တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနက သတ်မှတ်ထားသောအသားထုတ်လုပ်ရုံနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် ရွာသာကြီးအသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး-ဆိတ်၊ ဝက်) ၊ ရွာမ(ဝက်) ၊ လှိုင်သာယာမွေးမြူရေးဇုန် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊နွား၊သိုး-ဆိတ်)၊ ရွှေပြည်သာ (ကျွဲ၊နွား၊သိုး-ဆိတ်)၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့် လိုင်စင်ဒလမြို့နယ်(ကျွဲ၊နွား၊ဝက်)နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်(ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့်လိုင်စင် လျှောက်လွှာများကို (၁-၃-၂၀၂၄)ရက်နေ့မှစ၍ Online Website (www.ycdc.gov.mm)၌ လိုင်စင်စီ၏ ကိုယ်ရေး အချက်အလက်များနှင့် လုပ်ငန်းအချက်အလက်များ ဖြည့်သွင်း၍ (၇-၃-၂၀၂၄) ရက်နေ့နောက်ဆုံးထားပြီး အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားနိုင်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) |
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနက သတ်မှတ်ထားသောအသားထုတ်လုပ်ရုံနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊နွား၊သိုး၊ဆိတ်)ရွာသာကြီး၊(ဝက်)ရွာသာကြီး၊(ဝက်)ရွာမ၊(ကျွဲ၊နွား၊သိုး၊ဆိတ်) လှိုင်သာယာမွေးမြူရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ (သိုး-ဆိတ်)ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ကျွဲ၊နွား၊ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်လွှာများကို(၁၀-၃-၂၀၂၃)ရက်နေ့မှစ၍ Online (www.ycdc.gov.mm) တွင် ကိုယ်ရေးအချက်အလက်များပုံစံဖြည့်သွင်း၍ အသားထုတ်လုပ်ခွင့်လိုင်စင်လုပ်ငန်းအချက်အလက်များဖြည့်သွင်း၍ (၂၀-၃-၂၀၂၃)ရက်နေ့နောက်ဆုံးထားပြီး အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားနိုင်သည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီရုံး ၊ ရာပြတ်ဌာန ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေး နှင့် ထိန်းသိမ်းရေးဌာန၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနများမှ အောက်ပါလုပ်ငန်း သုံးပစ္စည်းအဟောင်းများအား မျက်မြင်အတိုင်း တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်-
စဉ် | Lot No | အမျိုးအစား | အရေအတွက် | ရေတွက်ပုံ |
(က) | 1 | ဉတို ဟိုတယ်ဂေါက်ကွင်းမှ စက်ပစ္စည်းနှင့်ပရိဘောဂအဟောင်းများ | ၂၆ | မျိုး |
( ခ ) | 2 | မှော်ဘီအုတ်စက်ရုံမှ ဘက်ထရီအဟောင်းများ | ၁၃၁ | လုံး |
( ဂ ) | 3 | စက်/ယာဉ်အဟောင်းများ | ၁၁ | ခု |
သံတိုသံစများ | ၄၂၉ | ခု | ||
(ဃ) | 4 | နှစ်လွန်တာယာအဟောင်း | ၉ | လုံး |
သုံးစွဲပြီးတာယာအဟောင်းဆိုဒ်စုံ | ၁၇၂၉ | လုံး | ||
(င) | 5 | ဘက်ထရီအဟောင်းမျိုးစုံ | ၅၉၉ | လုံး |
( စ ) | 6 | သံတိုသံစအဟောင်းများ | ၁ | ပုံ |
(ဆ) | 7 | သံတိုသံစအဟောင်းများ | ၁ | ပုံ |
ဖိုက်ဘာရေတိုင်ကီအဟောင်း | ၁ | လုံး | ||
( ဇ ) | 8 | ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိတ္တူကူးစက်များ၊ လက်နှိပ်စက်များ | ၁၆ | မျိုး |
(ဈ) | 9 | ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ | ၅၅ | မျိုး |
၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ၅၀၀ဝိ/- (ကျပ်ငါးထောင်တိတိ)ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန ၊ အမှတ်(၃၉၉)၊ ၁၂ထပ်ခွဲရုံး၊ (၁၁)လွှာ၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Lot ( 1 ) ၀၉-၄၂၀၁၅၆၉၆၈ ၊ Lot ( 2, 3 ) ၀၉- ၇၉၉၆၅၆၂၇၂ ၊ Lot ( 4 ,5,6,7 ) ၀၉-၅၀၇၈၅၆၁ ၊ Lot ( 8 ) ၀၉-၇၇ ၄၄၄၄ ၅၆၃ ၊ Lot (9) ဖုန်း ၀၉- ၅၀၄၉၁၃၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ဒါရောင်းချမည့်ရက် | - | ၈- ၁၁ - ၂၀၂၂ |
တင်ဒါအရောင်းပိတ်မည့်ရက် | - | ၂၂-၁၁-၂၀၂၂ (၁၃ : ၀၀)နာရီ |
တင်ဒါကျင်းပမည့်ရက် | - | ၂၃- ၁၁ -၂၀၂၂ ( ၁၂ : ၀၀ )နာရီ |
တင်ဒါကျင်းပမည့်နေရာ | - | အစည်းအဝေးခန်းမကြီး၊ မြို့တော်ခန်းမ။ |
