ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ရေဆိုး၊ ရေပုပ်များစီမံချက်ဖြင့်(သို့မဟုတ်) မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် သယ်ယူပေးရန် အစီစဉ် ရှိ/မရှိ သိလိုပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ (ရေပုပ်စုပ်ယာဉ်စုအနေဖြင့်) ရေပုပ်စုပ်ဝန်ဆောင်မှုလုပ်ငန်းကို ဂါလံ(၁၂၀၀/၈၀၀)ဆံ့ယာဉ်ကြီး(၃၄)စီး၊ ဂါလံ(၄၀၀)ဆံ့ ယာဉ်ငယ်(၁၉)စီး စုစုပေါင်း(၅၃)စီးဖြင့် နေ့စဉ်လုပ်ငန်း ဆောင်ရွက်လျှက်ရှိပါသည်။ ရေဆိုးများအား ဗိုလ်တထောင်သံလျက်စွန်းရှိ ရေဆိုးသန့်စင်စက်ရုံ၌သာ စွန့်ပစ်ရသဖြင့် လုပ်ငန်းဆောင်ရွက်သော မြို့နယ်အနီးအဝေးအရ ရေပုပ်စုပ်ယာဉ်ငှားရမ်းခနှုန်းထားများ သတ်မှတ်ထားပါသည်။ ငှားရမ်းခနှုန်းထားများ-

စက်သုံးဆီအား ဌာနမှထုတ်ပေးပြီး ပြောင်းလဲကောက်ခံမည့် ရေပုပ်စုပ်ယာဉ်ငှားရမ်းခနှုန်းထားဇယား

စဉ် ဝန်ဆောင်မှုပြုမြို့နယ် ဝန်ဆောင်မှုနှုန်းထား
ယာဉ်ကြီး ယာဉ်ငယ်
(က) လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ဝါယာလက်၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ ပတ္တမြား မြို့သစ်။ ၈၂၅၀၀ ကျပ် ၆၅၂၀၀ ကျပ်
(ခ) မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မ/ဥက္ကလာ၊ ရွှေပေါက်ကံ၊ သန်လျင်၊ ဒဂုံမြို့သစ် (တ/မ/ရှေ့/ ဆိပ်ကမ်း) ၅၇၉၀၀ ကျပ် ၄၆၇၅၀ ကျပ်
(ဂ) လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ တ/ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဒလ။ ၅၁၇၅၀ ကျပ် ၄၀၆၀၀ ကျပ်
(ဃ) ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊
မင်္ဂလာတောင်ညွန့်။
၄၅၆၀၀ ကျပ် ၃၄၄၅၀ ကျပ်

မြို့နယ်အလိုက် ရေပုပ်စုပ် ယာဉ်ကြီး/ ယာဉ်ငယ်များကို ထုတ်ပေးမည့် ဒီဇယ်ဆီဇယား

စဉ်

မြို့နယ်များမှ ရေဆိုးသန့်စင်စက်ရုံ (ဗိုလ်တစ်ထောင်)သို့အသွားအပြန် ခရီးအကွာအဝေးခန့်မှန်းမိုင်

စက်သုံးဆီဘိုးယခုကောက်ခံမည့်
ငှားရမ်းနှုန်းထားများ

မှတ်ချက်

မြို့နယ်

အကွာအဝေးခန့်မှန်းမိုင်

ယာဉ်ကြီး

ယာဉ်ငယ်

လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ဝါယာလက်၊ ထောက်ကြန့်၊ ရွေပြည်သာ၊ ပတ္တမြားမြို့သစ်

၄၇ မိုင်

၄+၁

၅ ဂါလံ

၃+၁

၄ ဂါလံ

ယာဉ်ကြီး(၁၂)မိုင်လျှင်(၁)ဂါလံနှုန်း၊

ယာဉ်ငယ်(၁၆)မိုင်လျှင်(၁)ဂါလံနှုန်း

ရေပုပ်စုပ်ယူခြင်းနှင့်

စွန့်ထုတ်ခြင်းဆောင်ရွက်ရန်

(၁)ဂါလံနှုန်းဖြင့် တွက်ထားပါသည်။

မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မ/ဥက္ကလာ၊ ရွေပေါက္ကံ၊ သန်လျင်၊ ဒဂုံမြို့သစ်(တ/မ/ရှေ့/ဆိပ်ကမ်း)

၂၃ မိုင်

၂+၁

၃ ဂါလံ

၂.၅ ဂါလံ

လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ကြည့်မြင့်တိုင်၊ အလုံ၊
သာကေတ၊ တ/ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ရန်ကင်း၊ဒလ

၁၇ မိုင်

၂.၅ ဂါလံ

၁+၁

၂ ဂါလံ

ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွှန့်

၁၁ မိုင်

၁+၁

၂ ဂါလံ

၁.၅ ဂါလံ

ပြည်သူများ မိမိငွေကြေးဖြင့် ငှားရမ်းပါက အလွယ်တကူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မိလ္လာများ ပြည့်လျှံ သောအခါ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။
ရေပုပ်စုပ်ယာဉ် ငှားရမ်းလိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ ဒေါပုံမြို့နယ်၊မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းဒေါင့်၊ ယမုံနာ၀င်း( ဒေါပုံသင်္ဘောကျင်းမှတ်တိုင်အနီး)၊ ရေပုပ်စုပ်ယာဉ်ဌာနစု၌ လည်းကောင်း ရုံးဖွင့်ရက် နံနက်(၉:၃၀)နာရီမှ ညနေ(၂:၃၀)နာရီအတွင်း လိုအပ်သော ယာဉ်ကြီး/ငယ်အလိုက် ကျသင့်ငွေ ပေးသွင်းငှားရမ်းနိုင်ပါသည်။ လူကိုယ်တိုင်လာရောက်၍၄င်း၊ တယ်လီဖုန်းအမှတ်(၀၉-၄၅၀၀၆၄၂၇၆၊ ၀၉-၂၆၂၆၄၀၄၉၆၊၀၉-၇၉၀၈၆၉၈၁၁၊၀၉-၅၁၅၄၉၁၆) ဖြင့်လည်းကောင်း၊ ဆက်သွယ်ငှားရမ်းပြီး၊ နောက်တစ်နေ့တွင် လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြန်ကြားအပ်ပါသည်။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC