ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား Mobile Application ဖြစ်သော MY CITY APP ကို အသုံးပြု၍ Smart Phone ဖြင့် တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း အလွယ်တကူရယူ ပေးဆောင်နိုင်တော့မည် ဖြစ်ပါသည်။ စက်မှုဇုန်အမှိုက်သိမ်းဝန်ဆောင်မှု၊ ဆေးရုံ ဆေးခန်းအမှိုက်သိမ်းဝန်ဆောင်မှု၊ ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှုအစရှိသော ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY APP ဖြင့် On Call ခေါ်ယူဆောင်ရွက်နိုင်မည် သာမက အဆောက်အဉီဆောက်လုပ်ခွင့် (YBPS) ပါမစ်ဝန်ဆောင်ခ၊ ရေသွယ်ယူခွင့် (Water Connection) ဝန်ဆောင်ခအစရှိသော အခွန်အခများပေးသွင်းမှုအတွက် ငွေပေးချေမှုများကိုပါ တစ်ပါတည်း ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။

၂။ ငွေကြေးပေးချေခြင်းများကို အလွယ်တကူဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်ဘဏ်၏ City Pay Mobile Wallet ကိုပါ MY CITY APP တွင် ထည့်သွင်းချိတ်ဆက်ထားပြီး ဖြစ်ပါသည်။ Yangon City Bank (ရန်ကုန် မြို့တော်ဘဏ်)တွင် CITY PAY Wallet Account ဖွင့်လှစ်၍ Wallet Top-up ပြုလုပ်ခြင်း၊ Wallet to Wallet ငွေလွှဲပြောင်းခြင်း၊ Bill ပေးချေခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး Wallet Top-Up ငွေဖြည့်ခြင်းကို Yangon City Bank (ရန်ကုန်မြို့တော်ဘဏ်)၊ CB Pay၊ UAB Bank ၏ Sai Sai Pay တို့မှတစ်ဆင့် ပေးသွင်းနိုင်ပြီး မိတ်ဖက် Digital Channel ဖြစ်သည့် OK$ မှတစ်ဆင့် လည်း ပေးသွင်းနိုင်မည် ဖြစ်ပါသည်။

၃။ MY CITY APP ကို အသုံးပြုခြင်းဖြင့် ကော်မတီ၏ ဝန်ဆောင်မှုများနှင့် အခွန်အခများကို Smart Phone အသုံးပြု၍ နေ့ညအချိန်မရွေး ပေးသွင်းနိုင်ခြင်း၊ ကော်မတီ၏ စည်ပင်သာယာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူရိုးရှင်းစွာဖြင့် ရယူအသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ MY CITY APP အား Play Store တွင် Download ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာချက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း ဘေးရှိ မြေနေရာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် Myanmar V-Pile Co., Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) တွင် ၄ခန်းတွဲ ၈ထပ်တိုက် (၂၇)လုံး ( ၈၆၄ ခန်း ) ဆောင်ရွက်လျက်ရှိရာ U-600 အဆောက်အဦ(၈)လုံးမှာ တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ငွေအကြေပေးသွင်းသူများသို့ အခန်းများ အပ်နှံမည် ဖြစ်ပါသည်။ U-900 အဆောက်အဦ(၁၉)လုံးအနက် (၁၁)လုံးမှာ 5th Floor Slab ၊ (၈)လုံးမှာ 4th Floor Slab ထိ ဆောင်ရွက်ပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ U-600 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် အခန်းတန်ဖိုးကျသင့်ငွေအကြေ ပေးသွင်းပါရန်နှင့် U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် တတိယအရစ်အထိ ကျသင့်ငွေများ အား လာရောက်ပေးသွင်းပါရန် နှိုးဆော်အကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာချက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း ဘေးရှိ မြေနေရာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် Myanmar V-Pile Co., Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) တွင် ၄ခန်းတွဲ ၈ထပ်တိုက် (၂၇)လုံး ( ၈၆၄ ခန်း ) ဆောင်ရွက်လျက်ရှိရာ U-600 တိုက်ခန်းများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်နှင့် U-900 တိုက်ခန်းများမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်တွင် အပ်နှံနိုင်မည် ဖြစ်ကြောင်း၊ U-600 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် ပဉ္စမအရစ်ထိ ကျသင့်ငွေပေးသွင်းပါရန်နှင့် U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် ဒုတိယအရစ်ထိ ကျသင့်ငွေများအား အမြန်လာရောက် ပေးသွင်းပါရန် (၁၇-၁၀-၂၀၁၉) ရက်နေ့နှင့် (၁၉-၁၀-၂၀၁၉) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ တွင် ထည့်သွင်းကြေငြာပြီးဖြစ်ပါသည်။

၂။ ယခုအခါ (၁-၁၁-၂၀၁၉) ရက်နေ့အထိ U-600 အဆောက်အဦများနှင့် U-900 အဆောက်အဦ များမှ တိုက်ခန်းဖိုးပေးသွင်းရန် အောက်ပါအတိုင်းကျန်ရှိပါသည် -

- U-600 ဒုတိယအရစ် - ၁၁ ခန်း
- U-600 တတိယအရစ် - ၁၈ ခန်း
- U-600 စတုတ္ထအရစ် - ၂၇ ခန်း
- U-600 ပဉ္စမအရစ် - ၆၀ ခန်း
- U-900 ဒုတိယအရစ် - ၂၈၄ ခန်း

၃။ သို့ဖြစ်ပါ၍ အပိုဒ်(၂) ပါ တိုက်ခန်းဖိုးပေးသွင်းရန် ကျန်ရှိသူများမှ တိုက်ခန်းဖိုးကျသင့်ငွေများ အမြန်လာရောက်ပေးသွင်းပါရန် ထပ်မံနှိုးဆော်အကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာချက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ရောင်းချမည့် မြေကွက်နေရာများအတွက် အသိပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ရောင်းချမည့် မြေကွက်နေရာများကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ မြို့နယ်အလိုက်သတ်မှတ်ထားသောဈေးနှုန်းများကို အခြေပြု၍ ရောင်းချမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အများသိစေရန် ကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာလိုင်စင်များအား စိစစ်ထုတ်ပေးခဲ့ရာ အဆိုပါလိုင်စင်များသည် ၃၁-၃-၂ဝ၁၈ ရက်နေ့ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ၁-၄-၂ဝ၁၈ ရက်နေ့မှစ၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ/ဗိသုကာများဖြင့်သာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကြီးကြပ်ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ၁၅-၃-၂ဝ၁၈ ရက်နေ့ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီး ဆောင်ရွက်လျှက်ရှိပါသည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၁-၄-၂ဝ၁၈ ရက်နေ့မတိုင်မီ ခွင့်ပြုချက် တင်ပြထားသော ဆောက်လုပ်ခွင့် အမှုတွဲများနှင့် ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ်ဆဲ အဆောက်အအုံများတွင် မူလကြီးကြပ်ခဲ့သော လိုင်စင်အင်ဂျင်နီယာများ(LS)၊ အဆောက်အအုံ အင်ဂျင်နီယာများ(SEC)၊ Accredited Checker (AC)များအား ဆောင်ရွက်ဆဲများဖြစ်သဖြင့် ဖြေလျော့ပြီး ဆောင်ရွက်ခွင့်ပေးလျက်ရှိရာ အချိန်ကာလ(၇)လကျော်ကြာခဲ့ပြီဖြစ်၍ မူလ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ဆဲရှိနေသည့် အဆောက်အအုံများအားလုံးအား ၁-၄-၂ဝ၁၉ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာများဖြင့် ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မိဘပြည်သူများသို့ အသိပေးကြေညာချက်

ရန်ကုန်မြို့တွင်း(၆)မြို့နယ်အတွင်း လမ်းမကြီးများနှင့် အမည်တပ်လမ်းများတွင် ၁-၁၀-၂၀၁၈ ရက်နေ့မှစတင်၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွား မည်ဖြစ်ပါသည်။ ယာဉ်ရပ်နားခကောက်ခံခြင်းလုပ်ငန်းကို လုပ်ငန်းရှင်များသို့ စျေးပြိုင် တင်ဒါစနစ်ဖြင့်ခေါ်ယူ၍ ဆောင်ရွက်မည်ဖြစ်ရာ ကောက်ခံမည့်နှုန်းထားမှာ တစ်နာရီလျှင်(၂၀၀)ကျပ် နှုန်းဖြင့် နံနက် (၀၈:၀၀) နာရီမှ ညနေ (၁၈:၀၀)နာရီထိသာ ကောက်ခံမည်ဖြစ်ပြီး သတ်မှတ်ထားသောအချိန်၏ ပြင်ပအချိန် များကို လတ်တလောအခြေအနေတွင် အခမဲ့ ရပ်နားခွင့် ပြုမည်ဖြစ်ကြောင်း မိဘပြည်သူများသို့ ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

အများသိစေရန် ကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောက်လုပ်သည့်အဆောက် အအုံများကို ကြီးကြပ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အင်ဂျင်နီယာလိုင်စင်များအား စိစစ်ထုတ်ပေးထားခဲ့ရာ အဆိုပါလိုင်စင်များသည် ၃၁.၃.၂၀၁၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ/ ဗိသုကာများဖြင့်သာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကြီးကြပ်ဆောက်လုပ် ခွင့်ပြုမည်ဖြစ်ပါသည်။
၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကြီးကြပ်ဆောက်လုပ်ခွင့်ရရှိသည့် အင်ဂျင်နီယာ/ဗိသုကာများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် မှတ်ပုံတင်ကြေးထပ်မံ ပေးဆောင်ရန် မလိုအပ်ကြောင်းနှင့် ကြီးကြပ်ဆောက်လုပ်ခွင့်ရှိသည့် အဆောက်အအုံ အမျိုးအစား၊ အဆောက်အအုံအမြင့်တို့ကိုလည်း သက်ဆိုင်ရာကောင်စီများ၏ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အပိုဒ်(၁)နှင့် အပိုဒ်(၂)ပါအချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ရယူထားသော အင်ဂျင်နီယာများ အနေဖြင့် သက်ဆိုင်ရာကောင်စီများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ဖြည့်စွက်ဖော်ပြ အပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့တော်နေ ပြည်သူများသို့ အသိပေးပန်ကြားချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အဖက်ဖက်မှ အဆင့်မြှင့်ဆောင်ရွက်ပေး လျက်ရှိရာ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များနှင့်ပတ်သက်၍ယာယီဆိုင်းဘုတ်များ၊ LED ဆိုင်းဘုတ် များ၊ မြေစိုက်ဆိုင်းဘုတ်များ၊ Vinyl ကြော်ငြာများ၊ခြံစည်းရိုးနံရံကပ်ဆိုင်းဘုတ်များနှင့် နံရံဆေးခြယ် ဆိုင်းဘုတ် များအား သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ရာတွင် မြို့တော်နေပြည်သူအချို့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အဆောက်အဦးများ၊ဓါတ်တိုင်များ၊ခုံးကျော်တံတားများ၏ နေရာအချို့တွင် ကြော်ငြာများတပ်ဆင်ခြင်း၊ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၁ အဆောက်အအုံဆိုင်ရာ တားမြစ်ချက်များ၊ ပုဒ်မခွဲ (ဍ)တွင် “မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ကပ်ခြင်း၊ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်း မပြုရ”ဟူ၍ ပြဌာန်းထားရှိပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ ကြော်ငြာဆိုင်းဘုတ်များ၊ စာရွက်များ ၊Vinyl များစိုက်ထူခြင်း၊ကပ်ခြင်း၊ ချိတ်ဆွဲခြင်း၊ ရေးဆွဲခြင်းများဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်နေ ပြည်သူများသို့ အသိပေးပန်ကြားချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆက်သွယ်ရေးကွန်ယက်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီအချို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း Fiber Optic Cable နှင့် ဆက်စပ် ဆက်သွယ်ရေးကိရိယာများ၊ Wifi ချိတ်ဆက်မှုကိရိယာများ တပ်ဆင်ချိတ်ဆွဲခြင်းနှင့် ဆက်သွယ်ရေးတိုင်များစိုက်ထူခြင်းတို့ကို တရားဝင် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆက်သွယ်ရေး ဥပဒေအခန်း(၁၃)၊ ပုဒ်မ(၄၁)အရ “သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ ပိုင်ရှင် (သို့မဟုတ်) ယင်းမြေနှင့်အဆောက်အအုံ Right of Way ကို စီမံခန့်ခွဲခွင့်ရှိသူနှင့် ညှိနှိုင်း၍ ကာလသတ်မှတ်ချက် ပါဝင်သော နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် နေရာတွင် ဆောင်ရွက်နိုင်သည်”ဟုပါရှိသည်နှင့်အညီသာ ဆောင်ရွက်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပြီးဖြစ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားဝင် ခွင့်ပြုချက်ရယူ­­­­ထားသော အဖွဲ့ အစည်းမှာ MPT နှင့် Eager Communication Group နှစ်ခုသာရှိပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းတွင် တရားဝင်ခွင့်ပြုချက် ရယူထား ခြင်းမရှိဘဲ လုပ်ငန်း­­ဆောင်ရွက်ထားသော ကုမ္ပဏီများအနေဖြင့် (၃၁-၁၂-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တရားဝင်ခွင့်ပြုမိန့် လာရောက် လျှောက်ထားကြပါရန်နှင့် သတ်မှတ်ကာလအတွင်း လာရောက်ဆက်သွယ်ခြင်းမရှိသော ကုမ္ပဏီများ မှ ဆောင်ရွက်ထားသည့် Fiber Optic Cable များ၊ ဆက်သွယ်ရေးတိုင်များနှင့် ဆက်စပ် ဆက်သွယ်ရေးကိရိယာများ၊ Wifi ချိတ်ဆက်မှု ကိရိယာများအား ဖြုတ်သိမ်းသွားမည့်အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရန်ကုန်မြို့တော်နေပြည်သူများအနေဖြင့်လည်း တရားဝင်ခွင့်ပြုချက် ရယူထားခြင်းမရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာချက်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်ရှိ ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းမဲပေါက်သူများအားမူလစည်ကမ်းချက်တွင်ပါရှိသည့်အတိုင်း တိုက်ခန်းဖိုးငွေ လက်ငင်းပေးသွင်း၍ အခန်းလက်ရောက်ရယူရန် ၂၄-၃-၂၀၁၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း ၊ ၂၂-၃-၂၀၁၆ ရက်နေ့တွင် မြို့တော်သတင်းစာတွင် လည်းကောင်း ထည့်သွင်းကြေညာပြီးဖြစ်ပါသည်။

၂။ တိုက်ခန်းမဲပေါက်သူများစာရင်းအား www.ycdc.gov.mm Website ၌ကြေညာ ထားပြီးဖြစ်ပါသည်။

၃။ သို့သော် တိုက်ခန်းမဲပေါက်၍ ဝယ်ယူခွင့်ရရှိသူများအနေဖြင့် တိုက်ခန်းဖိုးငွေများအား ယနေ့အထိလာရောက်ပေးသွင်းခြင်းမရှိပါသဖြင့် (၁၅-၁၂-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ တိုက်ခန်းဖိုးငွေများလာရောက်ပေးသွင်းကြရန် အသိပေး အကြောင်းကြားပါသည်။


၄။ အထက်အပိုဒ်(၃)ပါ တိုက်ခန်းဖိုးငွေ ပေးသွင်းရမည့် သတ်မှတ်ရက်အထိ တိုက်ခန်းဖိုးငွေ များလာရောက်ပေးသွင်းခြင်းမရှိပါက တိုက်ခန်းဝယ်ယူခွင့်ရရှိသူများစာရင်းမှ ပယ်ဖျက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

The Republic of the Union of Myanmar Yangon Region Government Yangon City Development Committee Invitation for Bids

Date 3-1-2017

Name of Project: Installation, Maintenance and Operation of Street Furniture Items in the City of Yangon

1. YCDC invites bids from the interested bidders for the Installation , Maintenance and Operation of Street Furniture Items and the grant of an exclusive right to advertise on the street furniture items in the City of Yangon.

2. The interested bidders may obtain further information about this invitation for bids from the following office during office hours: Engineering Department (Road and Bridge), Yangon City Development Committee, City Hall , Yangon. Telephone o. 09-43193314

3. A complete set of bidding Documents may be purchased upon submission of a written application to the above address and upon payment of a non-refundable fee of Kyat 50000 (fifty thousand kyats only) to YCDC.

4. Bids documents shall be delivered in person to the above office on or before 15 hrs. on 17th February 2017. Electronic bidding will not be permitted. Any bid submitted after the designated date and time will be rejected.

5. All Bids must be accompanied by bid security (tender guarantee) in the amount of Kyat 300,000,000 or USD 250000 issued by local bank as described in the bidding documents.

6. Bids will be opened in a session to be held at the office of Yangon City Development Committee in the presence of representatives of the bidders on the date and time as may be notified to the bidders.

