မြို့ပြမြေစီမံခန့်ခွဲမှုဌာန

ဌာန၏လုပ်ငန်းတာ၀န်များ

မြို့မြေများ မြေစီမံခန့်ခွဲခြင်း

  • မြို့တော်နယ်နမိတ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊ အစိုးရဌာနအဖွဲ့အစည်းပိုင်မြေ၊ အခွန်လွတ် သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများမှအပ ကော်မတီပိုင်မြေများ၊ ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ ကော်မတီက တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူ ထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသော မြေများကို စီမံခန့်ခွဲခြင်း။
  • လူနေထိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ ထုတ်ပေးခြင်း။
  • မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒနှင့် မြေအသုံးချခြင်းဆိုင်ရာ စိမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လိုအပ်သောအချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျှော့ပေါ့ သတ်မှတ်၍ထုတ်ပေးခြင်း။
  • မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့် ရရှိသည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးခြင်း။
  • မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များ၏ သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးနိုင်ခြင်း။
  • သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ်သာသနာ့မြေဂရန် နှင့်အခွန်လွတ် ဗုဒ္ဓသိမ် မြေဂရန် များကို ပြည်ထဲရေး ဝန်ကြီးဌာန ၏ခွင့်ပြချက်ဖြင့် ထုတ်ပေးခြင်း။
  • မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • မြေငှားစာချုပ်များ၊ ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်းမြေငှားစာချုပ်၊ လိုင်စင်သို့မဟုတ်ပါမစ်ရရှိသည့် ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းခြင်း။
  • စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေများ နှင့် အညီစည်းကြပ် ကောက်ခံခြင်း။
  • စည်းကြပ်ကောက်ခံမည့် မြေခွန်မြေခ အမျိုးအစားနှင့် နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ပြောင်းလဲခြင်း တို့ကို ပြုလုပ်ခြင်း။
  • ရရန်ရှိသော မြေခွန်မြေခ ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရတောင်းခံခြင်း။
  • မြို့တော်နယ်နမိတ်အတွင်း လွှဲပြောင်းသည့် မရွှေမပြောင်းနိုင်သော ပစ္စည်းတန်ဖိုးပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ရရှိသည့်ငွေ၏ (၂)ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနထံမှ တောင်းခံရယူခြင်း။
  • မြေငှားစာချုပ်၊လိုင်စင်သို့မဟုတ်ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခ များကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုခြင်း။
  • နိုင်ငံခြားသား အမည်ပေါက် မြေများအား မြေသိမ်းအမှု ဆောင်ရွက်ပြီးမြို့ပြစီမံကိန်းနှင့် အညီ မြေစီမံခန့်ခွဲခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC