လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ

  • ပုဒ်မ၂၉၈(က) ကော်မတီသည်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနကသင့်လျော် သော ဝန်ထမ်း များဖြင့် ဖွဲ့စည်းနိုင်သည်။

  • ပုဒ်မ၂၉၈() ပုဒ်မခွဲ(က)အရဖွဲ့စည်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ထည့်သွင်း ဖွဲ့စည်းလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြရမည်။

  • ပုဒ်မ၂၉၉ ကော်မတီသည်မိမိပိုင်ရေလှောင်ကန်များ၊ရေကန်ကြီးများ၏ လုံခြုံရေးနှင့် ရေညစ်ညမ်းမှု မဖြစ်စေရေးတို့အတွက်တားမြစ်ခြင်း၊ ထိန်းသိမ်းခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်ရမည်။

  • ပုဒ်မ၃၀၀။ ကော်မတီသည် လမ်းဘေးဈေးသည်များအား အခါအားလျော်စွာ သတ်မှတ် ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချစေရန် အတွက် လိုအပ် သလို ကြပ်မတ်ဆောင်ရွက်ရမည်။

  • ပုဒ်မ၃၀၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ယာဉ်များရပ်နားခြင်း၊ ယာဉ် စည်းကမ်းထိန်းသိမ်းခြင်း၊လူကူးမျဉ်းကျားမှစနစ်တကျလမ်းဖြတ်ကူးခြင်းနှင့်တည်ဆောက် ထားသည့် လူကူးခုံးကျော်တံတားများ၊ မြေအောက်လမ်းများမှ စည်းကမ်း နှင့်အညီ ဖြတ်ကူးခြင်းစသည့် စည်းကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြား ချက်များ ထုတ်ပြန်ဆောင်ရွက်ရမည်။

  • ပုဒ်မ၃၀၂။ ကော်မတီသည် အစိုးရအဖွဲ့မှ အခါအားလျော်စွာ တာဝန်ပေးအပ်သည့် မြို့တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်။

  • ပုဒ်မ၃၀၃။ ကော်မတီသည် ဤဥပဒေအရလည်းကောင်း၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ များအရ လည်းကောင်း ဖောက်ဖျက်ကျူးလွန်မှုများ မပေါ်ပေါက်စေရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးအပိုင်းတွင် လိုအပ်သော စီမံချက်များ ချမှတ် ဆောင်ရွက်ရမည်။

  • စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်ရန် ရဲတပ်သားသစ်များ လျှောက်ထားနိုင်ခြင်း

  • အောက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်-

  • အမျိုးသားများအတွက်

(က) အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်ထက်မကျော်လွန်သူ

() ပညာအရည်အချင်း ()တန်းအောင်နှင့်အထက်ရှိသူ

() အရပ် () ပေ ()လက်မ နှင့်အထက်ရှိသူ

() ကိုယ်အလေးချိန် (၁၁၀)ပေါင်နှင့်အထက်ရှိသူ

() ကျန်းမာရေးကောင်းမွန်သူ

() ပါတီနိုင်ငံရေးကင်းရှင်းသူ

() သတ်မှတ်မျက်မြင် (၁၂)ချက်နှင့်ပြည့်စုံသူ

() မျက်မှန်တပ်ဆင်သူ မဖြစ်စေရ

  • အခွင့်အလမ်းများ

(က) ရဲတပ်သားသစ်သင်တန်း တက်ရောက်နေစဉ်အတွင်း လစာ(၁၄၄၀၀၀)ကျပ်နှင့် အခြားခံစားခွင့်များရရှိမည်။

() တက္ကသိုလ်ဝန်ထမ်းကျရှုံးသူများအား စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးမည်။

() တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ အဝေးသင်တက္ကသိုလ်ပညာ ဆက်လက် သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။စာမေးပွဲဖြေဆိုခွင့်()လ ခံစားခွင့်ပြု သည်။

() ဘွဲ့ရရှိပြီးသူဖြစ်ပါက အနီးဆုံး ဒုတိယရဲအုပ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးမည်။

() သတ်မှတ်ချက်နှင့်ကိုက်ညီက ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသည့်ဝင့်ခွင့် စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

() အိမ်ထောင်သည်များအား နေအိမ်/လိုင်းခန်း အခမဲ့နေထိုင်ခွင့် ရရှိမည်။

အသေးစိတ်သိရှိိလိုပါက စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်) အောက်ဖော်ပြပါ ဖုန်းနံပါတ် များတွင် စုံစမ်းနိုင်ပါသည်။

အုပ်ချုပ်မှုတပ်ဖွဲ့ခွဲရုံး ၊ မြို့တော်ခန်းမ - ၀၁ ၃၇၈၈၇၄ / ၀၁ ၃၇၆၉၄၂

စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ခွဲရုံး ၊ ကမာရွတ် - ၀၁ ၅၃၇၆၇၃

လုံခြုံရေးတပ်ဖွဲ့ခွဲ(လှော်ကား) - ၀၁ ၆၃၇၅၅၂ / ၀၁-၆၃၇၅၅၃

 

၁။ စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)၊လုံခြုံရေးတပ်ဖွဲ့ခွဲရှိ လှော်ကားကန် ၊ ဖူးကြီးကန် ၊ ဂျိုးဖြူကန် ၊ ငမိုးရိပ်ကန်များတွင် သီးခြားတာဝန်ထမ်းဆောင်ရန် ပညာအရည်အချင်း ()တန်း အောင်နှင့် အထက်ရှိအမျိုးသားများ အောက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီပါက လျှောက်ထား နိုင်ပါသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

() ပညာအရည်အချင်း ()တန်းအောင်နှင့်အထက် ရှိရမည်။

() အရပ် ()ပေ ()လက်မ နှင့်အထက်ရှိရမည်။

() ကိုယ်အလေးချိန် (၁၁၀)ပေါင် ရှိရမည်။

() ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

() မျက်မြင် (၁၂)ချက်နှင့် ပြည့်စုံကောင်းမွန်သူဖြစ်ရမည်။

() အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ်အထက် မကျော်လွန်သူဖြစ်ရမည်။

၂။ အောက်ပါခံစားခွင့်များ ရရှိနိုင်ပါသည်-

(က) လစာနှုန်း ၁၄၄ဝဝဝိ - ၂ဝဝဝိ-၁၅၄ဝဝဝိ

() စရိတ် တစ်နေ့ ၁၈ဝဝိ နှုန်းဖြင့် ()လ ၅၄ဝဝဝိ ပျမ်းမျှရရှိပါမည်။

() နေအိမ်လိုင်းခန်း အခမဲ့

၃။ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-

  • အုပ်ချုပ်မှုဌာနခွဲ ( ၀၁ - ၃၇၈၈၇၄)

- စည်းကမ်းထိန်း သိမ်းရေးတပ်ဖွဲ့ခွဲ(၀၁ - ၅၃၇၆၇၃ )

- လုံခြုံရေးတပ်ဖွဲ့ခွဲ(လှော်ကား) ( ၀၁-၆၃၇၅၅၃)

 

၄။ မျက်မြင်စစ်ဆေးခြင်း။ မိမိနယ်မြေအတွင်း စုဆောင်းထားရှိသော ရဲတပ်သားသစ် များအား အောက်ပါဖော်ပြပါ (၁၂) ချက်နှင့်အညီ စစ်ဆေးသွားပါမည်-

(က) သတ်မှတ်ထားသော အရပ်အမြင့် မရှိသူ ၊ ခြေခွင်နေသူ ၊ ကိုယ်ခန္ဓာအနေအထား ပျက်ယွင်းသူ

() သာမန်ကြည့်ရုံဖြင့် အသက် ကန့်သတ်ချက်ထက် ကျော်လွန်နေမှန်းသိသာသည့် အရွယ်လွန်သူများ

() မျက်စိအမြင်အားနည်းသူ ၊ အရောင်ကန်းမှုရှိသူ ၊ မျက်စိစွေစောင်းသူ ၊ တိမ်ရှိသူ ၊ မျက်လုံးပျက်နေသူ

() နားတစ်ဖက်မကြားသူ ၊ နားထိုင်းသူ

() နား၊နှာခေါင်း၊ပါးစပ်ပုံပျက်နေသူ ၊ အာရုံခံစားခြင်းနှင့်သိမှုအာရုံအားနည်းချက် ရှိသူ

() စကားပြောထစ် ၊ ဆွံ့အသူ ၊ တုန့်ပြန်ပြောဆိုမှုစွမ်းအင်ချို့ငဲ့သူ ၊

() လက်/ခြေထောက်မပြည့်စုံသူ ၊ ပုံသဏ္ဍာန်ပျက်နေသူ ၊ ဘယ်/ညာ ခြေထောက်မညီမျှသူ ၊ ထိခိုက်မှုကြောင့်လည်းကောင်း ၊ အာရုံကြောအားနည်းမှု ကြောင့်လည်းကောင်း ၊ ခြေ/လက် ကောင်းစွာလှုပ်ရှားနိုင်ခြင်းမရှိသူ

() ခြေဖဝါးမျက်နှာပြင်ပြည့်နေသူ (Flat Foot)

() အရိုး၊အဆစ်နှင့်သွားများ ကျိုးပဲ့ပျက်စီးနေသူ ၊ သွားမစုံသူ

() အူကျ/လိပ်ခေါင်းရောဂါရှိသူ ၊ အူကျ/လိပ်ခေါင်းရောဂါဖြင့် ခွဲစိတ်ကုသခံရဘူးသူ

() ကုဌနုနာရောဂါရှိသူ ၊ ကိုယ်ရေပြားရောဂါ(သမင်ဖြူကွက်များ)ရှိသူ ၊ အကြိတ်/ အဖု/ ကြွက်နို့/မြင်းဖုရှိသူ

() ခန္ဓာကိုယ်ပေါ်၌ အများမြင်သာသောနေရာတွင် ပုံပျက်၊ ပန်းပျက် ၊ ဆေးမှင် ကြောင်ထိုးထားသူ

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC