အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)

အမည် - ဒေါ်မြင့်မြင့်အေး(09253765530)
ခေါင်းစဉ် - လမ်းတွေမကောင်း အရမ်းဆိုးရွား၍ နိုင်ငံတော်မှ လမ်းခင်းပေးစေချင်

ကော်မတီမှ ပြန်ကြားချက်

၂၁-၆-၂၀၂၆ ရက်စွဲဖြင့် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)သို့ လိပ်မူပြီး ပေးပို့လာသည့် အကြံပြုစာတွင် ပြည့်စုံစွာဖြည့်သွင်း၍ ပေးပို့ပါရန် ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးနိုင်လင်းအောင် (09789206329)
ခေါင်းစဉ် - ရပ်ကွက်လမ်းကွန်ကရစ်ခင်းနိုင်ရေးကူညီပေးပါရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

၈-၅-၂၀၂၆ ရက်စွဲဖြင့် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ၁၁-၅-၂၀၂၆ ရက်စွဲဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လိပ်မူပြီး သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း ကွန်ကရိလမ်းခင်းရန် လျှောက်ထားလာခြင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) အနေဖြင့် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းမကြီးအား ကွန်ကရိလမ်းခင်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးထွန်းထွန်းလင်း (၀၉၅၀၇၀၁၀၇)
ခေါင်းစဉ် - လမ်းဆုံလမ်းခွဲတွင် အဝါရောင်မျဉ်းကွက်(Yellow Box)လမ်းအမှတ်အသားရေးဆွဲပေးနိုင်ပါရန်လျှောက်ထားခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လိပ်မူပြီး သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ဦးထွန်းထွန်းလင်းမှ အမှတ်(၂)လမ်းမကြီးနှင့် တပင်ရွှေထီးလမ်းဆုံလမ်းခွဲတွင် အဝါရောင်မျဉ်းကွက်(Yellow Box)လမ်းအမှတ်အသားရေးဆွဲပေးနိုင်ပါရန်လျှောက်ထားလာခြင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) အနေဖြင့် ၂၄-၆-၂၀၂၅ ရက်နေ့တွင် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