အင်ဂျင်နီယာဌာန(အဆောက်အအုံ)
အမည် - ဦးထက်မြတ်ကို
ခေါင်းစဉ် - ဖုန်းဆက်လို့ရမည့်နံပါတ်လိုချင်ပါတယ်၊ အာမခံကြေး သိန်း၅၀ သွင်းဖို့ ဘယ်လောက်စောင့်ပေးပါသလဲ
ကော်မတီမှ ပြန်ကြားချက်
Yangon Building Permit System(YBPS) တွင် လျှောက်ထားသည့် BP No ပေးပို့လျှင် ပိုမိုတိကျစွာပြန်ကြားပေးပါမည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမည် - တင်စိုးဝင်း
ခေါင်းစဉ် - Safety နှင့် မကိုက်ညီသော လုပ်ဆောင်ချက်များကို စစ်ဆေးပေးပါရန် တောင်းဆိုခြင်း
ကော်မတီမှ ပြန်ကြားချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ အုပ်ချုပ်ရေးမှူး၊ Asia Express Co.,Ltd၊ ပုလဲကွန်ဒို တိုက် (C) ထံသို့ ဖော်ပြပါအချက်များအား အခန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ၃၀.၈.၂၀၁၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ (က) ဓါတ်လှေကား Control စနစ်အား လဲလှယ်ခြင်း၊ ARD စနစ် တပ်ဆင်ခြင်း၊ Emergency Light တပ်ဆင်ခြင်း၊ Ventilation Fan လဲလှယ် တပ်ဆင်ခြင်း၊ Access Card စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း၊ (ခ) လျှပ်စစ် Service Wire များနှင့် Meter Main Panel အတွင်းရှိ Wire များ မီးဘေး အန္တရာယ်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန (EI) ၏ စစ်ဆေးမှုခံယူ၍ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်။ (ဂ) အုပ်ချုပ်ရေးမှူးရုံးနှင့် အခန်းရှင်များ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် တစ်လတစ်ခါ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမည် - ဒေါ်ဝင်းပပ
ခေါင်းစဉ် - တရားမဝင်ဆောက်လုပ်ခြင်းအား အရေးယူပေးပါရန်
ကော်မတီမှ ပြန်ကြားချက်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၉)ရပ်ကွက်, မြေကွက်အမှတ် (၉၅၅)တွင်တရားမဝင် အဆောက်အအုံများ ဆောက်လုပ်နေထိုင်ခြင်းအား စည်ပင်ဥပဒေ ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားစာအား အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သော အဆောက်အအုံများပိုင်ရှင်အား ပုဒ်မ (၆၈)၊ ပုဒ်မ (၆၉) ဖြင့် တရားစွဲဆို အရေးယူထား ကြောင်း ပြန်ကြားအပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