မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

ခြံဝန်းများရှင်းလင်းလိုပါကမည်သို့ဆောင်ရွက်ရပါသလဲ။
ခြံဝန်းများရှင်းလင်းလိုပါက မိမိတို့ခြံဝန်းအတွင်းရှိ အမှိုက်များကို မိမိတို့အစီအစဉ်ဖြင့် ရှင်းလင်းစုပုံထားပြီး သယ်ယူစွန့်ပစ်လိုပါက မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ သက်ဆိုင်ရာခရိုင်ရုံးများသို့ ဆက်သွယ်ပြီး On Call စနစ်ဖြင့် ခေါ်ယူ၍ စွန့်ပစ်နိုင်ပါသည်။ On Call ခေါ်ယူပါက အောက်ပါနှုန်းထားအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်-
စဉ်
ယာဉ်အမျိုးအစား
နှုန်းထား(ကျပ်)
စဉ် ယာဉ်အမျိုးအစား နှုန်းထား(ကျပ်)
(က) 1 Ton (TA TA Hopper) တစ်စီး ငှားရမ်းခ
၂၀၀၀၀/-
(ခ) 4 Ton (Compactor 7m3) တစ်စီး ငှားရမ်းခ
၈၀၀၀၀/-
(ဂ) 5 Ton (Compactor 9m3) တစ်စီး ငှားရမ်းခ
၁၀၀၀၀၀/-
(ဃ) 5 Ton (Cheng Long) တစ်စီး ငှားရမ်းခ
၁၀၀၀၀၀/-
(င) 7.5 Ton (10 Wheel Dump Truck)တစ်စီး ငှားရမ်းခ ၁၅၀၀၀၀/-
(စ) 8 Ton (Compactor 14m3) တစ်စီး ငှားရမ်းခ ၁၆၀၀၀၀/-
(ဆ) 8 Ton(Arm Roll Truck) တစ်စီး ငှားရမ်းခ ၁၆၀၀၀၀/-
(ဇ) ၂၄၀ လီတာဆံ့ အမှိုက် (၁)ပုံး ၁၅၀၀/-
(ဈ) ၆၆၀ လီတာဆံ့ အမှိုက် (၁)ပုံး ၃၀၀၀/-
(ည) သက်မှတ်လှည်း (၁)စီး ၃၀၀၀/-
(ဋ) အမှိုက်တစ်တန် ၂၀၀၀၀/-
(ဌ) သတ်မှတ်တန်ချိန်ထက်ပိုမိုတင်ဆောင်လာပါက ၂၀၀၀၀/-
မှတ်ချက်။

(၁) အမှိုက်သိမ်းယာဉ်(စက်သုံးဆီအပါအဝင်)ငှားရမ်းခြင်းဖြစ်ပါသည်။

(၂) လုပ်သားအင်အားဖြင့် ဆောင်ရွက်ပေးခြင်းမရှိပါ။

- စည်ပင်သာယာ သတ်မှတ်အမှိုက်သိမ်းလှည်း(၁)ခေါက်လျှင် ၃၀၀၀ နှုန်း

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

  • သင်္လန်းကျွန်းခရိုင်ရုံး - ၀၉-၅၁၉၆၀၁၂
  • မရမ်းကုန်းခရိုင်ရုံး - ၀၉- ၅၁၉၆၀၁၂
  • ဒဂုံမြို့သစ်ခရိုင်ရုံး - ၀၉ -၅၁၉၆၀၁၂
  • ကမာရွတ်ခရိုင်ရုံး - ၀၉ - ၄၀၈၅၆၁၁၂
  • ကျောက်တံတားခရိုင်ရုံး - ၀၉ - ၄၀၈၅၆၁၁၂
  • အလုံခရိုင်ရုံး - ၀၉ - ၄၀၈၅၆၁၁၂
  • ဗိုလ်တစ်ထောင်ခရိုင်ရုံး - ၀၉ - ၄၅၃၈၉၁၈၂၂
  • တွံတေးခရိုင်ရုံး - ၀၉ - ၄၅၃၈၉၁၈၂၂
  • မင်္ဂလာဒုံခရိုင်ရုံး - ၀၉ - ၄၅၃၈၉၁၈၅၅
  • အင်းစိန်ခရိုင်ရုံး - ၀၉ - ၄၅၃၈၉၁၈၅၅
ရေပုပ်စုပ်ယာဉ်များခေါ်ယူလိုပါက မည်သို့ဆောင်ရွက်ရပါသလဲ။
ရေပုပ်စုပ်ယာဉ်များခေါ်ယူလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာန ရေပုပ်စုပ်ယာဉ်ဌာနခွဲသို့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါသည်။
စက်ရုံနှင့်မော်တော်ယာဉ်ဌာန (ရေပုပ်စုပ်ယာဉ်ဌာနခွဲ)
  • ရုံးဖုန်း - ၀၁-၅၄၄၈၄၆
  • လက်ကိုင်ဖုန်း - ၀၉-၄၅၀၀၆၄၂၇၆
သန့်ရှင်းရေးဆောင်ရွက်ခများအားမည်သည့်မြို့နယ်အား မည်သည့်နှုန်းထားသတ်မှတ်ကောက်ခံပါသလဲ။
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ သန့်ရှင်းရေးဆောင်ရွက်ခများအား မြို့နယ်အလိုက် အောက်ပါအတိုင်း သတ်မှတ်ကောက်ခံ ဆောင်ရွက်လျက်ရှိပါသည်-
  • (က) ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်း၊ ပုဇွန်တောင်၊ ကမာရွတ်မြို့နယ် စသည့်(၁၅)မြို့နယ်တွင် (၁)ရက်လျှင် ၂၀/-နှုန်းဖြင့် တစ်လ ၆၀၀/-အား (၃)လ တစ်ကွာတာ ၁၈၀၀/-ကောက် ခံဆောင်ရွက်လျက် ရှိပါသည်။
  • (ခ) သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တောင် ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင် မြို့ နယ်စသည့် (၁၀)မြို့နယ်တွင် (၁)ရက်လျှင် ၂၀/-နှုန်းဖြင့် တစ်လ ၄၅၀/- အား (၃)လတစ်ကွာတာ ၁၈၀၀/- ကောက်ခံဆောင်ရွက်လျက်ရှိပါသည်။
  • (ဂ) ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်စသည့် (၇)မြို့နယ်တွင် (၁)ရက် လျှင် ၁၅/-နှုန်းဖြင့် တစ်လ ၄၅၀/-အား (၃)လတစ်ကွာတာ ၉၀၀/-ကောက် ခံ ဆောင်ရွက်လျက်ရှိပါသည်။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC