စျေးများနှင့်ကုန်စည်ပွဲရုံများဌာန

အမည် - ဒေါ်အေးအေးမော်
ခေါင်းစဉ် - ဈေးရုံများ ပြုပြင်ပေးရန်

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးရှိ ဈေးရုံ(ဂ၊ င၊ ဆ၊ ဓ)ရုံများ အမိုးပြုပြင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိပြီး ဟောင်းနွမ်းပျက်စီးနေသည့်ဈေးရုံများကို နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း အလျဉ်းသင့်သလို ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - သူရအောင်
ခေါင်းစဉ် - နန္ဒဝန်ဈေး ဈေးတာဝန်ခံအား ရာထူးဖြုတ်ပေးရန်

ကော်မတီမှ ပြန်ကြားချက်

နန္ဒဝန်ဈေး ဈေးတာဝန်ခံအား ဖြုတ်ပေးရန်ကိစ္စနှင့်ပတ်သက်ပြီး အကြံပြုစာတွင် အကြံပြုသည့်အကြောင်းအရာများအား ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပြီး အကြံပြုပေးပါရန် ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - သီရိစိုး
ခေါင်းစဉ် - စည်းပျက်ကမ်းပျက် ပျံကျစျေးသည်များအား အပြီးတိုင်ရှင်းလင်းပေးရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အတွင်းရှိသော ဆင်မလိုက်ဈေးနှင့်ပတ်သက်သည့် ပြည်သူများ၏ အကြံပြုစာများအား ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ စိစစ်ပြီးဖြစ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - သူရအောင်
ခေါင်းစဉ် - ဆင်မလိုက်ဈေးတာဝန်ခံအားအရေးယူပေးရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အတွင်းရှိသော ဆင်မလိုက်ဈေးနှင့်ပတ်သက်သည့် ပြည်သူများ၏ အကြံပြုစာများအား ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ စိစစ်ပြီးဖြစ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ခင်လေးပျို
ခေါင်းစဉ် - စျေးရုံအတွင်း မရောင်းချသော စျေးသည်များအား ရှင်းလင်းပေးပါရန်ကိစ္စ