စီမံရေးရာဌာန
၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များ လျောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ |
||||||||||||||||||||||||||||||||||||||||||||||||||||||
|
၁။ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် ကော်မတီပိုင် ၄၅ပေ × ၁၅ပေ ကြော်ငြာဘုတ်များ၏ (၁)နှစ် ငှားရမ်းခနှုန်းထားနှင့် အုပ်စုအလိုက် သတ်မှတ်တင်ဒါအာမခံကြေးငွေ (PO)မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၂။ လျှောက်ထားရာတွင် ကြော်ငြာဘုတ်(၁)ခုအတွက် အုပ်စုအလိုက် သတ်မှတ်တင်ဒါအာမခံကြေးငွေ ပေးသွင်း၍ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲပြီး www.ycdc.gov.mm တွင် Online စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်- (က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ (နိုင်ငံခြားသားဖြစ်ပါက Passport မိတ္တူ၊ Visa မိတ္တူနှင့် ကုမ္ပဏီအထောက်အထားမိတ္တူ) ( ခ ) တင်ဒါ အာမခံကြေး ပေးသွင်းချလံမိတ္တူ၊ ( ဂ ) အောက်ပါခွင့်ပြုမိန့်တစ်ခုခုဖြင့် ပူးတွဲလျှောက်ထားရမည်- (၁) MIC ခွင့်ပြုမိန့်မိတ္တူ၊ (၂၀၂၅ ခုနှစ်ထိ အနည်းဆုံး ခွင့်ပြုသက်တမ်းဖြစ်ရမည်။) (၂) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ (၂၀၂၅ ခုနှစ်ထိ အနည်းဆုံး ခွင့်ပြုသက်တမ်းဖြစ်ရမည်။) (၃) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားသော လုပ်ငန်းလိုင်စင် တစ်ခုခု၊ (၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုလိုင်စင်ဖြစ်ရမည်။) (ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပဖြစ်သည့် စည်ပင်သာယာ လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ဖြင့် လျှောက်ထားတင်ပြလာမှုများအား ခွင့်ပြုဆောင်ရွက်ပေးမည်မဟုတ်ပါ။ ၃။ ကြော်ငြာဘုတ်(၁)ခုချင်းစီအတွက် လျှောက်လွှာ(၁)စောင်စီ တင်သွင်းလျှောက်ထားရမည်။ ၄။ ကြော်ငြာဘုတ်(၁)ဘုတ်အတွက် လျှောက်ထားသူသည် အပိုဒ်၂(ဂ)ပါ ခွင့်ပြုမိန့်တစ်ခုခုဖြင့် ကြော်ငြာဘုတ် (၁)ခုအတွက် တစ်ကြိမ်သာ လျှောက်ထားရမည်။ ၅။ အပိုဒ်၂(ဂ)ပါ ခွင့်ပြုမိန့်တစ်ခုခုတွင်ပါဝင်သော လုပ်ငန်းရှင်/အဖွဲ့ဝင်ဦးရေမည်မျှပင် ရှိစေကာမူ ကြော်ငြာဘုတ်(၁)ခုအတွက် တစ်ဦးသာ လျှောက်ထားရမည်။ ၆။ ကြော်ငြာဘုတ်(၁)ခုအတွက် လျှောက်ထားလိုသူ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်ကြိမ်သာ လျှောက်ထားရမည်။ ၇။ ကြော်ငြာဘုတ်(၁)ခုအတွက် တင်ဒါအာမခံကြေး PO (၁)စောင်စီ တင်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။ ၈။ လျှောက်ထားသူသည် လျှောက်လွှာတွင် ကိုယ်တိုင် လက်မှတ်ရေးထိုးလျှောက်ထားရမည်။ ၉။ လျှောက်လွှာတင်သွင်းရာတွင် ကိုယ်စားလျှောက်ထားလိုပါက ကိုယ်စားလှယ်လွှဲအပ်ကြောင်း အထောက်အထားတင်ပြစာ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်သည့် (SP)နှင့်အတူ ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ ပူးတွဲတင်ပြရမည်။ ၁၀။ အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော လျှောက်လွှာများအား ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ ၁၁။ လျှောက်ထားသူသည် မိမိလျှောက်ထားသည့် ကြော်ငြာဘုတ်၏ မြေပြင်အခြေအနေ ကြိုတင် လေ့လာစစ်ဆေးပြီး လျှောက်ထားရမည်။ ၁၂။ ကော်မတီသို့ပေးသွင်းရသည့် အခွန်အခကြွေးကျန်ရှိနေသူများအား လျှောက်ထား ခွင့်ပြုမည် မဟုတ်ပါ။ ၁၃။ မဲနှိုက်အငှားချထားမည့်နေ့၌ မဲနှိုက်ဆောင်ရွက်မည့် ခန်းမအတွင်းသို့ PO မူရင်းနှင့်အတူ လျှောက်ထားသူ အပါအဝင်(၂)ဦးတက်ရောက်နိုင်သည်။ (ကိုယ်စားတက်ရောက်မည်ဆိုပါက လျှောက်ထားသူ၏ ကိုယ်စားလှယ်လွှဲစာမူရင်းနှင့်အတူ တက်ရောက်နိုင်သည်။) ၁၄။ မဲနှိုက်အငှားချထားဆောင်ရွက်ရာတွင် အုပ်စု(E)၊ အုပ်စု(D)၊ အုပ်စု(C)၊ အုပ်စု(B)၊ အုပ်စု(A) အစီအစဉ်အတိုင်း မဲနှိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (လိုအပ်ပါက အခြေအနေပေါ်မူတည်၍ မဲနှိုက် အငှားချထားခြင်းလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့၏ အစီအစဉ်အတိုင်း ပြောင်းလဲဆောင်ရွက်နိုင်သည်။) ၁၅။ မဲပေါက်၍ ကြော်ငြာဘုတ်ငှားရမ်းခွင့်ရရှိသူသည် POမူရင်းကို ခန်းမအတွင်းရှိ တာဝန်ရှိသူထံ ချက်ချင်း (မပျက်မကွက်) အပ်နှံရမည်ဖြစ်ပါသည်။ ပျက်ကွက်ပါက အမည်ပျက်စာရင်း (Black List) သတ်မှတ်ခြင်း ခံရမည်ဖြစ်ပါသည်။ အဆိုပါကြော်ငြာဘုတ်အား အခြားလျှောက်ထားသူများကို ထပ်မံမဲနှိုက်၍ အငှားချထားခြင်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၁၆။ မဲနှိုက်ဆောင်ရွက်မှုအစီအစဉ် ပြီးဆုံးပါက ငှားရမ်းခွင့်မရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် တင်သွင်းထားသော တင်ဒါအာမခံကြေး PO အား ပြန်လည်ထုတ်ယူနိုင်သည်။ ၁၇။ မဲပေါက်၍ ငှားရမ်းခွင့်ရရှိသူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်- (က) ငှားရမ်းခွင့်ရရှိသူသည် မဲပေါက်သည့်နေ့မှစ၍ ၃၁-၃-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ငှားရမ်းခြင်းအတွက် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုရမည်။ ( ခ ) စာချုပ်ချုပ်ဆိုရာတွင် အပိုဒ်(၂)ပါ အထောက်အထား(၁)စုံ ပူးတွဲတင်ပြရမည်။ ( ဂ ) သတ်မှတ်ရက်အတွင်း လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ ပျက်ကွက်ပါက PO ပေးသွင်းထားသော သတ်မှတ်တင်ဒါအာမခံကြေးငွေအား ကော်မတီဘဏ္ဍာအဖြစ်သိမ်းဆည်းမည် ဖြစ်သည့်အပြင် အဆိုပါလုပ်ငန်းရှင်အား အမည်ပျက်စာရင်း (Black List) သတ်မှတ်ခြင်းခံရမည်ဖြစ်ပါသည်။ (ဃ) မဲပေါက်အငှားရရှိသူသည် တံဆိပ်ခေါင်းခွန် အပါအဝင် အစိုးရဌာနအဖွဲ့အစည်းများက သတ်မှတ် ထားသောအခွန်အခများ ပေးဆောင်ရမည်ဖြစ်ပါသည်။ ( င ) လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုရာတွင် ငှားရမ်းခွင့်ရရှိသူကိုယ်တိုင် ချုပ်ဆိုရမည်ဖြစ်ပါသည်။ (ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက General Power (သို့မဟုတ်) Special Power လွှဲအပ် ခြင်းခံရသူအား ချုပ်ဆိုခွင့်ပြုမည်ဖြစ်ပါသည်။) ၁၈။ ငှားရမ်းခွင့်ရရှိသူများအနေဖြင့် ငှားရမ်းခွင့်ရရှိသည့်ကြော်ငြာဘုတ်အတွက် ငှားရမ်းခငွေများအား အောက်ပါအတိုင်း(၃)ကြိမ်ခွဲ၍ အရစ်ကျပေးသွင်းရမည်ဖြစ်ပါသည်- (က) ပထမအကြိမ် ။ ကြော်ငြာငှားရမ်းခကျသင့်ငွေ၏ ၄၀ % အား ၃၀-၄-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်။ ( ခ ) ဒုတိယအကြိမ် ။ ကြော်ငြာငှားရမ်းခကျသင့်ငွေ၏ ၃၀ % အား ၃၁-၇-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်။ ( ဂ ) နောက်ဆုံးအကြိမ် ။ ကြော်ငြာငှားရမ်းခကျသင့်ငွေ၏ ၃၀ % အား ၃၁-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်။ (ဃ) အထက်အပိုဒ်ခွဲ (က)(ခ)(ဂ)အရ ပေးသွင်းရမည့် ငှားရမ်းခငွေများအား သတ်မှတ်ထားသည့်ရက်အတွင်း ပေးသွင်းခြင်းမရှိဘဲ ပျက်ကွက်ပါက အငှားချထားခြင်းခံရသူမှ လုပ်ငန်းအာမခံငွေအဖြစ် ပေးသွင်းထားသော POငွေအား ကော်မတီပိုင် ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ်ပြီးအငှားချထားသည့် ကြော်ငြာဘုတ်နှင့်ပတ်သက်၍ ကော်မတီ၏ အစီအစဉ်ဖြင့်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ( င ) လုပ်ငန်းအာမခံအဖြစ်ပေး သွင်းထားသော PO ငွေအား နောက်ဆုံးအကြိမ် ပေးသွင်းရာတွင် ခုနှိမ်၍ ပေးသွင်းနိုင်သည်။ ၁၉။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်တွင် တပ်ဆင်မည့် ကြော်ငြာဒီဇိုင်းနှင့်ပတ်သက်၍ သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ တပ်ဆင်ရမည်။ ၂၀။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်တွင် ကြော်ငြာ တပ်ဆင်ရန်အတွက် ကြော်ငြာဘုတ် တည်ရှိရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်။ ၂၁။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်များတွင် တပ်ဆင်ထားသော ကြော်ငြာများနှင့် ပတ်သတ်၍ ခွင့်ပြုကာလကုန်ဆုံးပါက ဖြုတ်သိမ်းရန်နှင့် ဖြုတ်သိမ်းရန်ပျက်ကွက်ပါက ကော်မတီ၏အစီအစဉ်ဖြင့် ဖြုတ်သိမ်းပြီး အငှားရရှိသူမှ ကုန်ကျစရိတ်ကိုပေးဆောင်ရမည်။ ၂၂။ ငှားရမ်းခွင့်ရရှိသူသည် ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဘုတ်ကို အခြားသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ကိုယ်စားလှယ်လွှဲအပ်ခြင်း၊ တစ်ဆင့်ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ အပ်နှံခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရ။ ၂၃။ မဲနှိုက်လျှောက်ထားခြင်းမရှိဘဲ လစ်လပ်ကျန်ရှိနေသည့် ကြော်ငြာဘုတ်များကို ကာလတို၊ ကာလရှည် ငှားရမ်းလိုပါက ငှားရမ်းခ ကျသင့်ငွေအား ကြိုတင်ပေးသွင်းစေပြီး ငှားရမ်းခွင့်ပြုသွားမည် ဖြစ်ပါသည်။ ၂၄။ ကြော်ငြာဘုတ်မဲနှိုက်အငှားချထားခြင်းနှင့် စပ်လျဉ်း၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကြော်ငြာဘုတ်အငှားချထားခြင်းလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။ .ကြော်ငြာဘုတ်အငှားချထားခြင်းလုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ ၄။ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်နှုန်းထားနှင့်တည်နေရာများ
စီမံရေးရာဌာန၊ လုပ်ငန်းဌာနခွဲ(မှတ်ပုံတင်ကြော်ငြာဆိုင်းဘုတ်) |
||||||||||||||||||||||||||||||||||||||||||||||||||||||

