စီမံရေးရာဌာန
စီမံရေးရာဌာန(လုပ်ငန်းလိုင်စင်) ပင်မစာမျက်နှာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနအနေဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသော လိုင်စင်(၆)မျိုးနှင့် ခွင့်ပြုမိန့်(၁)မျိုးရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် −
(က) အစားအသောက်လိုင်စင်
( ခ) လုပ်ငန်းလိုင်စင်
( ဂ) တည်းခိုခန်းလိုင်စင်
(ဃ) ဘော်ဒါဆောင်လိုင်စင်
( င) ကိုယ်ပိုင်စျေးလိုင်စင်
( စ) ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်
(ဆ) ယာယီဇာတ်ရုံခွင့်ပြုမိန့်
အစားအသောက်လိုင်စင် (အသစ်)လျှောက်ထားခြင်း
(အစားအသောက်များတည်ခင်းရောင်းချခြင်း) နိုင်ငံသား
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ ) အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၈)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
အစားအသောက်လိုင်စင် (အသစ်)လျှောက်ထားခြင်း
(အစားအသောက်များတည်ခင်းရောင်းချခြင်း) နိုင်ငံခြားသား
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ ) အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၈)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
အစားအသောက်လုပ်ငန်း လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြ ပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသားဖြစ်ပါက ဗီဇာ/ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီအထောက်အထား
( ခ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား
( ဂ ) လိုအပ်ပါက အနီးစပ်ဆုံးပတ်၀န်းကျင်(၁၀)ဦး ထောက်ခံချက် (လိုအပ်ပါက)
၂။ Online Applicationလက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီးလိုအပ်ချက်မရှိပါက(၃)ရက်အတွင်း(ရုံးပိတ်ရက်မပါ)လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော လုပ်ငန်းများအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြုမှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း
(ထုတ်လုပ်ခြင်း၊ရောင်းချခြင်း၊ တည်ခင်းခြင်း၊ ဖြန့်ဖြူးခြင်း၊
သိုလှောင်ခြင်း၊ဝန်ဆောင်မှု၊အကျိုးဆောင်လုပ်ငန်းများနှင့်စက်ရုံ/အလုပ်ရုံများ)
(က) နိုင်ငံသား
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ် ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းခွင့်ပြုချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (အသစ်) လျှောက်ထားခြင်း
(ထုတ်လုပ်ခြင်း၊ရောင်းချခြင်း၊ တည်ခင်းခြင်း၊ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ဝန်ဆောင်မှု၊
အကျိုးဆောင်လုပ်ငန်းများနှင့် စက်ရုံ/အလုပ်ရုံများ)
(ခ) နိုင်ငံခြားသား
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမာန်အားဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) ဓါတ်ပုံ(၂)ပုံ၊ ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့်ကုမ္ပဏီ အထောက်အထား
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းခွင့်ပြုချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (စက်မှုဇုံနယ်မြေအတွင်းတွင်လိုင်စင်လျှောက်ထားခြင်း)
(နိုင်ငံသား/နိုင်ငံခြားသား)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့ မိတ္တူနှင့်ကုမ္ပဏီ အထောက်အထား
( ခ ) စက်မှုဇုန်နှင့်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား (သို့) အခွန်ကင်းလွတ် ခွင့်ပြုသည့်အထောက်အထား
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
( င ) MIC ခွင့်ပြုချက်နှင့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း ခွင့်ပြုချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ နိုင်ငံခြားသားဖြစ်ပါက မြို့နယ်/ခရိုင်မှတစ်ဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၅။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
MIC လုပ်ငန်းများ လိုင်စင် (အသစ်) လျှောက်ထားခြင်း(နိုင်ငံသား/နိုင်ငံခြားသား)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီအထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင်အနည်းဆုံး (၁၀)ဦး ထောက်ခံချက်(သို့) စက်မှုဇုန်တွင် ဆောင်ရွက်ပါက စက်မှုဇုန်နှင့်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန၏ ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား (သို့) အခွန်ကင်းလွတ် ခွင့်ပြုသည့် အထောက်အထား
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ ခွင့်ပြုချက်/ ထောက်ခံချက်
( င) MIC ခွင့်ပြုချက်နှင့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း ခွင့်ပြုချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍(၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
ကားအရောင်းပြခန်းလုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေ/အုပ်၊ခရိုင်ထွေ/အုပ်မှ တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိမှသာ အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြောင်းကြားစာ
(ဃ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
( င) မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ မော်တော်ယာဉ်တင်သွင်း ရောင်းချခွင့်ပြုလက်မှတ်
( စ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။
၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာ ရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၄။ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်း လိုင်စင်ခွင့်ပြုချက် ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင် ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ပါသည်။
အပန်းဖြေအိမ်တွင်းကစားနည်းခန်းမ (ကလေးကစားကွင်း) လုပ်ငန်းလိုင်စင် (အသစ်)
၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်မှ တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိမှသာ အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြောင်းကြားစာ
(ဃ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
( င) စက်ပစ္စည်းများအတွက်၊ သွင်းကုန်/ ထုတ်ကုန် ခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာန၏ ခွင့်ပြုချက် အထောက်အထားများ
( စ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။
၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာ ရရှိသည့်အခါ ခရိုင်မှ မြို့နယ် ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြား မည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၄။ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအား တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည် တင်ပြမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။
၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်း လိုင်စင် ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ် လိုင်စင်ကြေး ငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင်လျှောက်ထားပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်-
(က) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်သုံးဆီ အရောင်းဆိုင် ခွင့်ပြုခြင်း အကြောင်းကြားစာ
( င) သတ္ထုတွင်း၀န်ကြီးဌာန၏ စက်သုံးဆီ သိုလှောင်ကန် ခွင့်ပြုမိန့်
( စ) စွမ်းအင်၀န်ကြီးဌာန၏ စက်သုံးဆီရောင်းချခွင့် လိုင်စင်
(ဆ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၀)ရက် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ပုဂ္ဂလိကဆေးရုံ လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက် လက်မှတ်
( င) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေး စဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှ တဆင့် ဌာနသို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
ဆေးခန်း လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက် လက်မှတ်
( င ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှတဆင့် ခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ကိုယ်ပိုင်ကျောင်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦးထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်၊
( င ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍(၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (မူကြိုကျောင်းလုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ် ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုမိန့်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ဘာသာရပ်ဆိုင်ရာသင်တန်းများလိုင်စင်(အသစ်)လျှောက်ထားခြင်း)
(အခြေခံပညာရေးဆိုင်ရာ ဘာသာရပ်များအတွက်)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ် ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး၏ထောက်ခံချက်(သို့မဟုတ်) ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ဘာသာရပ်သင်လက်မှတ်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအတွက်
လိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ် ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းခွင့်ပြုချက် (သို့မဟုတ်) လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ် အကျဉ်းချုပ်တင်ပြချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ဆံပင်ညှပ်နှင့်မျက်နှာနှင့်မျက်နှာအလှပြုပြင်ရေး
လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
မှတ်ချက်။ လုပ်ငန်းဆောင်ရွက်မည့် နေရာအား သီးသန့်အခန်းများဖွဲ့၍ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါကြောင်းနှင့် မျက်နှာနှင့်ကိုယ်ခန္ဓာများ ခွဲစိတ်ပြုပြင်ခြင်း၊ နင်းနှိပ်ခြင်း၊ ရေချိုးခန်း ဖွင့်လှစ်ခြင်း စသည့် လုပ်ငန်းများမပြုလုပ်ပါကြောင်း လုပ်ငန်းရှင်၏ ခံဝန်ချက်တင်ပြရန် လိုအပ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်၊ ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ကျန်းမာရေးခြေထောက်ဆေးစိမ်လိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသားဖြစ်ပါက ဗီဇာ/ပတ်စ်ပို့ မိတ္တူနှင့် ကုမ္ပဏီအထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ် ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းခွင့်ပြုချက်
မှတ်ချက်။ လုပ်ငန်းဆောင်ရွက်မည့် နေရာအား သီးသန့်အခန်းများဖွဲ့၍ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါ ကြောင်းနှင့် ကျန်းမာရေးအတွက် ခြေထောက်ဆေးစိမ်ခြင်းမှအပ ကျန်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုပါကြောင်း လုပ်ငန်းရှင်၏ခံဝန်ချက်တင်ပြ ရန် လိုအပ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း(ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (မျက်မမြင်အကြောပြင်လိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) လုပ်ငန်းဆောင်ရွက်မည့်မျက်မမြင်ပုဂ္ဂိုလ်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းများမှ သင်တန်းဆင်း လက်မှတ် (သို့) အဆိုပါ ဝန်ကြီးဌာနလက်အောက်ရှိ မျက်မမြင်ကျောင်းများမှ သင်တန်းဆင်းလက်မှတ်
မှတ်ချက်။ မျက်မမြင်ပုဂ္ဂိုလ်များအတွက်သာ အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်၍ ခွင့်ပြုပေးခြင်း ဖြစ်ပါသည်။မျက်မမြင်ပုဂ္ဂိုလ်များဖြင့်သာလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ခံဝန်ချက်တင်ပြရန် လိုအပ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်၊ ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ဖျော်ဖြေရေးကွင်းငှားရမ်းခြင်းလိုင်စင်လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
မှတ်ချက်။ ဖျော်ဖြေရေးကွင်းတွင် လုပ်ငန်းဆောင်ရွက်သည့်အခါတိုင်း သက်ဆိုင်ရာ ထွေ/အုပ် (သို့မဟုတ်) တိုင်းဒေသကြီး အစိုးအရအဖွဲ့၏ ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (အကျိုးဆောင်လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင် (ထုတ်လုပ်ခြင်း(အစားအသောက်/လူသုံးကုန်/အလှကုန်/ဆေးဝါး)လျှောက်ထားခြင်း)
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
(ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
(ဃ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန၏ ခွင့်ပြုချက်
( င) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက် (FDA လက်မှတ်)
( စ) လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်း အလိုက် လိုအပ်သည့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေ ခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင် ပုံမှန်အားဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်(လိုအပ်ပါက)
( ဂ ) စက်မှုဇုန်ရှိလုပ်ငန်းများဖြစ်ပါက စက်မှုဇုန် ထောက်ခံချက်
(ဃ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက(၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ် ပေးမည် ဖြစ်ပါသည်။
၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော လုပ်ငန်းများဌာနကခွင့်ပြုရသည့် လုပ်ငန်းများဖြစ်ပါက သီးခြား စိစစ်၍ ဌာနက ခွင့်ပြုမှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ပါသည်။
တည်းခိုခန်းလိုင်စင် (အသစ်)လျှောက်ထားခြင်းနှင့် အခြေခံသတ်မှတ်ချက်များ
၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ် ထွေ/အုပ်၊ ခရိုင်ထွေ/ အုပ်မှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြား စာရရှိမှသာ အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများ အား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြောင်းကြားစာ
( င) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။
၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၄။ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ တည်းခိုခန်းလိုင်စင် ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
တည်းခိုခန်းနှင့်ပတ်သက်၍ အနည်းဆုံးလိုအပ်သည့် အခြေခံအချက်များ
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားချက်
၁။ တည်းခိုခန်းများနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၂၀-၃-၂၀၁၇ ရက်စွဲပါစာဖြင့် အကြံပြုချက်အရ တည်းခိုခန်း လုပ်ငန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အနည်းဆုံးလိုအပ်သည့် အခြေခံအချက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၆-၄-၂၀၁၇ ရက်စွဲပါစာအမှတ် ၃/၆-၃ (၆)/ တိုင်းရင်းသားဖြင့် သတ်မှတ်ခဲ့ပါသည်။
အနည်းဆုံးလိုအပ်သည့်အခြေခံအချက်များ
၂။ တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်လိုပါက အပိုဒ်(၁)ပါတိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ် ထားသည့် အနည်းဆုံးလိုအပ်မည့် အခြေခံအချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
(က) တည်နေရာနှင့်အဆောက်အအုံ
(၁) လုပ်ငန်းသဘောသဘာဝနှင့် သင့်တင့်လျောက်ပတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေရာဝန်းကျင်တွင်ရှိရမည်။
(၂) သီးခြားအဆောက်အအုံ သို့မဟုတ် သီးခြားဖွဲ့စည်းထားသောနေရာ ဖြစ်ရမည်။
(၃) အဆောက်အအုံ သို့မဟုတ် နေရာတွင် အသုံးပြုထားသော ပရိဘောဂနှင့် ပစ္စည်း ကိရိယာများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်
ကင်းရှင်းရမည်။
(၄) အဆောက်အအုံ သို့မဟုတ် နေရာသည် အလင်းရောင်နှင့် လေဝင်လေထွက် လုံလောက်ကောင်းမွန်ရမည်။
(၅) အဆောက်အအုံ သို့မဟုတ် နေရာသည် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်နှင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ရမည်။
( ခ ) ဧည့်ကြိုကောင်တာ
(၁) ဧည့်သည်များ မှတ်ပုံတင်ရန်အတွက် ကောင်တာထားရှိရမည်။
(၂) ကောင်တာတွင် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားဧည့်သည်များကို ပြောဆိုဆက်ဆံနိုင်သော ဝန်ထမ်းထားရှိပြီး မှတ်တမ်းထားရှိရမည်။
( ဂ ) အိပ်ခန်း
(၁) အနည်းဆုံးအိပ်ခန်း (၄)ခန်း သို့မဟုတ် ခုတင် (၈) ခုတင်ဖြင့် ဖွဲ့စည်းထား ရှိရမည်၊
(၂) အိပ်ခန်း၏ အနည်းဆုံးအကျယ်အဝန်းသည် အောက်ပါအတိုင်းရှိရမည်-
အကြောင်းအရာ အကျယ်အဝန်း(ကက) တစ်ယောက်ခန်း ၆၀ စတုရန်းပေ
