မြို့ပြမြေစီမံခန့်ခွဲမှုဌာန

အသိပေးကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ မြေစီမံခန့်ခွဲမှုဌာန အနေဖြင့် ရန်ကုန် မြို့တော်ရှိ ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများကို အပတ်စဉ်(တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)နေ့ များတွင် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ OSS ခန်းမအတွင်း၌ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ လက်ရှိအခြေအနေ၌ မြန်မာပြည်တစ်ဝှမ်းလုံးတွင် Coronavirus Disese 2019 (COVID-19) ရောဂါ သည် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေတွင်ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားရှိသဖြင့် မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများကို ၂၅-၃-၂၀၂၀ ရက်နေ့မှစ၍ မြို့နယ်(၂၈)မြို့နယ် အား Online မှလျှောက်ထားရန် ၊Online မရရှိသည့် မြို့နယ်(၅)မြို့နယ်အား အပတ်စဉ်ရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့ ရုံးဖွင့်ရက်တွင် နံနက်(၁၀:၀၀) နာရီမှ နေ့လည်(၁၄:၀၀)နာရီအထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် လျှောက်ထားပြီးဖြစ်သော မြေစီမံမှုများ၏ ခွင့်ပြုထုတ်ယူရန် ကိစ္စရပ်များကိုလည်း အပတ်စဉ်ရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့ ရုံးဖွင့်ရက်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၅-၃-၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၃။ သို့သော်လည်း ပြည်သူများ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာလျှောက်ထားမှုများ လျော့နည်းလာမှုမရှိဘဲ ပိုမိုများပြားစွာ လျှောက်ထားလာမှုရှိခြင်းကြောင့် နိုင်ငံတော်သမ္မတရုံး၏ ၂၅-၃-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၁၅၈(၁)/၈/သမ္မတရုံး ၏ Coronavirus (COVID-19)ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်နာဆောင်ရွက်ရန်ကိစ္စအကြောင်းကြားစာအရ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့၊ မြို့ပြမြေစီမံခန့်ခွဲမှု၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် ကိစ္စရပ်များအား၃၀-၄-၂၀၂၀ ရက်နေ့ထိ ခေတ္တရပ်ဆိုင်း သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်နေပြည်သူများအနေဖြင့် COVID-19 ကြိုတင်ကာကွယ်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုအလို့ငှာ အထက်ပါမြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များအား ခေတ္တရပ်ဆိုင်းမှုအပေါ် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့ပြမြေစီမံခန့်ခွဲမှုဌာန

အသိပေးအကြောင်းကြားခြင်း

မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးဆောင်ရွက်ခြင်းအပေါ် နှစ်အလိုက်ဒဏ်ကြေးသတ်မှတ်မှုအခြေအနေ ၁၀-၃-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကော်မတီဝင်များအစည်းအဝေးမှတ်တမ်း(၁၀/၂၀၁၄) ဆုံးဖြတ်ချက်အပိုဒ်(က/၄၇)အရမြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးအမှုတွဲများတွင် ဂရန်သက်တမ်းပြတ်တောက်ပါက (၁)နှစ်လျှင် ၁ဝဝဝဝဝိ/-(ငွေကျပ်တစ်သိန်းတိတိ) ကောက်ခံရန် ဆုံးဖြတ်ထားမှုအားသိရှိနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မြို့ပြမြေစီမံခန့်ခွဲမှုဌာန

အသိပေးကြော်ငြာခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ မြေစီမံမှုလုပ်ငန်း များအား e-applicationဖြင့် Online မှ မြို့နယ်(၁၃)မြို့နယ်အား ဆောင်ရွက်ပေးလျက်ရှိရာ မြေစီမံမှုလျှောက်ထား မည့် ပြည်သူလူထုများအနေဖြင့် ၃ဝ-၃-၂ဝ၁၆ ရက်နေ့မှစ၍ Online ဖြင့်လျှောက်ထားခြင်းများကို (ရွှေပြည်သာ၊ လှိုင်သာယာ၊ မဂင်္လာဒုံ၊ မရမ်းကုန်း၊ အင်းစိန်)မြို့နယ်များအား ထပ်တိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနတွင် အောက်ပါ မြို့နယ်များအား မြေစီမံခန့်ခွဲမှုများကို ၁-၄-၂ဝ၁၆ ရက်နေ့မှစ၍ မြို့တော်ခန်းမရှိ Online Service ဌာနတွင် ဆောင်ရွက်ပေးခြင်းမပြုတော့ဘဲ Internet အသုံးပြုနိုင်လျှင် မိမိနေအိမ်မှလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးများမှလည်းကောင်း လျှောက်ထားနိုင်ပါသည်-

၃။ ထိုသို့လျှောက်ထားမည်ဆိုပါက အောက်ပါအတိုင်း လျှောက်ထားနိုင်ကြောင်းအသိပေးအပ်ပါသည်-

    (က) Browser Y.C.D.C ၏ Web Site (www.ycdc.gov.mm) သို့ ဝင်ရောက်ပါ။
    (ခ) Online ဝန်ဆောင်မှုများမှ အိမ်ခြံမြေဂရန် ကိုရွေးပါ။
    (ဂ) လျှောက်လွှာများမှ မြေပုံကူး/လျှောက်ထားလိုသည့်ကိစ္စ ကိုရွေးပါ။
    (ဃ) မြေပုံကူးလျှောက်ထားခြင်းလျှောက်လွှာပုံစံအား အချက်အလက်များဖြည့်စွက်ပါ။ (အနီရောင် ပြထားသော အချက်အလက်များကို မဖြစ်မနေ မှန်ကန်စွာ ဖြည့်စွက်ရပါမည်။)
    (င) e-mail လိပ်စာရှိပါက ဖြည့်စွက်ပေးရပါမည်။
    (စ) လိုအပ်သည့် စာရွက်စာတမ်းများကို Select File ကိုနှိပ်၍ Scan ဖတ်ပြီး Attach ဖိုင်တွဲပို့ ပေးရပါမည်။
    (ဆ) လျှောက်ထားပါသည် ကိုနှိပ်ရပါမည်။
    (ဇ) လျှောက်လွှာလက်ခံကြောင်း ဌာနကပြန်ကြားသည့် Token အမှတ်---------- ကိုမှတ်သား ထားရပါမည်။
    (စျ) e-mail လိပ်စာဖော်ပြထားပါလျှင် အကြောင်းကြားခြင်းများကို အချိန်နှင့်တပြေးညီ (SMS) ပေးပို့ပေးမည်ဖြစ်ပါသည်။

၄။ လျှောက်လွှာလက်ခံကြောင်း အပိုဒ်(၂)(ဇ)ပါ Token အမှတ် လက်ခံရရှိသည်ဆိုပါက လျှောက်ထားမှု အမျိုးအစားအလိုက် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးနိုင်ရန် Online မှပင်အကြောင်းကြားခေါ်ယူပါမည်။ မြို့တော်ခန်းမ သို့မပျက်မကွက်လာရောက်ပြသအစစ်ဆေးခံရပါမည်။ (ပထမအကြိမ်လာရောက်ခြင်း)

၅။စစ်ဆေးပြီးပါက ဝန်ဆောင်ခပေးသွင်းရန်အတွက် မြို့တော်ခန်းမတွင်တစ်ပါတည်း ပေးသွင်းနိုင်ပါ သည်။ တစ်ပါတည်းမပေးသွင်းနိုင်ပါက လျှောက်ထားသည့် မြို့နယ်ရှိ နီးစပ်ရာမြို့တော်စည်ပင်ဘဏ်ခွဲများ (သို့) ဧရာဝတီဘဏ်ခွဲများတွင် တိုက်ရိုက်ပေးသွင်းနိုင်ရေး ငွေသွင်းချလံအမှတ်ကို Online မှအကြောင်းကြား ပါမည်။ အဆိုပါနီးစပ်ရာဘဏ်များသို့ သွားရောက်ပြီး ၎င်းငွေသွင်းချလံအမှတ်ကို ပြသ၍ ငွေပေးသွင်းရန် ဖြစ်ပါသည်။

၆။ ဌာန၏လုပ်ထုံးလုပ်နည်းအရ စိစစ်ဆောင်ရွက်ပြီး သတင်းစာကြော်ငြာရန်လိုအပ်သည့် လျှောက်ထား မှုများအတွက် ဌာနမှ တာဝန်ယူကြော်ငြာသည့် သတင်းစာကြော်ငြာခငွေအား ဌာနသို့လာရောက် ပေးသွင်းရမည် ဖြစ်ပါသည်။ (ဒုတိယအကြိမ်လာရောက်ခြင်း)

၇။ သီးခြား သတင်းစာကြော်ငြာရန် လိုအပ်ပါက ဌာနမှပေးသည့် ကြော်ငြာပုံစံဖြင့် သက်ဆိုင်ရာသတင်းစာ တိုက်များတွင် ကာယကံရှင်ကိုယ်တိုင် ငွေသွင်းသတင်းစာကြော်ငြာထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းစာ ပါပြီးနောက်ရက်တွင် အဆိုပါသတင်းစာများအား ဌာနသို့ မပျက်မကွက်ပြန်လည်ပေးပို့ ပေးရမည်ဖြစ်ပါသည်။(ဒုတိယနှင့်တတိယအကြိမ်လာရောက်ခြင်း)

၈။Online ဖြင့် မြေစီမံမှုလျှောက်ထားခြင်းများအပေါ် ဌာနမှစိစစ်ခွင့်ပြုပြီးပါက လျှောက်ထားသည့် မြေပုံမြေရာဇဝင်အား ဌာနတွင်ကိုယ်တိုင်ထုတ်ယူခြင်း(သို့မဟုတ်) လျှောက်ထားစဉ် Token အမှတ်ဖြင့် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၌လည်း ထုတ်ယူနိုင်ပါသည်။ (မြေပုံ/မြေရာဇဝင်များကို မိမိအိမ်မှ Printer ဖြင့် ထုတ်ယူခွင့်မရှိဘဲ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများရှိ ဌာနက သတ်မှတ် ထုတ်ပေးထားသော စာရွက်ဖြင့်သာ ခွင့်ပြုထားသည့် မြေပုံ/မြေရာဇဝင်ကို ထုတ်ယူပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံး တွင် ဆက်လက်ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။) (မှတ်ချက်။ မိမိအိမ်တွင် Internet အသုံးပြုနိုင်ပြီး Printer ရှိ၍ထုတ်ယူပါက မှတ်ပုံတင်စာချုပ်ရုံးက ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။)

၉။ ဂရန်သစ်လျှောက်ထားခြင်းများတွင် ဌာနမှ ခွင့်ပြုပြီး၊ ဝန်ဆောင်ခငွေပေးသွင်းပြီးသည့်အချိန်တွင် ဂရန်စာအုပ်၌ အငှားချထားခြင်းခံရသူ ကိုယ်တိုင်လက်မှတ်ရေးထိုး ဆောင်ရွက်ရမည် ဖြစ်သဖြင့် မြို့တော်ခန်းမသို့ လာရောက်ရမည်ဖြစ်ပါသည်။

၁၀။ အထက်အပိုဒ်(၂)ပါမြို့နယ်များမှအပ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကျန်မြို့နယ်များဖြစ်သည့် '' သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ် ''တို့သည် လက်ရှိအတိုင်း မြို့တော်ခန်းမရှိ OSS ခန်းမတွင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းအသိပေး အပ်ပါသည်။

မှတ်ချက်။ ထိုသို့အဆင့်ဆင့်ဆောင်ရွက်မှုများတွင် မိမိလျှောက်ထားမှုအခြေအနေသည် မည်သည့် အဆင့်ရောက်ရှိနေပြီကို သိရှိရန်နှင့် ဌာနမှအကြောင်းကြားခြင်းများကို သိရှိရန်အတွက် လျှောက်လွှာ အခြေအနေ ပြစာရင်းမှ လျှောက်ထားသည့် လျှောက်လွှာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ Tokenအမှတ် တို့ကို ဖြည့်စွက်ပြီး အချိန်နှင့်တပြေးညီ ကြည့်ရှုစစ်ဆေး နိုင်ပါသည်။

မြို့ပြမြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များ (မြို့ပြစီမံကိန်းဌာနခွဲ)


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့ပြစီမံကိန်းဌာနခွဲ) နှင့် ဂျာမနီနိုင်ငံ၊ Cologne University တို့ မှ ပူးပေါင်းဆောင်ရွက်သည့် Applied Research Project on "Multiple Risks Management of Extreme Events in Yangon" သုတေသန စီမံကိန်း လက်ကမ်းစာစောင်များ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC