မြို့တော်ဂေါက်ကွင်း
|
ရန်ကုန်တိုင်းဒေသကြီးအစိုးရ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန
မြို့တော်ဂေါက်ကွင်း
မြို့တော်ဂေါက်ကွင်း၏လုပ်ငန်းတာဝန်များ
မြို့တော်ဂေါက်ကွင်း၏ လုပ်ငန်းတာဝန်၀တ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ကော်မတီမှ ချမှတ်ပေးထားသော လုပ်ငန်းတာ၀န်များကို အထွေထွေမန်နေဂျာမှ တာဝန်ခံ၍ အောင်မြင်အောင် ဆောင်ရွက်ရန်။
- မြို့တော်ဂေါက်ကွင်း လုပ်ငန်းကိစ္စအဝဝ အကောင်အထည်ဖော်အောင်မြင်ရန် အတွက် ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ရန်။
- ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စည်းကမ်းတကျ ရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်။
- မြို့တော်ဂေါက်ကွင်းအသင်းသားများ ဂေါက်ကွင်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အကျင့် သိက္ခာရှိစေရေးနှင့် အဆင့်အတန်းမြင့်မားစေရေးအတွက် ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်ရန်။
- မြို့တော်ဂေါက်ကွင်းနှင့် မြို့တော်ဂေါက်ကွင်းဟိုတယ်တို့၏ ကြီးပွားတိုးတက်ရေးကို ကြံဆလုပ်ဆောင်ရန်နှင့် လိုအပ်ပါက ကော်မတီသို့ အကြံပြုတင်ပြရန်။
- မြို့တော်ဂေါက်ကွင်းအဆင့်မြှင့်တင် မွမ်းမံပြင်ဆင်မှုများအား သက်ဆိုင်ရာကော်မတီဝင်မှတဆင့် ဥက္ကဌ(မြို့တော်ဝန်)ထံ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်။
- ပြည်တွင်းပြည်ပအသင်းအဖွဲ့များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဂေါက်သီးရိုက်ပြိုင်ပွဲပြုလုပ်လိုပါက အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်။
- > မြို့တော်ဂေါက်ကွင်း၏ ၀င်ငွေနှင့် ဌာနပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်။
- မြို့တော်ဂေါက်ကွင်း၏ အဆင့်အတန်းတိုးတက်သည်ထက် တိုးတက်အောင် အမြဲကြံဆ ဆောင်ရွက်ရန်။
- ကော်မတီမှ လိုအပ်၍ ပေးအပ်လာသည့် အခြားတာ၀န်၀တ္တရားများအား ထမ်းဆောင်ရန်။
|
Back to Top