အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)

အမည် - Mya Myintzu Kyaw
ဆက်သွယ်ရမည့်လိပ်စာ - Tarmwe
ခေါင်းစဉ် - ရေပြတ်တောက်ခြင်းနှင့်ပတ်သက်၍ တင်ပြခြင်း

ကော်မတီမှ ပြန်ကြားချက်

လက်ရှိအခြေအနေ၌ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ရေပြည့်ဝစွာရရှိနေပြီဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည်။

အမည် - ဦးအောင်အောင်ထွန်း
ဆက်သွယ်ရမည့်လိပ်စာ -ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်
ခေါင်းစဉ် - ရန်ကုန်မြို့တွင်းရေပြတ်တောက်ခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

၂၀-၁-၂၀၂၃ ရက်နေ့ ည (၉:၀၀) နာရီခန့်တွင် လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းမြို့နယ်များသို့ ဆက်သွယ်ပေးဝေလျက်ရှိသော ၆၆"Ø ကွန်ကရိပိုက်သည် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ မြို့တော်ဂေါက်ကွင်းအတွင်း မြေကြီးအောက်အနက် (၁၅) ပေခန့်တွင် ရေပိုက်ပေါက်မှုဖြစ်ပွားသဖြင့် ရေပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဝန်ထမ်းများမှ နေ့/ည ဆက်တိုက် (၂) ရက်တိုင်တိုင်ပြုပြင်ဆောင်ရွက်ခဲ့မှုကြောင့် ၂၂-၁-၂၀၂၃ ရက်နေ့ည (၁၂:၀၀) နာရီခန့်တွင် ရေပြန်လည်ပေးဝေနိုင်ခဲ့ပါသည်။ ရေပြန်လည်မရရှိမီကာလတွင်လည်း လိုအပ်သည့်နေရာများသို့ ရေကားများစီစဉ်ပေးခဲ့ပါသည်။
ကော်မတီပိုင်ရေသုံးစွဲလျက်ပြည်သူများအနေဖြင့် အရေးပေါ်ရေပြတ်တောက်မှုနှင့် ရေအခက်အခဲဖြစ်ပေါ်ပါက ဆက်သွယ်နိုင်ရန်အတွက် YCDC Website တွင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ဖော်ပြထားပါသဖြင့် အဆိုပါဖုန်းနံပါတ်များသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများသို့လည်းကောင်း ဆက်သွယ်တင်ပြနိုင်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

အမည် - ဦးဖြိုးမင်းခန့်
ဆက်သွယ်ရမည့်လိပ်စာ -မြရတနာလမ်း၊ ၁၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်
ခေါင်းစဉ် - သောက်သုံးရေမရရှိခြင်း

ကော်မတီမှ ပြန်ကြားချက်

(၂၆.၁၀.၂၀၂၂) ရက်နေ့တွင် ရေရရှိရေးဆောင်ရွက်ပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည်။

အမည် - ဦးမောင်မောင်
ဆက်သွယ်ရမည့်လိပ်စာ -အမှတ် ၇၊ ၁၅၄ လမ်း၊ တာမွေမြို့နယ်
ခေါင်းစဉ် - သောက်သုံးရေမရရှိခြင်း

ကော်မတီမှ ပြန်ကြားချက်

တာမွေမြို့နယ်၊ ၁၅၄လမ်း၊အမှတ်(၇) သို့ (၁၅.၃.၂၀၂၂) နေ့တွင် ရေရရှိရေးသွားရောက်ဆောင်ရွက်ပြီးဖြစ်ပါကြောင်းအကြောင်းပြန်ကြားအပ်ပါသည်။

အမည် - ဦးအောင်မြင့်မြတ်ထွေး
ဆက်သွယ်ရမည့်လိပ်စာ -အမှတ် (၈၅)က ၃လွှာ၊ မြောင်းကြီးလမ်း၊ ၈ ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်
ခေါင်းစဉ် -ရေမလာသည်မှာ ၂ရက်ခန့်ရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန်

ကော်မတီမှ ပြန်ကြားချက်

လှော်ကားရေလှောင်ကန်မီးပျက်သွားသည့်အတွက်ကြောင့် မြို့နယ်အတွင်းရေဝင်ရောက်မှုမရှိပါသဖြင့် ရေပြတ်တောက်ရခြင်းဖြစ်ပြီး၊ (၄.၃.၂၀၂၂) နေ့တွင် ရေပြန်လည်ရရှိနေပြီဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည်။

အမည် -Sai Thiha
ဆက်သွယ်ရမည့်လိပ်စာ -၂၀၇၊ ဗိုလ်နက်ကျော်လမ်း၊(၄၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
ခေါင်းစဉ် - ရေမလာ၍ ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း ရေပြတ်တောက်မှုအား (၉-၁၂-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဗိုလ်နက်ကျော်လမ်း 3"Ø PVC ပိုက်လိုင်းသို့ ရေအဝင်ဖြစ်သော ဗိုလ်သုန်လမ်းတစ်လျှောက်ရှိ 6" Ø PVC ပိုက်လိုင်းနှင့် ပိတောက်လမ်းရှိ 3"Ø PVC ပိုက်များအား တူးဖော်စစ်ဆေးရာ ပိတောက်လမ်းရှိ 3"Ø PVC တွင် သစ်မြစ်များ ပိတ်ဆို့နေကြောင်း စစ်ဆေးတွေ့ရှိပါသဖြင့် ရှင်းလင်းဖယ်ရှားခဲ့ပြီး (၁၁-၁၂-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရေကောင်းမွန်စွာ ပြန်လည်ရရှိပါကြောင်းနှင့် ပိုက်လိုင်းများလည်း ဆက်လက်ပြုပြင်ဆောင်ရွက်လျှက်ရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -Thin thandar kyaw
ဆက်သွယ်ရမည့်လိပ်စာ -အမှတ် (၆၈၀) ဗိုလ်မြတ်ထွန်းလမ်း ၄၇ ရပ်ကွက် မြောက်ဒဂုံ
ခေါင်းစဉ် - အိမ်နောက်ဖေးလမ်းကြားရေလျှံသည့်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

အမှတ် (၆၈၀) ဗိုလ်မြတ်ထွန်းလမ်း ၄၇ ရပ်ကွက် မြောက်ဒဂုံရှိ ရေဝပ်ခြင်းတိုင်ကြားစာအား ရေဆိုးမြို့နယ် တာဝန်ခံ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ (၈.၁၂.၂၀၂၀) ရက်နေ့တွင်စစ်ဆေးရာနောက်ဖေးလမ်းကြားပိတ်ဆို့၍ရေကောင်းစွာစီးဆင်းခြင်းမရှိပါသဖြင့် မြို့နယ်ရေစီးရေလာအဖွဲ့သို့ ဆက်သွယ်တင်ပြရန် အိမ်ရှင်အား ပြောကြားခဲ့ပါကြောင်း ကွင်းဆင်းစစ်ဆေးတင်ပြလာခြင်းအား အကြောင်းပြန်ကြားအပ်ပါသည်။

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC