ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ရေပုပ်စုပ်ယာဉ်များ ငှားရမ်းနိုင်ကြောင်း

  • ရေပုပ်စုပ်ယာဉ်ငှားရမ်းလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာစည်ပင်မော်တော်ယာဉ်ဌာနခွဲ၊ မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းထောင့်၊ ဒေါပုံ သင်္ဘောကျင်းမှတ်တိုင်အနီး လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေ ပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

  • သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ (လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် များမပါ) တွင် လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ကော်မတီပိုင်လုပ်ငန်းသုံးပစ္စည်းဟောင်းများ ရောင်းချရေးကော်မတီ
ပစ္စည်းဟောင်းများရောင်းချရန်အတွက် တင်ဒါကျင်းပမည့်ရက်အား
ပြန်လည်အသိပေးကြေညာခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနရှိ ကော်မတီပိုင်လုပ်ငန်းသုံးပစ္စည်းဟောင်းများကို ၁၁-၁-၂၀၂၁ ရက်နေ့တွင် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချမည့်အစီအစဉ်အား ယာယီရွှေ့ဆိုင်းထားရှိခဲ့ပါသည်။

၂။ အဆိုပါ ကော်မတီပိုင်ပစ္စည်းဟောင်းများ ဈေးပြိုင်တင်ဒါရောင်းချမည့်အစီအစဉ်အား အောက်ပါအတိုင်း ပြန်လည်ဆောင်ရွက်မည့်ဖြစ်ပါသဖြင့် ယခင်တင်ဒါပေးသွင်းခဲ့သူများအနက် ဆက်လက်တင်ဒါယှဉ်ပြိုင်လိုသူများအနေဖြင့် တင်ဒါပေးသွင်းပြိုင်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။ (ဆက်သွယ်ရန်ဖုန်း- ၀၉ ၄၂၁၁၁၃၈၀၃၊ ၀၉ ၄၄၄၈၉၄၉၉၅)


တင်ဒါ PO နောက်ဆုံးပေးသွင်းရမည့်ရက် - ၁၇-၅-၂၀၂၁
တင်ဒါကျင်းပမည့်နေ့ရက်/အချိန် - ၂၀-၅-၂၀၂၁ (ကြာသပတေးနေ့)၊ နံနက်(၁၀:၀၀)နာရီ
တင်ဒါကျင်းပမည့်နေရာ - အစည်းအဝေးခန်းမကြီး၊ မြို့တော်ခန်းမ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC