တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနမှ မှတ်တမ်းဓာတ်ပုံများ
| ၂၉-၁၂-၂၀၂၅ ရက်နေ့ ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ကမာရွတ်ခရိုင်)ရုံးရှိ ခရိုင်တာဝန်ခံအရာရှိဦးဆောင်၍ ဒုတိရစ္ဆာန်ဆေးကုမှူး Dr.ဝင့်သင်ဇာငြိမ်းနှင့်အဖွဲ့ဝင်(၂)ဦး၊ ဈေးတာဝန်ခံနှင့်ပူးပေါင်းအဖွဲ့စုံသည် မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာ စျေးအတွင်းရောင်းချလျက်ရှိသော အသား၊ငါးပုဇွန်များ သန့်ရှင်းလတ်ဆတ်မှုရှိ၊မရှိ၊ တရားဝင်အသားနှင့်တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိ၊ ထုတ်လုပ်ရုံများတွင် စစ်ဆေးခွင့်ပြုသည့်ဆေးစွဲထားသောအသားများဟုတ်၊မဟုတ်၊ ရောင်းချနေသော အသား၊ငါး၊ပုဇွန်များ၏အရည်အသွေး၊ ထုတ်လုပ်သူလိုင်စင်စီများ၏အသားပြေစာများဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ |
×
|
×
|
×
|
| ၂၃-၁၂-၂၀၂၅ ရက်နေ့၊ ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ (ဗိုလ်တထောင်ခရိုင်)မှ ဒုတိရစ္ဆာန်ဆေးကုမှူး Dr.မြတ်သိဂီ ဦးစီး၍ ဝန်ထမ်း(၃)ဦးပါအဖွဲ့သည် သာကေတမြို့နယ်၊ (၁)စျေးတွင် ရောင်းချနေသော အသား၊ငါးအရောင်းဆိုင်များတွင် သား/ငါး၊ ပုဇွန်၊ ကလီစာများ၏ကျန်းမာရေးညီညွတ်မှုရှိ/မရှိ၊ တရားမဝင်ခွင့်ပြုချက်မဲ့အသားများရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ |
×
|
×
|
×
|
| ၂၆-၁၁-၂၀၂၅ ရက်နေ့၊ ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အင်းစိန်ခရိုင်)၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ဌာနမှူး၊ ဒုတိယဌာနမှူး၊ လက်ထောက်ဌာနမှူး ဦးဆောင်သော တိ/ကုဆရာဝန်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ ဘုန်းကြီးကျောင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍စုစုပေါင်း လူအင်အား(၃၀)ပါရှိပြီး တိ/ကုဆရာဝန်များအဖွဲ့မှ လေလွင့်ခွေးများအားမျိုးပွားထိန်းချုပ်ခွဲစိတ်ရာ ခွေးအထီး(၂၀)ကောင်အား ဆောင်ရွက်ခဲ့ပြီး (၇)ကောင်ကို ပိုင်ရှင်မှ ပြန်ခေါ်မွေးခဲ့ကြပါသည်။ လက်ကျန်ခွဲစိတ်ပြီး (၁၃)ကောင်နှင့် မေ့ဆေးပေးထပ်မံဖမ်းဆီးခဲ့သော လေလွင့်ခွေး(၁၁)ကောင်၊ စုစုပေါင်း (၂၄)ကောင်အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဌာနပိုင်လေလွင့်ခွေးထိန်းသိမ်းရေးဂေဟာသို့ ပို့ဆောင်စောင့်ရှောက်ပေးခဲ့ပါသည်။ |
×
|
×
|
×
|
| ၁၁-၁၁-၂၀၂၅ ရက်နေ့ ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အလုံခရိုင်)၊ အလုံမြို့နယ်၊ ကွန်တိန်နာ၀င်းအတွင်းရှိ သန့်ရှင်းရေးတပ်ခွဲ၀င်းအတွင်းတွင် ဌာနမှူး၊ ဒုတိယဌာနမှူး ဦးဆောင်သော တိကုဆရာ၀န်များအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ၀န်ထမ်းများ၊ သန့်ရှင်းရေး၀င်းအတွင်းရှိတာ၀န်ရှိသူများနှင့် စုစုပေါင်းလူအင်အား (၃၂)ဦးခန့် ပူးပေါင်းကာ တိကုဆရာ၀န်များအဖွဲ့မှ လေလွင့်ခွေးများအား မျိုးပွားမှု၊ ထိန်းချုပ်ခွဲစိတ်မှုခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်း၊ နာမကျန်းဆေးကုသမှုများ၊ လေလွင့်ခွေးအထီးခွဲစိတ်ကောင်ရေမှာ (၃၂)ကောင်၊ ခွေးအမ (၈)ကောင်ကို မေ့ဆေးပစ်ဖမ်းဆီးခဲ့ရာ စုစုပေါင်း (၄၀)ကောင်အား ဌာနပိုင် လေလွင့်ခွေးဖမ်းကားဖြင့် လှိုင်သာယာလေလွင့်ခွေး ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ပို့ဆောင်၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ |
×
|
×
|
×
|
| ပြည်သူ့ရင်ပြင်သီတင်းကျွတ်/တန်ဆောင်တိုင်ဈေးရောင်းပွဲတော်၌ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ကြက်သားများဈေးရောင်းချမှုဓါတ်ပုံမှတ်တမ်းများ |
×
|
×
|
×
|
×
|
×
|
×
|
| ၂၂-၁၀-၂၀၂၅ ရက်နေ့ ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ဗိုလ်တထောင်ခရိုင်)၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်ပတ်လမ်း၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်း/အပြင်ရှိ လေလွင့်ခွေးများအား ဌာနမှူး၊ ဒုတိယဌာနမှူး ဦးဆောင်၍ လက်ထောက်ဌာနမှူးအပါအဝင် တိကုဆရာဝန်များ၊ အရာထမ်း/အမှုထမ်းများ၊ မြို့နယ်စည်ပင်ရုံးမှဝန်ထမ်းများ၊ ကျောင်းဝင်းအတွင်းရှိ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လူအင်အား(၂၉)ဦးခန့်ပါဝင်ပြီး တိကုဆရာဝန်များမှ လေလွင့်ခွေးများမျိုးပွားထိန်းချုပ်ခွဲစိတ်ကုသခဲ့ရာ ခွေးထီး (၂၅)ကောင်ဖြစ်ပြီး ခွေး အမ(၁၇)ကောင်ကို မေ့ဆေးပစ်ဖမ်းဆီးခဲ့ရာ စုစုပေါင်း(၄၂)ကောင်အနက် ဌာနပိုင်ခွေးဂေဟာသို့ (၁၉)ကောင်ပို့ဆောင်၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ |
×
|
×
|
×
|
| တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများတွင် ခွေးရူးရောဂါသည် အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်ပါသည်။ ခွေး၊ ကြောင်များ အသက်(၃)လကျော်ပါက ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးစတင်ထိုးနိုင်ပြီး ဆေးအာနိသင် (Time duration)တစ်နှစ်အကျိုးသက်ရောက်မှုရှိပါ၍ နှစ်စဉ်သက်တမ်းတိုး ပုံမှန်ထိုးပေးခြင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပါသည်။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားပရဝဏ်ဝင်းများအတွင်း ပေါက်ပွားမှုကောင်ရေထိန်းချုပ်နိုင်ရေးအတွက် မျိုးပွားမှုလျှော့ချ ခွဲစိတ် ကုသခြင်း (Castration, Ovarectomy, Evacuation of the uterus)၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးပေးခြင်း၊ နာမကျန်းဆေးကုသပေးခြင်းများကို စီမံချက်ဖြင့် ဌာန၏တိရစ္ဆာန်ဆေးကုဆရာဝန်များ(Veterinarians)နှင့် တိရစ္ဆာန်ဆေးကုမှူးများ(Vet Assistances, V.A) တို့မှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၂-၂-၂၀၂၃)ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန ဌာနမှူး ဦးစောလင်း၊ ဒု-ဌာနမှူး၊ လက်ထောက်ဌာနမှူးများဦးဆောင်၍ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ အခြားအဆင့်ဝန်ထမ်းများသည် စီးပွားရေးတက္ကသိုလ်(စီမံကွန်ပျူတာ)မှ ဒု-ညွှန်ကြားရေးမှူး ဦးစောလွင်အဖွဲ့နှင့်ပူးပေါင်း၍ လှိုင်မြို့နယ်၊ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်းရှိ သရဖီဆောင်ရှေ့တွင် လေလွင့်ခွေး(၂၅)ကောင်အား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်း၊ ခွေး(၅)ကောင်အား လိုအပ်သော ဆေးကုသမှုများပြုလုပ်ပေးခြင်း၊ ခွေး(အထီး)(၁၀)ကောင်အား မျိုးပွားမှုလျော့ချရန် ခွဲစိတ်ကုသခြင်းနှင့် ခွေးအထီး(အမ)(၁၀)ကောင်အား မေ့ဆေးပစ်ဖမ်းယူ၍ ဌာနပိုင် (လှိုင်သာယာ) ခွေးဂေဟာသို့ပေးပို့၍ ထိန်းသိမ်းစောင့်ရှောက်လျက်ဆောင်ရွက်ပေးခဲ့ပါသည်။ |
×
|
×
|
×
|
| တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများတွင် ခွေးရူးရောဂါသည် အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်ပါသည်။ ခွေး၊ ကြောင်များ အသက်(၃)လကျော်ပါက ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးစတင်ထိုးနိုင်ပြီး ဆေးအာနိသင် (Time duration)တစ်နှစ်အကျိုးသက်ရောက်မှုရှိပါ၍ နှစ်စဉ်သက်တမ်းတိုး ပုံမှန်ထိုးပေးခြင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပါသည်။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားပရဝဏ်ဝင်းများအတွင်း ပေါက်ပွားမှုကောင်ရေထိန်းချုပ်နိုင်ရေးအတွက် မျိုးပွားမှုလျှော့ချ ခွဲစိတ် ကုသခြင်း (Castration, Ovarectomy, Evacuation of the uterus)၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးပေးခြင်း၊ နာမကျန်းဆေးကုသပေးခြင်းများကို စီမံချက်ဖြင့် ဌာန၏တိရစ္ဆာန်ဆေးကုဆရာဝန်များ(Veterinarians)နှင့် တိရစ္ဆာန်ဆေးကုမှူးများ(Vet Assistances, V.A) တို့မှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ (၁၅-၂-၂၀၂၃)ရက်နေ့တွင် လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံဝင်းအတွင်းရှိ လေလွင့်ခွေးနှင့် အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်း၊ (အထီး) များအား မျိုးပွားမှုထိန်း၊ ခွဲစိတ်ကုသခြင်း၊ (အမ)များအား မေ့ဆေးပစ်ဖမ်းဆီး၍ လှိုင်သာယာခွေးဂေဟာသို့ပို့ဆောင်၍ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်(၅)ဒေါက်တာငွေစန်းမှ လာရောက်ကြည့်ရှူအားပေးစဉ် တိ/ထုတ်ဌာနမှူး ဦးစောလင်း၊ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ကြီးတို့မှ လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြ၍ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ တိရစ္ဆာန်ဆေးကုမှူးများ၊ ဝန်ထမ်းများအဖွဲ့သည် ဗဟိုအမျိုးသမီးဆေးရုံဝန်ထမ်းများနှင့်ပူးပေါင်း၍ ခွေးအထီး(၆)ကောင်ခွဲစိတ်ခြင်း၊ ခွေးအထီး/အမ(၁၇)ကောင် မေ့ဆေးပစ်ဖမ်းဆီး၍ ဂေဟာသို့ပို့ဆောင်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။ |
×
|
×
|
×
|
×
|
×
|
×
|
| တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများတွင် ခွေးရူးရောဂါသည် အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်ပါသည်။ ခွေး၊ ကြောင်များအသက်(၃)လကျော်ပါက ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးစတင်ထိုးနိုင်ပြီး ဆေးအာနိသင် (Time duration)တစ်နှစ်အကျိုးသက်ရောက်မှုရှိပါ၍ နှစ်စဉ်သက်တမ်းတိုး ပုံမှန်ထိုးပေးခြင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပါသည်။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားပရဝဏ်ဝင်းများအတွင်း ပေါက်ပွားမှုကောင်ရေထိန်းချုပ်နိုင်ရေးအတွက် မျိုးပွားမှုလျှော့ချ ခွဲစိတ် ကုသခြင်း (Castration, Ovarectomy, Evacuation of the uterus)၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးပေးခြင်း၊ နာမကျန်းဆေးကုသပေးခြင်းများကို စီမံချက်ဖြင့် ဌာန၏တိရစ္ဆာန်ဆေးကုဆရာဝန်(Vet)များနှင့် တိရစ္ဆာန်ဆေးကုမှူး (Vet Assistance, V.A) တို့မှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ (၈-၂-၂၀၂၃)ရက်နေ့တွင် သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ ရွှေစာရံဘုန်းကြီးကျောင်းဝင်းအတွင်းနှင့် မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးပူးပေါင်းအဖွဲ့နှင့် အိမ်မွေးခွေး(၂၅)ကောင်ကာကွယ်ဆေးထိုးပေးခြင်း၊ နာမကျန်းခွေး(၇)ကောင်ဆေးကုသပေးခြင်း၊ ခွေးထီး(၁၀)ကောင်ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဌာနပိုင် လှိုင်သာယာခွေးဂေဟာတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ခွေးများကို ပုံမှန်ကျန်းမာရေးဆေးစစ်ကုသ/ကာကွယ်ဆေးထိုး၊ မျိုးပွားမှုထိန်း၊ ခွဲစိတ်ကုသပေးလျက်ရှိသည့်အပြင် (၂-၂-၂၀၂၃)ရက်နေ့တွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်အိမ်ရာဝင်းအတွင်းခွေး(၂၀)ကောင်ကိုလည်းအလားတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
| (၆.၂.၂၀၂၃) ရက်နေ့တွင် ကုသ/ကာကွယ်(အရှေ့ပိုင်း)၏ ခရိုင်အရာရှိ ဌာနစုမှူး Dr.သန်း ဦးဆောင်သောအဖွဲ့သည် ဈေးတာဝန်ခံ ဦးကျော်ဆန်းတို့နှင့်အတူ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေယမုံ(၁၃)စျေးအတွင်း ဝက်သား(၂)ဆိုင်၊ ဆိတ်သား(၁)ဆိုင်၊ အမဲသား(၁)ဆိုင်၊ ကြက်သား(၆)ဆိုင်၊ ငါး/ပုဇွန်(၈)ဆိုင် စုစုပေါင်း အသား၊ ငါး/ပုဇွန်ဆိုင် (၁၈)ဆိုင်တွင် ရောင်းချနေသော အသား၊ ငါး/ပုဇွန်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င်ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံးပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများထည့်ရန် အမှိုက်ပုံး/တောင်း ထားရှိ၍ နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန်၊ ရေထိုးခြင်း၊ လေထိုးခြင်း၊ အရောင်ဆိုးခြင်းများမပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၂၆.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနမှူး(ဒုတိယညွန်ကြားရေးမှူးချူပ်)ဦးစောလင်းနှင့်အတူ ဒု-ဌာနမှူး(ညွှန်ကြားရေးမှူး)၊ လက်ထောက်ဌာနမှူးနှင့် တာဝန်ခံအရာရှိတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာမွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းဇုန်အတွင်းရှိ အသားထုတ်လုပ်ရေးဌာနခွဲ(ဝက်) စီမံကိန်းဝင်းအတွင်း (ဝက်)အသားထုတ်လုပ်ငန်း ပြောင်းရွှေ့ဆောင်ရွက်မည့် ရွာမအသားထုတ်(ဝက်)လိုင်စင်စီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ပြောင်းရွှေ့လုပ်ကိုင်မည့် အသားထုတ်လုပ်ရုံအဆောက်အဦး (၂၅ ပေx ၄၀ပေ)ပေင့် ယာယီဝက်အရှင်လှောင်ခြံ (၂၅ပေx ၃၅ပေပေအခန်းအကျယ်(၆)ခန်းပါရှိသော ရုံ(၁)ရုံ၊ စုစုပေါင်း(၆)ရုံများအား လိုင်စင်စီ(၃၀)ဦး လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိပါသည်။ ယခုအင်းစိန်မြို့နယ်(ရွာမ)၌ အသားထုတ်လုပ်နေသော လိုင်စင်စီ(၂၆)ဦးအတွက် လုပ်ငန်းနေရာချထားရာတွင် ရွာမ(ဝက်)အသားထုတ်လိုင်စင်စီအမှုဆောင်အဖွဲ့နှင့်အတူ စနစ်တကျမဲနှိုက်ရွေးချယ်ခြင်းဖြင့် အခန်းအလိုက် လိုင်စင်စီအမည်ဆိုင်းဘုတ်များ အရွယ်တူ၊ အရောင်တူ တပ်ဆင်၍ လုပ်ငန်းစတင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် ညွှန်ကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၁၆.၁.၂၀၂၃) ရက်နေ့တွင် ကုသ/ကာကွယ်(မြောက်ပိုင်း)မှ ဌာနစုမှူး ဒေါ်နန့်ခီဖန်း ဦးဆောင်သော ဒု-တိရစ္ဆာန်ဆေးကုမှူး Dr. ဝင့်တင်ဇာငြိမ်း၊ ဒု-ကြီးမှူး ဦးအောက်သက်ဦးတို့အဖွဲ့သည် ဈေးတာဝန်ခံ ဦးအောင်အောင်ဦးနှင့်အတူ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သီရိမာလာစျေးရှိ ဝက်သား(၆)ဆိုင်၊ ဆိတ်သား(၂)ဆိုင်၊ အမဲသား(၂)ဆိုင်၊ ကြက်သား(၂)ဆိုင်၊ ငါး/ပုဇွန်(၈)ဆိုင် စုစုပေါင်းအသား၊ ငါး/ပုဇွန်ဆိုင်(၂၀)ဆိုင်တွင် ရောင်းချနေသောအသား၊ ငါး/ပုဇွန်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င်ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံးပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများထည့်ရန် အမှိုက်ပုံး/ တောင်း ထားရှိ၍ နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန်၊ ရေထိုးခြင်း၊ လေထိုးခြင်း၊ အရောင်ဆိုးခြင်းများမပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၂.၁.၂၀၂၃) ရက်နေ့တွင် ကုသ/ကာကွယ်(အရှေ့ပိုင်း)မှ ဌာနစုမှူး Dr.သန်း ဦးဆောင်၍ ဒု-တိရစ္ဆာန်ဆေးကုမှူး Dr.ချစ်သိမ့်အောင်နှင့်အဖွဲ့သည် ဈေးတာဝန်ခံ ဦးဝင်းမြိုင် တို့နှင့်အတူ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာစျေးရှိ ဝက်သား(၂)ဆိုင်၊ ဆိတ်သား(၁)ဆိုင်၊ အမဲသား(၂)ဆိုင်၊ ကြက်/ဘဲ(၇)ဆိုင်၊ ငါးပုဇွန်(၇)ဆိုင် စုစုပေါင်းအသားဆိုင်(၁၉)ဆိုင်၏ ရောင်းချနေသောအသားများ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င်ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံးပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများထည့်ရန် အမှိုက်ပုံး/ တောင်း ထားရှိ၍ နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန်၊ ရေထိုးခြင်း၊ လေထိုးခြင်း၊ အရောင်ဆိုးခြင်းများမပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၂၆.၁၂.၂၀၂၂) ရက်နေ့တွင် ကုသ/ကာကွယ်(အရှေ့ပိုင်း)မှ ဌာနစုမှူး Dr.သန်း ဦးဆောင်သည့်အဖွဲ့သည် ဈေးတာဝန်ခံ ဦးအေးမြင့်အောင်တို့နှင့်အတူ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ဈေးရှိ ဝက်သား(၁၂)ဆိုင်၊ ဆိတ်သား(၂)ဆိုင်၊ အမဲသား(၄)ဆိုင်၊ ကြက်/ဘဲ(၁၁)ဆိုင်၊ ဝက်ကလီစာ(၁)ဆိုင်၊ဆိတ်ကလီစာ(၁)ဆိုင်၊ အမဲကလီစာ(၂)ဆိုင်၊ ငါးပုဇွန်(၁၅)ဆိုင် စုစုပေါင်းအသားဆိုင်(၄၈)ဆိုင်၏ ရောင်းချနေသောအသားများ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င် ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံးပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများ ထည့်ရန် အမှိုက်ပုံး/ တောင်း ထားရှိပြီး နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန်၊ ရေထိုးခြင်း၊ လေထိုးခြင်း၊ အရောင်ဆိုးခြင်းများမပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၁၉.၁၂.၂၀၂၂) ရက်နေ့တွင် ကုသ/ကာကွယ်(အရှေ့ပိုင်း)မှ ဌာနစုမှူး Dr.သန်း ဦးဆောင်၍ ဒု-တိရစ္ဆာန်ဆေးကုမှူး Dr.ချစ်သိမ့်အောင်နှင့်အဖွဲ့သည် ဈေးတာဝန်ခံ ဦးကျော်ခိုင် တို့နှင့်အတူ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၂)ဈေးရှိ ဝက်သား(၁၀)ဆိုင်၊ ဆိတ်သား(၁)ဆိုင်၊ အမဲသား(၃)ဆိုင်၊ ကြက်/ဘဲ(၁၁)ဆိုင်၊ အမဲကလီစာ(၁)ဆိုင်၊ ငါးပုဇွန်(၂၀)ဆိုင် စုစုပေါင်းအသားဆိုင်(၄၆)ဆိုင်၏ ရောင်းချနေသောအသားများ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င် ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံး ပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများ ထည့်ရန် အမှိုက်ပုံး/ တောင်း ထားရှိပြီး နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန်၊ ရေထိုးခြင်း၊ လေထိုးခြင်း၊ အရောင်ဆိုးခြင်းများမပြုလုပ်ရန် အသိပညာပေးမှာကြားခဲ့ပါသည်။ |
![]() |
![]() |
![]() |
| (၅.၁၂.၂၀၂၂) ရက်နေ့တွင် ကုသ/ကာကွယ်(အရှေ့ပိုင်း)မှ ဌာနစုမှူး(တိရစ္ဆာန်ဆေးကုဆရာဝန်)Dr.သန်း နှင့်အဖွဲ့သည် ဈေးတာဝန်ခံ ဦးဌေးလွင်ဦး တို့နှင့်အတူ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၁/ဗဟိုစည်ဈေးအတွင်းရှိ ဝက်သားဆိုင်(၆)ဆိုင်၊ အမဲသားဆိုင်(၅)ဆိုင်၊ ဆိတ်သားဆိုင်(၃)ဆိုင်၊ ဆိတ်ကလီစာ(၁)ဆိုင်၊ ကြက်သားဆိုင်(၁၀)ဆိုင်၊ ငါးပုဇွန်ဆိုင်(၁၅)ဆိုင်၊ စုစုပေါင်း(အမဲ၊ ဆိတ်၊ ဝက်၊ ကြက်၊ ငါး၊ ပုဇွန်၊ ကလီစာ) (၄၀)ဆိုင်တို့တွင် ဌာန၏ အသား၊ ငါး၊ ပုဇွန်၊ ကလီစာ ရောင်းချခွင့်လိုင်စင်ဖြင့် ရောင်းချနေသော အသား၊ ငါး၊ ပုဇွန်၊ ကလီစာများ သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င် ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဒေါ်ခက်ခက်မော် ၏ ကြက်သားဆိုင်တွင် စားသုံးရန်မသင့်သော ကြက်သား(၆.၆၅)ပိဿာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နောက်နောင်ဤသို့ မလတ်ဆတ်သော အနံ့၊ အရောင်ပြောင်း အသားများအား ထပ်မံရောင်းချခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေလျက် အသား၊ ငါး အရောင်းဆိုင်များ၏ ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံးပစ္စည်းများကို စနစ်တကျနေ့စဉ် ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများထည့်ရန် အမှိုက်ပုံး/တောင်း ထားရှိပြီး နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန် အသားများ ထပ်မံရောင်းချခြင်းမပြုရန်နှင့် ထပ်မံစစ်ဆေးတွေ့ရှိပါက ဈေးများဌာန၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီဆိုင်ခန်းပိတ်သိမ်းသည်အထိ အရေးယူခြင်းခံရမည်ကို အသိပညာပေးမှာကြား၍ စားသုံးရန်မသင့်ကြက်သားများကို ဆေးဖြန်းပယ်ဖျက်၊ မြေမြှပ်ဖျက်ဆီးဆောင်ရွက်ခဲ့မှု မှတ်တမ်း |
