ထုတ်လုပ်ရေးဌာန

Swiss Challenge တင်ဒါခေါ်ယူခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ နဝရတ်လမ်းရှိ အစာစပ်စက်ရုံမြေ၊ အဆောက်အဦနှင့်ပစ္စည်းများကို အသုံးပြု၍ SEIN NGWE MYA TRADING CO.,LTD.မှ မွေးမြူရေးလုပ်ငန်းအတွက် ပြည်ပမှတင်သွင်းလာသော တိရစ္ဆာန်ဆေးဝါးများ ကိုပြန်လည်ထုတ်ပိုး၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းလိုကြောင်း အဆိုပြု တင်ပြလာမှုအပေါ် ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများ အား အဆိုပြုလွှာယှဉ်ပြိုင်တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အဆိုပြုလွှာပုံစံနှင့် တင်ဒါစည်းကမ်းများကို ၁-၉-၂၀၂၀ ရက်နေ့(အင်္ဂါနေ့)မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာန၊ အမှတ် (၃၉၉)၊ ၁၂ ထပ်ခွဲရုံး၊ ၁၁ လွှာ၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

၃။ အဆိုပြုလွှာများကို အထက်ဖော်ပြပါဌာနသို့ ၁ - ၁၀ -၂၀၂၀ (ကြာသပတေးနေ့) (၁၅:၀၀) နာရီနောက်ဆုံးထားပြီးပြန်လည်တင်သွင်းရပါမည်။ နောက်ကျတင်သွင်းသည့် အဆိုပြုလွှာများကိုလက်ခံ စဉ်းစားမည်မဟုတ်ပါ။

၄။ Swiss Challenge တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိ လိုပါက ထုတ်လုပ်ရေးဌာန(ဖုန်း- ၀၁၈၂၉၆၈၇၄၊ ၀၁၈၂၀၁၄၅၉၊ လိုင်းခွဲ-၃၁၉)သို့ ရုံးချိန် (၀၉:၃၀ နာရီမှ ၁၆:၃၀ နာရီ) အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အုတ်များရောင်းချနေကြောင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မှော်ဘီအုတ်စက်ရုံမှ ထုတ်လုပ်သော အရည် အသွေးမြင့်စံချိန်မီ ( 9" x 4" x 3" )၁၀ပေါက်စက်ကြီးအုတ်များကို စက်ရုံအထိုင်စျေး အုတ်တစ်ချပ် ၁၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း - ၀၉ ၇၈၄၅၅၄၉၃၃၊ ၀၉ ၃၀၁၀၀၇၇၀၊ ၀၉ ၇၉၈၃၈၀၄၁၄၊ ၀၉ ၇၉၈၂၆၁၀၉၉

ထုတ်လုပ်ရေးဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC