ ပါမစ်မူရင်းတင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်ခဲ့ပါက ယခု ထုတ်ပေးထားသည့်ဂရန်အား ပယ်ဖျက်မည်ကိုသိရှိပါသည်"တံဆိပ် ရိုက်နှိပ်ခြင်းမပြုဘဲ ထုတ်ပေးရန်နှင့် ပါမစ်မူရင်းပယ်ဖျက်ရေး ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြရန်။
၁၃။ကျူးလွန်ခြင်းမြေအား မြေငှားစာချုပ်လျှောက်ထားခြင်း။ စနစ်တကျ မြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေကို မြေငှားစာချုပ် ထုတ်ပေးရေးအတွက် အောက်ပါ အတိုင်းစိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသောလျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) အမည်ပေါက်သူ မဟုတ်ပါက ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း၊ ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း တင်ပြခြင်း ရှိ၊ မရှိ၊
(ဃ) ပိုင်ဆိုင်မှုလွှဲပြောင်းထားသော ကတိစာချုပ်များ၏ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သောတရားရုံးအမိန့် ဒီကရီမိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) ကျူးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံလျက်ရှိသော ကျူးလွန်ခြင်းမြေဖြစ်ပါက မြေငှားရမ်းခပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) အထက်ပါအချက်များပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံစာရင်းတွင် မူလချပေးသူ အမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြို့မြေစာရင်းတွင် နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်) ခွင့်ပြုချပေးထားခြင်း ရှိ၊ မရှိ၊
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့်ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) သက်ဆိုင်ရာ မြေတိုင်းအရာရှိမှ မြေပြင်အခြေအနေကို အသေးစိတ်တိုင်းတာ စစ်ဆေးပြီး မြေပုံ၊ လျှောက်ထားသူနှင့် အဆောက်အဦးဓါတ်ပုံမှတ်တမ်း တို့ဖြင့် အစီရင်ခံပြုစုတင်ပြ ခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိပါက မြို့တော်သတင်းစာ၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာခြင်း၊
(ဌ) သီးခြားသတင်းစာတို့တွင် ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက် ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့်ကော်မတီဝင်များ အစည်းအဝေး သို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဍ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် သီးခြားသတ်မှတ်ထားသော အထူးဝန်ဆောင်ခနှုန်းထားပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခ ပေးသွင်းပြီးပါက မြေငှားစာချုပ်(ဂရန်)တောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်း အတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှား စာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(တ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ(ရုံးလက်ခံ)အား သက်ဆိုင်ရာအမှုတွဲတွင်ပူးတွဲထားရှိခြင်း၊
(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း ငယ်စာရင်းတွင် မှတ်သားခြင်း၊ မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင်မှတ်သားခြင်းနှင့် မြေငှားခစည်းကြပ်ကောက်ခံ နိုင်ရန်အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ် တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း။
၁၄။ ဂရန်ပေးစီမံချက်မြေအတွင်းပါဝင်သည့် မြေကွက်များအတွက် မြေငှားစာချုပ်လျှောက်ထားခြင်း။ဂရန်ပေးစီမံချက်မြေအတွင်းပါဝင်သည့် မြေကွက်များတွင် မြေပေါ်တွင်နေထိုင်သူတို့မှ လျှောက်ထားနိုင်ပြီး မြေငှားစာချုပ်ထုတ်ပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုမူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံစေခြင်း၊
(င) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(စ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် ဘဏ် တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၃) ငယ်စာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(ဆ) လိုအပ်ပါက ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်း ကိုကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဇ) လျှောက်ထားမှုအား စီမံချက်ငယ်စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) မြေပြင်အခြေအနေကို အသေးစိတ်တိုင်းတာစစ်ဆေးပြီး မြေပုံနှင့်အတူ ဓါတ်ပုံမှတ်တမ်းတို့ဖြင့် အစီရင်ခံပြုစုတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြို့တော်သတင်းစာ၊ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ တို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာခြင်း၊
(ဌ) သီးခြားသတင်းစာတို့တွင် ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက် ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့်ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဍ) ကော်မတီဝင်များအစည်းအဝေး ခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် သီးခြားသတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခ ပေးသွင်းပါက မြေငှားစာချုပ်(ဂရန်)တောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(တ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ် ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကို ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေအရ သတ်မှတ်ထားသောနှုန်းထား အတိုင်း အထူးကပ် တံဆိပ်ခေါင်း ကပ်စေခြင်း၊ ကျန်မူရင်းခွဲ(ရုံးလက်ခံ) အား သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း ငယ်စာရင်းတွင် မှတ်သားခြင်း၊ မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခစည်းကြပ်ကောက်ခံ နိုင်ရန်အတွက် ဆောင်ရွက်ခြင်းနှင့် မြို့ကွက်ကျမြေပုံ တွင် မှတ်သားပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျထိန်းသိမ်းထားရှိရန် အမှုတွဲ အား ပေးပို့ခြင်း။
မှတ်ချက်။ငယ်စာရင်းမရှိသည့်စီမံချက်မြေတို့အား မြေပြင်နေထိုင်မှုနှင့် Block Map တို့ဖြင့်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်ရန်နှင့် အမည်ပေါက်အိမ်ရာမြေကွက် တို့အား စီမံချက်ပုံစံဖြင့်သာ ဆောင်ရွက်ရန်။
၁၅။မြေငှားစာချုပ်မိတ္တူထုတ်ပေးခြင်း။ မြေငှားစာချုပ်မူရင်းပျောက်ဆုံး၍လည်းကောင်း၊ ပျက်စီး၍လည်းကောင်း လျှောက်ထားလာပါက မြို့မြေစာရင်းရှိ မူလမြေအမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ် မိတ္တူမှန် ထုတ်ပေးသည်။ မြေငှားစာချုပ် မိတ္တူလျှောက်ထား ရာတွင် အမည်ပေါက်ကိုယ်တိုင် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းအဆက်အစပ်ဖြင့် ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် တရားရုံးဒီကရီတစ်ရပ်ရပ်အရ ပိုင်ဆိုင် ခွင့်ရှိသူ၊ တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်းလက်မှတ်စာရရှိသူတို့မှ လျှောက်ထားနိုင်ပြီး မြေငှားစာချုပ်မိတ္တူလျှောက်ထားရာတွင် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက် ဖော်ပြပါ အထောက်အထားများဖြင့် တင်ပြလျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်မူရင်း ပျောက်ဆုံးကြောင်း မြေကွက်တည်ရှိရာ မြို့နယ်ရဲ စခန်းသို့ တိုင်ကြားချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်၊ မြေငှားစာချုပ်မူရင်းပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ ကိုယ်တိုင်ရေးခံဝန် ကတိပြုစာ၊
(ဂ) ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ချမှတ်သောတရားရုံးစီရင်ချက် အမိန့်နှင့် ဒီကရီ၊ တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာ၊
(ဃ) မှတ်ပုံတင်စာချုပ်အဆက်အစပ်များနှင့် မြေနှင့်ပတ်သက်သောအထောက် အထားများ။
၁၆။ မြေငှားစာချုပ်မိတ္တူထုတ်ပေးရန် အဆင့်ဆင့်စိစစ်ရာတွင် အောက်ပါအတိုင်း စိစစ်ဆောင်ရွက် ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက် ထားခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံစေခြင်း၊
(စ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(ဆ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) လျှောက်ထားမြေသည် မြေစာရင်းတွင်သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင်မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် ဘဏ် တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၉) မြေစာရင်းတွင်ရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက် အထားများနှင့် စပ်ဆိုင်မှု ရှိ၊ မရှိ။
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြို့တော်သတင်းစာ၊ မြန်မာ့ အလင်း၊ ကြေးမုံ သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာခြင်း၊
(ဌ) သီးခြားသတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ခွင့်ပြုချက်ရယူခြင်း၊
(ဍ) ဌာနမှူးခွင့်ပြုချက်ရရှိပါက မူလမြေငှားစာချုပ်ဂရန် ပယ်ဖျက်ရန်အတွက် ရုံးတွင်းအမိန့်တင်ပြဆောင်ရွက်ခြင်းနှင့် မြေငှားစာချုပ်(ဂရန်)တင်ပြတောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့် မြေ၏အတိုင်း အတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားစာချုပ်တွင် မူလထုတ်ပေးခဲ့သည့် ဂရန်ပါအတိုင်း ဖြည့်စွက်ရေးသားပြီး သက်ဆိုင်ရာအရာရှိအဆင့်ဆင့်လက်မှတ်ရေးထိုးခြင်း၊
(တ) မြေငှားစာချုပ်(ဂရန်)မိတ္တူ လျှောက်ထားသူ၏စရိတ်ဖြင့် မူလမြေငှား စာချုပ်ပယ်ဖျက်ကြောင်း သီးခြားသတင်းစာထပ်မံကြော်ငြာစေခြင်း နှင့် ကြော်ငြာပါသည့် နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်သူမရှိပါက ကာယကံရှင်အား မြေငှားစာချုပ်(ဂရန်)မိတ္တူမှန် ထုတ်ပေးခြင်း၊ မြန်မာ နိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထားအတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ(ရုံးလက်ခံ)အား သက်ဆိုင်ရာအမှုတွဲ တွင် ပူးတွဲထားရှိခြင်း၊
(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သား ခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက်ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန်အမှုတွဲအား ပေးပို့ခြင်း။
မှတ်ချက်။(၁) မြေငှားစာချုပ်(ဂရန်)မိတ္တူလျှောက်ထားရာတွင် မြေပြင်အတိုင်း အတာသည် မြို့မြေစာရင်း၌ပါရှိသည့် အတိုင်းအတာနှင့်ကွဲလွဲချက်ရှိ ပါက အဆင့်ဆင့် စိစစ်ဆောင်ရွက်သွားရန်။
(၂) မြေငှားစာချုပ်(ဂရန်)မိတ္တူထုတ်ပေးပြီးပါက သက်ဆိုင်ရာလတစ်လ အလိုက် ဂရန်မိတ္တူ ထုတ်ပေးသည့် စာရင်းများကိုစုစည်း၍ မူရင်း ဂရန်ပယ်ဖျက်ခဲ့ခြင်းများကို ကော်မတီဝင်များအစည်းအဝေးသို့ စုစည်းတင်ပြ၍ မှတ်တမ်းတင်ရန်။
အခန်း (၄)
မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးလျှောက်ထားခြင်း
၁၇။ ကော်မတီသည် နှစ်သက်တမ်းအပိုင်းခြား အလိုက်ထုတ်ပေးထားသော မြေငှား ဂရန်စာချုပ်များ သက်တမ်းကုန်ဆုံးသွားပါက မြေငှားဂရန်စာချုပ်ကို သက်တမ်းတိုးမြှင့် သတ်မှတ်ပေးနိုင်သည်။မြေငှားစာချုပ်တွင် သတ်မှတ်ထားသော ကာလကုန်ဆုံးရန်(၃)လ အလိုတွင် မြေငှားဂရန်အား သက်တမ်းတိုးပေးရန် လျှောက်ထားနိုင်သည်။
၁၈။ သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)မူရင်း တင်ပြ၍ မြေငှားစာချုပ်(ဂရန်) သက်တမ်းတိုးလျှောက်ထားခြင်း။သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)မူရင်းတင်ပြ၍ အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ သို့မဟုတ် တရားရုံးက ထုတ်ပေး သည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားစာချုပ်(ဂရန်) သက်တမ်းတိုးလျှောက်ထား နိုင်သည်။ ယင်းသို့ လျှောက်ထားရာတွင် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားမူရင်းများနှင့် မိတ္တူကိုပါ တင်ပြလျှောက်ထားရမည်-
(က) သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)မူရင်း၊ မှတ်ပုံတင်ထားသော စာချုပ် စာတမ်းများ၊
(ခ) မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုရောင်းကြောင်း လက်မှတ်စာ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း။
၁၉။ မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် စိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာရေး ဖြည့်ထားခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေတိုင်းမှ မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံစေခြင်း၊
(စ) တင်ပြထားသည့်မြေဆိုင်ရာ အထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှု ရှိ၊မရှိ၊
(ဆ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ရမည်-
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက်ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက်ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း(သို့မဟုတ်)ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက်ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက်ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက်(သို့မဟုတ်)ကြွေးကျန် ရှိ၊ မရှိ၊
(၉) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက် အထားများနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(ဇ) ၁၉၈၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်းသတင်းစာ သို့မဟုတ် ကြေးမုံ သတင်းစာနှင့် မြို့တော် သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ ကြော်ငြာရန်အတွက် ခွင့်ပြုမိန့်တောင်းခံခြင်းနှင့် ခွင့်ပြုပါက သတင်းစာတွင် အတန်းလိုက်ကြော်ငြာခြင်း၊ (လေလံတင်ရောင်းကြောင်း လက်မှတ်စာဖြင့်ရရှိသူ လျှောက်ထားပါက သတင်းစာသီးခြား ကြော်ငြာ ရန်။)
(ဌ) သတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင် များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူခြင်း၊
(ဍ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်း၊ သက်တမ်းပြတ် ဒဏ်ကြေး ပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှား စာချုပ်(ဂရန်)စာအုပ်တောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်း အတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊ မြေငှားစာချုပ် များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသော နှုန်းထားအတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ)ကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(တ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့်အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သား ခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံ နိုင်ရန်အတွက်ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း။
၂ဝ။ သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)တင်ပြနိုင်ခြင်းမရှိဘဲ မြေငှားစာချုပ် (ဂရန်)သက်တမ်းတိုးလျှောက်ထားခြင်း (မြို့မြေစာရင်း(TLR)တွင် ဂရန်ထုတ်ပေးထားရှိမှု အမှုတွဲ အမှတ်၊ ထုတ်ပေးကာလတို့ မှတ်သားထားရှိခြင်း)။မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးရန်အတွက် သက်တမ်းကုန်ဆုံးနေသည့် မြေငှား စာချုပ်(ဂရန်)မူရင်း တင်ပြနိုင်ခြင်းမရှိဘဲ ပျောက်ဆုံးကြောင်းတင်ပြ၍ အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ(သို့မဟုတ်) တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှား စာချုပ်(ဂရန်) သက်တမ်းတိုးလျှောက်ထားနိုင်ပါသည်။ ဂရန်သက်ကုန်မူရင်း မတင်ပြနိုင်ဘဲ လျှောက်ထားမှုများနှင့်ပတ်သက်၍ လျှောက်ထားပါ မြေကွက်သည် မြို့မြေစာရင်း(TLR)တွင် ဂရန်ထုတ်ပေးထားရှိမှု အမှုတွဲအမှတ်၊ ထုတ်ပေး ကာလတို့ မှတ်သားထားပါက ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားမူရင်း များနှင့် မိတ္တူကိုပါ တင်ပြလျှောက်ထားရမည်-
(က) မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်းကျမ်းကျိန်လွှာနှင့် ကိုယ်တိုင်ရေးဝန်ခံချက်၊
(ခ) မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းကြောင်း လက်မှတ်စာ (သို့မဟုတ်) မှတ်ပုံတင် ထားသော စာချုပ်စာတမ်းများ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဃ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) မြေငှားခ နောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာ မိတ္တူ၊
၂၁။ မြေငှားစာချုပ်(ဂရန်)မူရင်းတင်ပြနိုင်ခြင်းမရှိဘဲ သက်တမ်းတိုးပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်)အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်(သို့မဟုတ်)မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာမိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေတိုင်းမှ မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံစေခြင်း၊
(စ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှုရှိ၊ မရှိ၊
(ဆ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ရမည်-
(၁) လျှောက်ထားသော မြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက်ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက်ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၉) မြေစာရင်းတွင်ရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက် အထားများနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သတင်းစာသီးခြားကြော်ငြာရန် အတွက် ခွင့်ပြုမိန့်တောင်းခံခြင်းနှင့် ခွင့်ပြုပါက သတင်းစာသီးခြားကြော်ငြာခြင်း၊
(ဌ) သတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင် များအစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက်ရယူခြင်း၊
(ဍ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထားပေးသွင်းစေခြင်း၊ သက်တမ်းပြတ်ဒဏ်ကြေးပေးသွင်းစေခြင်း၊ ဂရန် ပျောက်ဝန်ဆောင်ခနှင့် ဝန်ဆောင်ခပေးသွင်း ပြီးပါက မြေငှားစာချုပ်(ဂရန်) တောင်းခံခြင်း၊
(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့် မြေ၏အတိုင်း အတာပါသော မြေပုံကိုရေးဆွဲခြင်း၊
(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(တ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ် ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရသတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန် မူရင်းခွဲ(ရုံးလက်ခံ)ကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့်အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သား ခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း၊
၂၂။ အထက်အပိုဒ် ၂ဝ နှင့်၂၁ တို့၏လျှောက်ထားမှုများတွင် တရားရုံးဒီကရီအမိန့်အရ ချုပ်ဆို ထားသည့် မှတ်ပုံတင်စာချုပ်ဖြင့် မူလမြေကွက်၏အစိတ်အပိုင်းအတွက်ကိုသာ ပိုင်ဆိုင်သူက လျှောက်ထားမှုဖြစ်ပါက ဂရန်သက်ကုန်မြေဖြစ်သော်လည်းသီးခြားကိစ္စ တစ်ရပ်အနေဖြင့် မြေကွက်ခွဲစိတ်ခြင်းကိုပါ တစ်ပါ တည်းဆောင်ရွက်၍ သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ရမည်။ မြေကွက်ခွဲစိတ်ခြင်း ဆောင်ရွက်ရာတွင် သတ်မှတ်လုပ်ထုံး လုပ်နည်းများအတိုင်းဆောင်ရွက်ရမည်။
၂၃။သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)တင်ပြနိုင်ခြင်းမရှိဘဲ မြေငှားစာချုပ် (ဂရန်)သက်တမ်းတိုး လျှောက်ထားခြင်း (မြို့မြေစာရင်း(TLR)တွင် ဂရန်ထုတ်ပေးထားရှိမှု အမှုတွဲအမှတ်၊ ထုတ်ပေးကာလတို့ မှတ်သားထားခြင်း မရှိ (မရှိ)ခြင်း)။ မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုး ရန်အတွက် သက်တမ်းကုန်ဆုံးနေသည့် မြေငှားစာချုပ်(ဂရန်)မူရင်းတင်ပြနိုင်ခြင်းမရှိဘဲ ပျောက်ဆုံးကြောင်း တင်ပြ၍ အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့်ပိုင်ဆိုင်သူ သို့မဟုတ် တရားရုံးက ထုတ်ပေး သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာဖြင့် ရရှိဝယ်ယူသူတို့မှ မြေငှား စာချုပ် (ဂရန်)သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ဂရန်သက်ကုန်မူရင်းမတင်ပြနိုင်ဘဲလျှောက်ထားမှုများနှင့် ပတ်သက်၍ လျှောက်ထားပါမြေကွက်သည် မြို့မြေစာရင်း(TLR)တွင် ဂရန်ထုတ်ပေးထားရှိမှု အမှုတွဲအမှတ်၊ ထုတ်ပေးကာလတို့ မှတ်သားထားခြင်းမရှိ (မရှိ) ပါက ဂရန်သက်တမ်းတိုးပေးခြင်းအစား ပဋိဉာဉ်စာချုပ်ပါ အတိုင်း စာချုပ်သက်တမ်း ကုန်ဆုံး၍ အငှားချထားသူအစိုးရသို့ ပြန်လည်ရောက်ရှိပြီးဖြစ်သဖြင့် ကော်မတီဝင် များအစည်းအဝေးသို့တင်ပြပြီး ကော်မတီအမည်ပေါက် ပြန်လည်မှတ်သား၍ မြို့နယ်အလိုက် သတ်မှတ်ထားသည့် အထူးဝန်ဆောင်ခနှုန်း၏ ထက်ဝက်သတ်မှတ်၍ မြေငှားစာချုပ် (ဂရန်)သစ်ကို ပြန်လည်အငှားချထားရမည်။ ဂရန်သက်ကုန်မူရင်းမတင်ပြနိုင်ဘဲ လျှောက်ထားမှုများအား ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ဖော်ပြပါ အထောက် အထားမူရင်းများနှင့် မိတ္တူကိုပါ တင်ပြလျှောက်ထားရမည်-
(က) မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံးကြောင်း မြေကွက်တည်ရှိရာမြို့နယ်ရဲစခန်းထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့် ပျောက်ဆုံးကြောင်းကိုယ်တိုင်ကျမ်းကျိန်လွှာ၊
(ခ) မရွှေ့မပြောင်းနိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဃ) မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊
(င) မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာမိတ္တူ။
၂၄။ မြေငှားစာချုပ်(ဂရန်)မူရင်း တင်ပြနိုင်ခြင်းမရှိဘဲ သက်တမ်းတိုးလျှောက်ရာတွင် မြို့မြေစာရင်း (TLR)တွင် အမှုတွဲအမှတ်၊ ထုတ်ပေးကာလတို့ မှတ်သားထားခြင်းမရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကိုမူရင်း နှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကိုမူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေတိုင်းမှ မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံစေခြင်း၊
(စ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်း ကိုက်ညီမှု ရှိ၊ မရှိ၊
(ဆ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ရမည်-
(၁) လျှောက်ထားသော မြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း (သို့မဟုတ်) ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် (သို့မဟုတ်)ကြွေးကျန် ရှိ၊ မရှိ၊
(၉) မြေစာရင်းတွင်ရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ သတင်းစာသီးခြား ကြော်ငြာရန်အတွက် ခွင့်ပြုမိန့်တောင်းခံခြင်းနှင့် ခွင့်ပြု ပါက သတင်းစာသီးခြားကြော်ငြာခြင်း၊
(ဌ) သတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့်စိစစ် ပြီးဌာနမှူး၏ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူခြင်း၊
(ဍ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသောမြေပုံကိုရေးဆွဲခြင်း၊
(ဎ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များ ပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ဏ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ် ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်ထားသောနှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ)ကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊
(တ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်း တွင်မှတ်သားထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သား ခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအားပေးပို့ခြင်း။
အခန်း(၅)
မြေအမည်ပေါက်ပြောင်းလဲခြင်း
၂၅။ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသောမြေငှားဂရန်မြေ၊ လယ်ယာမြေ ဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိပြီးမြေတို့ကိုသာ မြေအမည်ပေါက် ပြောင်းလဲ မှတ်သားပေးပါသည်။
၂၆။ မြေအမည်ပေါက်နှင့် မြေငှားစာချုပ်ရသူတို့ထံမှ မှတ်ပုံတင်စာချုပ်စာတမ်းအဆက် အစပ်ဖြင့်ရရှိသူ သို့မဟုတ် တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းကြောင်းလက်မှတ်စာ(တံဆိပ်ခေါင်းကပ်ပြီး)ဖြင့် ဝယ်ယူသူတို့မှ မြေအမည်ပြောင်းလျှောက်ထားခွင့်ရှိပြီး မြေအမည်ပေါက်ပြောင်းလဲ သတ်မှတ်ပေးရန် လျှောက်ထားသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြလျှောက်ထား ရမည်-
(က) မြေနှင့်ပတ်သက်သည့် အထောက်အထားများ-
(၁) မြေအငှားချထားသည့် အငှားစာချုပ်၊
(၂) မှတ်ပုံတင်စာချုပ်စာတမ်းများ၊ အခွန်ထမ်းဆောင်ရသည့် အကြောင်းအရာနှင့်ပတ်သက်သော မှတ်ပုံတင် စာချုပ်များအတွက် ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းဆောင်ထားသော အထောက်အထား၊
(၃) တရားရုံးဖြင့် လေလံတင်ရောင်းချရန်ချမှတ်သည့် အမိန့်နှင့် တရားရုံး က ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းကြောင်း လက်မှတ်စာ။
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဂ) နိုင်ငံတော်၏အမိန့်တစ်ရပ်ရပ်အရ အကျိုးခံစားခွင့်ရှိကြောင်း အထောက် အထား၊
၂၇။ မြေအမည်ပေါက် ပြောင်းလဲမှတ်သားရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် စိစစ် ရမည်-
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဃ) ဂရန်မြေဖြစ်ပါက မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး ခြင်း၊
(င) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်းသတင်းစာ သို့မဟုတ် ကြေးမုံ သတင်းစာနှင့် မြို့တော် သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ အတန်းလိုက် ကြော်ငြာခြင်း၊
(စ) မြို့နယ်အလိုက် သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေခြင်း၊
(ဆ) မြေတိုင်းမှ မြေရာဇဝင် အစီရင်ခံစေခြင်း၊
(ဇ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(ဈ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ရမည်-
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင်တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက်ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၉) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထား များနှင့် သက်ဆိုင်မှု ရှိ၊ မရှိ၊
(ည) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဋ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူ က ပြန်လည် တင်ပြခြင်းကို စိစစ်ခြင်း၊
(ဌ) တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာနှင့် နောက်ဆုံးစာချုပ် မိတ္တူမှန်တို့ဖြင့် တင်ပြလျှောက်ထား ခြင်းအား မြို့တော်သတင်းစာနှင့် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ သတင်းစာတို့တွင် ရိုးရိုးကြော်ငြာ(သီးခြား)ကြော်ငြာ ခြင်း၊
(ဍ) သတင်းစာတွင်ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်း၊
(ဎ) ဌာနမှူး၏ ခွင့်ပြုချက်ရရှိပါက အမည်ပြောင်းလဲခြင်းမှတ်တမ်း (Endorsement) ထုတ်ယူခြင်းနှင့် အဆိုပါ (Endorsement)ပေါ်တွင် အမည်ပြောင်းလဲ သတ်မှတ်ပေးခြင်းနှင့် သက်ဆိုင်ရာအရာရှိ မှ လက်မှတ်ရေးထိုးပေးခြင်း နှင့် ထုတ်ပေးခြင်း၊
(ဏ) အမည်ပြောင်းခွင့်ပြုထုတ်ပေးပြီးပါက ၎င်းအမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း။
မှတ်ချက်။(၁) ပူးတွဲအမည်ပေါက်များဖြင့် တည်ရှိသော မြေငှားစာချုပ်(ဂရန်)မြေများ နှင့်စပ်လျဉ်း၍ အမည်ပေါက်တစ်ဦးဦး၏အစုအား မှတ်ပုံတင်စာချုပ် ဖြင့်ရရှိပိုင်ဆိုင်သူတို့မှ ၎င်းတို့၏အမည်အား ဖြည့်စွက်ပြောင်းလဲပေး ရန် လျှောက်ထားလာပါက ပူးတွဲအမည်ပေါက်မပါရှိစေကာမူ စိစစ်ဆောင်ရွက်ပေးရန်။
(၂) အထက်မှတ်ချက်(၁)ပါ ဆောင်ရွက်ရာတွင် အမည်ပေါက် ဖြည့်စွက်ပြောင်းလဲခြင်း၌ မူလဂရန်မူရင်းပါ ကျန်အမည်ပေါက် သို့မဟုတ် ကျန်အမည်ပေါက်များသည် မူလဂရန်မူရင်းကို အမည်ပေါက်ပြောင်းလဲရန်အတွက် လာရောက်အပ်နှံမှုမရှိပါက ဌာနမှ ထိုသူများသို့ မြို့မြေစာရင်းနှင့် ဂရန်မူရင်းခွဲများတွင် ပြောင်းလဲမှတ်သားပြီး ကြောင်း အကြောင်းကြားရန်နှင့် ထိုသို့အကြောင်းကြားခြင်းအား မြို့မြေစာရင်းတွင် မှတ်သားထားရန်။
အခန်း(၆)
မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံနှင့်မြေရာဇဝင်ရေးကူးပေးခြင်း
၂၈။ အောက်ဖော်ပြပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ သက်သေခံမြေပုံနှင့် မြေရာဇဝင်လျှောက် ထားနိုင်သည် -
(က) အဆောက်အဦဆောက်လုပ်ရန်၊
(ခ) အကြီးစားပြင်ဆင်ခွင့်ပြုရန်၊
(ဂ) ဘဏ်ငွေချေးရန်၊
(ဃ) အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်၊
(င) အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြော်ငြာစာချုပ်ချုပ်ဆိုရန်၊
(စ) ပစ္စည်းခွဲဝေခြင်းစာချုပ်ချုပ်ဆိုရန်၊
(ဆ) စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊
(ဇ) အပိုင်ပေးစာချုပ်ချုပ်ဆိုရန်၊
(ဈ) ခြံစည်းရိုးကာရံခွင့်လျှောက်ထားရန်၊
(ည) မြေကွက်ခွဲလျှောက်ထားရန်၊
(ဋ) အဝီစိတွင်းတူးဖော်ခွင့်လျှောက်ထားရန်၊
(ဌ) လှူဒါန်းခြင်းစာချုပ်ချုပ်ဆိုရန်၊
(ဍ) မှတ်တမ်းအဖြစ်ထားရှိရန်၊
(ဎ) ကျူးလွန်ခြင်းပြမြေပုံ၊
(ဏ) ဌာနဆိုင်ရာတင်ပြရန်၊
(တ) အမှားပြင်စာချုပ်ချုပ်ဆိုရန်၊
(ထ) ငှားရမ်းစာချုပ်ချုပ်ဆိုရန်၊
(ဒ) ခွဲစိတ်မြေပုံလျှောက်ထားရန်(တိုင်းခွဲ၊ ပေါင်းခွဲ၊ ပေါင်းစည်း)၊
(ဓ) အပေါင်စာချုပ်ချုပ်ဆိုရန်၊
(န) မြေကွက်လဲလှယ်စာချုပ်ချုပ်ဆိုရန်၊
(ပ) မိသားစုစီမံခန့်ခွဲရေးစာချုပ်ချုပ်ဆိုရန်၊
(ဖ) အခွန်လွတ်သာသနာ့ဂရန်လျှောက်ထားရန်၊
(ဗ) ဗဒ္ဓသိမ်ဂရန်လျှောက်ထားရန်။
၂၉။ ပါမစ်မြေအား မြေချပါမစ်ချထားခြင်းခံရသူ အမည်ပေါက်(သို့မဟုတ်)၎င်း၏ အထူး ကိုယ်စားလှယ်လွှဲစာ/အထွေထွေကိုယ်စားလှယ်လွှဲစာရရှိသူမှ လျှောက်ထားနိုင်ပြီး အဆောက်အဦ ဆောက်လုပ်ရန်၊ ခြံကာရန်၊ အဝီစိတွင်းတူးရန်နှင့် မြေတိုင်းတာရန် တို့အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးနိုင်သည်။ မြေပုံကူးလျှောက်ထားရယူလိုသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါ အထောက်အထားများကို တင်ပြလျှောက်ထား ရမည် -
(က) မြေချပါမစ်၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား။
၃ဝ။ ပါမစ်မြေများအား မြေပုံထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်းအဆင့်ဆင့် စိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊
(ခ) မြေချပါမစ်မိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ၊
(င) အထက်ပါအချက်များ ပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်ပုံစာရင်းမှ မူလမြေချထားပေးခြင်းခံရသူအမည်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေစာရင်း တွင် ဂရန်ထုတ်ပေးထားခြင်း ရှိ၊ မရှိ၊
(စ) မြေစာရင်းတွင် ဂရန်ထုတ်ပေးထားခြင်း မရှိပါက မြေတိုင်းမှ သက်သေခံမြေပုံရေးဆွဲခြင်း၊
(ဆ) လျှောက်ထားပါမြေပုံနှင့်ပတ်သက်၍ အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုပေးသူ အရာရှိထံ ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း၊
(ဇ) ခွင့်ပြုပါက သက်သေခံမြေပုံကို ထုတ်ပေးခြင်းနှင့် ထုတ်ပေးပြီးကြောင်း အခွန်ခွဲဝေ စည်းကြပ်ပုံစာရင်း၌ မှတ်သားခြင်း၊
မှတ်ချက်။လိုင်စင်မြေကို အမည်ပေါက် သို့မဟုတ် ၎င်း၏ အထူးကိုယ်စားလှယ်လွှဲစာ/ အထွေထွေ ကိုယ်စားလှယ်လွှဲစာရရှိသူမှ လျှောက်ထားနိုင်ပြီး မြေတိုင်းတာမြေပုံကိုသာထုတ်ပေးပြီး ကျန်မြေပုံမြေရာဇဝင်ရေးကူးခွင့်မရှိပါ။
၃၁။ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားခြင်း။ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ်(ဂရန်)မြေနှင့် လယ်ယာမြေနှင့်အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃ (ခ) သို့မဟုတ် ၃ (က) ရရှိပြီးမြေများကို စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် အတွက် မြေပုံမြေရာဇဝင်ရေးကူးပေးခြင်းတွင် လျှောက်ထားသည့်မြေကို ပူးတွဲပိုင်ဆိုင်သူ သို့မဟုတ် မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူတို့ကသာ လျှောက်ထားခွင့်ရှိသည်။ မြေပုံကူးလျှောက်ထား ရယူလိုသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါ အထောက်အထားများကို တင်ပြလျှောက်ထားရမည်-
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင် ကတ်ပြားမိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ မိတ္တူ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ်မိတ္တူ၊
(ဃ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထား သည့် အမိန့်ဒီကရီ တစ်ရပ်ရပ်မိတ္တူ၊
၃၂။ အထက်အပိုဒ် ၃၁ လျှောက်ထားမှုများတွင် သက်သေခံမြေပုံနှင့် မြေရာဇဝင် ထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်းစိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသောလျှောက်လွှာပုံစံတွင်ပြည့်စုံစွာရေးဖြည့်ထားခြင်း ရှိ၊ မရှိ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ်မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ် စာတမ်းမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသော အမိန့်ဒီကရီ မိတ္တူကိုမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ၊
(ဇ) အထက်ပါအချက်များ ပြည့်စုံပါက မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံစေခြင်း နှင့် မြေပုံမြေရာဇဝင်ရေးဆွဲခြင်း၊
(ဈ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(ည) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း-
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန်ရှိ၊ မရှိ၊
(၈) မြေစာရင်းရှိ မှတ်ချက်များသည်တင်ပြထားသည့် အထောက်အထား များနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(ဋ) ၁၉၈၇-ခုနှစ်၊ မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေနှင့် ငြိစွန်းမှုရှိ၊ မရှိ၊
(ဌ) တရားရုံးဒီကရီတစ်ရပ်ရပ်ရရှိသူဖြစ်ပါက မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် မြို့တော်သတင်းစာတို့တွင် သီးခြားကြော်ငြာခြင်း၊ ေမြပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊
(ဍ) အထက်ပါအချက်များပြည့်စုံပါက လျှောက်ထားပါမြေပုံနှင့်ပတ်သက်၍ အဆင့်ဆင့် စိစစ် ပြီး ခွင့်ပြုပေးသူအရာရှိထံ ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း၊
(ဎ) အဆိုပါ သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို အဆင့်ဆင့်လက်မှတ်ရေးထိုး၍ လျှောက်ထားသူအား ထုတ်ပေးခြင်းနှင့်ထုတ်ပေးပြီးကြောင်း မြို့မြေ စာရင်း၌ မှတ်သားခြင်း၊
၃၃။ မြေပုံမြေရာဇဝင်လျှောက်ထားခြင်း (ပိုင်ဆိုင်မှုပြောင်းလဲ/မပြောင်းလဲ)။ မြေပိုင်မြေ၊ ဘိုးဘပိုင် မြေ၊ ဂရန်ရှိ မြေပိုင်မြေ၊ မြေငှားစာချုပ်(ဂရန်)မြေ၊ စကွာတာမြေနှင့် ဂရန်သက်ကုန်မြေများကို မြေ အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်ဖြင့်အဆက်အစပ် ဖြင့်ရရှိသူ သို့မဟုတ် တရားရုံးဒီကရီတစ်ရပ်ရပ် ဖြင့်ရရှိသူတို့မှ ပိုင်ဆိုင်မှုမပြောင်းလဲနိုင်သော မြေပုံမြေရာဇဝင်နှင့် ပိုင်ဆိုင်မှုပြောင်းလဲနိုင်သော မြေပုံမြေရာဇဝင်တို့အား အထက်အပိုဒ် (၂၈)ဖော်ပြပါ သက်သေခံမြေပုံနှင့် မြေရာဇဝင်များကို လျှောက်ထားနိုင်ပြီး လျှောက်ထားရယူ လိုသူသည် ဤဌာန၏သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြ လျှောက်ထားရမည်-
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင် ကတ်ပြားမိတ္တူ၊၊
(ခ) မြေငှားစာချုပ်(ဂရန်)မြေ၊ စကွာတာမြေနှင့် ဂရန်သက်ကုန်မြေများဖြစ်ပါ က မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီး ကြောင်းပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်ကုန်မြေဖြစ်ပါက မြေငှားစာချုပ် မိတ္တူ၊
(ဃ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေများနှင့် စကွာတာမြေများ ဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများနှင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရားရုံးမှချမှတ်ထားသည့် အမိန့်ဒီကရီတစ်ရပ်ရပ် မိတ္တူ၊၊
၃၄။ အထက်အပိုဒ် ၃၃ လျှောက်ထားမှုများတွင် သက်သေခံမြေပုံနှင့် မြေရာဇဝင်ထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်းစိစစ်ရမည်-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင်ပြည့်စုံစွာရေးဖြည့်ထား ခြင်း ရှိ၊ မရှိ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) မြေငှားဂရန်မြေဖြစ်ပါက မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားဂရန်မြေဖြစ်ပါက မြေငှားစာချုပ်မိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့်ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသောစာချုပ်စာတမ်းမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသောအမိန့်ဒီကရီ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ၊
(ဇ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊ စိစစ်ခြင်း၊ မြေပုံမြေရာဇဝင်ရေးဆွဲခြင်း၊
(ဈ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း-
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၈) မြေစာရင်းရှိ မှတ်ချက်များသည်တင်ပြထားသည့် အထောက်အထား များနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(ည) ၁၉၈၇-ခုနှစ်၊ မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့်ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဋ) ပိုင်ဆိုင်မှုပြောင်းလဲနိုင်သော မြေပုံကူးလျှောက်ထားခြင်းများအတွက် အထူး ကိုယ်စားလှယ် လွှဲစာ/အထွေထွေကိုယ်စားလှယ်လွှဲစာရရှိသူမှ လျှောက်ထား ပါက ကြေးမုံသတင်းစာနှင့် မြို့တော်သတင်းစာများတွင် အတန်းလိုက်ကြော်ငြာခြင်း၊
(ဌ) ပိုင်ဆိုင်မှုပြောင်းလဲနိုင်သော မြေပုံကူးလျှောက်ထားခြင်းများအတွက် မှတ်ပုံတင်စာချုပ် ဖြင့်ရရှိသူဖြစ်ပါက မြန်မာ့အလင်း သို့မဟုတ် ကြေးမုံနှင့် မြို့တော်သတင်းစာတို့တွင် အတန်းလိုက်ကြော်ငြာခြင်း၊ တရားရုံးဒီကရီ တစ်ရပ်ရပ်ဖြင့်ရရှိသူတို့ လျှောက်ထားလာပါက မြန်မာ့အလင်း၊ ကြေးမုံနှင့်မြို့တော်သတင်းစာတို့တွင် သီးခြားကြော်ငြာခြင်း၊ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊
(ဍ) အထက်ပါအချက်များပြည့်စုံပါက လျှောက်ထားပါ မြေပုံနှင့်ပတ်သက်၍ အဆင့်ဆင့်စိစစ် ပြီးခွင့်ပြုပေးသူ အရာရှိထံ ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း၊
(ဎ) ခွင့်ပြုပြီးသော မြေကွက်အတွက် သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်း ပေးသွင်းစေပြီးမြေတိုင်းမှ သက်သေခံမြေပုံနှင့် မြေရာဇဝင်ရေးဆွဲခြင်း၊
(ဏ) အဆိုပါ သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို အဆင့်ဆင့်လက်မှတ်ရေးထိုး၍ လျှောက်ထားသူအား ထုတ်ပေးခြင်း၊
(တ) ခွင့်ပြုမိန့်ရရှိပါက သက်သေခံမြေပုံကို ထုတ်ပေးခြင်းနှင့် ထုတ်ပေးပြီးကြောင်း မြို့မြေ စာရင်း၌မှတ်သားခြင်း။
မှတ်ချက်။(၁) ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ရန်မြေပုံကူးလျှောက်ထားခြင်းမပါ(မပါ)။
(၂) ဂရန်သက်ကုန်မြေများကို အိမ်ဆောက်၊ ခြံကာရန်၊ ဘဏ်ချေး၊ အဝီစိတွင်းတူးရန် မြေပုံကူးလျှောက်ထားခြင်းများနှင့် မြေတိုင်းလျှောက်ထားြခင်းများကို ဆောင်ရွက်ပေးခြင်း မပြု(မပြု)။
(၃) တရားရုံးစီရင်ချက်ဖြင့် လျှောက်ထားခြင်းဖြစ်လျှင် စကွာတာမြေနှင့် ဂရန်သက်ကုန် မြေဖြစ်စေကာမူ တရားရုံးစီရင်ချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးရန်။(အမွေထိန်းလက်မှတ်စာဖြင့် လျှောက်ထားသည့်ကိစ္စရပ်များအတွက်)
(၄) မှတ်ပုံတင်စာချုပ်ဖြင့် မြေအစိတ်အပိုင်းကိုရရှိသူမှ လျှောက်ထား လာပါက ကျန် ပူးတွဲပိုင်ဆိုင်သူနှင့် ပူးတွဲလျှောက်ထားရန် ဌာနမှ တရားဝင်ရုံးစာဖြင့် အကြောင်း ကြားရမည်။ထိုသို့အကြောင်းကြားမှုအပေါ် ပူးတွဲလျှောက်ထားလာပါက မြန်မာ့အလင်း သို့မဟုတ် ကြေးမုံသတင်းစာနှင့် မြို့တော်သတင်းစာတို့တွင် အတန်းလိုက် ကြော်ငြာပြီး ဆောင်ရွက်ရန်နှင့် ကျန်ပူးတွဲပိုင်ဆိုင်သူတို့မှ ပူးတွဲလျှောက်ထားခြင်းမပြုပါက မြန်မာ့အလင်း၊ ကြေးမုံနှင့်မြို့တော် သတင်းစာတို့တွင် သီးခြား သတင်းစာ ကြော်ငြာရန်။
၃၅။ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားခြင်း။ မြေပိုင်မြေ၊ ဘိုးဘ ပိုင်မြေ၊ ဂရန်ရှိ မြေပိုင်မြေ၊ မြေငှားစာချုပ်(ဂရန်)မြေ၊ စကွာတာမြေ၊ ဂရန်သက်ကုန်မြေနှင့် လယ်ယာမြေနှင့်အကျုံးမဝင်ကြောင်းဝန်ခံချက်လက်မှတ် ၃ (ခ) သို့မဟုတ် ၃ (က) ရရှိပြီးမြေများနှင့် ပတ်သက်၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ဆိုရန်အတွက် မြေအမည်ပေါက်ကွယ်လွန်၍ ဥပဒေအရ ဆက်ခံခွင့်ရှိသူ သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့်ရရှိပိုင်ဆိုင်လာသူ ကွယ်လွန်၍ ဥပဒေအရ အမွေ ဆက်ခံခွင့်ရှိသူ သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန၊ ၁၉၈ရခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပိုင်ဆိုင်သူနှင့် ကိတ္တိမမွေးစားစာချုပ်ဖြင့် ပိုင်ဆိုင်သူတို့မှ လျှောက်ထား နိုင်ပြီး သက်သေခံမြေပုံနှင့်မြေရာဇဝင် လျှောက်ထားရယူလိုသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအတိုင်း အထောက်အထားများကို တင်ပြလျှောက်ထားရမည်-
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင် ကတ်ပြားမိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်ကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်)မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေစာရင်းတင်ပြ နိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ သေဆုံးကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင် ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံ ကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် သို့မဟုတ် မှတ်ပုံတင်ထားသော စာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှု နှင့်ပတ်သက်သည့် တရားရုံး မှ ချမှတ်ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ဆိုင်ရာစိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ။
၃၆။ အထက်အပိုဒ် ၃၅ လျှောက်ထားမှုများတွင် သက်သေခံမြေပုံနှင့် မြေရာဇဝင်ထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်းစိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ထားသောလျှောက်လွှာပုံစံတွင် ပြည့်စုံစွာရေးဖြည့်ထားခြင်း ရှိ၊ မရှိ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) မြေငှားစာချုပ်(ဂရန်) မြေဖြစ်ပါက မြေငှားစာချုပ်(ဂရန်)မိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် မှတ်ပုံတင်စာချုပ်အဆက်အစပ်ရှိပါက ၎င်း စာချုပ်များကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) ကွယ်လွန်သူ၏ သေစာရင်းမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေ၊ လယ်ယာမြေနှင့်အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃ (ခ) သို့မဟုတ် ၃ (က) ရရှိပြီးမြေများ ဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် တရားရုံးမှချမှတ် ထားသည့် အမိန့်ဒီကရီမိတ္တူတို့ကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဆ) ၁၉၈ရခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ဆိုင်ရာစိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့် မိတ္တူအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဇ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ၊
(ဈ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ စိစစ်ခြင်းနှင့် မြေပုံမြေရာဇဝင်ရေးဆွဲခြင်း၊
(ည) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်ထားမြစ်ချက် သို့မဟုတ် ကြွေးကျန်ရှိ၊ မရှိ၊
(၉) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထား များနှင့် ဆက်စပ်မှုရှိ၊ မရှိ၊
(ဋ) ၁၉၈ရခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဌ) မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် မြို့တော် သတင်းစာတို့တွင် သီးခြားသတင်းစာကြော်ငြာခြင်း၊
(ဍ) သီးခြားသတင်းစာ ကြော်ငြာပြီး ကန့်ကွက်ချက်များမရှိပါက လျှောက်ထား ပါ မြေပုံ နှင့်ပတ်သက်၍ အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း၊ ထုတ်ပေးခြင်းနှင့် ထုတ်ပေးပြီးကြောင်း မြို့မြေ စာရင်းတွင် မှတ်သားခြင်း။
မှတ်ချက်။(၁) မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်သူ၊ တရားရုံးဒီကရီရရှိသူနှင့် ၁၉၈ရခုနှစ် မရွေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေဖြင့် ပိုင်ဆိုင်သူများ မှ လျှောက်ထားလာပါက မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်လက်ရောက်ရရှိမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါက လျှောက်ထားမှု တစ်ခုချင်းစီအလိုက် သီးခြား စိစစ်ဆောင်ရွက်ရန်။
(၂) မူလ(၂)ဦးနှင့်အထက် ပူးတွဲအမည်ပေါက်များနှင့်စပ်လျဉ်း၍ အမည်ပေါက်တစ်ဦးမှ တရားရုံးစီရင်ချက်အထောက်အထားနှင့် မြေကွက်ခွဲ စိတ်ခွင့် လျှောက်ထားခြင်း ကိုသာ အပြန်အလှန်စွန့်လွှတ်စာချုပ်ချုပ်ဆို ရန်မလိုဘဲ တစ်ဖက်သတ်ခွဲစိတ်ခွင့်ပြု နိုင်သည်။မြေစာရင်းတွင် တရားရုံးစီရင်ချက်ပါ တောင်းဆိုသည့် သက်သာခွင့်နှင့် ပစ္စည်းစာရင်း ကို အပြည့်အစုံမှတ်သားထားရှိရမည်။ (ကျန်ပူးတွဲအမည်ပေါက် တစ်ဦးဦးမှ မြေစီမံခန့်ခွဲမှု လျှောက်ထားလာလျှင် ကျန်အစိတ်အပိုင်း အသီးသီးကို လျှောက်ထားသူက ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီးမှ ဆက်လက် ဆောင်ရွက်ပေးရမည်။)
အခန်း (၇)
လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း
၃၇။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ချထားပေးပြီး ကော်မတီသို့ လွှဲပြောင်းပေးပြီးသော (၁)နှစ်ယာယီမြေအသုံးပြုခွင့်လိုင်စင်(သို့မဟုတ်) ကာလအပိုင်းအခြားတစ်ခုအထိ ချထားပေးသောမြေ အသုံးပြုခွင့်လိုင်စင်တို့ကိုလည်းကောင်း သက်တမ်းကုန်ဆုံးပါက လိုင်စင်ချထားပေးခြင်း ခံရသည့် လူပုဂ္ဂိုလ်(သို့မဟုတ်)အသင်းအဖွဲ့များ(သို့မဟုတ်) ဌာနဆိုင်ရာများတို့မှ သက်တမ်း တိုးလျှောက်ထားနိုင်ပြီး ဌာန၏ သတ်မှတ်ပုံစံနှင့်အတူအောက်ဖော်ပြပါ အထောက် အထားများတင်ပြလျှောက်ထားရမည်
(က) မူလထုတ်ပေးထားသည့် လိုင်စင်မိတ္တူ၊
(ခ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အသင်းအဖွဲ့ ဖြစ် ပါက အသင်းအဖွဲ့ မှတ်ပုံတင်နှင့်အစည်းအဝေးမှတ်တမ်း (သို့မဟုတ်) ဌာန ဆိုင်ရာဖြစ်ပါက သက်ဆိုင်ရာဌာန ၏ လျှောက်ထားစာ၊
(ဂ) ကော်မတီမှ ကောက်ခံသော အခွန်၊ အခ ပြေစာများ (သို့မဟုတ်) မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၏ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်၊
(ဃ) မြေပြင်တွင် အမှန်တစ်ကယ်အသုံးပြုထားသည့် အဆောက်အဦဓါတ်ပုံ မှတ်တမ်း။
၃၈။ လိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင်အောက်ပါအတိုင်း အဆင့်ဆင့်စိစစ် ရမည်-
(က) ကိုယ်တိုင်ရေးလျှောက်လွှာ (သို့မဟုတ်) ဌာန၏ သတ်မှတ်ပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက် ဖော်ပြထားခြင်း ရှိ၊ မရှိ၊
(ခ) အထက်အပိုဒ်(၃၇)ပါ အချက်အလက်များ ပြည့်စုံမှု ရှိ၊ မရှိ၊
(ဂ) လျှောက်ထားသည့်မြေအား မြေရာဇဝင်အစီရင်ခံခြင်း၊
(ဃ) တင်ပြထားသည့်အထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(င) နောက်ဆုံးထုတ်ပေးထားသည့် လိုင်စင်သက်တမ်းကာလနှင့်သက်တမ်းတိုး လျှောက်ထား သည့် ကာလတို့စိစစ်၍ သက်တမ်းပြတ်တောက်မှု ရှိ၊ မရှိ၊
(စ) မြေစာရင်းတွင် မူလလိုင်စင် ထုတ်ပေးခဲ့သည် ကာလနောက်ပိုင်း ကန့်ကွက်ချက် သို့မဟုတ် အစိုးရဌာနဆိုင်ရာများ၏တားမြစ်ချက် ရှိ၊ မရှိ၊
(ဆ) မြေပေါ်ကွင်းဆင်းစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း၊
(ဇ) မြေပြင်ကွင်းဆင်းစစ်ဆေးချက်နှင့်အတူ အဆင့်ဆင့်အမိန့်တောင်းခံခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့တင်ပြခြင်း၊ (လိုင်စင်သက်တမ်းပြတ် ကာလရှိပါကအခါအားလျော်စွာ ထုတ်ပြန်ထားသော အမိန့်/ညွှန်ကြားချက် များအတိုင်း သက်တမ်းပြတ် ဒဏ်ကြေး ကောက်ခံရန်)၊
(ဈ) ကော်မတီဝင်များအစည်းအဝေး ခွင့်ပြုချက်ရရှိပါက ဝန်ဆောင်ခ ပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းလာပါက လိုင်စင်ပုံစံတောင်းခံခြင်း၊
(ည) သက်ဆိုင်ရာမြေတိုင်းမှ လိုင်စင်သက်တမ်းတိုးမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကို ရေးဆွဲခြင်းနှင့် လိုင်စင်မူရင်း၊ မူရင်းခွဲ၊ ရုံးလက်ခံတို့အား အဆင့်ဆင့် လက်မှတ်ရေးထိုးခြင်း၊ ကာယကံရှင်မှ လက်မှတ်ရေးထိုး ခြင်းနှင့် ခွင့်ပြုဘဏ္ဍာရေးနှစ်အလိုက် ရေးသား ထုတ်ပေးခြင်း၊
(ဋ) လိုင်စင်သက်တမ်းတိုး ထုတ်ပေးပြီးပါက လိုင်စင်မှတ်ပုံတင်စာရင်းစာအုပ် နှင့် မြို့မြေစာရင်း(TLR)တွင် ထုတ်ပေးကြောင်း မှတ်သားခြင်းနှင့် လျှောက်ထားပါ အမှုတွဲတွင် ရုံးလက်ခံနှင့် မူရင်းခွဲအား ပူးတွဲ၍ အမှုတွဲထိန်း ခန်းသို့ ပေးပို့သိမ်းဆည်းခြင်း။
မှတ်ချက်။ သမဝါယမအသင်းများအနေဖြင့် လိုင်စင်သက်တမ်းတိုး လျှောက်ထား ရာတွင် ဦးစွာ မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့်နေရာ၌ သမ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ သမလုပ်ငန်းအပြင် အခြား ငှားရမ်းထားသော လုပ်ငန်း ရှိ၊ မရှိ စိစစ်ပြီးတွေ့ရှိချက်နှင့်အတူ ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြပြီး ကော်မတီ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်သွားရန်။
အခန်း (၈)
၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသောစကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် (Certificate) ထုတ်ပေးခြင်း
၃၉။ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ ဝန်ခံချက်လက်မှတ်လျှောက်ထား ရာတွင် လျှောက်ထားသူသည် ဌာနက သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ အောက်ပါအထောက်အထားများ တင်ပြလျှောက်ထားရမည်-
(က) လျှောက်ထားလိုသည့် တည်နေရာပြမြေပုံကြမ်း၊
(ခ) မြေနှင့်ပတ်သက်သည့် အထောက်အထားတရားရုံးဒီကရီ၊ မြေခွန်ပြေစာ မိတ္တူများ၊
(ဂ) မှတ်ပုံတင်စာချုပ်စာတမ်းမိတ္တူများ၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြားမိတ္တူ၊
(င) မြေအမည်ပေါက် သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူများ ကွယ်လွန်ပါက ကွယ်လွန်သူတို့၏ သေစာရင်းမိတ္တူများ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊
(စ) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးတွင်ပြုလုပ်သည့် ကိုယ်တိုင် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ မူရင်းတစ်စောင်နှင့် ယင်းကျမ်းကျိန်လွှာ သို့မဟုတ် ကတိ သစ္စာပြုလွှာပါ အချက်အလက်များကို သိရှိသူ ပုဂ္ဂိုလ်နှစ်ဦး၏ ထောက်ခံ ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာ ပြုလွှာမူရင်းတစ်စောင်စီ၊ မြေပေါ်ရှိ အဆောက် အဦး ဓါတ်ပုံ(၆''x၄'') အရွယ်(၂)ပုံ၊
၄ဝ။ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃ (က) အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံး မဝင်ကြောင်း ဝန်ခံချက်လက်မှတ်(Certificate) လျှောက်ထား လာသည့်အခါ အောက်ပါအတိုင်း စိစစ်ရမည်-
(က) ဌာနက သတ်မှတ်ထားသည့် လျှောက်လွှာတွင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက် ထားခြင်း ရှိ၊ မရှိ၊
(ခ) လုပ်ထုံးလုပ်နည်းအပိုဒ်(၃၉)ပါအထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း ရှိ၊ မရှိ၊
(ဂ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံခြင်း၊
(ဃ) တင်ပြထားသော မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ၊ မရှိ၊
(င) မြေရာဇဝင်မှတ်ချက်များကို စိစစ်ရာတွင် အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) မြေစာရင်းတွင် မြေသိမ်း ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၇) မြေစာရင်းရှိမှတ်ချက်များသည် တင်ပြထားသည့် အထောက်အထား များနှင့် ဆက်စပ်မှု ရှိ၊ မရှိ၊
(စ) ၁၉၈ရ ခုနှစ်မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
၄၁။ ဌာနသည် လုပ်ထုံးလုပ်နည်းအပိုဒ်(၄ဝ)အတိုင်း စိစစ်ပြီး ပြည့်စုံမှန်ကန်မှုရှိပါက ၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေ ဟူသောစကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ် (Certificate) ထုတ်ပေးရန် အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရမည်-
(က) ဌာနမှ တာဝန်ပေးအပ်သော အရာရှိ ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အောက်ဖော်ပြပါအတိုင်း တွေ့ရှိမှုအား ပြန်လည်တင်ပြခြင်း-
(၁) လျှောက်ထားသော မြေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းကျရောက်ခြင်း ရှိ၊ မရှိ၊
(၂) မြေပြင်အသုံးချမှု စိစစ်ခြင်းနှင့် လျှောက်ထားသည့်မြေသည် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ဝ အရ ငြိစွန်းမှု ရှိ၊ မရှိ၊
(၃) လယ်ယာမြေ ဥပဒေအာဏာတည်သည့် (၃၁-၈-၂ဝ၁၂)ရက်နေ့ မတိုင်မီကပင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်နှင့် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာမြေများ၊ ဘာသာရေး အဆောက် အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများ ဟုတ်၊ မဟုတ် စိစစ်ခြင်း၊
(၄) စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု ရှိ၊ မရှိ၊
(၅) မြေကြီးမြေပုံကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ၊
(၆) လျှောက်ထားသည့် မြေပေါ်တွင် အသုံးပြုထားသည့် အဆောက်အအုံ အရေအတွက်အလိုက် မြေအသုံးချမှုအား စိစစ်ခြင်း၊ Block Map တွင် အကွက်ချပုံ မရှိသော်လည်း မြေပြင်တွင် အဆောက်အဦများ၊ လမ်းများ စနစ်တကျရှိပြီး လူနေရပ်ကွက်အဖြစ်ပေါ်ပေါက်နေခြင်း ရှိ၊ မရှိ၊ (လျှောက်ထားမှု အပေါ် ခွင့်ပြုရာတွင် ၁ ဧက အထိသာ ခွင့်ပြုဆောင်ရွက်ရန်)၊
(ခ) လျှောက်ထားသောမြေနှင့်ပတ်သက်၍ ကန့်ကွက်ရန် ရှိ၊ မရှိကြေညာစာကို သတ်မှတ်ရက်အတွင်း လျှောက်ထားသူ ကာယကံရှင်သို့ တစ်စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တစ်စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေးထုတ်ပေးရန် နှင့် အဆိုပါရုံးတို့မှလက်ခံရရှိကြောင်း အထောက်အထားတစ်စောင်အား လျှောက်ထားသူ မှ ပြန်လည် တင်ပြစေခြင်းနှင့် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာနှင့် မြို့တော်သတင်းစာ တို့တွင်ကန့်ကွက်ရန် ရှိ၊ မရှိ သီးခြားကြော်ငြာခြင်း၊
(ဂ) အထက်ပါအတိုင်း အဆင့်ဆင့်စိစစ်ပြီး သတင်းစာကြော်ငြာ ကန့်ကွက်ချက် မရှိပါက အဆင့်ဆင့်အမိန့်တောင်းခံခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခြင်း၊
(ဃ) ကော်မတီက ခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသည့် ဝန်ဆောင်ခကို ပေးသွင်းစေခြင်းနှင့် ပေးသွင်းလာပါက ၃(က)ဝန်ခံချက်လက်မှတ်တောင်းခံ ခြင်း၊ မြေတိုင်းမှ ခွင့်ပြုသည့် အတိုင်းအတာပါ မြေပုံ (၃)ပုံရေးဆွဲခြင်း၊
(င) ဌာနမှ ၃(က) ဝန်ခံချက်လက်မှတ်အား ထုတ်ပေးနိုင်ရေးအတွက် အဆင့်ဆင့် ဌာနမှူး ထံ တင်ပြလက်မှတ်ရေးထိုးခြင်း၊
(စ) ၃(က) ဝန်ခံချက်လက်မှတ်မူရင်းအား လျှောက်ထားသူအား ထုတ်ပေးခြင်း၊ မြို့မြေ စာရင်း၌ မှတ်သားခြင်း၊ မူရင်းခွဲနှင့် ရုံးလက်ခံအား သက်ဆိုင်ရာ အမှုတွဲတွင် ပူးတွဲ၍ အမှုတွဲထိန်းခန်းသို့ ပေးပို့စေခြင်း။
မှတ်ချက်။(၁) လျှောက်ထားသောမြေသည် မူလမြေကွက်ကြီး၏ အစိတ်အပိုင်းဖြစ် ပါက မြို့မြေ စာရင်းနှင့် မြို့ကွက်မြေပုံတို့တွင် မြေကွက်အမှတ် အသစ်ဖြင့် သီးခြားခွဲထုတ်မှတ်သားခြင်းတို့ကို တည်ဆဲဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ခြင်းနှင့် တရားရုံး အမိန့်အရ လျှောက်ထား ခြင်းဖြစ်ပါက အဆောက်အအုံဆောက်လုပ်ထားခြင်း၊ မြေကို လက်ရောက်ရရှိထား ခြင်းမရှိစေကာမူဆောင်ရွက်နိုင်ခြင်း၊
(၂) ၃(က) လျှောက်ထားရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေအမျိုးအစား B ၊ ရွာမြေ၊ G-ဥယျာဉ်ခြံမြေနှင့် မြေပိုင်မြေ (R1, R2, R3)တို့ကိုသာ ဆောင်ရွက်ပေးရန်။
(၃) ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိပြီး မြေအတန်း အစား R2, R3, R4 မြေများနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် ဆိုပါက စိစစ်ဆောင်ရွက်ပေးရန်။
(၄) ဝန်ခံချက်လက်မှတ်(Certificate) ၃(က)လက်မှတ် ထုတ်ပေးခြင်း သည် အိမ်ရာမြေ သတ်မှတ်ပေးခြင်းသာဖြစ်ပြီး လျှောက်ထားသူ မည်သူဖြစ်စေကာမူ မူလ အမည်ပေါက်အဖြစ်သာထုတ်ပေးရန်။
အခန်း(၉)
မြေတိုင်းတာခြင်း
၄၂။ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေငှားစာချုပ်(ဂရန်)မြေ၊ ပါမစ်မြေ၊ သက်တမ်းရှိ လိုင်စင်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ B မြေ၊ B မြေပိုင်မြေ၊ B လ/န ၃(ခ)မြေ၊ B လ/န ၃၉ မြေ၊ ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)အရ ဝန်ခံချက်လက်မှတ်ရရှိပြီးမြေ၊ သို့မဟုတ် ၃(ခ)ရရှိပြီးမြေ (အိမ်ယာမြေ သတ်မှတ်)၊ R2,R3,R4 မြေများ၊ ဥယျာဉ်ခြံမြေများ၊ အခွန်လွတ်သာသနာ့ဂရန်မြေ၊ ဂရန်ရှိ သာသနာမြေနှင့် ဗဒ္ဓသိမ်မြေအမျိုးအစား များကို အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် လည်းကောင်း၊ တရားရုံးအမိန့်အရလည်းကောင်း မြေတိုင်းလျှောက်ထားနိုင်ပါသည်။ မြေတိုင်းလျှောက်ထား လိုသူသည် ဤဌာနမှ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအထောက်အထား မိတ္တူများကို တင်ပြလျှောက်ထားရမည်-
(က) မြေပိုင်ဆိုင်မှုအထောက်အထားများ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဂ) တရားဝင်မှတ်ပုံတင်ထားသည့်စာချုပ်စာတမ်းများ၊
(ဃ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှချမှတ်သည့် စီရင်ချက်နှင့်ဒီကရီ၊
(င) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာ၊
(စ) လျှောက်ထားပါမြေကွက်၏ ဘေးပတ်ဝန်းကျင်လားရာ မြေကွက်များ၏ မြေတိုင်းတာခြင်းကို သိရှိကြောင်းထောက်ခံချက်လက်မှတ်၊
၄၃။ မြေတိုင်းတာရန်အတွက် အောက်ပါအတိုင်းအဆင့်ဆင့်စိစစ်ဆောင်ရွက်ခြင်း-
(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း ရှိ၊ မရှိ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံး ဘပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဃ) ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှချမှတ်ထားသည့် အမိန့်ဒီကရီမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(င) အထက်ပါအချက်များ ပြည့်စုံမှန်ကန်ပါက မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံစေခြင်း၊
(စ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(ဆ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-
(၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် တရားရုံး တစ်ခုခုမှ တားဝရမ်း သို့မဟုတ် ဘဏ် တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊
(၇) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ၊
(၈) မြေစာရင်းရှိမှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများ နှင့် ဆက်စပ်မှု ရှိ၊ မရှိ။
(ဇ) ၁၉၈၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဈ) လျှောက်ထားမြေကွက်၏လားရာလေးဘက်ရှိ ပတ်ဝန်းကျင်မြေကွက်များ၏ မြေတိုင်းတာ ခြင်းကို သိရှိကြောင်းထောက်ခံချက် လက်မှတ်ပြည့်စုံမှု ရှိ၊ မရှိ၊
(ည) လျှောက်ထားသော မြေကွက်အား သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းပေးသွင်းခြင်း ရှိ၊ မရှိ၊
(ဋ) အထက်ပါအချက်များပြည့်စုံမှန်ကန်ပါက မြေတိုင်းကွင်းဆင်းစစ်ဆေးရန် အတွက် ခွင့်ပြုမိန့် တောင်းခံခြင်း၊
(ဌ) မြေတိုင်းအဖွဲ့မှ လျှောက်ထားသောမြေအား တိုင်းတာခြင်း၊ တိုင်းတာတွေ့ရှိချက်အား ပြန်လည်တင်ပြခြင်းနှင့် ဧရိယာကိုက်ညီမှုရှိပါက လျှောက် ထားသောမြေတိုင်းမြေပုံအား အဆင့်ဆင့်စိစစ်လက်မှတ်ရေးထိုးပြီး ခွင့်ပြုမိန့်တောင်းခံခြင်း၊
(ဍ) ခွင့်ပြုပါက မြေတိုင်းမြေပုံကို ထုတ်ပေးခြင်းနှင့် ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းနှင့် မှတ်ပုံတင်စာရင်းတို့၌ မှတ်သားခြင်း။
၄၄။ တစ်ဖက်သတ်မြေကွက်ခွဲစိတ်တိုင်းတာခြင်း။ မြေတိုင်းတာခြင်း ဆောင်ရွက်ရာတွင် မှတ်ပုံတင်စာချုပ်ဖြင့် အစိတ်အပိုင်းရရှိသူ သို့မဟုတ် အမည်ပေါက်မှပင် မြေကွက်၏အစိတ်အပိုင်းအား မှတ်ပုံတင်စာချုပ်ဖြင့်လွှဲပြောင်းပြီးသော်လည်း ၎င်းပိုင်ဆိုင် သည့် ကျန်အစိတ်အပိုင်းကို အထက်အပိုဒ် (၄၂)ပါ အတိုင်း အထောက်အထားများတင်ပြ၍ တစ်ဖက်သတ်မြေတိုင်းတာလျှောက်ထားနိုင်သည်။ အစိတ်အပိုင်း ပိုင်ဆိုင်သူတို့မှ လျှောက်ထားလာပါက မိမိပိုင်ဆိုင်သည့် အစိတ်အပိုင်းကိုသာ ခွဲစိတ်မည်ဖြစ်ကြောင်း ခံဝန်ကတိရယူခြင်း၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် မြို့တော်သတင်းစာတို့တွင် သီးခြားကြော်ငြာစေခြင်းတို့ဖြင့် အထက်အပိုဒ် (၄၃)ပါ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
မှတ်ချက်။(၁) တစ်ဖက်သတ်မြေကွက်ခွဲစိတ်တိုင်းတာရာတွင် လျှောက်ထားသူသည် မူလမြေကွက်ကြီး တစ်ခုလုံး၏ မြေစာရင်းပါအတိုင်းအတာ ဧရိယာ အတွက် သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းရမည်။ မြေတိုင်းတာရာတွင် မူလမြေကွက်ကြီး တစ်ခုလုံးကိုပါ တိုင်းတာရန်ဖြစ်ပြီး ခွဲစိတ်ရန်လျှောက်ထားသည့် မြေကွက်အစိတ်အပိုင်းသည် ထိုမူလမြေကွက်ကြီး ဧရိယာအတွင်း ပါဝင်တည်ရှိမှသာလျှင် ခွဲစိတ်လျှောက်ထားသည့် မြေကွက်ကိုလည်း တိုင်းတာရန်နှင့် မြေတိုင်းမြေပုံထုတ် ပေးရာတွင် မူလမြေကွက်အတွင်း လျှောက်ထားတိုင်းတာသည့် မြေကွက်၏ အစိတ်အပိုင်းကို အရောင်ခြယ်၍ မြေတိုင်းမြေပုံ ထုတ်ပေးရန်။
(၂) တစ်ဖက်သတ် မြေကွက်ခွဲစိတ်တိုင်းတာ လျှောက်ထားခြင်းတွင် သီးခြားသတင်းစာကြော်ငြာခြင်းဆောင်ရွက်ရာ၌ ပိုင်ဆိုင်မှုအထောက် အထားတစ်ခုခု တင်ပြ၍ ကန့်ကွက်မှုများ ပေါ်ပေါက်ပါက ရုံးတိုင်းလျှောက်ထားမှုဖြင့်သာ ဆောင်ရွက်ရန်။
၄၅။ ရုံးတိုင်းတိုင်းတာဆောင်ရွက်ခြင်း။ မြေတိုင်းတာ၍ အတိုင်းအတာမြေပုံများ သတ်မှတ် ပေးရာတွင် မြေစာရင်းနှင့် ထုတ်ပေးသည့် မြေတိုင်းမြေပုံဧရိယာ မကိုက်ညီ၍ လျှောက်ထားသူမှ မြေစာရင်း ဧရိယာအတိုင်းရယူလိုပါကြောင်းတင်ပြလာပါက တိုင်းတာတွေ့ရှိသည့် အခြေအနေကို ဦးစွာရှင်းပြပြီး လျှောက်ထားသူမှ ထပ်မံ၍လက်ခံရယူလိုခြင်း မရှိကြောင်းတင်ပြလာပါကလည်း ရုံးတိုင်းတိုင်းတာ ဆောင်ရွက် ရန်လျှောက်ထားစေပြီး ဌာနမှ သတ်မှတ်သောရုံးတိုင်းဝန်ဆောင်ခပေးသွင်းစေရန် ဖြစ်ပါသည်။ ရုံးတိုင်း တိုင်းတာ ဆောင်ရွက်ပါက အောက်ဖော်ပြပါအဖွဲ့များဖြင့် လျှောက်ထားသူ၏မြေကွက်ရှိနေသည့် Block တစ်ခုအတွင်းရှိနေသောမြေကွက် အားလုံးကို ဝင်ရောက်စစ်ဆေးတိုင်းတာနိုင်သည်-
(က) ဌာနမှ တာဝန်ပေးအပ်သည့် မြေတိုင်းအရာရှိတစ်ဦးခေါင်းဆောင်သည့် မြေတိုင်းအဖွဲ့၊
(ခ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊
(ဂ) မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ကိုယ်စားလှယ်တစ်ဦး၊
(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦး၊
(င) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦး၊
(စ) ရုံးတိုင်းတိုင်းတာ လျှောက်ထားသူနှင့် ဖြန့်ဝေခြင်းပါ ဘေးမြေကွက်ပိုင်ရှင်များ။
မှတ်ချက်။(၁) မြေတိုင်းတာရာတွင် မြေကွက်အပြန်အလှန်ကျူးလွန်မှုရှိပြီး မြေပြင်လျော့နည်းနေပါက ရုံးတိုင်းတိုင်းတာဆောင်ရွက်ခြင်းကို ဆောင်ရွက် နိုင်ပြီး ကျူးလွန်ခြင်းပြမြေပုံ ကို ထပ်မံလျှောက်ထားနိုင်သည်။
(၂) ပါမစ်ဖြင့်မြေတိုင်းတာရာတွင် အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထား ခြင်းဖြစ်ပါက ဆောင်ရွက်နိုင်ပြီး ရုံးတိုင်းဆောင်ရွက်ပေးနိုင်သည်။
(၃) ပါမစ်အား အရပ်စာချုပ်ဖြင့် တစ်ဆင့်ဝယ်ယူထားသူတို့မှ ဂရန်သစ်လျှောက်ထားရာတွင် မြေပြင်စစ်ဆေးမှုအပေါ် ရုံးတိုင်းလျှောက်ထား ခြင်းအား ခွင့်မပြုပါ။ သို့သော် မြေတိုင်းမှ ကွင်းဆင်းတိုင်းတာရာတွင် လျှောက်ထားမြေကွက်သည် ဧရိယာလျော့နည်းနေပါက လျှောက်ထားမြေကွက်ပါဝင်သည့် Block တစ်ခုလုံး အား တစ်ပါတည်း တိုင်းတာ စိစစ်ရမည်။
(၄) သက်တမ်းရှိသော လိုင်စင်တို့ကို လျှောက်ထားလာပါက မြေတိုင်း တာခြင်းကိုသာ ဆောင်ရွက်ပေးပြီး ရုံးတိုင်းတိုင်းတာခြင်း၊ ကျူးလွန် ခြင်းမြေပုံလျှောက်ထားခြင်းများ ကို ဆောင်ရွက်ပေးခြင်းမပြုပါ။
(၅) မြေပြင်အသုံးပြုမှုသည် နောက်ဖေးလမ်းကြား(BDS)ပါမှသာ မြေစာရင်းဧရိယာပြည့်မီခြင်း သို့မဟုတ်
မပြည့်မီခြင်းများဖြစ်ပေါ်ပါက မြေပြင်ရှိအသုံးပြုမှုစိစစ်ရာ တွင် နောက်ဖေးလမ်းကြား (BDS) မရှိဘဲ Block Mapတွင်သာရှိနေပါက အဆိုပါ နောက်ဖေးလမ်း ကြား(BDS)ကို ပယ်ဖျက်နိုင်ရေးကော်မတီဝင်များအစည်းအဝေးသို့ တင်ပြပြီးခွင့်ပြုချက်ဖြင့် ရုံးတွင်းအမိန့်ထုတ်ပြန်၍ ပြင်ဆင်ဆောင်ရွက် ရန်ဖြစ်ပါ သည်။(၆) မြေပြင်တွင် ရုံးတိုင်းတိုင်းတာမရခြင်း၊ မြေပြင်၌ ကျူးကျော်သူများ ရှိနေခြင်းကြောင့် တိုင်းတာမရခြင်းမျိုးဖြစ်ပေါ်ပါက Block Map ပါစကေးဖြင့် အလျား၊ အနံများ ထည့်သွင်းပေးပြီး မြေစာရင်းရှိဧရိယာ အတိုင်း မြေတိုင်းမြေပုံထုတ်ပေးခြင်း ဆောင်ရွက်နိုင်သည်။
(၇) မြေစာရင်းတွင် ဧရိယာ၊ အတိုင်းအတာပါဝင်ခြင်းမရှိသေးသည့် ပါမစ်မြေ၊ လိုင်စင် မြေများ နှင့်ပတ်သက်၍ ပါမစ်၊ လိုင်စင်တွင် ဧရိယာ၊ အတိုင်းအတာပါပါက ၎င်းပါရှိ စာရင်းအတိုင်း မြေတိုင်းမြေပုံထုတ်ပေးရန်ဖြစ်သည်။
(၈) မြေတိုင်းတာရာ၌ Y.C.D.C မှစီမံခန့်ခွဲခွင့်ရှိသော မြေနေရာကို ပိုမို အသုံးပြုပါက ဖျက်သိမ်းစေရန်နှင့် ဖျက်သိမ်းပြီးမှသာ လျှောက်ထားမှု အပေါ် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်သည်။
(၉) မြေပြင်ရှိဧရိယာ၊ အတိုင်းအတာသည် မြေစာရင်းရှိထက် လျော့နည်းနေပါက ၎င်းမြေပြင် လျော့နည်းအတိုင်း လျှောက်ထားသူမှ ရယူမည် တင်ပြလာလျှင် ရုံးတွင်းမိန့်ထုတ်ပြန်၍ ဂရန်မူရင်း၊ မူရင်းခွဲနှင့် မြေပိုင်မြေဖြစ်ပါက အမည်ပေါက်လွှဲပြောင်း မှတ်တမ်း၊ မြို့မြေစာရင်းနှင့် မြို့ကွက်မြေပုံတို့တွင် ဧရိယာ၊ အတိုင်းအတာ ပြင်ဆင်မှတ်သားရန် ဖြစ်ပါသည်။
(၁ဝ) မြေပြင်၌ မြေစာရင်းဧရိယာထက်ပိုမိုအသုံးပြုထားပြီး ပိုသုံးထားသောမြေသည် အခြားဦးပိုင်မှဖြစ်ပါက ပိုမိုအသုံးပြုထားကြောင်းနှင့် ဘေးမြေကွက်ဦးပိုင်မှ မြေတိုင်းလျှောက်ထားပါက ပိုမိုအသုံးပြုထားသည့်မြေအား ကျူးလွန်ခြင်းပြမြေပုံ ပေးမည်ကိုသိရှိကြောင်း၊ ထိုနေရာတွင် အခိုင်အမာဆောက်လုပ်ခြင်းမရှိကြောင်း ခံဝန်ကတိယူ၍ မြေစာရင်း တွင် ၎င်း၏ ဝန်ခံကတိ ကိုမှတ်သားပြီး မြို့မြေစာရင်း ရှိဧရိယာ အတိုင်း မြေပုံမြေရာဇဝင်(C-map)၊ အတိုင်းအတာပါသော မြေပုံ(D-Map) ဆောင်ရွက်ရန်ဖြစ်ပါသည်။
(၁၁) မြေပြင်တိုင်းတာရာ၌ မြေစာရင်းနှင့် မြေပြင်ဧရိယာကိုက်ညီမှုရှိသော်လည်း ဌာန၏ မြို့ကွက် မြေပုံပါနှင့် မြေပြင်ရှိတည်ရှိမှုပုံသဏ္ဍန် ကွဲလွဲပြီး၊ ဘေးပတ်ဝန်းကျင် မြေကွက်များ၊ လမ်းတို့ကို ထိခိုက်မှု မရှိပါက လျှောက်ထားသူအား မြေပြင်ရှိ ဧရိယာဖြင့် ရယူလိုခြင်း ရှိ၊ မရှိ မေးမြန်းအတည်ပြုပြီး သဘောတူညီမှုရှိပါက ရုံးတွင်းအမိန့်ဖြင့် Block Map နှင့်ဂရန်အား ပြင်ဆင်ပေးနိုင်သည်။
(၁၂) မြေတိုင်းတာလျှောက်ထားခြင်းအားလုံးအတွက် မြေတိုင်းမြေပုံထုတ်ပေးရမည်။
(၁၃) မြေတိုင်းမြေပုံသည် လားရာ၌လမ်းများ၊ ချောင်း/မြောင်းများပါရှိပါက Block Map စကေးပါအတိုင်းပေများထည့်သွင်း ဖော်ပြရန်။
(၁၄) R2, R3, R4 မြေ၊ B မြေနှင့် ဥယျာဉ်ခြံမြေများကို တိုင်းတာပြီးနောက် သီးခြားမြေပုံ ထုတ်ပေးခြင်းမပြုဘဲ ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)ဝန်ခံချက်လက်မှတ် ဦးစွာလျှောက်ထားစေပြီး ဝန်ခံချက် လက်မှတ်ထုတ်ပေး သည့် အချိန်မှသာ မြေပုံပူးတွဲ ထုတ်ပေးရန်။
အခန်း (၁ဝ)
အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း)
၄၆။ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေငှားစာချုပ်(ဂရန်)မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ B မြေပိုင် မြေ၊ B လ/န ၃(ခ)မြေ၊ B လ/န ၃၉ မြေ၊ ၂ဝ၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)အရ ဝန်ခံချက်လက်မှတ်ရရှိပြီးမြေ၊ သို့မဟုတ် ၃(ခ)ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်)အမျိုးအစားများကို မြို့ကွက် မြေပုံနှင့်မြို့မြေစာရင်းတို့တွင် ခွဲစိတ်ပေးနိုင်ပြီး မြေကွက်ခွဲစိတ်ရာတွင် အောက်ပါအချက်များနှင့်အညီ ခွဲစိတ် ပေးနိုင်သည်-
(က) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံး ပေ ၂ဝ ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက်မျက်နှာစာမှာလည်း အနည်းဆုံး ပေ ၂ဝ ရှိရမည်၊
(ခ) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်တစ်ကွက်၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး စတုရန်းပေ - ၁၂ဝဝ ရှိရမည်၊
(ဂ) ခွဲစိတ်မည့်မြေကွက်အသုံးပြုရန်အတွက် အများပိုင်လမ်း သို့မဟုတ် ကိုယ်ပိုင် လမ်းမရှိပါက ခွဲစိတ်ရန် လျှောက်ထားသောမြေကွက်များသို့ ဝင်ထွက်သွား လာရန် အနည်းဆုံး ၁ဝပေ ချန်လှပ်သည့်လမ်း ပါရှိရမည်၊
(ဃ) မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ ကင်းလွတ်မှုရှိရမည်။
မှတ်ချက်။(၁) မြေငှားစာချုပ်(ဂရန်)မြေအမျိုးအစားမှအပ ကျန်မြေအမျိုးအစားများ အား ဧရိယာ ၁၂ဝဝ စတုရန်းပေ
မပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည်။(၂) စက်မှုဇုန်မြေများအတွက် စက်မှုဇုန်တစ်ခုအတွင်းရှိ ဧရိယာအနည်းဆုံးမြေကွက်ဧရိယာ ပြည့်မီမှသာ ခွဲစိတ်ပေးနိုင်သည်။တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သီးခြားညွန်ကြားချက်ရှိပါက ယင်းညွန်ကြားချက်အတိုင်း ခွဲစိတ်ပေးနိုင်သည်။
၄၇။ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၆ ပါ မြေများကို မြေကွက်ခွဲစိတ်အတည်ပြုချက်နှင့် မြေကွက်ခွဲစိတ် တိုင်းတာသည့်မြေပုံ လျှောက်ထားရယူလိုသူသည် အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားလာပါက ဌာနကသတ်မှတ်ထားသည့် လျှောက်လွှာ ပုံစံတို့နှင့်အတူ အောက်ပါအထောက်အထား မိတ္တူများကို တင်ပြလျှောက်ထားရမည်-
(က) မြေငှားစာချုပ်(ဂရန်)၊ အမည်ပေါက်စာချုပ် သို့မဟုတ် မှတ်ပုံတင်ထားသောစာချုပ်စာတမ်း များ၊
(ခ) မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့် ဒီကရီ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဃ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် နောက်ဆုံးပေးဆောင် ထားသော မြေငှားခပြေစာ၊
(င) ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်သက်တမ်းရှိသည့် မှန်ကန်ကြောင်းသက်သေခံ သည့် မြေကွက်ခွဲစိတ်မြေပုံ၊ မြေရာဇဝင်မူရင်းနှင့် အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ (D- Map)၊
(စ) ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အသိမှတ်ပြုလိုင်စင်ရ အင်ဂျင်နီယာ ရေးဆွဲထားသည့် လျှောက်ထားသူ လက်မှတ်ရေးထိုးထားသော မြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံသုံးစုံမူရင်း များ။
၄၈။ အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားလာပါက အောက်ပါ အတိုင်း စိစစ်ရမည်-
(က) ဌာနက သတ်မှတ်ထားသည့် လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်ထားခြင်း ရှိ၊ မရှိ၊
(ခ) လျှောက်ထားသူအား ဌာနက သတ်မှတ်ထားသည့်ဝန်ဆောင်ခများပေးသွင်းစေခြင်း ရှိ၊ မရှိ၊
(ဂ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံခြင်း၊
(ဃ) တင်ပြထားသော မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(င) မြေရာဇဝင်မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း-
(၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ သို့မဟုတ် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်း များ၏ ကန့်ကွက်တားမြစ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေပိုင်ဆိုင် မှုနှင့်ပတ်သက်သည့် တရားရုံးတွင် စစ်ဆေးဆဲအမှု ရှိ၊ မရှိ၊
(၅) မြေစာရင်းတွင် အခြားကန့်ကွက်ချက်များ ရှိ၊ မရှိ၊
(၆) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက် မှတ်ချက် ရှိ၊ မရှိ၊
(၇) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထား များနှင့် သက်ဆိုင်မှု ရှိ၊ မရှိ ။
(စ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
၄၉။ အထက်အပိုဒ် ၄၈ ပါအချက်များစိစစ်ပြီး ပြည့်စုံမှန်ကန်ပါက မြေကွက်ခွဲ အတည်ပြုပုံစံခွင့်ပြုရန်နှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံထုတ်ပေးရန် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-
(က) အတည်ပြု တိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားမှုများအား မြေတိုင်းမှ ကွင်းဆင်းတိုင်းတာစစ်ဆေးရန် ခွင့်ပြုချက်တောင်းခံခြင်းနှင့် မြေတိုင်းတာခြင်း၊
(ခ) မြေပြင်သို့ ကွင်းဆင်းတိုင်းတာစစ်ဆေးရာတွင် အောက်ပါအချက်အလက်များ ကို အခြေခံ၍ စိစစ်ခြင်း-
(၁) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင်ပါရှိသည့် ဧရိယာစုစုပေါင်းနှင့် မြေစာရင်းရှိ ဧရိယာ စုစုပေါင်းတို့ ကိုက်ညီမှု ရှိ၊ မရှိ၊
(၂) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင် ဝင်၊ ထွက်လမ်းသုံးစွဲမှုနှင့် ပတ်သက်၍ လမ်း အကျယ်အဝန်း လုံလောက်မှုရှိ၊ မရှိနှင့် လမ်းပေးမှု မှန်ကန်မှု ရှိ၊ မရှိ၊
(၃) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံနှင့် အသေးစိတ်တွက်ချက်မှု ပုံစံ(၃)စုံတို့တွင် မြေကွက်ခွဲစိတ်လို
သည့် မြေပိုင်ရှင်များ၏ သိရှိသဘောတူကြောင်း လက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိ၊
(၄) အဆိုပြု မြေကွက်ခွဲစိတ် အတည်ပြုပုံစံနှင့် အသေးစိတ်တွက်ချက်မှု ပုံစံတို့အား တွက်ချက်မှု မှန်ကန်မှု ရှိ၊ မရှိ
(၅) အဆိုပြု မြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင်ပါရှိသည့် မူလမြေကွက်နှင့် ခွဲစိတ်မည့် မြေကွက်များ၏ အတိုင်းအတာနှင့် မြေပြင်ရှိအတိုင်းအတာ တို့ ကိုက်ညီမှု ရှိ၊ မရှိ
(၆) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင် ပါရှိသည့် မြေကွက်ခွဲစိတ်မျဉ်း သည် မြေပြင်ရှိ အဆောက်အအုံများနှင့် ကင်းလွတ်မှု ရှိ၊ မရှိ၊
(ဂ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိပါက အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲ စိတ်ခြင်း) လျှောက်ထားမှုအပေါ် တာဝန်ခံမြေတိုင်းဌာနခွဲမှူးမှ (Checked by me) တံဆိပ် နှင့် လက်မှတ်ရေးထိုး၍ တင်ပြအတည်ပြုခွင့်ပြု မိန့်ကိုရယူခြင်းနှင့် ခွင့်ပြုခြင်း၊
(ဃ) မြေကွက်ခွဲစိတ်သည့် မူလမြေကွက်အား မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်း တို့တွင် ဦးပိုင်အသစ်ဖြင့် မြေတိုင်းမှခွဲစိတ်သတ်မှတ်ပြီး မြေကွက်ခွဲစိတ် တိုင်းတာသည့် မြေပုံ(၃)ပုံကို ရေးဆွဲ၍ တာဝန်ရှိသူအဆင့်ဆင့်က စိစစ် လက်မှတ်ရေးထိုးပြီးရေးဆွဲခြင်း၊
(င) လိုင်စင်ရ အဆိုပြုအင်ဂျင်နီယာပုံစံ(၃)စုံတွင် ထပ်ဆင့်လက်မှတ်ရေးထိုးရန် နှင့် ဌာနမှ သတ်မှတ်ထားသည့် ခွင့်ပြုပုံစံတို့တွင် မြေကွက်ခွဲစိတ်ခွင့်ပြုရန် အတွက် ဌာနမှူးထံ အဆင့်ဆင့်တင်ပြ၍ အတည်ပြုလက်မှတ်ရေးထိုးခြင်း၊
(စ) ဌာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက မြေကွက်ခွဲစိတ် အတည်ပြု ပုံစံ(၁)စုံနှင့် မြေကွက် ခွဲစိတ်တိုင်းတာသည့် မြေပုံ(၁)ပုံကို လျှောက်ထားသူအား ထုတ်ပေးခြင်း၊ မြေကွက်ခွဲအတည်ပြုပုံစံ(၁)စုံနှင့် ခွဲစိတ်တိုင်းတာ မြေပုံ(၁)ပုံကို မြေတိုင်းအဖွဲ့တွင်ထားရှိပြီး၊ ကျန်မြေကွက်ခွဲအတည်ပြုပုံစံ တစ်စုံနှင့် ခွဲစိတ်တိုင်းတာ မြေပုံ(၁)ပုံကို အမှုတွဲတွင်ထားရှိခြင်း နှင့် အမှုတွဲ ထိန်းခန်း၌ သိမ်းဆည်းခြင်း။
မှတ်ချက်။(၁) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်များကို (အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်းနိုင်သည်။
(၂) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက် များကို (အတည်ပြုတိုင်းခွဲ) မြေကွက်ခွဲစိတ်နိုင်သည်။
(၃) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်များကို (အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်းခွဲစိတ်နိုင် သည်။
(၄) မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် အစိတ်အပိုင်းဝယ်ယူပိုင်ဆိုင်သူမှ ၎င်း ပိုင်ဆိုင်သည့် မြေအစိတ်အပိုင်းအား (အတည်ပြုတိုင်းခွဲ) မြေကွက် ကို တစ်ဖက်သတ် ခွဲစိတ်နိုင်သည်။(မြေကွက်ခွဲစိတ်ခြင်းနှင့် မြေတိုင်းလျှောက်ထားစဉ်ကပင် သီးခြား သတင်းစာကြော်ငြာပြီးဖြစ်ရပါမည်)
(၅) မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် ဦးပိုင်မတူညီသော်လည်း မြေအမျိုး အစားတူညီ သည့် မြေကွက်အစိတ်အပိုင်းများအား ဝယ်ယူပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်သည့် မြေကွက်အစိတ်အပိုင်းများကို (အတည်ပြုတိုင်းခွဲ) ပေါင်းစည်းခွဲစိတ်နိုင်သည်။(မြေကွက်ခွဲစိတ်ခြင်းနှင့်မြေတိုင်း လျှောက်ထားစဉ်ကပင် သီးခြား သတင်းစာကြော်ငြာ ပြီးဖြစ်ရပါမည်။)
(၆) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်နှင့် အခြားဦးပိုင်မြေကွက်၏ အစိတ်အပိုင်း သို့မဟုတ် မြေကွက်တစ်ကွက်လုံးအား မှတ်ပုံတင်စာချုပ်ဖြင့်ပိုင်ဆိုင်ပါကလည်း မြေအမျိုးအစားတူညီပါက (အတည်ပြု တိုင်းခွဲ) ပေါင်းစည်း/ပေါင်းခွဲ ခွဲစိတ်နိုင်သည်။
အခန်း (၁၁)
မြေငှားစာချုပ်(ဂရန်)ခွဲလျှောက်ထားခြင်း
၅ဝ။ ဌာနသည် နှစ်သက်တမ်းအပိုင်းအခြားအလိုက် ထုတ်ပေးထားသော သက်တမ်း မကုန်ဆုံးသေးသည့် မြေငှားစာချုပ်(ဂရန်)ကို ခွဲစိတ်ပြီးနောက် မြေငှားစာချုပ်(ဂရန်)ခွဲများ ထုတ်ပေးနိုင်သည်။
၅၁။ လျှောက်ထားသူသည် ဌာနက သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ အောက်ပါ အထောက်အထားမိတ္တူများကို တင်ပြလျှောက်ထားရမည်-
(က) မြေငှားစာချုပ်(ဂရန်)၊
(ခ) မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ သို့မဟုတ် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာ သို့မဟုတ် နိုင်ငံပိုင်/ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်/ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းပေးသော မြေလွှဲပြောင်းခြင်းဆိုင်ရာအမိန့်စာ၊
(ဂ) မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့် ဒီကရီ၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(င) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် သို့မဟုတ် နောက်ဆုံးပေးဆောင်ထားသော မြေငှားခပြေစာ၊
(စ) မြေကွက်ခွဲစိတ်အတည်ပြုပုံစံ ခွင့်ပြုချက်(၁)စုံ၊
(ဆ) မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံ(၁)စောင်။
၅၂။ ဌာနသည် လျှောက်ထားလာသည့်အပေါ် အောက်ပါအတိုင်း စိစစ်ရမည်-
(က) ဌာနက သတ်မှတ်ထားသည့်လျှောက်လွှာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း ရှိ၊မရှိ၊
(ခ) တင်ပြအထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) လျှောက်ထားသူအား ဌာနကသတ်မှတ်ထားသည့် မြေငှားစာချုပ်(ဂရန်)ခွဲဝန်ဆောင်ခ၊ အမည်ပြောင်းဝန်ဆောင်ခ (အမည်ပေါက်ကိုယ်တိုင်က လျှောက် ထားခြင်းမဟုတ်ပါက) ပေးသွင်းစေခြင်းနှင့် မြေငှားစာချုပ်(ဂရန်) စာအုပ် တန်ဘိုး ပေးသွင်းစေခြင်း၊
(ဃ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံခြင်း၊
(င) တင်ပြထားသော မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ၊ မရှိ၊
(စ) မြေရာဇဝင်မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း-
(၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ၊ မရှိ၊
(၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ သို့မဟုတ် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်း များ၏ ကန့်ကွက်တားမြစ်ချက် ရှိ၊ မရှိ၊
(၄) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက် သည့် တရားရုံးတွင် စစ်ဆေးဆဲအမှု ရှိ၊ မရှိ၊
(၅) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထား များနှင့် သက်ဆိုင်မှု ရှိ၊ မရှိ၊
(ဆ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊
(ဇ) မြေတိုင်းမှ ခွဲစိတ်ပေးခဲ့သည့်အတိုင်းအတာနှင့် မြေပြင်ကိုက်ညီမှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးရန်နှင့် အစီရင်ခံတင်ပြခြင်း၊
(ဈ) မြေအမည်ပေါက်မှ လျှောက်ထားခြင်းဖြစ်ပါက ဂရန်ခွဲ ခွင့်ပြုရန်အတွက် ဌာနမှူးထံ အဆင့်ဆင့်အမိန့်တောင်းခံခြင်း၊
(ည) မြေငှားစာချုပ်(ဂရန်)အမည်ပေါက်သူကိုယ်တိုင်မှ လျှောက်ထားခြင်းမဟုတ်ပဲ မှတ်ပုံတင် စာချုပ်ဖြင့်ရရှိသူမှ လျှောက်ထားခြင်းဖြစ်ပါက မြန်မာ့အလင်း သို့မဟုတ် ကြေးမုံ သတင်းစာနှင့် မြို့တော်သတင်းစာနှစ်စောင်တွင် ကန့်ကွက် ရန် ရှိ၊ မရှိ ကြော်ငြာခြင်း၊ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူ မရှိပါက အဆင့်ဆင့်စိစစ်၍ ဌာနမှူး၏ ခွင့်ပြုချက် ရယူခြင်း၊
(ဋ) ဂရန်ခွဲခွင့်ပြုပါက ဂရန်စာအုပ်တောင်းခံခြင်းနှင့် ဂရန်စာအုပ်တွင် မြေတိုင်းမှ ခွဲစိတ်ပြီးသည့် မြေကွက်၏ အတိုင်းအတာပါသည့် မြေပုံရေးဆွဲခြင်း၊
(ဌ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့်သက်သေတို့ကို မြေငှား စာချုပ်များပေါ် တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ဍ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်ဥပဒေ အရသတ်မှတ်ထားသောနှုန်းထားအတိုင်း အထူးကပ် တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန်မူရင်းခွဲ (ရုံးလက်ခံ)အား သက်ဆိုင်ရာ အမှုတွဲတွင်ပူးတွဲထားရှိခြင်း၊
(ဎ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း
နှင့် ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်းနှင့် မြေငှားခစည်းကြပ် ကောက်ခံနိုင်ရန်အတွက် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲအား ပေးပို့ခြင်း။
မှတ်ချက်။(၁) မြေငှားစာချုပ်(ဂရန်)ခွဲထုတ်ပေးသည့်အခါတွင် မူရင်းမြေငှားစာချုပ် (ဂရန်)၌ ခွဲထုတ် ပေးသည့်ဧရိယာကို ခွဲထုတ်မှတ်သားပေးရန်နှင့် ခွဲကျန်မြေငှားစာချုပ်(ဂရန်)ဆိုပါက အဆိုပါမြေငှားစာချုပ်(ဂရန်)ကိုပြန်လည် အပ်နှံရန်။
(၂) ခွဲကျန်ဂရန်များကို မြေပုံမြေရာဇဝင်ရေးကူးပေးခြင်းမပြုဘဲ ဂရန်ခွဲ ဦးစွာလျှောက် ထားရန်။
(၃) မည်သည့်နှစ်သက်တမ်းဖြင့် ထုတ်ပေးထားသည့် မြေငှားစာချုပ်(ဂရန်) ဖြစ်စေ ဂရန်ခွဲ လျှောက်ထားလာပါက မူလဂရန်ထုတ်ပေးရက်စွဲမှစ၍ လက်ရှိကာလအထိ သက်တမ်းကို နှုတ်ပယ်ပြီး မူလဂရန်၏ ကျန် သက်တမ်း အတိုင်းသာ ဂရန်ခွဲထုတ်ပေးရန်။
အခန်း (၁၂)
အခွန်လွတ်သာသနာ့မြေ(ပတ္တာစာချုပ်)လျှောက်ထားခြင်း
၅၃။ မည်သည့် မြေအမျိုးအစားပင်ဖြစ်စေ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာဖြင့် အခွန်လွတ် သာသာနာ့မြေအဖြစ် အသုံးပြုရန် ခွင့်ပြုချက်ရရှိသူ၊ ကျောင်း၊ ဘာသာရေးအဖွဲ့အစည်းတို့အနေဖြင့် လျှောက်ထားနိုင်ပြီး အခွန်လွတ်သာသနာ့မြေ(ပတ္တာစာချုပ်) လျှောက်ထားရာတွင် ဤဌာန၏သတ်မှတ်ပုံစံနှင့် အတူ အောက်ပါအထောက်အထားမိတ္တူ များကို တင်ပြလျှောက်ထားရမည်-
(က) ပြည်ထဲရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာ၊
(ခ) လျှောက်ထားသူ၏သာသနာဝင်မှတ်တမ်း။
၅၄။ အခွန်လွတ်သာသာနာ့မြေ (ပတ္တာစာချုပ်)ထုတ်ပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ် ရမည်-
(က) ဌာနမှသတ်မှတ်ပေးထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက် ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် အထောက်အထားများမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ခ) ပြည်ထဲရေးအမိန့်ပါကျောင်း၏ ဌာနသို့ လျှောက်ထားစာ၊
(ဂ) မြေတိုင်းမှ ကွင်းဆင်းစစ်ဆေး၍ မြို့တော်နယ်နိမိတ် အတွင်းကျရောက်ခြင်း ရှိ၊ မရှိနှင့် ပြည်ထဲရေးအမိန့်ကြော်ငြာစာပါ အခွန်လွတ်သာသနာ့ မြေ အဖြစ်အသုံးပြုရန် သတ်မှတ် သည့်မြေဧရိယာအား မြေပြင်တွင် တိုင်းတာ စစ်ဆေးခြင်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည် တင်ပြခြင်း၊
(ဃ) ပြည်ထဲရေးအမိန့်ကြော်ငြာစာပါမြေဧရိယာအား အခွန်လွတ်သာသနာ့မြေ (ပတ္တာစာချုပ်) အဖြစ်အသုံးပြုရန် သတ်မှတ်သည့် မြေဧရိယာနှင့် ကိုက်ညီ ပါက ဌာနမှူးထံ အဆင့်ဆင့် အမိန့် တောင်းခံခြင်းနှင့် ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြခြင်း၊
(င) ကော်မတီဝင်များအစည်းအဝေးမှ ခွင့်ပြုပါက အခွန်လွတ်သာသနာ့မြေ (ပတ္တာစာချုပ်) တောင်းခံခြင်းနှင့်ထုတ်ပေးခြင်း၊
(စ) အခွန်လွတ်သာသနာ့မြေ(ပတ္တာစာချုပ်)မူရင်းခွဲကို သက်ဆိုင်ရာအမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် ပေးပို့ခြင်းနှင့် ရုံးလက်ခံကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိခြင်း၊ အခွန်လွတ် သာသနာ့မြေ(ပတ္တာစာချုပ်)ထုတ်ပေးပြီးသည့် အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်းနှင့် ကွန်ပျူတာ မှတ်တမ်းတွင် မှတ်သား ခြင်း၊
မှတ်ချက်။(၁) ပြည်ထဲရေးအမိန့်ကြော်ငြာစာပါ အခွန်လွတ်သာသနာ့မြေ သတ်မှတ် သည့်ဧရိယာသည် မြေပြင်ဧရိယာနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထား ပါကျောင်းသို့ ဆက်ကပ်လျှောက်ထားခြင်းနှင့် ပြည်ထဲရေးဝန်ကြီး ဌာနသို့ ဧရိယာကွဲလွဲခြင်းနှင့်ပတ်သက်၍ ပြန်လည်တင်ပြညှိနှိုင်းဆောင်ရွက်ရန်။
(၂) မူလမြေသည် မြေငှားစာချုပ်(ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ်(ဂရန်) မူရင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန သို့ ပြန်လည်အပ်နှံရန်။
(၃) ပြည်ထဲရေး အမိန့်ကြော်ငြာစာသည် အခွန်လွတ်သာသနာ့မြေ မဟုတ်ဘဲ သာသနာ့ မြေအဖြစ်သက်သက်သာ ကြော်ငြာသည့် အမိန့် ဖြစ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန်-
(က) မြေစာရင်းတွင်ရှိသည့် မြေအမျိုးအစားတွင်(သာသနာ့မြေ)အဖြစ် ထည့်သွင်း မှတ်သားရန်နှင့် Block Map တွင် မြစိမ်းရောင် အနားသတ်ဆေးခြယ် မှတ်သားရန်၊
(ခ) သာသာနာ့မြေအဖြစ်ခွင့်ပြုပေးသည့် ခွင့်ပြုချက်ရရှိသူ၊ ကျောင်း၊ ဘာသာရေးအဖွဲ့အစည်းအမည်ဖြင့် မြေစာရင်းတွင်အမည်ပေါက် ထည့်သွင်း မှတ်သားပေးရန်၊
(ဂ) သာသနာ့မြေအဖြစ်သာ အမိန့်ကြော်ငြာစာရရှိခြင်းသည် မူလမြေ၏ အစိတ်အပိုင်းဖြစ်ပါက မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာ၍ အစီရင်ခံတင်ပြခြင်း၊ ခွင့်ပြုချက် အဆင့်ဆင့်ရယူဆောင်ရွက်ခြင်း၊ ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခြင်းများ ဆောင်ရွက်ပြီးနောက် မူလမြေစာရင်းမှ ခွဲထုတ်၍ မြေစာရင်းတွင် မှတ်သားပေးရန်။
အခန်း(၁၃)
အခွန်လွတ်ဗုဒ္ဓသိမ်မြေလျှောက်ထားခြင်း
၅၅။ အခွန်လွတ်သာသနာ့မြေအဖြစ် သတ်မှတ်ပြီးမြေအတွင်းရှိမြေကိုသာ လျှောက်ထား ခွင့်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ဗုဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်ရပါမည်။
၅၆။ ပြည်ထဲရေးဝန်ကြီးဌာနမှ ဗုဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုံဂါမ သီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်
သည့် အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့်နေရာအား သိမ်ဒါယိကာ၊ ဒါယိကာမအဖြစ်ခန့်အပ်ခြင်းခံရသည့် လူပုဂ္ဂိုလ်မှအောက်ပါအထောက်အထား မိတ္တူတို့ဖြင့် လျှောက်ထားရမည်-
(က) ပြည်ထဲရေးဝန်ကြီးဌာနမှ အခွန်လွတ်ဗုဒ္ဓသိမ်မြေ အဖြစ်သတ်မှတ်သည့် အမိန့် ကြော်ငြာစာ၊
(ခ) အခွန်လွတ်သာသနာ့မြေ(ပတ္တာစာချုပ်)၊
(ဂ) လျှောက်ထားသည့် သိမ်ဒါယိကာ၊ ဒါယိကာမ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အမျိုးသား မှတ်ပုံတင်ကတ်ပြား၊
(ဃ) အဆိုပြုတင်ပြခဲ့သည့် မရွေ့လျားနိုင်သော ချုပ်ကြိုးပါသည့်မြေပုံနှင့် လားရာများပါသည့် သိမ်တည်နေရာ၏ မြေတိုင်းမြေပုံ၊
(င) လျှောက်ထားသည့်သိမ်မြေ၏ (၄)ဘက်မြင်မှတ်တမ်းဓါတ်ပုံများ။
၅၇။ သိမ်ဒါယိကာ၊ ဒါယိကာမမှ လျှောက်ထားမှုအပေါ် အခွန်လွတ်ဗုဒ္ဓသိမ်မြေထုတ်ပေးရန် ဌာနမှ အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-
(က) ဌာနမှသတ်မှတ်ပေးထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက် ထားခြင်း ရှိ၊ မရှိ၊
(ခ) အထောက်အထားများကို မူရင်းမိတ္တူတိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊
(ဂ) ပြည်ထဲရေးအမိန့်ပါကျောင်း၏ ဌာနသို့ လျှောက်ထားစာ ပါဝင်ခြင်း ရှိ၊ မရှိ၊
(ဃ) မြေတိုင်းမှကွင်းဆင်းစစ်ဆေး၍ မြို့တော်နယ်နိမိတ်အတွင်း ကျရောက်ခြင်း ရှိ၊ မရှိ နှင့် ပြည်ထဲရေးအမိန့်ကြော်ငြာစာပါ အခွန်လွတ်ဗုဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန် သတ်မှတ်သည့် မြေဧရိယာအား ဌာနမှထုတ်ပေးထားသည့် ချုပ်ကြိုးပါသည့် လားရာပါမြေပုံပါ ဧရိယာနှင့်မြေပြင်ကိုက်ညီမှု ရှိ၊ မရှိ၊ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊
(င) ပြည်ထဲရေးအမိန့်ကြော်ငြာစာပါ မြေဧရိယာအား အခွန်လွတ်ဗုဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်သတ်မှတ်သည့် မြေဧရိယာနှင့် ကိုက်ညီပါက ဌာနမှူးထံ အဆင့်ဆင့်အမိန့်တောင်းခံ ခြင်းနှင့်ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခြင်း၊
(စ) ကော်မတီဝင်များအစည်းအဝေးမှ ခွင့်ပြုပါက ဝိသုံဂါမသိမ်အဖြစ် အသုံးပြုရန် အသီးအခြား မြေပေးအမိန့်ထုတ်ပေးရန်တင်ပြတောင်းခံခြင်းနှင့်ထုတ်ပေးခြင်း၊
(ဆ) ဝိသုံဂါမသိမ်အဖြစ် အသုံးပြုရန် အသီးအခြားမြေပေး အမိန့်မူရင်းခွဲကို သက်ဆိုင်ရာ အမှုတွဲထိန်းသို့ စနစ်တကျထိန်းသိမ်းထားရှိရန် ပေးပို့ခြင်းနှင့်ရုံးလက်ခံကို သက်ဆိုင်ရာ အမှုတွဲတွင် ပူးတွဲထားရှိခြင်း၊ ဝိသုံဂါမသိမ် အဖြစ် အသုံးပြုရန် အသီးအခြားမြေပေး အမိန့်ထုတ်ပေးပြီးသည့်အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း အခွန်လွတ်သာသနာ့မြေ (ပတ္တာစာချုပ်)၊ မြို့မြေစာရင်းနှင့်မြို့ကွက်ကျမြေပုံ(Block Map)တွင် ခွဲထုတ်မှတ်သားထား ခြင်းနှင့် ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်း၊
မှတ်ချက်။(၁) ပြည်ထဲရေးအမိန့်ကြော်ငြာစာပါ အခွန်လွတ်ဗုဒ္ဓသိမ်မြေသတ်မှတ်သည့် ဧရိယာသည် မြေပြင်ဧရိယာနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားသူသို့ သဘောထားရယူခြင်းနှင့်ပြည်ထဲရေးဝန်ကြီးဌာနသို့ ဧရိယာကွဲလွဲခြင်းနှင့်ပတ်သက်၍ ပြန်လည်တင်ပြ ညှိနှိုင်းဆောင်ရွက်ရန်။
(၂) ကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ မထုတ်ပြန်မီ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အခွန်လွတ်ဗုဒ္ဓသိမ်မြေအဖြစ် လျှောက်ထားမှုအား မြေပုံ၊ မြေရာဇဝင်တောင်းရာတွင် ဌာနမှ ချုပ်ကြိုးပါသည့် လားရာပါ မြေပုံရေးဆွဲပေးပို့ပြီးဖြစ်ရန်။
အခန်း (၁၄)
ကန့်ကွက်လွှာတင်ပြခြင်းအပေါ်ဆောင်ရွက်ခြင်း
၅၈။ မြေစီမံခန့်ခွဲမှုကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ကာယကံရှင် ကိုယ်တိုင်မဟုတ်ပါက မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာ (အထူးကိုယ်စား လှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ် လွှဲစာ)ရရှိသူတို့မှ ကန့်ကွက်လိုပါက အောက်ပါအထောက်အထားတစ်ခုခုဖြင့် ကန့်ကွက်လွှာတင်သွင်း ရမည်-
(က) မြေပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် တစ်နည်းနည်းဖြင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်ရရှိနိုင်သည့် အထောက်အထား၊
(ခ) တရားရုံးမှ ထုတ်ပေးထားသည့် ယာယီတားဝရမ်း သို့မဟုတ် ထာဝရတားဝရမ်း၊
(ဂ) တရားရုံးတွင် အမှုရင်ဆိုင်နေဆဲဖြစ်ကြောင်း အထောက်အထား၊
(ဃ) တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်နေသည့် အထောက်အထား၊
(င) တရားရုံးမှထုတ်ပေးထားသည့် အမွေဆက်ခံခွင့်အမိန့်နှင့် စီမံခန့်ခွဲခွင့်အမိန့်၊
မှတ်ချက်။ အထက်အပိုဒ်(၅၈)တွင် ဖော်ပြထားသည့် အထောက်အထားများကို ကန့်ကွက်သူမှ တင်ပြနိုင်ခြင်းမရှိပါက ကန့်ကွက်လွှာအား လက်ခံဆောင်ရွက်ပေးခြင်းမပြု(မပြု)။
၅၉။ ကန့်ကွက်ချက်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း စိစစ်ရမည်-
(က) မြေစီမံခန့်ခွဲမှုကိစ္စရပ်တစ်ခုခု လျှောက်ထားမှုမရှိသော်လည်း ကြိုတင် ကန့်ကွက်စာ တင်သွင်းခြင်းကိစ္စအပေါ် စိစစ်ခြင်း-
(၁) ကန့်ကွက်လာသည့် မြေသည် မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်းတွင် မှတ်သားထားမှု ရှိ၊ မရှိ၊
(၂) ကန့်ကွက်သူ တင်ပြသည့် အထောက်အထားများသည် ကန့်ကွက်သည့်မြေနှင့် သက်ဆိုင်မှု ရှိ၊ မရှိ၊
(၃) ကန့်ကွက်သူတင်ပြသည့် အထောက်အထားများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း၊
(၄) ကန့်ကွက်သူမှ မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် ခိုင်လုံသောအထောက် အထားများ သို့မဟုတ် တရားရုံးတွင်မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ရင်ဆိုင်နေသည့် အထောက်အထားများဖြင့် တင်ပြကန့်ကွက်ခြင်း ဖြစ်ပြီး မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်းကိုက်ညီပါက မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံစာရင်းတွင် မှတ်သားနိုင်ရန်အတွက် မှတ်သားမည့်အကြောင်းအရာနှင့်အတူ ခွင့်ပြုမိန့်တောင်းခံခြင်းနှင့် မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံစာရင်းတွင် ကန့်ကွက်ချက်အား မှတ်သားခြင်း၊
(ခ) မြေစီမံမှုကိစ္စရပ်တစ်ခုခု လျှောက်ထားလာမှုအား ကန့်ကွက်စာ တင်သွင်း ခြင်းကိစ္စအပေါ် စိစစ်ရမည့်အချက်များ-
(၁) ကန့်ကွက်လာသည့်မြေသည် မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်းတွင် မှတ်သားထားမှု ရှိ၊ မရှိ၊
(၂) ကန့်ကွက်သူ တင်ပြသည့် အထောက်အထားများသည် ကန့်ကွက် သည့် မြေနှင့် သက်ဆိုင်မှု ရှိ၊ မရှိ၊
(၃) ကန့်ကွက်သူ တင်ပြသည့် အထောက်အထားများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး ခြင်း၊
(၄) ကန့်ကွက်သူမှ ခိုင်မာသည့် အထောက်အထားများဖြင့် တင်ပြလာ ပါက ကန့်ကွက်ခြင်းခံရသူ(လျှောက်ထားသူ)ထံသို့ ရှင်းလင်းချက်တောင်းခံခြင်း၊
(၅) ကန့်ကွက်ခြင်းခံရသူ (လျှောက်ထားသူ)အား ခိုင်လုံသောအထောက် အထားများဖြင့် ဖြေရှင်းတင်ပြစေခြင်းနှင့် တင်ပြလာပါက ကန့်ကွက် သူထံ ကန့်ကွက်မှုကို ဌာနမှ လက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ကျိုးကြောင်းရှင်းလင်းဖော်ပြ ပြန်ကြားခြင်း၊
(၆) ကန့်ကွက်သူမှ ကျေနပ်လက်ခံခြင်းမရှိပါလျှင် ပိုင်ဆိုင်မှုနှင့်ပတ် သက်၍ တရားရုံး တွင် အဆုံးအဖြတ်ရယူစေရန် အကြောင်းကြားစာပေးပို့ခြင်းနှင့် အချိန်ကာလ သတ်မှတ်ပေးခြင်း၊
(၇) သတ်မှတ်ထားသော ကာလအတွင်း တရားရုံး၌ရင်ဆိုင်နေသည့် အထောက်အထားတစ်ရပ်ရပ် သို့မဟုတ် တားဝရမ်း တင်ပြခြင်းမရှိ ပါက ကန့်ကွက်သူ၏ ကန့်ကွက်မှု ကိုလက်ခံခြင်းမပြုဘဲ လျှောက် ထားသူ၏ လျှောက်ထားခြင်းအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက ကန့်ကွက်ခံရသူနှင့် ကန့်ကွက်သူတို့အား ဌာနသို့ဆင့်ခေါ်၍ ရှင်းလင်းပြောကြား မှတ် တမ်းရယူထားခြင်း၊
(၈) ကန့်ကွက်သူမှ ခိုင်လုံသောအထောက်အထားများဖြင့် တင်ပြကန့်ကွက်ခြင်းဖြစ်ပါက မြို့မြေစာရင်းတွင် မှတ်သားနိုင်ရေး အတွက် ဌာနမှူး၏ခွင့်ပြုမိန့်တောင်းခံ ခြင်းနှင့် ကန့်ကွက်ခံရသူ၏ လျှောက်ထားမှုအား ယာယီဆိုင်းငံ့ထားရန် သို့မဟုတ် ပိတ်သိမ်းရန် အတွက် ဌာနမှူး၏ ခွင့်ပြုမိန့်တောင်းခံခြင်း၊
(၉) ကန့်ကွက်သူမှ ယင်း၏ကန့်ကွက်ချက်အား ရုပ်သိမ်းမည်ဆိုပါက ဌာနသို့ ကိုယ်တိုင်လာရောက်၍ သက်ဆိုင်ရာ အရာရှိတစ်ဦးဦး ရှေ့မှောက်တွင် ရုပ်သိမ်း ကြောင်းလက်မှတ်ရေးထိုးရမည်၊ ကန့်ကွက်သူ သည် ဌာနသို့ ကိုယ်တိုင်လာ ရောက် ရုပ်သိမ်းနိုင်ခြင်းမရှိကြောင်း ကျန်းမာရေးကြောင့်ဖြစ်စေ၊ အသက်အရွယ် အရဖြစ်စေ၊ မသန်စွမ်းမှု အရဖြစ်စေ အထောက်အထားတစ်ခုခု တင်ပြလာနိုင်လျှင် သတ်မှတ်ထားသည့် ဝန်ဆောင်ခ ပေးသွင်းစေ၍ သက်ဆိုင်ရာအရာရှိ တစ်ဦးဦး မှ ကန့်ကွက်သူထံ ကိုယ်တိုင်သွားရောက်ပြီး ကန့်ကွက်ချက် ရုပ်သိမ်း ကြောင်းလက်မှတ်ရယူ၍ တင်ပြစေခြင်း၊
(၁ဝ) မူလ ကန့်ကွက်စဉ်ကပင် ကန့်ကွက်သူမှ တရားစွဲဆိုထားသော အထောက်အထား တင်ပြထားပါက ကန့်ကွက်ချက်ရုပ်သိမ်းသည့်အခါ သက်ဆိုင်ရာတရားရုံး၏ အမှုပိတ်သိမ်းပြီးကြောင်း အထောက်အထား တစ်ရပ်ရပ်တင်ပြစေခြင်း။
မှတ်ချက်။(၁) ကန့်ကွက်သူနှင့် ကန့်ကွက်ခံရသူတို့၏ တရားစွဲဆိုမှုတွင် ပါဝင်ခြင်း မရှိဘဲ မှတ်ပုံတင်စာချုပ်စာတမ်းတစ်ရပ်ရပ်ဖြင့် ပိုင်ဆိုင်ခွင့်ရရှိသူ တစ်ဦးဦးက မြေစီမံခန့်ခွဲမှုများ လျှောက်ထားမှုတွင် ယင်းမြေသည် ကန့်ကွက်သူနှင့် ကန့်ကွက်ခံရသူ တို့၏ တရားရုံးတွင် အငြင်းပွားနေသည့်မြေဖြစ်ပါက လျှောက်ထားသူသည် တရားစွဲဆိုမှုများတွင် ပါဝင်ခြင်းမရှိသော်လည်း ဆောင်ရွက်ပေးရန် သင့်/မသင့် ကို ဥပဒေ အကြံဉာဏ်ရယူ ဆောင်ရွက်ရန်။
(၂) လျှောက်ထားသူနှင့် ကန့်ကွက်သူတို့မှ တင်ပြလာသည့် အထောက် အထားများအရ ထပ်မံ စိစစ်ရန်လိုအပ်ပါက လိုအပ်ချက်များတောင်းခံ ပြီး ထပ်မံစိစစ်ရန်။
အခန်း(၁၅)
အယူခံဝင်ခြင်း
၆ဝ။ ဌာနမှူးက ချမှတ်သောအမိန့်ကို ကျေနပ်မှုမရှိပါက ရက်ပေါင်း(၃ဝ)အတွင်း ရုံး အကြီးအကဲထံ အယူခံဝင်ရောက်နိုင်သည်။ အယူခံလွှာနှင့်အတူ အောက်ပါအထောက်အထား များ ပူးတွဲတင်ပြရမည်-
(က) အယူခံဝင်သူက လက်မှတ်ရေးထိုးထားသည့်အယူခံလွှာ၊
(ခ) ဌာန၏ ဆုံးဖြတ်ချက်ပြန်ကြားစာမိတ္တူတစ်စောင်၊
(ဂ) နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
(ဃ) အယူခံလွှာတင်သူက တင်ပြလိုသည့် အခြားအထောက်အထားများ၊
၆၁။ ရုံးအကြီးအကဲသည် အယူခံလွှာတင်ပြလာသည့် အမှုတွဲအား တောင်းယူစိစစ် ရမည်။ ဌာနမှူးသည် ရုံးအကြီးအကဲက အမိန့်ချမှတ်နိုင်ရေးအတွက် အယူခံလွှာတင်သွင်း သည့် အမှုနှင့်ဆက်စပ်သည့် စာရွက်စာတမ်း အထောက်အထားများနှင့်အတူ အမှုဖြစ်စဉ် အကျဉ်းချုပ်ကို တင်ပြရမည်။
၆၂။ ရုံးအကြီးအကဲသည် အယူခံမှုနှင့်ပတ်သက်၍ လိုအပ်သလိုစိစစ်ပြီး အမိန့်ချမှတ် နိုင်သည်။ ယင်း အမိန့်ကို လျှောက်ထားသူထံပြန်ကြားရမည်။
၆၃။ ရုံးအကြီးအကဲ၏အမိန့်ကို အယူခံဝင်သူက ကျေနပ်မှုမရှိလျှင် ကော်မတီသို့ရက်ပေါင်း ၆ဝ အတွင်း အယူခံလွှာ တင်သွင်းနိုင်သည်။ တင်သွင်းရာတွင် အောက်ပါအထောက် အထားများ ပူးတွဲတင်ပြ ရမည်-
(က) အယူခံဝင်သူက လက်မှတ်ရေးထိုးထားသည့်အယူခံလွှာ၊
(ခ) ဌာန၏ ဆုံးဖြတ်ချက်ပြန်ကြားစာမိတ္တူတစ်စောင်၊
(ဂ) ရုံးအကြီးအကဲက ချမှတ်သည့်အမိန့်ပြန်ကြားစာမိတ္တူတစ်စောင်၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြားမိတ္တူ၊
(င) အယူခံလွှာတင်သူက တင်ပြလိုသည့် အခြားအထောက်အထားများ၊
၆၄။ ကော်မတီသည် အယူခံမှုကိုလက်ခံရရှိသည့်အခါ အမှုတွဲများကိုတောင်းယူစိစစ်၍ ဆုံးဖြတ်ချက် ချမှတ်ရမည်။
၆၅။ ကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။
မှတ်ချက်။ ရုံးအကြီးအကဲက အယူခံလွှာအပေါ်ချမှတ်သည့်အမိန့်နှင့် ကော်မတီက အယူခံလွှာအပေါ် ချမှတ်သည့်အမိန့်များကို အယူခံလွှာတင်သွင်းသူသို့ ပြန်ကြားရာတွင် ကော်မတီမှ ပြန်ကြားနိုင်ရေးအတွက် ဌာနကပြုစုပြီး ကော်မတီရုံးသို့ပေးပို့ရမည်။
အခန်း(၁၆)
ကော်မတီပိုင်မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲခြင်းလုပ်ထုံးလုပ်နည်း
၆၆။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာနည်းဥပဒေ ၄ဝ အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲခြင်းလုပ်ထုံးလုပ်နည်းနှင့်အညီ ကော်မတီသည်မိမိစီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားနည်းဖြင့်လွှဲပြောင်းခြင်းများကို လုပ်ဆောင် ရာတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်းအတွက် မြေပြင်သို့ပဏာမ ကွင်းဆင်းတိုင်းတာခြင်းကိုဆောင်ရွက်ခြင်း၊
(ခ) ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် အတိုင်းအတာပါသော မြေပုံကို ပူးတွဲ၍ ဌာနမှူးထံ တင်ပြခြင်း၊
(ဂ) ဌာနမှူး သို့မဟုတ် ဌာနမှူးက တာဝန်ပေးအပ်သော အရာရှိနှင့်အဖွဲ့မှ ထပ်မံကွင်းဆင်း စစ်ဆေးတိုင်းတာခြင်း၊
(ဃ) သက်ဆိုင်ရာကော်မတီဝင်၏ အတည်ပြုချက်ရရှိသည့်အခါ ကော်မတီ အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူခြင်း။
အခန်း(၁၇)
အထွေထွေ
၆၇။ စီမံချက်ကာလတွင်ရရှိခဲ့သည့် စီမံချက်ဂရန်များတွင် မြေပိုပါရှိနေပြီး မြို့မြေစာရင်းတွင် စာရင်း မဝင်သေးပဲ မြေပိုငွေသွင်းချလံမူရင်းတင်ပြနိုင်ပါက ကွင်းဆင်းစစ်ဆေး၍ မြေပြင်တွင် အသုံးပြုထားမှု မှန်ကန်ပါက ဂရန်မူရင်းနှင့် မြေစာရင်းတွင် ဒဏ်ကြေး၊ ဝန်ဆောင်ခထပ်မံကောက်ခံခြင်းမပြုဘဲ ခွင့်ပြုနိုင်ရေး အတွက် ကော်မတီဝင်များအစည်းအဝေးသို့တင်ပြပြီးနောက် ရုံးတွင်းအမိန့်ထုတ်ပြန်၍ မြေပိုကိုထည့်သွင်း ပေးရမည်။
၆၈။ စီမံချက်ဂရန်တွင်မြေပိုပါဝင်နေပြီး မြေစာရင်းတွင် ၎င်းမြေပို မဝင်သေးပဲ၊ ငွေသွင်းချလံမူရင်း မတင်ပြနိုင်လျှင် ကွင်းဆင်းစစ်ဆေးပြီး မြေပိုအသုံးပြုမှုမှန်ကန်ပါက ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြ ပြီး သက်ဆိုင်ရာမြို့နယ် အလိုက်သတ်မှတ်ထားသော ရိုးရိုးဂရန်ကောက်ခံသည့် နှုန်းထားဖြင့်တွက်ချက် ငွေသွင်းစေပြီး ဂရန်မူရင်းနှင့် မြေစာရင်းတို့တွင် မြေပိုထည့်သွင်းပေးရန် ဖြစ်ပါသည်။
၆၉။ ဌာနမှ တာဝန်အရ ဆောင်ရွက်ထားသည့် မှတ်တမ်းများ၊ စာရွက်စာတမ်းများ မှတ်စုများအား တရားရုံးသို့ တင်ပြစေရန် သို့မဟုတ် မိတ္တူကူးယူခွင့်တောင်းခံလာပါက အောက်ပါသတ်မှတ်ချက်များအရသာ မိတ္တူကူးယူ ခွင့်ပြုမည်-
(က) မိတ္တူကူးယူခွင့်ပြုရန် လျှောက်ထားသည့်သူကတင်ပြခဲ့သည့် စာရွက် စာတမ်း အထောက်အထား အားလုံးကို သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မိတ္တူကူးယူခွင့်ပြုနိုင်သည်။
(ခ) သက်ဆိုင်ရာ တရားရုံးတစ်ခုခုမှသော်လည်းကောင်း၊ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သော်လည်းကောင်း မိတ္တူကူးယူခွင့် တရားဝင်တောင်းခံပါက ဝန်ဆောင်ခကင်းလွတ်ခွင့်ပြု၍ ဌာန၏ ဆောင်ရွက်ချက်မှတ်တမ်းများမှအပ(အပ) မိတ္တူကူးယူခွင့်ပြုနိုင်သည်။
(ဂ) သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း၊ လွှတ်တော်အဆင့်ဆင့်ရှိ ကော်မတီအသီးသီးများက တောင်းခံစိစစ်မှုများဖြစ်ပါက ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထောက်အထားအားလုံးကို ဝန်ဆောင်ခ ကင်းလွတ်ခွင့်ပြု၍ မိတ္တူကူးယူခွင့်ပြုနိုင်သည်။
မှတ်ချက်။ မိတ္တူကူးယူခွင့်ပြုရန် လျှောက်ထားခြင်းများတွင် မိတ္တူကူးယူခွင့်ပြုရန် လျှောက်ထားသည့် သူကတင်ပြခဲ့သည့် အထောက်အထားမဟုတ်ဘဲ အခြား အထောက်အထားများကိုလည်းကောင်း၊ ဌာန၏ ဆောင်ရွက်ချက်များကိုလည်းကောင်း မိတ္တူကူးယူခွင့်ပြုရန် လျှောက်ထားခြင်းဖြစ်ပါက ခွင့်မပြု(ခွင့်မပြု)ပါ။
၇ဝ။ ပါမစ်မူရင်း(မပြည့်စုံ)၊ မိသားစုဓါတ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ အိမ်ယာဆောက်လုပ်နေထိုင်ခွင့်ရှိသူများ စာရင်း သို့မဟုတ် မှီခိုသူများစာရင်းတင်ပြခြင်းနှင့် ပါမစ်ခြကိုက်၊ ရေစို၊ ပျက်စီးရာ၌ အမည်၊ မြေတိုင်း၊ မြေကွက်များဖတ်ရှု၍ ရရှိပါက အဆိုပါ လျှောက်ထားမှုကို သီးခြားသတင်းစာကြော်ငြာ ဆောင်ရွက်၍ ကန့်ကွက်ချက်မပေါ်ပါက လုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ရန်ဖြစ်ပါသည်။
၇၁။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသည့် ဂရန်၊ ပါမစ်တို့ဖြင့် မြေစီမံမှုလျှောက်ထား ခြင်းများနှင့်စပ်လျဉ်း၍ လွှဲပြောင်းပေးသည့် Assessment Roll (မြို့မြေအခွန်ခွဲဝေစည်းကြပ်ပုံစာရင်း)၊ T.L.R (မြို့မြေစာရင်း)တို့တွင် ပါဝင်မှတ်သားခြင်း မရှိပါက လွှဲပြောင်းပေးသည့်ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသို့လည်း မြေစာရင်း အတည်ပြုမေးမြန်းခြင်း ဆောင်ရွက်ရန်ပြီး ပြန်ကြားလာမှသာ ဆက်လက် ဆောင်ရွက်ရန်၊ လျှောက်ထားသူတင်ပြသည့် ပါမစ်၊ ဂရန်နှင့် မြို့မြေစာရင်း ပြန်ကြားချက်တို့ကို အထောက် အထားပြု၍ ရုံးတွင်းမိန့်ဖြင့် ထုတ်ပေးသည့် အမည်ပေါက်ဖြင့် မှတ်သားဆောင်ရွက်ရန် ဖြစ်ပါသည်။
၇၂။ ပါမစ်မူရင်း၊ ဂရန်မူရင်းတင်ပြ၍ မြေစီမံမှုလျှောက်ထားလာမှုများတွင် Assessment Roll (အခွန်ခွဲဝေစည်းကြပ်ပုံစာရင်း)၊ T.L.R(မြို့မြေစာရင်း)တို့တွင် ပါဝင် မှတ်သားခြင်းမရှိပါက လွှဲပြောင်းပေးသည့် ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ မြေစာရင်းအတည်ပြု မေးမြန်းရန်နှင့်မေးမြန်းမှုအပေါ် ပြန်ကြား လာရာတွင် အမည်ပေါက်ဖော်ပြပြန်ကြားခြင်းမရှိဘဲ ယခင်ကတည်းက မူရင်းခွဲများဖြင့် လွှဲပြောင်းပြီးဖြစ်ရာ တိုက်ဆိုင် စစ်ဆေးဆောင်ရွက်ရန်သာဖြစ်ကြောင်း၊ ပြန်ကြားသည့်စာဆိုပါက မိမိဌာနရှိလွှဲပြောင်း လက်ခံအမှုတွဲများ၊ ပါမစ်မူရင်းခွဲ၊ ဂရန်မူရင်းခွဲများကို ရှာဖွေခြင်းဆောင်ရွက်ရမည်။ အထောက်အထားမှတ်တမ်း များတွေ့ရှိပါက ရုံးတွင်းအမိန့်ထုတ်ပြန်၍ Assessment Roll (အခွန်ခွဲဝေစည်းကြပ်ပုံစာရင်း)၊ T.L.R (မြို့မြေ စာရင်း)တို့တွင် မြေစာရင်းရေးသွင်းပြီး လျှောက်ထားသည့် မြေစီမံမှုများကို ဆက်လက်ဆောင်ရွက်ရမည်။ ဌာနတွင် ရှာဖွေတွေ့ရှိခြင်းမရှိပါက ပါမစ်မူရင်း၊ ဂရန်မူရင်းကိုမိတ္တူပူးတွဲ၍ သက်ဆိုင်ရာဌာနသို့ ယင်း ပါမစ်/ဂရန်သည် ၎င်းဌာနက ထုတ်ပေးခဲ့သည့် ပါမစ်/ဂရန် အစစ်အမှန် ဟုတ်/မဟုတ် ထပ်မံမေးမြန်းရန် နှင့် မေးမြန်းမှုအပေါ် ထပ်မံပြန်ကြားချက်ကို မူတည်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ သီးခြားသတင်းစာ ကြော်ငြာခြင်းများ ဆောင်ရွက်ပြီး ကန့်ကွက်မှုမရှိပါက ကော်မတီဝင်များ အစည်းအဝေးသို့တင်ပြပြီး Assessment Roll (အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်း)၊ T.L.R (မြို့မြေစာရင်း)တို့တွင် ရုံးတွင်းအမိန့်ထုတ်ပြန် မှတ်သားပြီး လျှောက်ထား သည့် မြေစီမံမှုများကို ဆက်လက်ဆောင်ရွက်ရမည်။
၇၃။ အသင်းအဖွဲ့များမှ လိုင်စင်သက်တမ်းတိုးများ လျှောက်ထားရာတွင် လျှောက်ထားသည့်အသင်း အဖွဲ့များ၏ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဌာနများက မြေပြင်တွင် အမှန်တကယ် အသင်းအဖွဲ့အဖြစ် လုပ်ငန်းများဆောင်ရွက်နေသည်ကို ထောက်ခံချက်ပါရှိစေရန်နှင့် မြေပြင်တွင် အသင်းအဖွဲ့လုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်မှုမရှိခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများ လွှဲပြောင်းငှားရမ်းထားခြင်းများရှိပါက လျှောက်ထားမှုကို ခွင့်မပြုရန်နှင့် လိုင်စင်ခွင့်ပြုထားသည့် အဆိုပါ မြေနေရာကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အမည်ပေါက်ပြန်လည်မှတ်သားရမည်။
၇၄။ အသင်းအဖွဲ့များ၏ အထက်အပိုဒ်(၇၃)ပါ လျှောက်ထားမှုများတွင် အသုံးပြုမြေနေရာသည် တစ်စိတ် တစ်ပိုင်းကို အသင်းအဖွဲ့က အမှန်တကယ်အသုံးပြုလုပ်ငန်းဆောင်ရွက်ပြီး တစ်စိတ်တစ်ပိုင်းကို အခြားစီးပွားရေးလုပ်ငန်းများ လွှဲပြောင်းငှားရမ်း ထားပါက လွှဲပြောင်းငှားရမ်းထားမှုကို ဖျက်သိမ်းရှင်းလင်း ပြီးမှသာလျှင် လျှောက်ထားမှုအပေါ် ကော်မတီသို့ တင်ပြ၍ခွင့်ပြုဆောင်ရွက်သွားရမည်။
၇၅။ လိုင်စင်ခွင့်ပြုထားသည့် အသင်းအဖွဲ့များကလိုင်စင်သက်တမ်းတိုးများဆောင်ရွက် ပြီး ဂရန် ခွင့်ပြုရေး လျှောက်ထားမှုများအပေါ် ခွင့်မပြု(ခွင့်မပြု)ပါ။
၇၆။ အိမ်ရာစီမံကိန်းမြေကွက်များ၌ မြေကွက်များခွဲစိတ်ရာတွင် သက်ဆိုင်ရာမြို့နယ် များရှိ မြေတိုင်း ရပ်ကွက်အလိုက် အသေးဆုံးမြေကွက် ဧရိယာထက်လျော့နည်းခြင်းမရှိသည့် မြေကွက်ခွဲစိတ်မှုများကို ခွင့်ပြု ရမည်။
၇၇။ စက်မှုဇုန်(စက်မှုလက်မှု)မြေကွက်များမှ ဂရန်သစ်လျှောက်ထားရာတွင် မြေပြင်၌ စက်ရုံ အဆောက်အဦ ဆောက်လုပ်ဆဲ(သို့မဟုတ်) အဆောက်အဦဆောက်လုပ်ပြီးမှသာ ဂရန်သစ်လျှောက်ထားမှု အား ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါသည်။
၇၈။ လိုင်စင်မြေများနှင့်ပတ်သက်၍ ဌာနဝင်ငွေရလုပ်ငန်းများ၊ အုတ်သဲကျောက်ကမ်း နားယာယီစုပုံ လုပ်ငန်းများနှင့်သက်ဆိုင်ရာဌာနများသို့ပေးထားသည့် လိုင်စင်မြေများကို မြေငှားဂရန်လျှောက်ထားမှု ခွင့်မပြု (ခွင့်မပြု)ပါ။
၇၉။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ရရှိပြီး ဂရန်လျှောက်ထားသည့် မြေပုံ၊ မြေရာဇဝင် တောင်းခံခြင်း၊ သက်ဆိုင်ရာ ဘဏ်တို့မှလည်း မြေပုံ၊ မြေရာဇဝင် ထုတ်ပေးခြင်းများ မှန်ကန်မှုရှိ၊ မရှိမေးမြန်းခြင်း၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ မြေရာဇဝင်မေးမြန်း ချက်တို့နှင့်ပတ်သက်၍ ဌာနက သတ်မှတ် ထားသည့်ဝန်ဆောင်စရိတ်ပေးသွင်းပြီးမှသာ စိစစ်ပြန်ကြားပေးနိုင် သည်။
၈ဝ။ အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်အဆက်အစပ်တို့ဖြင့် ပိုင်ဆိုင်သူတို့ထံမှ အထွေထွေ ကိုယ်စားလှယ်လွှဲစာသို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာတို့မှ ပိုင်ဆိုင်မှုပြောင်းလဲခြင်းရှိသည့် အရောင်း၊ စွန့်လွှတ်၊ အပိုင်ပေး၊ လှူဒါန်းခြင်းတို့အတွက် မြေပုံကူးလျှောက်ထားခြင်းနှင့် မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာသို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာရရှိသူတို့မှ ဘဏ်ငွေချေးရန်၊ နှစ်ရှည် မြေငှားစာချုပ်(ငှားရမ်း) စာချုပ်အတွက် မြေပုံကူးလျှောက်ထားခြင်းတို့အား သတင်းစာတွင် အတန်းလိုက် ကြော်ငြာ ခြင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။
၈၁။ အထွေထွေကိုယ်စားလှယ်လွှဲစာ ၊ အထူးကိုယ်စားလှယ်လွှဲစာရရှိသူတို့မှ အမှုတွဲ ဖွင့်လှစ် လျှောက်ထားလာပါက Power ပေးသူသက်ရှိထင်ရှားရှိကြောင်းနှင့် Power ရုတ်သိမ်းခြင်းမရှိသေးကြောင်း ကျမ်းကျိန်လွှာပါရှိမှသာ ဆောင်ရွက်ပေးရမည်။
၈၂။ ကော်မတီမှ ထုတ်ပေးသည့်ပါမစ်၊ ဂရန်များဖြင့် မြေစီမံမှု လျှောက်ထားရာတွင် Assessment Roll၊ T.L.R တို့တွင် အမည်ပေါက်ပါဝင်ခြင်းမရှိပါက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး Block Map ပါ မြေကွက်တည်နေရာနှင့်ကိုက်ညီမှန်ကန်လျှင် Assessment Roll၊ T.L.R တို့တွင် ထုတ်ပေးထားသည့် အမည်ပေါက်အတိုင်း မှတ်သားရန်အတွက် ခွင့်ပြုမိန့်တောင်းခံပြီး ရုံးတွင်းအမိန့်ဖြင့် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
၈၃။ ဂရန်ပျောက်ဖြင့် ဂရန်သက်တမ်းတိုးလျှောက်ထားလာပါက ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြ ခွင့်ပြုပြီးနောက် အဆိုပါ သက်ကုန်ဂရန်မူရင်းကိုပယ်ဖျက်ကြောင်း လျှောက်ထားသူ၏စရိတ်ဖြင့် သီးခြားသတင်းစာထပ်မံကြော်ငြာဆောင်ရွက်ရန်ဖြစ်ပါသည်။
၈၄။ အမည်ပေါက် သို့မဟုတ် အမည်ပေါက်ထံမှ မှတ်ပုံတင်စာချုပ်ဖြင့်ရရှိသူတို့မှ မြေစီမံမှုများ လျှောက်ထားခဲ့ရာတွင် မြို့မြေစာရင်း (TLR)၌ မြေအမျိုးအစားမှာ " B လန-၃၉"၊ " B မြေပိုင်မြေ "၊ " B မြေပိုင်မြေ လန-၃၉"၊ "မြေပိုင်မြေ လန-၃၉"၊ "လန-၃၉"ဟု မှတ်သားထားခြင်းရှိသည့်မြေကွက်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကျရောက်နေပါက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်၍ စိစစ်တွေ့ရှိမှုအားတင်ပြပြီး မြေအမျိုးအစားတွင် "အိမ်ယာမြေ သတ်မှတ်" ထပ်မံထည့်သွင်း ဆောင်ရွက်ရေးရုံးတွင်းအမိန့်ထုတ်ပြန် ဆောင်ရွက်သွား ရန်ဖြစ်ပါသည်။
၈၅။ "မြေပိုင်မြေ"၊ " လန ၃(ခ)ရရှိ "၊ " ၃(ခ)ရရှိ"၊ " ၃(က) ရရှိပြီး "၊ "အိမ်ယာမြေ သတ်မှတ်" အစရှိသည့် မြေအမျိုးအစားတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေစီမံမှုကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
၈၆။ ပြည်ထဲရေးဝန်ကြီးဌာနမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအရ ပြည်သူ့ဘဏ္ဍာသိမ်းအမိန့်ထုတ်ပြန်ပြီးသည့် အချိန်တွင် အမည်ပေါက်ရေးလျှောက်ထားသူမှ သက်ဆိုင်ရာ မြို့နယ်/ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များသို့ ဂရန်ရရှိရေးလျှောက်ထားခဲ့ရာတွင် ၎င်း ဌာနများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီးဖြစ်၍ "မြေအမည်ပေါက်မှတ်သားပေးပါရန်" တင်ပြလာပါက ၎င်းဌာန များ၏တင်ပြစာ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်း ကိုကန့်သတ်သည့် ဥပဒေအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်သည့် အမိန့်စာတို့ကို အထောက် အထားပြု၍ ယခင် မိမိတို့ဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် မြေပုံပါဧရိယာများအတိုင်း (တစ်စိတ်တစ်ဒေသဖြစ်ပါက ပေးပို့စဉ်ကအတိုင်းအတာဧရိယာ အတိုင်း)မြို့မြေစာရင်းတွင် အောက်ပါအတိုင်း ရုံးတွင်းအမိန့်ထုတ်ပြန်မှတ်သားရန် ဖြစ်ပါ သည်-
(က) မြေကွက်တစ်ကွက်လုံးဖြစ်ပါက ရုံးမိန့်ထုတ်ပြန်၍ အမည်ပေါက်၊ မြေအမျိုး အစားတို့ဖြင့် ပြင်ဆင်မှတ်သားရန်။
(ခ) မြေကွက်၏တစ်စိတ်တစ်ဒေသဖြစ်ပါက ရုံးမိန့်ထုတ်ပြန်မြေကွက်ခွဲထုတ်၍ အမည်ပေါက်၊ မြေအမျိုးအစားတို့ပါ ခွဲထုတ်လိုက်သည့်မြေကွက်၌မှတ်သား ရန်။
(ဂ) ရုံးတွင်းမိန့်ထုတ်ပြန်ပြီးပါက သက်ဆိုင်ရာ မြို့နယ်/ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သို့ ဂရန် မြေပုံ(၃)ပုံအားထုတ်ပေးရာတွင် အမည်ပေါက်ရေးလျှောက်ထားသူ၏ အမည်နှင့် သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးသည့် မြေအမျိုးအစားအတိုင်း ထည့်သွင်းဖော်ပြ ပြန်ကြားသွားရန်။
၈၇။ ဘာသာရေးအသင်းအဖွဲ့ပိုင်မြေကွက်များအား မြေစီမံခန့်ခွဲခွင့် လျှောက်ထားခြင်း များနှင့် စပ်လျဉ်း၍ လျှောက်ထားသူသည် ဖော်ပြပါမြေကွက်အား စီမံခန့်ခွဲပိုင်ခွင့်ရှိသူဖြစ်ကြောင်းနှင့် အဆိုပါ ဘာသာရေးအသင်းအဖွဲ့ ပိုင်ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထား များ တင်ပြလျှောက်ထားရမည်။
၈၈။ မြေစီမံခန့်ခွဲမှုကိစ္စများဆောင်ရွက်ရာတွင် လျှောက်ထားမှုအမျိုးအစားအလိုက် ကော်မတီဝင်များ အစည်းအဝေးမှ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို အောက်ပါအတိုင်း သတ်မှတ်သည်-
(က) ပါမစ်မြေမှမြေငှားစာချုပ်(ဂရန်)အသစ်ခွင့်ပြုခြင်း၊
(ခ) အထူးဝန်ဆောင်ခဖြင့် နှစ်(၆ဝ)မြေငှား စာချုပ်(ဂရန်)သစ်ခွင့်ပြုခြင်း၊
(ဂ) စက်မှုမြေငှားလိုင်စင်မှ စက်မှုမြေငှားစာချုပ်(ဂရန်)ခွင့်ပြုခြင်း၊
(ဃ) စကွာတာမြေမှ မြေငှားစာချုပ်(ဂရန်)အသစ်ခွင့်ပြုခြင်း၊
(င) လိုင်စင်မြေမှ မြေငှားစာချုပ်(ဂရန်) အသစ်ခွင့်ပြုခြင်း၊
(စ) ဂရန်ပေးစီမံချက်ဧရိယာအတွင်းမှ မြေများကို မြေငှားစာချုပ်(ဂရန်) ခွင့်ပြုခြင်း၊
(ဆ) ကျူးလွန်ခြင်းမြေများကို မြေငှားစာချုပ်(ဂရန်)ခွင့်ပြုခြင်း၊
(ဇ) ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက် အရ မြေငှားစာချုပ်(ဂရန်)အသစ်ခွင့်ပြုခြင်း၊
(ဈ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၊ နိုင်ငံပိုင်ပြုလုပ်ရေး ကော်မရှင်တို့က ရောင်းချပြီး ညွှန်ကြားချက်အရ မြေငှားစာချုပ်(ဂရန်)အသစ်ခွင့်ပြုခြင်း၊
(ည) ဂရန်သက်တမ်းကုန်၍ ဂရန်သက်တမ်းတိုးခွင့်ပြုခြင်း၊ လိုင်စင်အသစ်ခွင့်ပြု ခြင်း၊
(ဋ) လိုင်စင် သက်တမ်းတိုးခွင့်ပြုခြင်း၊
(ဌ) မြေချပါမစ်အသစ်ခွင့်ပြုခြင်း၊
(ဍ) ၂ဝ၁၂ ခုနှစ်လယ်ယာမြေ ဥပဒေပုဒ်မ ၃(က)အရ ဝန်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊
(ဎ) မြေပိုခွင့်ပြုခြင်း၊
(ဏ) ဌာနဆိုင်ရာလျှောက်ထားမှုများနှင့်ပတ်သက်၍ မြို့မြေစာရင်းတွင် အမည်ပေါက်မှတ်သား ခြင်း၊
(တ) ဝန်ကြီးဌာနများ၊ ဦးစီးဌာနပိုင် မြေများအမည်ပေါက်ပြောင်းလဲခြင်း။
၈၉။ ပိုင်ဆိုင်မှုရှိသော မြေစီမံခန့်ခွဲမှုကိစ္စများဆောင်ရွက်ရာတွင် လျှောက်ထားမှုအမျိုးအစားအလိုက် ဌာနမှူးမှ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို အောက်ပါအတိုင်း သတ်မှတ်သည်-
(က) အမည်ပြောင်း၊
(ခ) အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ၊
(ဂ) ဂရန်ခွဲ၊
(ဃ) ဂရန်မိတ္တူ။
၉ဝ။ ပိုင်ဆိုင်မှုရှိသော မြေစီမံခန့်ခွဲမှုကိစ္စများဆောင်ရွက်ရာတွင် လျှောက်ထားမှုအမျိုး အစားအလိုက် ဒုတိယဌာနမှူးမှ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို အောက်ပါအတိုင်း သတ်မှတ်သည်-
(က) အမွေဆက်ခံပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ခ) အရောင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ဂ) စွန့်လွှတ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ဃ) အပိုင်ပေးမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(င) လှူဒါန်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(စ) မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ဆ) ဌာနဆိုင်ရာတင်ပြရန် မြေပုံမြေရာဇဝင်။
၉၁။ ပိုင်ဆိုင်မှုရှိသော မြေစီမံခန့်ခွဲမှုကိစ္စများဆောင်ရွက်ရာတွင် လျှောက်ထားမှုအမျိုးအစားအလိုက် လက်ထောက်ဌာနမှူး(ခရိုင်မှူး)မှ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို အောက်ပါအတိုင်း သတ်မှတ်သည်-
(က) အမှားပြင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ခ) ဘဏ်ငွေချေးရန် မြေပုံမြေရာဇဝင်၊
(ဂ) မြေကွက်အငှားမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်၊
(ဃ) မြေကွက်ခွဲရန် မြေပုံမြေရာဇဝင်၊
(င) မြေတိုင်းမြေပုံ။
၉၂။ ပိုင်ဆိုင်မှုရှိသော မြေစီမံခန့်ခွဲမှုကိစ္စများဆောင်ရွက်ရာတွင် လျှောက်ထားမှုအမျိုး အစားအလိုက် ဌာနခွဲမှူး(မြေစီမံ)မှ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို အောက်ပါအတိုင်း သတ်မှတ်သည်-
(က) အဆေက်အဦဆောက်လုပ်ရန် မြေပုံမြေရာဇဝင်၊
(ခ) ခြံစည်းရိုးကာရံရန် မြေပုံမြေရာဇဝင်၊
(ဂ) အကြီးစားပြင်ဆင်ရန် မြေပုံမြေရာဇဝင်၊
(ဃ) အဝီစိတွင်းတူးရန် မြေပုံမြေရာဇဝင်၊
(င) မှတ်တမ်းထားရန် မြေပုံမြေရာဇဝင်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုလုပ်ငန်းများအား ပြည်သူလူထုများ သိရှိနားလည်စေရန်နှင့် မြေစီမံမှုလုပ်ငန်းများအားလုပ်ကိုင်ဆောင်ရွက်ရသည့် ဝန်ထမ်းအဆင့်များ အားလုံး မြေစီမံမှုလုပ်ငန်းအဆင့်ဆင့်အား ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူ မြန်ဆန်ပြီး တပြေးညီဖြစ်စေရန်အတွက် ၂၃-၁-၂ဝ၁၇ ရက်စွဲပါ ကော်မတီဝင်များ အစည်းအဝေးမှတ်တမ်း(၃/၂ဝ၁၇) ဆုံးဖြတ်ချက်အပိုဒ်-၆။ (က/၄၂)အရ ယာယီ အတည်ပြုထားသည့် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။