မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
ခြံဝန်းများရှင်းလင်းလိုပါကမည်သို့ဆောင်ရွက်ရပါသလဲ။
ရေပုပ်စုပ်ယာဉ်များခေါ်ယူလိုပါက မည်သို့ဆောင်ရွက်ရပါသလဲ။
ရေပုပ်စုပ်ယာဉ်များခေါ်ယူလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
စက်ရုံနှင့်မော်တော်ယာဉ်ဌာန ရေပုပ်စုပ်ယာဉ်ဌာနခွဲသို့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါသည်။
စက်ရုံနှင့်မော်တော်ယာဉ်ဌာန (ရေပုပ်စုပ်ယာဉ်ဌာနခွဲ)
စက်ရုံနှင့်မော်တော်ယာဉ်ဌာန (ရေပုပ်စုပ်ယာဉ်ဌာနခွဲ)
- ရုံးဖုန်း - ၀၁-၅၄၄၈၄၆
- လက်ကိုင်ဖုန်း - ၀၉-၄၅၀၀၆၄၂၇၆
သန့်ရှင်းရေးဆောင်ရွက်ခများအားမည်သည့်မြို့နယ်အား မည်သည့်နှုန်းထားသတ်မှတ်ကောက်ခံပါသလဲ။
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ သန့်ရှင်းရေးဆောင်ရွက်ခများအား မြို့နယ်အလိုက် အောက်ပါအတိုင်း သတ်မှတ်ကောက်ခံ ဆောင်ရွက်လျက်ရှိပါသည်-
- (က) ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်း၊ ပုဇွန်တောင်၊ ကမာရွတ်မြို့နယ် စသည့်(၁၅)မြို့နယ်တွင် (၁)ရက်လျှင် ၂၀/-နှုန်းဖြင့် တစ်လ ၆၀၀/-အား (၃)လ တစ်ကွာတာ ၁၈၀၀/-ကောက် ခံဆောင်ရွက်လျက် ရှိပါသည်။
- (ခ) သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တောင် ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင် မြို့ နယ်စသည့် (၁၀)မြို့နယ်တွင် (၁)ရက်လျှင် ၂၀/-နှုန်းဖြင့် တစ်လ ၄၅၀/- အား (၃)လတစ်ကွာတာ ၁၈၀၀/- ကောက်ခံဆောင်ရွက်လျက်ရှိပါသည်။
- (ဂ) ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်စသည့် (၇)မြို့နယ်တွင် (၁)ရက် လျှင် ၁၅/-နှုန်းဖြင့် တစ်လ ၄၅၀/-အား (၃)လတစ်ကွာတာ ၉၀၀/-ကောက် ခံ ဆောင်ရွက်လျက်ရှိပါသည်။