( ခ ခ ) နှစ်ယောက်ခန်း ၉၀ စတုရန်းပေ
( ဂ ဂ ) အိပ်ခန်းမဖြစ်လျှင် အိပ်ခန်းမသည် ဧည့်သည်တစ်ဦးအတွက် ၃၀ စတုရန်းပေ အခြေခံနှုန်းဖြင့် အကျယ်အဝန်းရှိရမည်။
(ဃဃ) မျက်နှာကြက်အမြင့် (၉)ပေ
(၃) အိပ်ခန်းတိုင်းတွင် အလင်းရောင်နှင့် လေဝင်လေထွက် လုံလောက်ကောင်းမွန်ရမည်။
(၄) အိပ်ခန်းတိုင်းတွင် ယင်၊ ပိုးမွှားကင်းစင်စေရန် ဆောင်ရွက်ထားရှိရမည်။
(၅) အိပ်ခန်းတိုင်းသည် သီးခြားလွတ်လပ်လုံခြုံစွာ ဖွဲ့စည်းထားရမည်။
(၆) အိပ်ခန်းတွင် ဧည့်သည်များအသုံးပြုရန်အတွက် ခုတင်၊ အိပ်ရာစသည့် အိပ်ခန်းသုံးပစ္စည်းများ ထားရှိရမည်။
(၇) အိပ်ခန်းတိုင်းတွင် ထားရှိသည့်ခုတင်သည် အောက်ပါသတ်မှတ်ချက်နှင့် ညီညွတ်ရမည်-
အကြောင်းအရာ အကျယ်အဝန်း
(ကက) တစ်ယောက်အိပ်ခုတင် ၆.၅ ပေ x ၃.၅ ပေ
( ခ ခ ) နှစ်ယောက်အိပ်ခုတင် ၆.၅ ပေ x ၅.၅ ပေ
( ဂ ဂ ) ခုတင်အမြင့် ၁.၅ ပေ
(၈) အိပ်ခန်းတိုင်းတွင် အတွင်းအပြင် သော့ခတ်နိုင်သည့် ဝင်/ထွက်တံခါးမတစ်ခု ထားရှိရမည်။
(၉) အိပ်ခန်းသုံးအထည်အလိပ်များသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းစင်ကြယ်ရမည်။
(၁၀) အိပ်ခန်းတွင် တပ်ဆင်ထားသော ပရိဘောဂများ၊ အသုံးအဆောင်များ၊ လျှပ်စစ်ပစ္စည်းများသည် ဘေးအန္တရာယ်ကင်းအောင် စီမံထားရမည်။
(ဃ) ရေချိုးခန်း
(၁) ဧည့်သည်(၁၀)ဦးလျှင် အနည်းဆုံး ရေချိုးခန်း (၂)ခန်းထားရှိရမည်။
(၂) ရေချိုးခန်း၏ အကျယ်အဝန်းပမာဏမှာ အနည်းဆုံး (၅ x ၅)ပေ သို့မဟုတ် ၂၅ စတုရန်းပေ ရှိရမည်။
(၃) ရေချိုးခန်းတွင် အလင်းရောင်နှင့် လေဝင်/လေထွက်ကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်ရမည်။
(၄) ရေချိုးခန်းတွင် ရေအလုံအလောက်စီစဉ်ထားရှိရမည်။
(၅) ရေချိုးခန်းတွင် ဆပ်ပြာ၊ မျက်နှာသုတ်ပဝါ စသည့် ရေချိုးခန်းသုံးပစ္စည်းနှင့် ကိရိယာများ ထားရှိရမည်။
(င) သန့်စင်ခန်း
(၁) ဧည့်သည်(၁၀)ဦးလျှင် အနည်းဆုံး သန့်စင်ခန်း (၂)ခန်းထားရှိရမည်။
(၂) သန့်စင်ခန်း၏အကျယ်အဝန်းမှာ အနည်းဆုံး ၄ပေ x ၄ ပေ သို့မဟုတ် ၁၆ စတုရန်းပေ ရှိရမည်။
(၃) သန့်စင်ခန်းတွင် အလင်းရောင်နှင့်လေဝင်/လေထွက်ကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်ရမည်။
(၄) သန့်စင်ခန်းတွင် အနောက်တိုင်းပုံစံ အိမ်သာကြွေအိုး အနည်းဆုံးတစ်ခု ထားရှိရမည်။
(၅) သန့်စင်ခန်းတွင် ရေအလုံအလောက်စီစဉ်ထားရှိရမည်။
(၆) သန့်စင်ခန်းတွင် ဆပ်ပြာ၊ စက္ကူလိပ် စသည့် သန့်စင်ခန်းသုံးပစ္စည်းများ ထားရှိရမည်။
(စ) ဝန်ထမ်း
(၁) ကျန်းမာပြီး ကူးစက်ရောဂါကင်းရှင်းသော လုပ်သားများကိုသာ အသုံးပြုရမည်။
(၂) လုပ်သားတိုင်းသည် သတ်မှတ်ထားသော လုပ်ငန်းခွင်ဝတ်စုံကို သန့်ရှင်းသေသပ်စွာ ဝတ်ဆင်ထားစေရမည်။
(၃) လုပ်သားများ ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှု၊ ရောဂါတားဆီးမှု အစီအမံများ ပြုလုပ်ပေးရမည်။
(ဆ) ဝန်ဆောင်မှုများ
(၁) ဧည့်သည်များ အရေးပေါ်သုံးနိုင်ရန် တယ်လီဖုန်းထားရှိရမည်။
(၂) ဧည့်သည်များ လိုအပ်လျှင် အရေးပေါ် အသုံးပြုနိုင်ရန်အတွက် ရှေးဦးသူနာပြုဆိုင်ရာ ဆေးပစ္စည်းများထားရှိရမည်။
(ဇ) လုံခြုံရေးနှင့်မီးဘေးတားဆီးရေးအစီအမံများ
(၁) ဧည့်သည်နှင့် ဧည့်သည်ပစ္စည်းများ လုံခြုံမှုအတွက် အစီအမံများ ထားရှိရမည်။
(၂) မီးဘေးတားဆီးရေးအစီအမံများကို သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ စီစဉ်ထားရှိရမည်။
(၃) ၅ ထပ်နှင့်အထက် အဆောက်အဦဖြစ်ပါက သို့မဟုတ် လုပ်ငန်းနေရာသည် ၅ ထပ်နှင့်အထက်တွင် ရှိပါက အရေးပေါ်ထွက်ပေါက် လှေကားထားရှိရမည်။
(ဈ) သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီသည့် လုပ်ငန်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို အောက်ပါအထောက်အထားများဖြင့် လျှောက်ထားရမည်-
(၁) လုပ်ငန်းလုပ်ကိုင်လိုသူ၏ လျှောက်လွှာ
(၂) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်
(၃) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်
(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
(၅) ပတ်ဝန်းကျင်နေထိုင်သူများ၏ သဘောတူကြောင်း လက်မှတ်
(၆) အဆောက်အအုံ သို့မဟုတ် နေရာနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု အထောက်အထား
(၇) လုပ်ငန်းနေရာ၏ မှတ်တမ်းဓါတ်ပုံများ
(ည) လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းသည် ဘဏ္ဍာနှစ် (၁)နှစ်ဖြစ်ပါသည်။
( ဋ ) လုပ်ငန်းအရွယ်အစားအလိုက် လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် မှတ်ပုံတင်ကြေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရထံသို့လည်း ပေးသွင်းရမည်။
တည်းခိုခန်းလိုင်စင် (သက်တမ်းတိုး/အခန်းတိုး/လျော့ လျှောက်ထားခြင်း)
၁။ Online မှ တည်းခိုခန်းလုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
( ဂ ) အနီးစပ်ဆုံးပတ်၀န်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
(ဃ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ဌာနသို့ အဆင့်ဆင့်တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
ဘော်ဒါဆောင်လိုင်စင် (အသစ်) လျှောက်ထားခြင်းနှင့် အခြေခံသတ်မှတ်ချက်များ
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံးပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
ဘော်ဒါဆောင်နှင့်ပတ်သက်၍ အနည်းဆုံးလိုအပ်သည့် အခြေခံအချက်များ
၁။ ဘော်ဒါဆောင်လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့် အထောက်အထားများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိပါက ဘော်ဒါဆောင်လိုင်စင်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘော်ဒါဆောင်လိုင်စင် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ကော်မတီမှ ခွင့်ပြုသည့် ဘော်ဒါဆောင်သည် မိသားစုအလိုက် ငှားရမ်းနေထိုင်ခြင်း (သို့မဟုတ်)အချိန်ပိုင်း ငှားရမ်းနေထိုင်ခြင်းမျိုးမဟုတ်ဘဲ ပညာသင်ကြားရန်အတွက်လည်းကောင်း၊ အလုပ်လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ အခြားကိစ္စများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တည်းခိုနိုင်ရန်အတွက် ကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် အဆောက်အအုံ(သို့မဟုတ်) အခန်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အမျိုးသား ဘော်ဒါဆောင် (သို့မဟုတ်) အမျိုးသမီးဘော်ဒါဆောင်အဖြစ် သီးခြားထားရှိရမည်။
၃။ တည်နေရာနှင့်အဆောက်အအုံ
(က) လုပ်ငန်းသဘောသဘာဝနှင့် သင့်တင့်လျောက်ပတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေရာဝန်းကျင်တွင်ရှိရမည်။
( ခ ) သီးခြားအဆောက်အအုံ သို့မဟုတ် သီးခြားဖွဲ့စည်းထားသောနေရာ ဖြစ်ရမည်။
( ဂ ) အဆောက်အအုံ သို့မဟုတ် နေရာတွင် အသုံးပြုထားသော ပရိဘောဂနှင့် ပစ္စည်းကိရိယာများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရမည်။
(ဃ) အဆောက်အအုံ သို့မဟုတ် နေရာသည် အလင်းရောင်နှင့် လေဝင်လေထွက် လုံလောက်ကောင်းမွန်ရမည်။
( င ) အဆောက်အအုံ သို့မဟုတ် နေရာသည် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်နှင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ရမည်။
၄။ ဧည့်သည်များ မှတ်ပုံတင်ရန်အတွက် ကောင်တာထားရှိပြီး စနစ်တကျဆောင်ရွက်ရမည်။
၅။ အိပ်ခန်း
(က) အနည်းဆုံးလူ(၆)ဦး နေထိုင်နိုင်ရန်အတွက် ဖွဲ့စည်းထားပြီး စနစ်တကျဆောင်ရွက်ရမည်။
( ခ ) အိပ်ခန်း၏အနည်းဆုံးအကျယ်အဝန်းသည် အောက်ပါအတိုင်းရှိရမည်-
(၁) တစ်ယောက်ခန်း ၆၀ စတုရန်းပေ
(၂) နှစ်ယောက်ခန်း ၉၀ စတုရန်းပေ
(၃) အိပ်ခန်းမဖြစ်လျှင် အိပ်ခန်းမသည် ဧည့်သည်တစ်ဦးအတွက် ၃၀ စတုရန်းပေ အခြေခံနှုန်းဖြင့် အကျယ်အဝန်းရှိရမည်။
(၄) မျက်နှာကြက်အမြင့် အနည်းဆုံး(၇)ပေရှိရမည်။
( ဂ ) အိပ်ခန်းတိုင်းတွင် အလင်းရောင်နှင့် လေဝင်လေထွက်လုံလောက်ကောင်းမွန်ရမည်။
(ဃ) အိပ်ခန်းတိုင်းတွင် အတွင်းအပြင် သော့ခတ်နိုင်သည့် ဝင်/ထွက်တံခါးမတစ်ခု ထားရှိရမည်။
( င ) အိပ်ခန်းတွင် တပ်ဆင်ထားသော ပရိဘောဂများ၊ အသုံးအဆောင်များ၊ လျှပ်စစ်ပစ္စည်းများသည် ဘေးအန္တရာယ်ကင်းအောင် စီမံထားရမည်။
၆။ ရေချိုးခန်း
(က) ဧည့်သည်(၁၀)ဦးလျှင် အနည်းဆုံး ရေချိုးခန်း (၂)ခန်းထားရှိရမည်။
( ခ ) ရေချိုးခန်း၏ အကျယ်အဝန်းပမာဏမှာ အနည်းဆုံး (၅ x ၅)ပေ သို့မဟုတ် ၂၅ စတုရန်းပေရှိရမည်။
( ဂ ) ရေချိုးခန်းတွင် အလင်းရောင်နှင့် လေဝင်/လေထွက်ကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်ရမည်။
(ဃ) ရေချိုးခန်းတွင် ရေအလုံအလောက်စီစဉ်ထားရှိရမည်။
၇။ သန့်စင်ခန်း
(က) ဧည့်သည်(၁၀)ဦးလျှင် အနည်းဆုံး သန့်စင်ခန်း (၂)ခန်းထားရှိရမည်။
( ခ ) သန့်စင်ခန်းတွင် ရေအလုံအလောက်စီစဉ်ထားရှိရမည်။
( ဂ ) သန့်စင်ခန်းတွင် ဆပ်ပြာ၊ စက္ကူလိပ် စသည့် သန့်စင်ခန်းသုံးပစ္စည်းများ ထားရှိရမည်။
၈။ လုံခြုံရေးနှင့်မီးဘေးတားဆီးရေးအစီအမံများ
(က) ဧည့်သည်နှင့် ဧည့်သည်ပစ္စည်းများ လုံခြုံမှုအတွက် အစီအမံများ ထားရှိရမည်။
( ခ ) မီးဘေးတားဆီးရေးအစီအမံများကို သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များ နှင့်အညီ စီစဉ်ထားရှိရမည်။
( ဂ ) ၅ ထပ်နှင့်အထက် အဆောက်အဉီဖြစ်ပါက (သို့မဟုတ်) လုပ်ငန်းနေရာသည် ၅ ထပ်နှင့် အထက်တွင် ရှိပါက အရေးပေါ်ထွက်ပေါက် လှေကားထားရှိရမည်။
၉။ လုပ်ငန်းလုပ်ကိုင်ခွင့်ကို အောက်ပါအထောက်အထားများဖြင့် လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
၁၀။ ဘော်ဒါဆောင်လိုင်စင်၏ သက်တမ်းသည် ဘဏ္ဍာနှစ် (၁)နှစ် ဖြစ်ပါသည်။
ဘော်ဒါဆောင်လုပ်ငန်း လိုင်စင်များ သက်တမ်းတိုး လျှောက်ထားခြင်း
၁။ Online မှ ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံ တင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြု ကြောင်း အကြောင်းကြားပါမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော ဘော်ဒါဆောင်လုပ်ငန်းအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြု မှသာ သက်တမ်းတိုးမြှင့်ပေးမည် ဖြစ်ပါသည်။
ကိုယ်ပိုင်စျေးလိုင်စင် (အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ၊ အထောက် အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
(ဃ) သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ ထောက်ခံချက်
မှတ်ချက်။ အထပ်လိုက် အကျယ်အဝန်း၊ ကားပါကင်ငွေတောင်းခံခြင်း ရှိ/မရှိ ဖော်ပြချက်နှင့် (မီးဘေး/ လုံခြုံရေး/ သန့်ရှင်းရေး) ဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲထားရှိရမည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေး စဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၁၀)ရက် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
ကိုယ်ပိုင်စျေးလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ခြင်း
၁။ Online မှ ကိုယ်ပိုင်စျေးလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ
( ခ ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဦး ထောက်ခံချက် (လိုအပ်ပါက)
( ဂ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်
မှတ်ချက်။ (မီးဘေး/ လုံခြုံရေး/ သန့်ရှင်းရေး) ဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲထားရှိရမည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်/ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ဌာနသို့ အဆင့်ဆင့်တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့် လိုင်စင် (အသစ်)လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော် ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ၊ သန်းခေါင်စာရင်း မိတ္တူနှင့် ဓါတ်ပုံ (၂)ပုံ
( ခ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
( ဂ ) အသုံးပြုမည့်ယာဉ်၏"င" လိုင်စင်၊ ယာဉ်လိုင်စင် စာအုပ်မိတ္တူ
၂။ Online Application လက်ခံရရှိပြီး အချက်အလက်ပြည့်စုံ၍ လိုအပ်ချက်မရှိပါက မြို့နယ်၊ ခရိုင်မှ တစ်ဆင့်ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြား ပါမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင် သက်တမ်းတိုးဆောင်ရွက်ခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူ
( ခ ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် "င" လိုင်စင်၊ ယာဉ်လိုင်စင်စာအုပ်
၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက (၅)ရက် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
ယာယီဇာတ်ရုံခွင့်ပြုမိန့် လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ (သို့)ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုမိန့်
မှတ်ချက်။ ကုန်ပစ္စည်း မိတ်ဆက်/ကြော်ငြာခြင်းဖြစ်ပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ တိုက်ရိုက်လျှောက်ထားရန်ဖြစ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၃)ရက်အတွင်း (ရုံးပိတ်ရက်မပါ) မြို့နယ်စည်ပင်သာအုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုကြောင်း အကြောင်းပြန်ကြားမည်ဖြစ်ပြီး အဆိုပါရုံးတွင် ငွေပေးသွင်းပြီးပါက ခွင့်ပြုမိန့်ထုတ်ပေးမည် ဖြစ်ပါသည်။
ခွင့်ပြုထားသည့် လိုင်စင်များနှင့်ပတ်သက်၍ လုပ်ငန်းရှင်အမည်ပြောင်း၊
လုပ်ငန်းအမည်ပြောင်း၊ လုပ်ငန်းအချက်အလက်ပြောင်းခြင်းများအတွက်
(လိုင်စင်အားလုံးအတွက်)
၁။ Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များပါရှိရပါမည်-
(က) ယခင်လုပ်ငန်းရှင်နှင့် ယခုပြောင်းလဲမည့်လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
( ခ ) လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
( ဂ ) ပြောင်းလဲခြင်းအတွက် အထောက်အထား
၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သက်မှတ်လိုင်စင်နှုန်း၏ ၂၅ % အား ဝန်ဆောင်ခအဖြစ် ပြောင်းလဲမှုတစ်ခုစီအတွက် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ လုပ်ငန်းရှင်အမည်ပြောင်းပါကပြောင်းလဲမည့် ပုဂ္ဂိုလ်(၂)ဦးမှ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရှေ့မှောက်၌ လက်မှတ်ရေးထိုးရန် ဖြစ်ပါသည်။
လုပ်ငန်းအမည်ပြောင်းလျှောက်ထားခြင်း
(လိုင်စင်အမျိုးအစားအားလုံး)
၁။ Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-
(က) ယခင်လုပ်ငန်းအမည်နှင့် ယခုပြောင်းလဲမည့် လုပ်ငန်းအမည်
( ခ ) လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
( ဂ ) ပြောင်းလဲခြင်းအတွက် အထောက်အထား
၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
မှတ်ချက်။ အမည်ပြောင်းမည့်သူနှစ်ဦးမှ ဘောတူညီကြောင်းခံဝန်ချက်အား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ရှေ့တွင် လက်မှတ်ရေးထိုးရမည်။
လုပ်ငန်းအမျိုးအစားပြောင်းလျှောက်ထားခြင်း
(လိုင်စင်အမျိုးအစားအားလုံး)
၁။ Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-
(က) လုပ်ငန်းရှင်၏မှတ်ပုံတင်မိတ္တူ
( ခ ) ယခင်နှစ်လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
( ဂ ) ပြောင်းလဲလိုသည့် လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်သည့် အထောက်အထား
(ဃ) အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်များ
၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ လုပ်ငန်းအမျိုးအစားပြောင်းရာတွင် မူလလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းသာ ပြောင်းလဲ ရမည်။ ထိုသို့မဟုတ်ပါက ယခင်လုပ်ငန်း ကိုပိတ်၍ ယခုလုပ်ငန်းအားအသစ်လျှောက်ထား ရမည်ဖြစ်ပါသည်။
လုပ်ငန်းလိပ်စာပြောင်းလျှောက်ထားခြင်း
(လိုင်စင်အမျိုးအစားအားလုံး)
၁။ Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-
( က) လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
( ခ ) ပြောင်းလဲသည့် လုပ်ငန်းလိပ်စာနှင့်ပတ်သက်သည့် အထောက် အထားများ
( ဂ ) အနီးစပ်ဆုံးပတ်ဝန်းကျင် အနည်းဆုံး (၁၀)ဦး၏ ထောက်ခံချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက် အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်နှုန်း၏ ၂၅ % ကို ဝန်ဆောင်ခအဖြစ် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
လိုင်စင်ပျောက်ဆုံး/ ပျက်စီးသဖြင့် မိတ္တူလျှောက်ထားခြင်း
(လိုင်စင်အမျိုးအစားအားလုံး)
၁။ Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များပါရှိရပါမည်-
(က) လုပ်ငန်းရှင်မှတ်ပုံတင်ကတ်မိတ္တူ
( ခ ) သက်ဆိုင်ရာရဲတပ်ဖွဲ့၏ ပျောက်ဆုံး/ပျက်စီးကြောင်း ထောက်ခံချက်
( ဂ ) လုပ်ငန်းရှင်၏ လိုင်စင်ဓာတ်ပုံ(၂)ပုံ
(ဃ) ယခင်ခွင့်ပြုထားသည့် လိုင်စင်မိတ္တူ (ရှိပါက)
၂။ အချက်အလက်ပြည့်စုံမှန်ကန်၍ လိုအပ်ချက်မရှိပါက မြို့နယ်မှ ခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်မိတ္တူ ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။
၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်နှုန်း၏ ၂၅ % ကို ဝန်ဆောင်ခအဖြစ် ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။
လိုင်စင်ပိတ်သိမ်းလျှောက်ထားခြင်း
(လိုင်စင်အမျိုးအစားအားလုံး)
၁။ Online မှ လိုင်စင်ပိတ်သိမ်းကြောင်း လျှောက်ထားလာပါက အောက်ပါအချက်များပါရှိရပါမည်-
(က) ခွင့်ပြုထားသည့်လိုင်စင်ကတ်ပြားမူရင်း(သို့) နောက်ဆုံးပေးဆောင်ခဲ့သည့်ပြေစာမိတ္တူ
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေး၍ မှန်ကန်မှုရှိပါက ဌာနသို့တင်ပြပြီး ခွင့်ပြုထားသည့် လိုင်စင်အား ပိတ်သိမ်း/ ပယ်ဖျက်သွားမည်ဖြစ်ပါသည်။
အထွေထွေ(လုပ်ငန်းအလိုက်လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်)
၁။ လိုင်စင်များ လျှောက်ထားရာတွင်အချို့သော လုပ်ငန်းအမျိုးအစားများအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ခွင့်ပြုလိုင်စင်/ထောက်ခံချက်များ လိုအပ်ပါသည်။-
(ဥပမာအားဖြင့် အောက်ပါအတိုင်း ယှဉ်တွဲဖော်ပြပါသည်)-
စဉ် |
လုပ်ငန်းအမျိုးအစား |
လိုအပ်သည့်ခွင့်ပြုလိုင်စင်ထောက်ခံချက် |
၁။ |
ဆေးရုံ/ဆေးခန်း |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက် |
၂။ |
အင်တာနက်လုပ်ငန်း |
အင်တာနက်သုံးစွဲခွင့်အထောက်အထား |
၃။ |
မွေးမြူရေးနှင့် အအေးခန်းလုပ်ငန်းများ |
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက် |
၄။ |
စားသောက်ဆိုင် (အရက်၊ဘီယာတွဲရောင်း) |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက်(ယစ်မျိုးလိုင်စင်) |
၅။ |
အရက်ပုလင်းသွင်းလုပ်ငန်း |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက်(D.1.A) လိုင်စင် |
၆။ |
အရက်ချက်စက်ရုံများ |
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက် |
၇။ |
အစားအသောက်ထုတ်လုပ်ခြင်းနှင့်ထုတ်ပိုးခြင်း လုပ်ငန်းများ |
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်လက်မှတ် (FDA) |
၈။ |
လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါးထုတ်လုပ်ခြင်း/ဖြန့်ဖြူးခြင်းလုပ်ငန်းများ |
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်လက်မှတ် (FDA) |
၉။ |
တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း |
တိုင်းရင်းဆေးပညာဦးစီးဌာန၏ခွင့်ပြုချက် |
၁၀။ |
ဓါတ်မြေသြဇာ၊ပိုးသတ် ဆေးနှင့်စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ခွင့်ပြုချက် |
၁၁။ |
ဆပ်ပြာအမျိုးမျိုးထုတ်လုပ် ခြင်း |
စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက် |
၁၂။ |
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း |
သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ခွင့်ပြုချက် |
၁၃။ |
မော်တော်ယာဉ်ထုတ်လုပ် ခြင်းလုပ်ငန်း |
စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် |
၁၄။ |
စက်မှု/လက်မှုလုပ်ငန်းငယ်များ |
ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် |
၁၅။ |
စက်ရုံ/အလုပ်ရုံများ |
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခွင့်ပြုချက် |
၁၆။ |
သစ်အရောင်း/သစ်ခွဲစက် |
သစ်ခွဲစက်လိုင်စင်နှင့် ခွင့်ပြုချက် |
၁၇။ |
အိမ်တွင်းစက်မှုလက်မှု |
အိမ်တွင်းစက်မှုလက်မှု မှတ်ပုံတင်လက်မှတ် |
၁၈။ |
ကိုယ်ပိုင်ကျောင်း |
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်(ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်) |
၁၉။ |
ကားအရောင်းပြခန်း |
စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မော်တော်ယာဉ်အရောင်းပြခန်းဖွင့်လှစ်ခွင့်ပါမစ် မော်တော်ယာဉ်အရောင်းဌာန မှတ်ပုံတင်လက်မှတ် (ကညန) တိုင်းဒေသကြီးခွင့်ပြုချက် |
၂၀။ |
ဗီဒီယိုနှင့် KTV လုပ်ငန်းများ |
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီခွင့်ပြုချက် |
၂၁။ |
မိတ္တူနှင့် ပုံနှိပ်လုပ်ငန်းများ |
ပြန်ကြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက် |
၂၂။ |
စက်သုံးဆီဆိုင် |
စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခွင့်လိုက်စင်(က/ခ)၊ စက်သုံးဆီကန်တည်ဆောက်ခွင့်၊ တိုင်းဒေသကြီးခွင့်ပြုချက် |
၂၃။ |
နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ |
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်MIC ခွင့်ပြုမိန့် |
၂၄။ |
ရွှေဆိုင်/ပန်းထိမ်လုပ်ငန်း များ |
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းဝင်လက်မှတ် |
၂၅။ |
သင်္ဘောလွန်းကျင်းများ |
လွန်းကျင်းမြေနေရာချထားသည့်ခွင့်ပြုချက်(ထွေ/အုပ်)လွန်းကျင်းမြေနေရာချထားသည့် ခွင့်ပြုချက်(ရေအရင်းအမြစ်) |
၂၆။ |
ကမ်းနားသဲ၊ကျောက် စုပုံလုပ်ငန်း |
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့် မြေအသုံးချမှုခွင့်ပြုချက် |
မှတ်ချက်။ Online ဖြင့် ဆောင်ရွက်၍မရနိုင်သည့်အခါ လုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါသည်။
အသိပေးဖော်ပြချက်
၁။ ယခု Onlineတွင် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည့် လုပ်ငန်းများမှာ အများစုလျှောက်ထားသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်ချက်များကို လုပ်ငန်းတစ်ခုချင်း အသေးစိတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
၂။ မိမိလျှောက်ထားလိုသည့် လုပ်ငန်းသည် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများအနက် တစ်ခုခုဖြစ်ပါက လိုအပ်ချက်များသည် လုပ်ငန်းလိုင်စင် လိုအပ်ချက်များအတိုင်းဖြစ်ပါသည်။
၃။ အစားအသောက်ရောင်းချခြင်းလုပ်ငန်းများသည်လည်း လုပ်ငန်းအမျိုးအစားများစွာရှိသော်လည်း လိုအပ်ချက်များမှာ အစားအသောက်လိုင်စင် လိုအပ်ချက်အတိုင်းဖြစ်ပါသည်။
လုပ်ငန်းလိုင်စင်အုပ်စုအောက်တွင် ခွင့်ပြုလျှက်ရှိသောလုပ်ငန်းအမျိုးအစားများ
စဉ် |
လုပ်ငန်းအုပ်စုအမျိုးအစားအမည် |
၁။ |
Internet ဆိုင်ရာလုပ်ငန်း |
၂။ |
ကင်မရာနှင့် စပ်ဆက်ပစ္စည်းရောင်း၀ယ်/ပြုပြင်ရေးလုပ်ငန်း |
၃။ |
ကတ္တားပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း |
၄။ |
ကတ္ထူစက္ကူလုပ်ငန်း |
၅။ |
ကတ်ဆက်၊ရေဒီယို၊တီဗွီ၊ဗွီဒီယို ပြုပြင်လုပ်ငန်း |
၆။ |
ကလေးကစားစရာပစ္စည်းရောင်းလုပ်ငန်း |
၇။ |
ကားဆေးမှုတ် |
၈။ |
ကားပစ္စည်းအရောင်း |
၉။ |
ကားရေဆေးဆီထိုးနှင့်စက်ပေါ်လစ်တိုက်လုပ်ငန်း |
၁၀။ |
ကားအရောင်းပြခန်း* |
၁၁။ |
ကားအလှဆင်လုပ်ငန်း |
၁၂။ |
ကိတ်မုန့်နှင့်အအေးမျိုးစုံထုတ်လုပ်ဖြန့်ဖြူးခြင်း |
၁၃။ |
ကိုယ်ကာယအထောက်အကူပြုပစ္စည်းနှင့် ကျန်းမာရေးသုံးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း |
၁၄။ |
ကိုယ်ကာယအလှသင်တန်း |
၁၅။ |
ကိုယ်ပိုင်ကျောင်း(မူကြို/မူလတန်း/အလယ်တန်း/အထက်တန်း) |
၁၆။ |
ကုန်ပစ္စည်းသယ်ယူ/ပို့ဆောင်ဖြန့်ဖြူးရေးလုပ်ငန်း |
၁၇။ |
ကုန်မာနှင့် အိမ်ဆောက်ပစ္စည်းရောင်း |
၁၈။ |
ကုန်မျိုးစုံနှင့်အထွေထွေရောင်းလုပ်ငန်း |
၁၉။ |
ကော်/ပလပ်စတစ်ပစ္စည်းရောင်း |
၂၀။ |
ကော်စေ့နှင့် ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း |
၂၁။ |
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း |
၂၂။ |
ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း |
၂၃။ |
ကျောက်မျက်ရတနာဆိုင်ရာ ထုတ်လုပ်/ရောင်း၀ယ်ရေးလုပ်ငန်း |
၂၄။ |
ကျွမ်းကျင်မှုအတတ်ပညာဆိုင်ရာသင်တန်း |
၂၅။ |
ကြေးပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း |
၂၆။ |
ကြော်ငြာလုပ်ငန်းများ |
၂၇။ |
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်/ပြုပြင်ခြင်းလုပ်ငန်း |
၂၈။ |
ကွမ်း/ကွမ်းသီးနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း |
၂၉။ |
ခန်းဆီးလိုက်ကာလုပ်ငန်း |
၃၀။ |
ခန်းမငှားရမ်းခြင်းနှင့်အထွေထွေပစ္စည်းငှားရမ်းအလှဆင်ခြင်း လုပ်ငန်း |
၃၁။ |
ခရီးသွားလက်မှတ်နှင့် ၀န်ဆောင်မှုလုပ်ငန်း |
၃၂။ |
ခေါင်ရည်နှင့်အရက်ထုတ်လုပ်ခြင်း၊ထုတ်ပိုးခြင်းလုပ်ငန်း |
၃၃။ |
ဂတ်(စ်)ဓါတ်ငွေ့ရောင်းဝယ်ရေးလုပ်ငန်း |
၃၄။ |
ဂတ်(စ်)မီးဖိုနှင့်အပိုပစ္စည်းရောင်း/၀ယ်ရေးလုပ်ငန်း |
၃၅။ |
ဂေါက်ပစ္စည်းအရောင်းဆိုင် |
၃၆။ |
စက္ကူဖြတ်လုပ်ငန်း |
၃၇။ |
စက္ကူနှင့်စာရေးကိရိယာထုတ်လုပ်ရောင်း၀ယ်ရေးလုပ်ငန်း |
၃၈။ |
စက်/ယာဉ် ငှားရမ်းခြင်းလုပ်ငန်း |
၃၉။ |
စက်ကိရိယာနှင့်အပိုပစ္စည်းပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း |
၄၀။ |
စက်ချုပ် / ဇာထိုး/ပန်းထိုးလုပ်ငန်း |
၄၁။ |
စက်ဘီးနှင့်အပိုပစ္စည်းပြုပြင်/ထုတ်လုပ်ရောင်းခြင်းလုပ်ငန်း |
၄၂။ |
စက်မှုလက်မှုလုပ်ငန်း |
၄၃။ |
စက်ရုံ/အလုပ်ရုံလုပ်ငန်းများ(MIC) |
၄၄။ |
စက်ရုံ/အလုပ်ရုံလုပ်ငန်းများ(MIC)မဟုတ် |
၄၅။ |
စတစ်ကာနှင့်တံဆိပ်ရိုက်လုပ်ငန်း |
၄၆။ |
စတိုးဆိုင် |
၄၇။ |
စတီး၊မှန်နှင့်အလူမီနီယမ်၊သံပန်းသံတံခါးပြုလုပ် တပ်ဆင်ရောင်းချခြင်း |
၄၈။ |
စာပေဖြန့်ချီရေးနှင့် ပုံနှိပ်လုပ်ငန်း |
၄၉။ |
စာရေးကရိယာဆိုင် |
၅၀။ |
စားသောက်ကုန်ကြမ်းထုတ်လုပ်ဖြန့်ချီခြင်း |
၅၁။ |
စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ |
၅၂။ |
စိုက်ပျိုးရေးသုံပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း |
၅၃။ |
ဆန်/ဆီရောင်းဝယ်ရေး |
၅၄။ |
ဆံပင်ညှပ်နှင့် မျက်နှာအလှပြုပြင်ခြင်းလုပ်ငန်း |
၅၅။ |
ဆံပင်ညှပ်ပစ္စည်းနှင့်အလှကုန်ပစ္စည်းရောင်း |
၅၆။ |
ဆိုင်ကယ်နှင့်ဆိုင်ကယ်အပိုပစ္စည်းရောင်း |
၅၇။ |
ဆိုင်းဘုတ်လုပ်ငန်း |
၅၈။ |
ဆေးခန်း |
၅၉။ |
ဆေးဆိုင် |
၆၀။ |
ဆေးဆိုးပန်းရိုက်လုပ်ငန်း |
၆၁။ |
ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း |
၆၂။ |
ဆေးရုံလုပ်ငန်း* |
၆၃။ |
ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ |
၆၄။ |
တံဆိပ်အမျိုးမျိုးပြုလုပ်ရောင်းချခြင်းလုပ်ငန်း |
၆၅။ |
တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်းပြုပြင်ရောင်း၀ယ်ရေးလုပ်ငန်း |
၆၆။ |
တာယာရောင်း |
၆၇။ |
တိရစ္ဆာန်ဆေးကုလုပ်ငန်း |
၆၈။ |
တိရစ္ဆာန်နှင့်တိရစ္ဆာန်အသုံးအဆောင်ပစ္စည်း ရောင်း၀ယ်ရေးလုပ်ငန်း |
၆၉။ |
တိရိစ္ဆာန်အစားအစာ ထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း |
၇၀။ |
တိုင်းရင်းဆေးကုလုပ်ငန်း |
၇၁။ |
တိုင်းရင်းဆေးထုတ်လုပ်ခြင်းလုပ်ငန်း |
၇၂။ |
တိုင်းရင်းဆေးရောင်းလုပ်ငန်း |
၇၃။ |
တီဗွီနှင့် ဆက်စပ်ပစ္စည်း ကတ်ဆက်၊ဗွီဒီယို အခွေရောင်း/ငှားရမ်းခြင်း |
၇၄။ |
ထင်း၊မီးသွေး၊သစ်တိုသစ်စရောင်း၀ယ်ရေးလုပ်ငန်း |
၇၅။ |
ထီရောင်းချခြင်းလုပ်ငန်း |
၇၆။ |
ဓာတ်ပုံဆိုင် |
၇၇။ |
ဓါး၊ ကတ်ကြေးသွေးလုပ်ငန်း |
၇၈။ |
ဓါတ်ခွဲခန်းနှင့် ဓါတုဗေဒဆက်စပ်ပစ္စည်းလုပ်ငန်း |
၇၉။ |
ဓါတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်း |
၈၀။ |
ဓါတ်ငွေ့နှင့်စက်သုံးဆီထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း* |
၈၁။ |
ဓါတ်ပုံ/ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများ |
၈၂။ |
နည်းပညာဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ |
၈၃။ |
နာရီနှင့်ဆက်စပ်ပစ္စည်းပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း |
၈၄။ |
နိဗ္ဗာန်ကုန်နှင့် သင်္ကန်းပရိက္ခရာအသုံးအဆောင်ပစ္စည်းရောင်း |
၈၅။ |
ပစ္စည်းစုပုံလုပ်ငန်း |
၈၆။ |
ပစ္စည်းသိုလှောင်လုပ်ငန်း |
၈၇။ |
ပစ္စည်းအဟောင်းပြုပြင်ရောင်း၀ယ်ရေးလုပ်ငန်း |
၈၈။ |
ပန်းချီ၊ပန်းပုလုပ်ငန်း |
၈၉။ |
ပန်းထိမ်လုပ်ငန်း |
၉၀။ |
ပရဆေးကုန်ကြမ်းသိုလှောင်ရုံလုပ်ငန်း |
၉၁။ |
ပရိဘောဂထုတ်လုပ်/ရောင်းချလုပ်ငန်း |
၉၂။ |
ပလပ်စတစ်ပိုက်/အိတ်ရောင်း |
၉၃။ |
ပလပ်စတစ် Recycle လုပ်ငန်း |
၉၄။ |
ပိုက်နှင့်ပိုက်ဆက်ပစ္စည်းရောင်း |
၉၅။ |
ပုံနှိပ်စက်ပစ္စည်း |
၉၆။ |
ပဲမျိုးစုံရောင်း |
၉၇။ |
ဖက်ရှင်ဒီဇိုင်းလုပ်ငန်းများ |
၉၈။ |
ဖန်စီပစ္စည်းရောင်း |
၉၉။ |
ဖယောင်းပုဆိုး/ကော်ဇောရောင်းချခြင်းလုပ်ငန်း |
၁၀၀။ |
ဖိနပ်ထုတ်လုပ်/ရောင်းချခြင်း |
၁၀၁။ |
ဖုန်းဆင်းကဒ်နှင့်ငွေဖြည့်ကဒ်ထုတ်လုပ်/ဖြန့်ဖြူးခြင်း |
၁၀၂။ |
ဗောပစ္စည်းအမျိုးမျိုးပြုလုပ်ရောင်းချခြင်းလုပ်ငန်း |
၁၀၃။ |
ဘတ္ထရီနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်/ပြုပြင်ခြင်း |
၁၀၄။ |
ဘာသာရပ်ဆိုင်ရာသင်တန်းကျောင်း |
၁၀၅။ |
ဘာသာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းရောင်း |
၁၀၆။ |
မိတ္တူ/ကွန်ပျူတာ/စာစီစာရိုက်၊ဗွီနိုင်း၊ဂရပ်ဖစ်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်း |
၁၀၇။ |
မိသားစုအပန်းဖြေ၀န်ဆောင်မှုလုပ်ငန်း |
၁၀၈။ |
မုန့် မျိုးစုံလုပ်ငန်း/မုန့်မျိုးစုံထုတ်ပိုးခြင်း/ထုတ်လုပ်ခြင်း |
၁၀၉။ |
မျက်စိဆေးကုခန်း |
၁၁၀။ |
မျက်မှန်ရောင်း |
၁၁၁။ |
မျက်မမြင်အကြောပြင် |
၁၁၂။ |
မှန်အလူမီနီယမ်ဆိုင်နှင့်အထွေထွေပစ္စည်းဖြန့်ချီရောင်း |
၁၁၃။ |
ယာဉ်နှင့် အပိုပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း |
၁၁၄။ |
ယာဉ်သိုလှောင်ခြင်းလုပ်ငန်း |
၁၁၅။ |
ယာဉ်အထွေထွေပစ္စည်းရောင်း |
၁၁၆။ |
ယာဉ်အထွေထွေပြုပြင်လုပ်ငန်း |
၁၁၇။ |
ရုပ်မြင်သံကြားဆိုင်ရာ၀န်ဆောင်မှုလုပ်ငန်း |
၁၁၈။ |
ရေခဲချောင်းဖြန့်ချီ |
၁၁၉။ |
ရေထွက်ပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း |
၁၂၀။ |
ရေပိုက်နှင့်ဆက်စပ်ပစ္စည်းပြုပြင်/ရောင်း၀ယ် |
၁၂၁။ |
ရေမြုပ်၊မွေယာ၊ပရိဘောဂ၊ဆိုဖာ |
၁၂၂။ |
ရေသန့်/ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း |
၁၂၃။ |
ရေသန့်ဆိုင်ရာစက်ပစ္စည်းအရောင်းဆိုင် |
၁၂၄။ |
ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ/ထုတ်လုပ်ရောင်းချခြင်း |
၁၂၅။ |
ရွှေ / ငွေ /ပလက်တီနမ်ရောင်း/၀ယ်ရေးလုပ်ငန်း |
၁၂၆။ |
လူသုံးကုန်အထွေထွေပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း |
၁၂၇။ |
လေအေးပေးစက်ရောင်း၀ယ်/ပြုပြင်ခြင်းလုပ်ငန်း |
၁၂၈။ |
လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်/ပြုပြင်ခြင်းလုပ်ငန်း |
၁၂၉။ |
လျှပ်စစ်နှင့်ပတ်သက်သောပစ္စည်းရောင်း |
၁၃၀။ |
ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်ဆိုင်ရာလုပ်ငန်းများ |
၁၃၁။ |
သင်္ဘောကျင်းနှင့်လွန်းတင်လုပ်ငန်း |
၁၃၂။ |
သစ်ခွဲစိတ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း |
၁၃၃။ |
သစ်အချောထည်ထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း(MIC) |
၁၃၄။ |
သံဖြတ်နှင့်သံဂဟေလုပ်ငန်း |
၁၃၅။ |
သားရေနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်/ရောင်းချခြင်း |
၁၃၆။ |
သွားနှင့်ခံတွင်းဆေးခန်း |
၁၃၇။ |
အကြောအဆစ်ကြွက်သားကုဆေးခန်း |
၁၃၈။ |
အစားအသောက်ထုတ်လုပ်ခြင်း |
၁၃၉။ |
အထည်ချုပ် (MIC မဟုတ်) |
၁၄၀။ |
အထည်ချုပ်(MIC)* |
၁၄၁။ |
အထည်ဆိုင် |
၁၄၂။ |
အထည်နှင့်ပတ်သက်သည့်အခြားလုပ်ငန်း |
၁၄၃။ |
အထွေထွေအကျိုးဆောင်နှင့် ၀န်ဆောင်မှုလုပ်ငန်း |
၁၄၄။ |
အနုပညာလုပ်ငန်းနှင့်တူရိယာပစ္စည်းပြုပြင်/ရောင်းလုပ်ငန်း |
၁၄၅။ |
အပန်းဖြေအိမ်တွင်းကစားနည်းခန်းမ*(ကလေးကစားကွင်း) |
၁၄၆။ |
အပ်ချုပ်စက်နှင့်အပိုပစ္စည်းရောင်း |
၁၄၇။ |
အဖွဲ့လိုက်ဉာဏ်ရည်သုံးပဟေဠိဖြေရှင်းခြင်းဝန်ဆောင်မှုလုပ်ငန်း |
၁၄၈။ |
အမှုန့်ကြိတ်နှင့်သန့်စင်မှုလုပ်ငန်း |
၁၄၉။ |
အရက်/စီးကရက်၊ဆေးလိပ်နှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ်/ရောင်းချခြင်း |
၁၅၀။ |
အလှကုန်ပစ္စည်းရောင်း/ဖြန့်ချီလုပ်ငန်း |
၁၅၁။ |
အလှဆင်လုပ်ငန်းများ |
၁၅၂။ |
အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းရောင်းချခြင်း/သန့်စင်ခြင်း |
၁၅၃။ |
အသင့်ဖျော်ကွန်ကရစ်လုပ်ငန်း |
၁၅၄။ |
အအေးခန်းစက်ရုံ(MIC)* |
၁၅၅။ |
အားကစားကွင်းလုပ်ငန်း |
၁၅၆။ |
အားကစားဆိုင်ရာလုပ်ငန်းများ |
၁၅၇။ |
အားကစားပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း |
၁၅၈။ |
အိတ်ချုပ်လုပ်ငန်း |
၁၅၉။ |
အိတ်ရောင်းလုပ်ငန်း |
၁၆၀။ |
အိမ်ဆောက်ပစ္စည်းရောင်းချခြင်းလုပ်ငန်း |
၁၆၁။ |
အိမ်အသုံးအဆောင်နှင့်အလှဆင်ပစ္စည်း ထုတ်လုပ်/ရောင်းချလုပ်ငန်း |
၁၆၂။ |
အီလက်ထရောနစ်ပစ္စည်းရောင်း |
အစားအသောက်လိုင်စင်အုပ်စုအောက်တွင် ခွင့်ပြုလျှက်ရှိသောလုပ်ငန်းအမျိုးအစားများ
စဉ် |
လုပ်ငန်းအုပ်စုအမျိုးအစား အမည် |
၁။ |
ကြေးအိုးဆိုင် |
၂။ |
ခေါက်ဆွဲဆိုင်များ(ရှမ်း၊ဆီချက်၊ရိုးရိုး) |
၃။ |
ဂျပန်စားသောက်ဆိုင် |
၄။ |
စားသောက်ဆိုင်(ရိုးရိုး) |
၅။ |
စားသောက်ဆိုင်(အရက်/ဘီယာတွဲ) |
၆။ |
တရုတ်အစားအစာဆိုင် |
၇။ |
တိုင်းရင်းသားရိုးရာအစားအစာ |
၈။ |
ထမင်းဆိုင် |
၉။ |
ဒံပေါက်ဆိုင် |
၁၀။ |
ထိုင်းအစားအစာနှင့်အကင် |
၁၁။ |
မုန့်/အအေးရောင်း |
၁၂။ |
မြန်မာထမင်းဆိုင် |
၁၃။ |
ရခိုင်မုန့်တီ+အအေး |
၁၄။ |
လ္ဘက်ရည်ဆိုင်/ကဖီး |
၁၅။ |
သစ်သီးမျိုးစုံဆိုင် |
၁၆။ |
အရှေ့တိုင်း/အနောက်တိုင်းအစားအစာများ |
၁၇။ |
အသားကင်/အသားကြော်ရောင်း |
၁၈။ |
အသေးစားစားသောက်ဖွယ်ရာများ |
လုပ်ငန်းများဆောင်ရွက်ရာတွင် တပ်ဆင်ထားသည့်ဆိုင်းဘုတ်(လိုင်စင်နှင့်တွဲဖက်၍ ဆိုင်းဘုတ်)လျှောက်ထားခြင်း(အသစ်/သက်တမ်းတိုး)
၁။ လုပ်ငန်းများဆောင်ရွက်ရာတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များအား လိုင်စင်နှင့်တွဲဖက်၍ တစ်ပါတည်း လျှောက်ထားရန် ဖြစ်ပါသည်။
(က) တပ်ဆင်ထားသည့် ဆိုင်းဘုတ်ဓါတ်ပုံ၊ အရွယ်အစားဖော်ပြချက်
( ခ) ငွေပေးသွင်းမည်ဖြစ်ကြောင်း ခံဝန်ချက်
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်/ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးမှ လိုင်စင်နှင့်အတူ တစ်ပါတည်း စိစစ်မည်ဖြစ်ပြီး ဆိုင်းဘုတ်အသစ်ဖြစ်ပါက ခရိုင်မှလည်းကောင်း၊ သက်တမ်းတိုးဖြစ်ပါက မြို့နယ်မှလည်းကောင်း ခွင့်ပြုသွားမည်ဖြစ်ပါသည်။
၃။ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ငွေပေးသွင်းရမည် ဖြစ်ပါသည်။
လိုင်စင်စည်းကမ်းချက်များ
အစားအသောက်လိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက် ညွှန်ကြားချက်များ
၁။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လုပ်ငန်းတည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူအား လုပ်ငန်းနှင့်ပတ်သက်၍ အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရ။ လုပ်ငန်းကိုခွင့်ပြုသည့် ဥပစာအတွင်း၌သာ ဆောင်ရွက်ရမည်။
၂။ လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှု အရှုပ်အရှင်း ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။
၃။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။
၄။ ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံးဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့်အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။
၅။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ကော်မတီက ညွှန်ကြားသည့် သောက်/သုံးရေထားရှိမှု အစီအမံများ၊ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် အစီအမံများ၊ အညစ်အကြေးစွန့်ပစ်မှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရေး အစီအမံများ၊ မြို့တော်သာယာလှပရေးနှင့် လုံခြုံရေး အတွက် အစီအမံများ အလုပ်သမားများ/လာရောက် ရောင်းဝယ်သူများအတွက် ကျန်းမာမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ၊ ယာဉ်/လူသွားလမ်းပိတ်ဆို့မှု မရှိစေရေးအစီအမံများ၊ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများကိုထားရှိ၍ တိကျစွာ လိုက်နာရမည်။
၆။ ကုန်ကြမ်းအဖြစ်အသုံးပြုသော ထုတ်လုပ်သော၊ သိုလှောင်သော၊ တည်ခင်းဖြန့်ဖြူးသော၊ ပစ္စည်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ပစ္စည်းများဖြစ်ရမည့်အပြင် ကိုင်တွယ်အသုံးပြု စားသုံးသူများအတွက် ကျန်းမာရေး နှင့်ညီညွတ်ရမည့် သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများဖြင့် စီစဉ်ဆောင်ရွက်ပြီးဖြစ်ရမည်။
၇။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းကို လိုအပ်သည့်အခါ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် စစ်ဆေးခြင်းကို လက်ခံရမည်။ ယင်းအပြင် လုပ်ငန်းတာဝန်ခံကိုယ်တိုင်က လုပ်ငန်းဆောင်ရွက် ထားရှိမှုကို ရှင်းပြရမည်။
၈။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းအား လိုအပ်ချက်အရ ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာရမည်။
၉။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။
၁၀။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
လုပ်ငန်းလိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက်ညွှန်ကြားချက်များ
၁။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လုပ်ငန်းတည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူအား လုပ်ငန်းနှင့်ပတ်သက်၍ အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရ။ လုပ်ငန်းကို ခွင့်ပြုသည့် ဥပစာ အတွင်း၌သာ ဆောင်ရွက်ရမည်။
၂။ လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှု အရှုပ်အရှင်း ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။
၃။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက် များနှင့် ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။
၄။ ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံးဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။
၅။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ကော်မတီက ညွှန်ကြားသည့် သောက်/သုံးရေထားရှိမှု အစီအမံများ၊ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် အစီအမံများ၊ အညစ်အကြေးစွန့်ပစ်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး အစီအမံများ၊ မြို့တော်သာယာလှပရေးနှင့် လုံခြုံရေးအတွက် အစီအမံများ အလုပ်သမားများ/လာရောက် ရောင်းဝယ်သူများအတွက် ကျန်းမာမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ၊ ယာဉ်/လူသွားလမ်းပိတ်ဆို့မှု မရှိစေရေးအစီအမံများ၊ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို ထားရှိ၍ တိကျစွာ လိုက်နာရမည်။
၆။ ကုန်ကြမ်းအဖြစ်အသုံးပြုသော ထုတ်လုပ်သော၊ သိုလှောင်သော၊ တည်ခင်းဖြန့်ဖြူးသော၊ ပစ္စည်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ပစ္စည်းများဖြစ်ရမည့်အပြင် ကိုင်တွယ်အသုံးပြု စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်ရမည့် သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများဖြင့် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ရမည်။
၇။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းကို လိုအပ်သည့်အခါ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် စစ်ဆေးခြင်းကို လက်ခံရမည်။ ယင်းအပြင် လုပ်ငန်းတာဝန်ခံကိုယ်တိုင်က လုပ်ငန်းဆောင်ရွက် ထားရှိမှုကို ရှင်းပြရမည်။
၈။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းအား လိုအပ်ချက်အရ ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာရမည်။
၉။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။
၁၀။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဉပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
တည်းခိုခန်းလိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက်ညွှန်ကြားချက်များ
၁။ မိမိတည်းခိုခန်း၏ အမည်ဆိုင်းဘုတ်အား အဆောက်အအုံ၏ရှေ့ သင့်လျော်ရာ၌ ထင်ရှားစွာ မြင်နိုင်ရန် ချိတ်ဆွဲစိုက်ထူထားရမည်။ ယင်းဆိုင်ဘုတ်အား ညအချိန်မြင်နိုင်ရန် မီးထွန်းထားရမည်။
၂။ အထပ်မြင့်တိုက်ခန်းများတွင် ဖွင့်လှစ်ခြင်းဖြစ်ပါက အများသုံးလှေကားနှင့် ဆက်စပ်နေသော အခန်းတိုင်း၏ အဝင်တံခါးပေါက်တိုင်းတွင် တည်းခိုခန်းအမည်ကို ရေးသားချိတ်ဆွဲထားရမည်။ ည၌ မီးထွန်းထားရမည်။
၃။ လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှုအရှုပ်အရှင်း၊ ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။
၄။ ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်စေရေး၊ မီးဘေးကာကွယ်ရေး၊ မီးသတ်ဆေးဗူး လုံလောက်စွာထားရှိရေး၊ လုပ်ငန်းခွင်၌အမှိုက်ပုံး၊ အမှိုက်အိတ်များ အသုံးပြုရေး၊ စနစ်တကျစွန့်ပစ်ရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးများ၊ ယာဉ်ရပ်နားရန်နေရာများ စီမံထားရှိရမည်။
၅။ လာရောက်တည်းခိုသူများ၏ နေထိုင်ပြုမူပြောဆိုမှုများကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရေး စီမံဆောင်ရွက်ပြီး လုပ်ငန်း၌ ရေ၊ မီးစနစ်များ စီမံဆောင်ရွက်ထားရှိရမည်။
၆။ လာရောက်တည်းခိုသူများအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း/ဌာနများသို့ ဧည့်စာရင်းတိုင်ကြားရမည်။
၇။ လုံးချင်းအိမ်ဖြစ်ပါက ဘေးအိမ်များနှင့် အပြန်အလှန်မမြင်နိုင်စေရန် လိုအပ်သော အကာအရံများထားရှိရမည်။
၈။ တည်းခိုခန်း၌ အစားအသောက်ဆိုင် ပူးတွဲဖွင့်လှစ်ရောင်းချပါက လိုင်စင်လျှောက်ထားရမည်။
၉။ တည်းခိုသူများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကျန်းမာရေးဆောင်ရွက်မှုစနစ် စီမံထားရှိရမည်။
၁၀။ လိုင်စင်ခွင့်ပြုထားသောလုပ်ငန်းအား ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
၁၁။ ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာနများမှ အမိန့်ညွှန်ကြားချက်များ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။
၁၂။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။
၁၃။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
ဘော်ဒါဆောင်လိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက် ညွှန်ကြားချက်များ
၁။ မိမိဘော်ဒါဆောင်၏ အမည်ဆိုင်းဘုတ်အား အဆောက်အအုံ၏ရှေ့ သင့်လျော်ရာ၌ ထင်ရှားစွာမြင်နိုင်ရန် ချိတ်ဆွဲ စိုက်ထူထားရမည်။ ယင်းဆိုင်ဘုတ်အား ညအချိန် မြင်နိုင်ရန် မီးထွန်းထားရမည်။
၂။ အထပ်မြင့်တိုက်ခန်းများတွင် ဖွင့်လှစ်ခြင်းဖြစ်ပါက အများသုံးလှေကားနှင့် ဆက်စပ်နေသော အခန်းတိုင်း၏ အဝင်တံခါးပေါက်တိုင်းတွင် ဘော်ဒါဆောင်အမည်ကို ရေးသားချိတ်ဆွဲထားရမည်။ ည၌ မီးထွန်းထားရမည်။
၃။ လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှုအရှုပ်အရှင်း၊ ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။
၄။ ပတ်ဝန်းကျင် အနှောက်အယှက်မဖြစ်စေရေး၊ မီးဘေးကာကွယ်ရေး၊ မီးသတ်ဆေးဗူး လုံလောက်စွာထားရှိရေး၊ လုပ်ငန်းခွင်၌အမှိုက်ပုံး၊ အမှိုက်အိတ်များ အသုံးပြုရေး၊ စနစ်တကျ စွန့်ပစ်ရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးများ၊ ယာဉ်ရပ်နားရန်နေရာများ စီမံထားရှိရမည်။
၅။ လာရောက်တည်းခိုသူများ၏ နေထိုင်ပြုမူပြောဆိုမှုများကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရေး စီမံဆောင်ရွက်ပြီး လုပ်ငန်း၌ ရေ၊ မီးစနစ်များ စီမံဆောင်ရွက်ထားရှိရမည်။
၆။ လာရောက်တည်းခိုသူများအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း/ဌာနများသို့ ဧည့်စာရင်း တိုင်ကြားရမည်။
၇။ လုံးချင်းအိမ်ဖြစ်ပါက ဘေးအိမ်များနှင့် အပြန်အလှန်မမြင်နိုင်စေရန် လိုအပ်သော အကာအရံများထားရှိရမည်။
၈။ ဘော်ဒါဆောင်၌ အစားအသောက်ဆိုင် ပူးတွဲဖွင့်လှစ်ရောင်းချပါက လိုင်စင်လျှောက်ထားရမည်။
၉။ တည်းခိုသူများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကျန်းမာရေးဆောင်ရွက်မှုစနစ် စီမံထားရှိရမည်။
၁၀။ လိုင်စင်ခွင့်ပြုထားသောလုပ်ငန်းအား ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
၁၁။ ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာနများမှ အမိန့်ညွှန်ကြားချက်များ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရမည်။
၁၂။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။
၁၃။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
ကိုယ်ပိုင်ဈေးလိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက် ညွှန်ကြားချက်များ
၁။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လုပ်ငန်းတည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူအား လုပ်ငန်းနှင့်ပတ်သက်၍ အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရ။ လုပ်ငန်းကိုခွင့်ပြုသည့် ဥပစာအတွင်း၌သာ ဆောင်ရွက်ရမည်။
၂။ လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှု အရှုပ်အရှင်း ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။
၃။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြား ချက်များနှင့် ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။
၄။ ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံးဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။
၅။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ကော်မတီက ညွှန်ကြားသည့် သောက်/သုံးရေထားရှိမှု အစီအမံများ၊ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် အစီအမံများ၊ အညစ်အကြေးစွန့်ပစ်မှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရေး အစီအမံများ၊ မြို့တော်သာယာလှပရေးနှင့် လုံခြုံရေးအတွက် အစီအမံများ အလုပ်သမားများ/လာရောက် ရောင်းဝယ်သူများအတွက် ကျန်းမာမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ၊ ယာဉ်/လူသွားလမ်းပိတ်ဆို့မှု မရှိစေရေးအစီ အမံများ၊ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို ထားရှိ၍ တိကျစွာ လိုက်နာရမည်။
၆။ ကုန်ကြမ်းအဖြစ်အသုံးပြုသော ထုတ်လုပ်သော၊ သိုလှောင်သော၊ တည်ခင်းဖြန့်ဖြူးသော၊ ပစ္စည်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ပစ္စည်းများဖြစ်ရမည့်အပြင် ကိုင်တွယ်အသုံးပြု စားသုံးသူများအတွက် ကျန်းမာရေး နှင့်ညီညွတ်ရမည့် သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများဖြင့် စီစဉ် ဆောင်ရွက်ပြီး ဖြစ်ရမည်။
၇။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းကို လိုအပ်သည့်အခါ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် စစ်ဆေးခြင်းကို လက်ခံရမည်။ ယင်းအပြင် လုပ်ငန်းတာဝန်ခံကိုယ်တိုင်က လုပ်ငန်းဆောင်ရွက် ထားရှိမှုကိုရှင်းပြရမည်။
၈။ လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းအား လိုအပ်ချက်အရ ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။
၉။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။
၁၀။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်
လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူလိုက်နာရန် စည်းကမ်းချက် ညွှန်ကြားချက်များ
၁။ မြို့တွင်း(၆)မြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)တွင် လုံးဝရောင်းချခြင်းမပြုရန်။
၂။ မြို့တွင်း(၆)မြို့နယ်မှအပ အခြားမြို့နယ်များ၏ လမ်းဆုံလမ်းခွတွင် ပိတ်ဆို့ရောင်းချခြင်းမပြုရန်။
၃။ လမ်းသွယ်များတွင် သတ်မှတ်ယာဉ်ကြောအတိုင်း လမ်းဘေးတွင်လည်းကောင်း၊ အခြားမော်တော်ယာဉ်၊ အနှေးယာဉ်များအား ပိတ်ဆို့မှု အနှောင့်အယှက်မဖြစ်စေရန်လည်းကောင်း၊ ရပ်နားရောင်းချရန်။
၄။ ယာဉ်အား တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ရပ်နား၍ ရောင်းချခြင်း၊ ယာဉ်၏ဘေးတွင် ထိုင်ခုံများချပြီး ရောင်းချခြင်းများမပြုရန်။
၅။ (၃)တန်အထက် ယာဉ်မဝင်ရလမ်းသို့ ဝင်ရောက်မောင်းနှင်ခြင်း မပြုရန်။
၆။ ယာဉ်မရပ်ရလမ်းများ ယာဉ်မရပ်ရ သတ်မှတ်ထားသောနေရာများတွင် ယာဉ်ဝင်ရောက် ရပ်တန့်ခြင်းမပြုရန်။
၇။ ယာဉ်ရပ်နားရန်သတ်မှတ်ထားသော ပန်းခြံ၊ ယာဉ်ရပ်နားကွင်းများတွင်သာ ယာဉ်ရပ်နားရန်။
၈။ လုပ်ငန်းဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ပါက လိုင်စင်ကတ်ကို ဌာနသို့ ပြန်လည်အပ်နှံတင်ပြရန်။
၉။ မော်တော်ယာဉ်နှင့်ပတ်သက်၍ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရမည်။
၁၀။ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန် ကြားချက်များနှင့် ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရမည်။
၁၁။ ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံးဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။
၁၂။ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့်အကြောင်းကြားသွားရမည်။
၁၃။ အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။
လိုင်စင်ရှိဆိုင်းဘုတ်နှုန်းထားများ
လိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းအား လိုင်စင်ရရှိသူက တပ်ဆင်သည့် စတုရန်းပေ (၃၀၀)အောက် ဆိုင်းဘုတ် အတွက်သာဖြစ်ပါသည်-
(က) ၅၀ စတုရန်းပေနှင့်အောက် ၁ စတုရန်းပေ ၅၀၀ ကျပ်
( ခ ) ၅၀ စတုရန်းပေအထက် ၁ စတုရန်းပေ ၁၂၀၀ ကျပ်
( ဂ ) ကုမ္ပဏီဖြင့်ဆောင်ရွက်သည့်လုပ်ငန်း ၁ စတုရန်းပေ ၅၀၀၀ ကျပ်
(ဃ) လေကျူးဆိုင်းဘုတ် ၁ စတုရန်းပေ ၅၀၀ ကျပ်