Yangon City Development Committee

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ကြေငြာချက်

၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်

( ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်)
၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့်ညီညွှတ်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်း ဉီးစားပေး ဆောင်ရွက်လျက်ရှိပါသည်။

၂။ တည်ဆဲရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉပဒေတွင် မည်သူမျှ ကော်မတီက သတ်မှတ်ထားသည့် ယာဉ်ရပ်ရန်နေရာမှအပ အခြားမည်သည့်နေရာတွင်မျှ ယာဉ်ရပ်နားခြင်း မပြုရဟု လည်းကောင်း၊ အများပြည်သူဆိုင်ရာ လမ်းနယ်နိမိတ်ပေါ်တွင် ယာဉ်များအကြောင်းမဲ့ကြာမြင့်စွာ ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း မပြုရဟုလည်းကောင်း ပြဌာန်းထားပြီးဖြစ်သည်။

၃။ သို့ပါ၍ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရန်လည်းကောင်း၊ မြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းကာ အများပြည်သူသွားလာရေး အဆင်ပြေစေရန်လည်းကောင်း၊ လတ်တလော အခြေအနေတွင် အောက်ပါယာဉ်လမ်းကြောင်းများ၌ ခရီးသည်အတင်အချပြုရန်မှတစ်ပါး မည်သည့်ယာဉ်မျှ ရပ်နားခြင်းမပြုရန် ယာဉ်မရပ်ရနယ်မြေအဖြစ် သတ်မှတ်လိုက်သည်-
(က) တောင်-မြောက်လမ်းများ
(၁) ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၄င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ
(၂) အင်းစိန်ဘူတာရုံလမ်းနှင့် အင်းစိန်လမ်းဆုံ (ဘီအိုစီမှတ်တိုင်အနီးမှ) အင်းစိန်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ
(၃) အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်းဆုံမှ ဘုရင့်နောင်လမ်းအတိုင်း သမိုင်းဘူတာရုံလမ်း၊ရွာမကျောင်းလမ်းဆုံ၊ ၄င်းမှ ဘုရင့်နောင်လမ်းအတိုင်း လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံအထိ
(၄) လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံမှ ကြည့်မြင့်တိုင်ကမ်းနားလမ်း အတိုင်း၊ ဝါးတန်းလမ်းနှင့် ကမ်းနားလမ်းဆုံအထိ
(၅) (လမ်းသစ်လမ်းနှင့် ဗဟိုလမ်းဆုံ(အင်းစိန်ပန်းခြံ)မှ ဗဟိုလမ်းအတိုင်း သမိုင်းဘူတာရုံ လမ်းဆုံ၊ ပါရမီလမ်းဆုံ၊ အုတ်ကျင်းဘူတာရုံလမ်းဆုံ၊ ၄င်းမှ ရွာမကျောင်းလမ်းမှတဆင့် ဗဟိုလမ်းအတိုင်း ဟံသာဝတီလမ်းအထိ)
(၆) ပြည်လမ်းနှင့် မင်းဓမ္မလမ်းဆုံမှ မင်းဓမ္မလမ်းအတိုင်း ပါရမီလမ်းဆုံအထိ
(၇) ပြည်လမ်းနှင့် အင်းလျားလမ်းဆုံမှ အင်းလျားလမ်းအတိုင်း ဓမ္မစေတီလမ်းအထိ
(၈) ကျွန်းတောလမ်းနှင့် နာနတ်တောလမ်းဆုံမှ ကျွန်းတောလမ်းအတိုင်း ဟံသာဝတီလမ်းအထိ
(၉) ဟံသာဝတီအဝိုင်းမှ ဦးဝိစာရလမ်းအတိုင်း၊ ဓမ္မစေတီလမ်းဆုံ၊ ဦးဝိစာရအဝိုင်း၊ ၄င်းမှတစ်ဆင့် ရွှေတိဂုံဘုရားလမ်းအထိ
(၁၀) ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေဘုံသာလမ်းဆုံမှ ရွှေဘုံသာလမ်းအတိုင်း ကမ်းနားလမ်းအထိ
(၁၁) ကန်ရိပ်သာလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းဆုံမှ အထက်ပန်းဆိုးတန်းလမ်း၊ ၄င်းမှ ပန်းဆိုးတန်းလမ်းအတိုင်း ကမ်းနားလမ်းအထိ
(၁၂) ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းဆုံမှ သိမ်ဖြူလမ်းအတိုင်းကမ်းနားလမ်းအထိ
(၁၃) မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းနှင့် သုဓမ္မလမ်းဆုံ (၆ကွေ့ ဝေဇယန္တာလမ်းအနီး)မှ သုဓမ္မာလမ်းအတိုင်း၊ ၄င်းမှ ဝေဇယန္တာလမ်းအတိုင်း ဧရာဝဏ်လမ်းသုဝဏ္ဏတံတားအထိ၊ ၄င်းမှဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ ၄င်းမှ မင်းနန္ဒာလမ်းယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းဆုံအထိ၊ ၄င်းမှ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလတံတားမှ ဗိုလ်တထောင်စျေးလမ်း အောက်ပုဇွန်တောင်လမ်းဆုံအထိ
(၁၄) သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းဆုံ (ပြည်ထောင်စုခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲစျေး)ရှေ့အထိ)
(၁၅) သမိန်ဗရမ်းနှင့် သံသုမာလမ်း (ကြက်ဘဲစျေး)ရှေ့မှ အထက်ပုဇွန်တောင်လမ်း အတိုင်း ဗိုလ်ချုပ်လမ်းနှင့် အောက်ပုဇွန်တောင်လမ်းဆုံ ၄င်းမှ အောက်ပုဇွန်တောင်လမ်းအတိုင်း သံလျှက်စွန်းအထိ)
(၁၆) တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် သံသုမာလမ်းဆုံမှ သံသုမာလမ်းအတိုင်း လေးထောင့်ကန်လမ်းဆုံ(ပြည်ထောင်စုခုံးကျော်တံတား)၊ ၄င်းမှ လေးထောင့်ကန်လမ်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ၄င်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း တာမွေမီးပွိုင့်၊ ရွှေဂုံတိုင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအထိ
(ခ) အရှေ့/အနောက်လမ်း
(၁) မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမှ ခရေပင်လမ်းအတိုင်း၊ ပြည်လမ်းဆုံ၊ အောင်မင်္ဂလာလမ်းဆုံမှတစ်ဆင့် ရွှေပြည်သာတံတားအထိ
(၂) အင်းစိန်မြို့နယ်၊ ပြည်လမ်းနှင့်လမ်းသစ်လမ်းဆုံမှ လမ်းသစ်လမ်းအတိုင်း(အာလိန်ငါးဆင့်လမ်း) ဗဟိုလမ်းဆုံ၊ ၄င်းမှ လှိုင်မြစ်လမ်းအတိုင်း အောင်ဇေယျတံတားအထိ
(၃) မရမ်းကုန်း(၈)မိုင်လမ်းဆုံမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း၊ ၄င်းမှ ကိုယ့်မင်းကိုယ့်ချင်းလမ်းနှင့် နန္ဒာဝန်လမ်းဆုံအထိ၊ ၄င်းမှ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းလမ်း၊ ဦးထောင်ဘိုအဝိုင်းမှ တစ်ဆင့် တိရိစ္ဆာန်ဥယျာဉ်လမ်း၊ ၄င်းမှ အလံပြဘုရားလမ်းအတိုင်း ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းဆုံအထိ
(၄) ဆူးလေဘုရားလမ်းမှ ဂျိုးဖြူလမ်း၊ ၄င်းမှ တိရိစ္ဆာန်ဥယျာဉ်လမ်းနှင့် ဗိုလ်မင်းခေါင်လမ်းဆုံ
(၅) မရမ်းကုန်း(၈)မိုင်လမ်းဆုံမှ ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်လမ်းဆုံ၊ ၄င်းမှ သမိုင်းဘူတာရုံ လမ်းအတိုင်း ဘုရင့်နောင်တံတားအထိ
(၆) ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမှ ပါရမီလမ်းအတိုင်း ဝေဇယန္တာ လမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းဆုံ၊ ပြည်လမ်းဆုံ၊ အင်းစိန်လမ်းဆုံ၊ ဗဟိုလမ်းဆုံမှတစ်ဆင့် ဘုရင့်နောင် လမ်းဆုံအထိ
(၇) ဆရာစံလမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်းဆုံမှတက္ကသိုလ်ရိပ်သာလမ်းအတိုင်း လှည်းတန်း လမ်းဆုံအထိ
(၈) လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင်ကမ်းနားလမ်းဆုံအထိ
(၉) ပြည်လမ်းနှင့်နာနတ်တောလမ်းဆုံမှ နာနတ်တောလမ်းအတိုင်း ကြည့်မြင်တိုင်ကမ်းနား လမ်းဆုံအထိ
(၁၀) ဟံသာဝတီအဝိုင်းမှ ဟံသာဝတီလမ်းအတိုင်း ကျွန်းတောလမ်းဆုံ၊ ဗဟိုလမ်းဆုံ မှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်းဆုံအထိ
(၁၁) အောင်ရတနာလမ်းနှင့် ကမ်းနားလမ်းသစ်မှ ကမ်းနားလမ်းသစ်အတိုင်း သန်လျှက်စွန်း လမ်းဆုံအထိ
(၁၂) ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းဆုံမှ ဗားကရာလမ်းအတိုင်း ကမ်းနားလမ်းဆုံအထိ
(၁၃) ကမ္ဘာအေးဘုရားလမ်းနှင့် ဓမ္မစေတီလမ်းဆုံမှ ဓမ္မစေတီလမ်းအတိုင်း ၄င်းမှ ရှင်စောပု လမ်းအတိုင်း ဗဟိုလမ်းဆုံအထိ
(၁၄) ဦးဝိစာရအဝိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ
(၁၅) ဦးဝိစာရအဝိုင်းမှ ဦးထောင်ဘိုလမ်းအတိုင်း ဦးထောင်ဘိုအဝိုင်း၊ ၄င်းမှ ကန်ရိပ်သာလမ်း အတိုင်း နတ်မောက်လမ်းအထိ
(၁၆) အောက်ကြည့်မြင်တိုင်လမ်းနှင့် အောင်ရတနာလမ်းဆုံမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း အထက်ပုဇွန်တောင်လမ်းဆုံအထိ
(၁၇) ကမ်းနားလမ်းနှင့်အနော်ရထာလမ်းဆုံမှ အနော်ရထာလမ်းအတိုင်း အောက်ပုဇွန်တောင် လမ်းအထိ
(၁၈) ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာလမ်းဆုံအထိ
(၁၉) ကမ်းနားလမ်းနှင့် ကုန်သည်လမ်းဆုံမှ ကုန်သည်လမ်းအတိုင်း မေယုလမ်းဆုံအထိ
(၂၀) အောက်ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့် ကမ်းနားလမ်းသစ်ဆုံမှ ကမ်းနားလမ်းအတိုင်း သံလျှက်စွန်း အထိ
(၂၁) ဦးထောင်ဘိုကုန်းအဝိုင်းမှ ဗဟန်းလမ်း၊ ၄င်းမှ နတ်မောက်လမ်းအတိုင်း ကန်ရိပ်သာလမ်းဆုံ၊ ၄င်းမှ ကန်ရိပ်သာလမ်းအတိုင်း ဦးထောင်ဘိုအဝိုင်းအထိ
၄။ အထက်ဖော်ပြပါ ယာဉ်မရပ်ရ နယ်မြေအတွင်း ယာဉ်ရပ်နားခြင်းပြုပါက ရပ်နားသည့်ယာဉ်ကို ဆွဲယာဉ်ဖြင့်သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းသို့ သယ်ယူသွားမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်အနေဖြင့် သတ်မှတ်ထားသော ဆွဲယာဉ်ခကို ပေးဆောင်ရမည့်အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေအရလည်း အရေးယူခြင်းခံရမည်။
၅။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပလက်ဖောင်းများနှင့် ကားလမ်းအကြား တိုးချဲ့၍ ဆောင်ရွက်ထားသော ယာဉ်ရပ်နားရန်ပြုလုပ်ထားသည်နေရာများတွင် ယာဉ်ရပ်နားခ ရယူ၍ ယာယီခွင့်ပြုပေးမည်ဖြစ်ပြီး သင့်တော်သောကာလတွင် ယာယီရပ်နားခွင့်ကို ပိတ်သိမ်း မည် ဖြစ်ပါသည်။ ထို့အပြင် ကျန်ရှိသောလမ်းများကိုလည်း ယာဉ်ရပ်နားခြင်းအား တစ်ဆင့်ပြီး တစ်ဆင့် ပိတ်ပင်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့အတွက် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများအနေဖြင့် အထက်ဖော်ပြပါ ယာဉ်မရပ်ရနယ်မြေ သတ်မှတ်ခြင်းအား တိကျစွာလိုက်နာကြရန်နှင့် မရပ်ရနယ်မြေများတွင် ယာဉ်များရပ်နားမှု မရှိစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အသိပေးကြေညာပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC