အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)

ရေဆက်သွယ်ရင် ဘယ်လိုလုပ်ရမလဲ။
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မြို့နယ်တာဝန်ခံရုံးသို့ လာရောက်လျှောက်ထားရမည်။
ဘေးအိမ်တွေရေလာတယ်၊ ကျွန်မအိမ်ရေမလာဘူး/ရေအားနည်းနေတယ် ဘယ်လိုလုပ်ရမလဲ။
သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် တွဲဖက်တာဝန်ပေးထားသည့် မြို့နယ်တာဝန်ခံ (ရေ/သန့်) သို့ ဆက်သွယ်အကူအညီတောင်းခံ ဆောင်ရွက်ရပါမည်။
ပိုက်ခေါင်းကလာတဲ့ရေက အနံ့တစ်ခုရနေတယ်/ဝါနေတယ် ဘယ်လိုလုပ်ရမလဲ။
ရေနမူနာရယူပြီး၊ မြို့နယ်တာဝန်ခံ (ရေ/သန့်)သို့ ဆက်သွယ်အကူအညီတောင်းခံ ဆောင်ရွက်ရပါမည်။
ကျွန်တော်အိမ်ကရေသွယ်ထားတယ်၊အခုကန်ထရိုက်နဲ့အထပ်မြင့်ဆောက်ဖို့လုပ်နေပြီ၊ ရေသွယ်ထားတာ သုံးလို့ရလား။
အဆောက်အဦးအသစ်ဆောက်လုပ်ရန် စည်ပင်ရေသုံးစွဲလိုပါက ယာယီရေဆက်သွယ်ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ပါသည်။ အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးချိန်တွင် အပြီးသတ်ရေဆက်သွယ်ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ပါသည်။