လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ
-
ပုဒ်မ၂၉၈(က)။ ကော်မတီသည်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနကသင့်လျော် သော ဝန်ထမ်း များဖြင့် ဖွဲ့စည်းနိုင်သည်။
-
ပုဒ်မ၂၉၈(ခ)။ ပုဒ်မခွဲ(က)အရဖွဲ့စည်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ထည့်သွင်း ဖွဲ့စည်းလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြရမည်။
-
ပုဒ်မ၂၉၉။ ကော်မတီသည်မိမိပိုင်ရေလှောင်ကန်များ၊ရေကန်ကြီးများ၏ လုံခြုံရေးနှင့် ရေညစ်ညမ်းမှု မဖြစ်စေရေးတို့အတွက်တားမြစ်ခြင်း၊ ထိန်းသိမ်းခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်ရမည်။
-
ပုဒ်မ၃၀၀။ ကော်မတီသည် လမ်းဘေးဈေးသည်များအား အခါအားလျော်စွာ သတ်မှတ် ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချစေရန် အတွက် လိုအပ် သလို ကြပ်မတ်ဆောင်ရွက်ရမည်။
-
ပုဒ်မ၃၀၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ယာဉ်များရပ်နားခြင်း၊ ယာဉ် စည်းကမ်းထိန်းသိမ်းခြင်း၊လူကူးမျဉ်းကျားမှစနစ်တကျလမ်းဖြတ်ကူးခြင်းနှင့်တည်ဆောက် ထားသည့် လူကူးခုံးကျော်တံတားများ၊ မြေအောက်လမ်းများမှ စည်းကမ်း နှင့်အညီ ဖြတ်ကူးခြင်းစသည့် စည်းကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြား ချက်များ ထုတ်ပြန်ဆောင်ရွက်ရမည်။
-
ပုဒ်မ၃၀၂။ ကော်မတီသည် အစိုးရအဖွဲ့မှ အခါအားလျော်စွာ တာဝန်ပေးအပ်သည့် မြို့တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်။
-
ပုဒ်မ၃၀၃။ ကော်မတီသည် ဤဥပဒေအရလည်းကောင်း၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ များအရ လည်းကောင်း ဖောက်ဖျက်ကျူးလွန်မှုများ မပေါ်ပေါက်စေရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးအပိုင်းတွင် လိုအပ်သော စီမံချက်များ ချမှတ် ဆောင်ရွက်ရမည်။
-
စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်ရန် ရဲတပ်သားသစ်များ လျှောက်ထားနိုင်ခြင်း
-
အောက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်-
-
အမျိုးသားများအတွက်
(က) အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်ထက်မကျော်လွန်သူ
(ခ ) ပညာအရည်အချင်း (၈)တန်းအောင်နှင့်အထက်ရှိသူ
(ဂ ) အရပ် (၅) ပေ (၃)လက်မ နှင့်အထက်ရှိသူ
(ဃ) ကိုယ်အလေးချိန် (၁၁၀)ပေါင်နှင့်အထက်ရှိသူ
(င ) ကျန်းမာရေးကောင်းမွန်သူ
(စ ) ပါတီနိုင်ငံရေးကင်းရှင်းသူ
(ဆ) သတ်မှတ်မျက်မြင် (၁၂)ချက်နှင့်ပြည့်စုံသူ
(ဇ ) မျက်မှန်တပ်ဆင်သူ မဖြစ်စေရ
-
အခွင့်အလမ်းများ
(က) ရဲတပ်သားသစ်သင်တန်း တက်ရောက်နေစဉ်အတွင်း လစာ(၁၄၄၀၀၀)ကျပ်နှင့် အခြားခံစားခွင့်များရရှိမည်။
(ခ ) တက္ကသိုလ်ဝန်ထမ်းကျရှုံးသူများအား စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးမည်။
(ဂ ) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ အဝေးသင်တက္ကသိုလ်ပညာ ဆက်လက် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။စာမေးပွဲဖြေဆိုခွင့်(၁)လ ခံစားခွင့်ပြု သည်။
(ဃ) ဘွဲ့ရရှိပြီးသူဖြစ်ပါက အနီးဆုံး ဒုတိယရဲအုပ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးမည်။
(င ) သတ်မှတ်ချက်နှင့်ကိုက်ညီက ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသည့်ဝင့်ခွင့် စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
(စ ) အိမ်ထောင်သည်များအား နေအိမ်/လိုင်းခန်း အခမဲ့နေထိုင်ခွင့် ရရှိမည်။
အသေးစိတ်သိရှိိလိုပါက စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်) အောက်ဖော်ပြပါ ဖုန်းနံပါတ် များတွင် စုံစမ်းနိုင်ပါသည်။
အုပ်ချုပ်မှုတပ်ဖွဲ့ခွဲရုံး ၊ မြို့တော်ခန်းမ - ၀၁ ၃၇၈၈၇၄ / ၀၁ ၃၇၆၉၄၂
စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ခွဲရုံး ၊ ကမာရွတ် - ၀၁ ၅၃၇၆၇၃
လုံခြုံရေးတပ်ဖွဲ့ခွဲ(လှော်ကား) - ၀၁ ၆၃၇၅၅၂ / ၀၁-၆၃၇၅၅၃
၁။ စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)၊လုံခြုံရေးတပ်ဖွဲ့ခွဲရှိ လှော်ကားကန် ၊ ဖူးကြီးကန် ၊ ဂျိုးဖြူကန် ၊ ငမိုးရိပ်ကန်များတွင် သီးခြားတာဝန်ထမ်းဆောင်ရန် ပညာအရည်အချင်း (၆)တန်း အောင်နှင့် အထက်ရှိအမျိုးသားများ အောက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီပါက လျှောက်ထား နိုင်ပါသည်-
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) ပညာအရည်အချင်း (၆)တန်းအောင်နှင့်အထက် ရှိရမည်။
(ဂ ) အရပ် (၅)ပေ (၂)လက်မ နှင့်အထက်ရှိရမည်။
(ဃ) ကိုယ်အလေးချိန် (၁၁၀)ပေါင် ရှိရမည်။
(င ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(စ ) မျက်မြင် (၁၂)ချက်နှင့် ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။
(ဆ) အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်အထက် မကျော်လွန်သူဖြစ်ရမည်။
၂။ အောက်ပါခံစားခွင့်များ ရရှိနိုင်ပါသည်-
(က) လစာနှုန်း ၁၄၄ဝဝဝိ - ၂ဝဝဝိ-၁၅၄ဝဝဝိ
(ခ ) စရိတ် တစ်နေ့ ၁၈ဝဝိ နှုန်းဖြင့် (၁)လ ၅၄ဝဝဝိ ပျမ်းမျှရရှိပါမည်။
(ဂ ) နေအိမ်လိုင်းခန်း အခမဲ့
၃။ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
-
အုပ်ချုပ်မှုဌာနခွဲ ( ၀၁ - ၃၇၈၈၇၄)
- စည်းကမ်းထိန်း သိမ်းရေးတပ်ဖွဲ့ခွဲ(၀၁ - ၅၃၇၆၇၃ )
- လုံခြုံရေးတပ်ဖွဲ့ခွဲ(လှော်ကား) ( ၀၁-၆၃၇၅၅၃)
၄။ မျက်မြင်စစ်ဆေးခြင်း။ မိမိနယ်မြေအတွင်း စုဆောင်းထားရှိသော ရဲတပ်သားသစ် များအား အောက်ပါဖော်ပြပါ (၁၂) ချက်နှင့်အညီ စစ်ဆေးသွားပါမည်-
(က) သတ်မှတ်ထားသော အရပ်အမြင့် မရှိသူ ၊ ခြေခွင်နေသူ ၊ ကိုယ်ခန္ဓာအနေအထား ပျက်ယွင်းသူ
(ခ ) သာမန်ကြည့်ရုံဖြင့် အသက် ကန့်သတ်ချက်ထက် ကျော်လွန်နေမှန်းသိသာသည့် အရွယ်လွန်သူများ
(ဂ ) မျက်စိအမြင်အားနည်းသူ ၊ အရောင်ကန်းမှုရှိသူ ၊ မျက်စိစွေစောင်းသူ ၊ တိမ်ရှိသူ ၊ မျက်လုံးပျက်နေသူ
(ဃ) နားတစ်ဖက်မကြားသူ ၊ နားထိုင်းသူ
(င ) နား၊နှာခေါင်း၊ပါးစပ်ပုံပျက်နေသူ ၊ အာရုံခံစားခြင်းနှင့်သိမှုအာရုံအားနည်းချက် ရှိသူ
(စ ) စကားပြောထစ် ၊ ဆွံ့အသူ ၊ တုန့်ပြန်ပြောဆိုမှုစွမ်းအင်ချို့ငဲ့သူ ၊
(ဆ) လက်/ခြေထောက်မပြည့်စုံသူ ၊ ပုံသဏ္ဍာန်ပျက်နေသူ ၊ ဘယ်/ညာ ခြေထောက်မညီမျှသူ ၊ ထိခိုက်မှုကြောင့်လည်းကောင်း ၊ အာရုံကြောအားနည်းမှု ကြောင့်လည်းကောင်း ၊ ခြေ/လက် ကောင်းစွာလှုပ်ရှားနိုင်ခြင်းမရှိသူ
(ဇ ) ခြေဖဝါးမျက်နှာပြင်ပြည့်နေသူ (Flat Foot)
(ဈ ) အရိုး၊အဆစ်နှင့်သွားများ ကျိုးပဲ့ပျက်စီးနေသူ ၊ သွားမစုံသူ
(ည) အူကျ/လိပ်ခေါင်းရောဂါရှိသူ ၊ အူကျ/လိပ်ခေါင်းရောဂါဖြင့် ခွဲစိတ်ကုသခံရဘူးသူ
(ဋ ) ကုဌနုနာရောဂါရှိသူ ၊ ကိုယ်ရေပြားရောဂါ(သမင်ဖြူကွက်များ)ရှိသူ ၊ အကြိတ်/ အဖု/ ကြွက်နို့/မြင်းဖုရှိသူ
(ဌ ) ခန္ဓာကိုယ်ပေါ်၌ အများမြင်သာသောနေရာတွင် ပုံပျက်၊ ပန်းပျက် ၊ ဆေးမှင် ကြောင်ထိုးထားသူ
ကြည့်ရှုသူစုစုပေါင်း - ဦး
All Rights Reserved by YCDC