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀ဝိ/-) နှုန်းဖြင့် (၁၀-၃-၂၀၂၂) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၁၇-၃-၂၀၂၂) ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) |
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၁ မှ ၃၀-၃-၂၀၂၂) (၆)လကာလအတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၁ မှ ၃၀-၃-၂၀၂၂) (၆)လကာလအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀ဝိ/-) နှုန်းဖြင့် (၆-၉-၂၀၂၁) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၁၅-၉-၂၀၂၁) ရက်နေ့ နောက်ဆုံးထား ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) |
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁) ရက်နေ့ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-) နှုန်းဖြင့် (၂၄-၈-၂၀၂၀) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၃၁-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) |
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀) ရက်နေ့ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-) နှုန်းဖြင့် (၂၉-၈-၂၀၁၉) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၆-၉-၂၀၁၉) ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။ ဌာနမှူး(ဒုတိယ ညွှန်ကြားရေးမှူးချုပ်) |
အများသိစေရန်ကြေညာချက် |
||||
မြို့တော်နယ်နိမိတ်အတွင်း မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်လျှောက်လွှာပုံစံကို ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန၏ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ခရိုင်ရုံး)များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများတွင်လည်းကောင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ Website တွင် Download ပြုလုပ်၍လည်းကောင်း ရယူပြီး သတ်မှတ်ပုံစံတွင်လိုအပ်သည်များကိုဖြည့်စွက်၍ သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် အောက်ဖော်ပြပါနေရာများတွင်သွားရောက်လျှောက်ထားနိုင်ပါသည်-
ဒုတိယညွှန်ကြားရေးမှူးချုပ် |
၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင် |
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၈ မှ ၃၀-၉-၂၀၁၉)ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့် လိုင်စင် (ကျွဲ၊နွား၊သိုး၊ဆိတ်)ရွာသာကြီး၊ (ဝက်)ရွာသာကြီး၊ (ဝက်)ရွာမ၊(ကျွဲ၊နွား၊သိုး၊ဆိတ်)မွေးမြူရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးဇုန်၊လှိုင်သာယာ၊(သိုး-ဆိတ်)ရွေပြည်သာ၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့် (ဒလမြို့နယ်/ကျွဲ၊နွား၊ဝက်)နှင့် (ဆိပ်ကြီးခနောင်တို မြို့နယ်/ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀/-)နှုန်းဖြင့် (၃၁-၈-၂၀၁၈) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန (ရုံးချုပ်)၊(၁၂)ထပ်ခွဲ ရုံး၊ သတ္တမထပ်၊(၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၇-၉-၂၀၁၈)ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။ ဌာနမှူး တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန |
၂၀၁၈၊ (၆)လ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့် လိုင်စင်များ လျှောက်ထားနိုင် |
၂၀၁၈ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၁၈မှ ၃၀-၉-၂၀၁၈)ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်)ရွာသာကြီး၊ (ဝက်)ရွာသာကြီး၊ (ဝက်)ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်)မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ဆိတ်)ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ကျွဲ၊ နွား၊ ဝက်) နှင့် ဆိပ်ကြီးခနေတိုမြို့နယ်/ ကျွဲ၊နွား) လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-)နှုန်းဖြင့် (၂၇-၂.၂၀၁၈)ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန(ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၉-၃-၂၀၁၈)ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။ ဌာနမှူး |
ကြည့်ရှုသူစုစုပေါင်း - ဦး
All Rights Reserved by YCDC