![]() |
![]() |
![]() |
| (၃၀.၁၁.၂၀၂၂) ရက်နေ့တွင် ကုသ/ကာကွယ်(အနောက်ပိုင်း)မှ ဌာနစုမှူး Dr.ပိုက်တင်ထွန်း၊ ဒု-တိရစ္ဆာန်ဆေးကုမှူး Dr.နွယ်နီဝင်းနှင့်အဖွဲ့သည် ဈေးတာဝန်ခံ ဦးချစ်စမ်းလှိုင် တို့နှင့်အတူ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ သံဈေးရှိ (အမဲ၊ ဆိတ်၊ ဝက်၊ ကြက်)အသားဆိုင်(၁၀)ဆိုင်၏ ရောင်းချနေသောအသားများသန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/ မရှိ၊ တရားမ၀င် ခွင့်ပြုချက်မဲ့ အသားများရောင်းချနေမှု ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ခုံနှင့် အသုံးပြု ဓါး၊ စဉ့်နှီးတုံး ပစ္စည်းများကို စနစ်တကျ နေ့စဉ်ဆေးကြောရန်၊ ဘေးထွက်ပစ္စည်းများထည့်ရန် အမှိုက်ပုံး/ တောင်း ထားရှိပြီး နေ့စဉ်စွန့်ပစ်ရန်၊ စားသုံးရန်မသင့် အရောင်ပြောင်း၊ ရက်ကျန်အသားများရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့မှုမှတ်တမ်း |
![]() |
![]() |
![]() |
| ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်(၉)ခရိုင်အတွင်းရှိ မြို့နယ်(၆၁)မြို့နယ်များတွင် နေ့စဉ်သတ်မှတ်ရက်အလိုက် Mobile Market စနစ်ဖြင့်
(အမဲ၊ ဆိတ်၊ ဝက်၊ ကြက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥနှင့် စားသုံးဆီများ) လှည့်လည်ရောင်းချပေးနေမှုမှတ်တမ်း |
×
|
×
|
×
|
×
|
×
|
×
|
| “Mini-Lab of Veterinary and Production Department” ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်စားသုံးရန်အတွက် (ရွာသာကြီး၊ ရွာမ၊ လှိုင်သာယာ၊ ရွှေပြည်သာ) အသားထုတ်လုပ်ရုံများတွင် ထုတ်လုပ်ပြီးသောအသားများကို စားသုံးရန်သင့်/မသင့် စစ်ဆေး၍ ကော်မတီပိုင်ဈေးများသို့ ဖြန့်ဖြူးပေးပို့လျက်ရှိရာ ခရိုင်နယ်မြေအလိုက် တာဝန်ကျ တိရစ္ဆာန်ဆေးကုဆရာဝန်များမှလည်း ကော်မတီပိုင်ဈေးများတွင် ရောင်းချနေသော အသား၊ ငါး၊ ပုဇွန် အရောင်းဆိုင်များကို ထပ်မံစစ်ဆေးလျက်ရှိပါသည်။ ဌာန၏ အသားထုတ်လုပ်ခွင့်လိုင်စင်ရယူထားသူများသည် Mini-Lab တွင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း အနည်းဆုံး(၂)ကြိမ် အသား Sample တစ်မျိုးလျှင် အသားစစ်ဆေးခ(၃၀၀ဝိ/-) နှုန်း ပေးသွင်းလျက် Bacteria Section (Streptococcus, Staphylococcus, Salmonella species, E-coli, Listeria-Monocytogenes, Shigella, Clostridium botulinum, Camphylobacter jejuni, Bacillus cereus, Vibrio Cholera) တို့ ပါဝင်သော Biological Test စစ်ဆေးရပါသည်။ စစ်ဆေးလိုသူများသည် ပြင်ပရောဂါပိုးများဝင်ရောက်ပြန့်ပွားမှု မရှိစေရန် Meat Sample အား သန့်ရှင်းသော ပလပ်စတစ်အိတ်ဖြင့်ထည့်ပြီး Cold Chain Delivery ရေခဲပုံးဖြင့်သယ်ဆောင်၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (၃)ရက်တွင် နေ့လည်(၁၂:၀၀)နာရီ နောက်ဆုံးထားပေးပို့ရန်နှင့် သောကြာနေ့တွင် အဖြေလွှာ Result ကို ပြန်လည်ရယူနိုင်ပါသည်။ |
×
|
×
|
×
|
×































