အခွန်ဌာန

(၁) အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပြေးဆွဲသည့်ယာဉ်လိုင်းဂိတ်များ တည်နေရာအား ခရီးသွားလုပ်သားပြည်သူများမှသိလိုသဖြင့် မေးမြန်းခြင်း။

(က) အများပြည်သူ မြင်သာအောင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအ၀င်လမ်းမကြီးဖြစ်သည့် ဒဂုံလမ်းနှင့် တောင်ကြီးလမ်းဆုံတွင် စခန်း၏လမ်းညွှန်မြေပုံ (၄ x ၈)ပေ(၁၀)ခုအားစိုက်ထူပေးထားပါသည်။

(ခ ) ကားဂိတ်အဆောင်များအလိုက်တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ထွက်ခွာမည့် ဂိတ်ခန်းများတည်ရှိနေ ပုံကိုဖော်ပြသည့် ဂိတ်ခန်းလမ်းညွှန်မြေစိုက်မြေပုံ များအား လမ်းထိပ်တိုင်းတွင်စိုက်ထူပေးထားပါသည်။

(ဂ ) ဂိတ်ခန်းများ စခန်းအတွင်းတည်ရှိနေပုံကိုဖော်ပြ သည့် လက်ကမ်းမြေပုံ(PamPhlet)များအားခရီး သွားပြည်သူများသို့ ဖြန့်ဝေပေးခြင်းကိုဆောင်ရွက် ပေးပါသည်။

(ဃ) ယာဉ်လမ်းကြောင်းရှင်းလင်းရေးနှင့် လုံခြုံရေးတာ၀န်ကျ၀န်ထမ်းများအား မေးမြန်းနိုင်ပါသည်။

အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ မြို့တော်အတွင်း မြို့နယ်များသို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများတည်နေရာအား စုံစမ်းမေးမြန်းခြင်း။
မြို့တွင်းယာဉ်လိုင်း ပြေးဆွဲမှုတွင် YRTA (Yangon Region Transport Authotity) အောက်ရှိ YBS ယာဉ်လိုင်းအမှတ် (၂၊ ၁၁၊ ၁၆ နှင့် ၃၆) ယာဉ်လိုင်း များသည် အောင်မင်္ဂလာလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။
တည်းခိုခန်းနှင့် အများသုံးသန့်စင်ခန်းများအသုံးပြုလိုသဖြင့်မေးမြန်းခြင်း။
စခန်းသို့ရောက်ရှိလာသည့် ခရီးသွားပြည်သူအချို့မှ တည်းခိုခန်းနှင့် အများသုံးသန့်စင်ခန်းများ အသုံးပြုလိုသဖြင့် စုံစမ်းမေးမြန်း လာခြင်းများအတွက် တည်းခိုခန်း(၂)ခု တည်ရှိရာ စက်မှုလမ်း နှင့် ပခုက္ကူလမ်းထောင့်၊ ဥဿာလမ်းထောင့်တို့တွင် တည်းခိုခန်းလမ်းညွှန် အမှတ်အသား ဆိုင်းဘုတ်များ စိုက်ထူ၍ လမ်းညွှန်ပြသထား ပါသည်။ အများသုံးသန့်စင်ခန်းများ တည်ရှိရာ တနင်္သာရီလမ်းနှင့် ဒဂုံလမ်းထောင့်၊ ဥဿာလမ်းထောင့်၊ ထားဝယ်လမ်းထောင့်၊ မိတ္ထီလာလမ်းနှင့် ပခုက္ကူလမ်းကြား၊ စစ်တွေလမ်းနှင့် ပခုက္ကူလမ်းကြား၊ စစ်တွေလမ်းနှင့် မ-ထ-သ(မြို့တွင်း)လမ်းထောင့်၊ ဒနင်းရိုးချောင်းပတ်လမ်းတို့တွင် သန့်စင်ခန်းသို့ဟူသည့် လမ်းညွှန်အမှတ်အသားပြ ဆိုင်းဘုတ်များစိုက်ထူ၍ခရီးသွားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

(၂) ငါးပိ၊ငါးခြောက်ငံပြာရည်/အနံ့လုပ်ငန်းစီမံကိန်းဇုန်

မြေကွက်၀ယ်ယူခွင့်လျှောက်ထားမှုနှင့်ပတ်သက်၍ မေးမြန်းခြင်း။

လက်ရှိအချိန်တွင် ရောင်းချရန်မြေကွက်များမရှိပါ။

(၃) ဒဂုံ-ဧရာပွဲရုံနှင့်အဝေးပြေးယာဉ်ရပ်နားစခန်း

မြေကွက်၀ယ်ယူခွင့်လျှောက်ထားမှုနှင့်ပတ်သက် ၍ မေးမြန်းခြင်း။

ဌာနသို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း အတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများ၏ ခရီးစဉ်များနှင့် ထွက်ခွာသည့်ဂိတ်၊ အချိန် မေးမြန်းခြင်း။
စခန်းအတွင်းဂိတ်ခန်းများ၏ ပြေးဆွဲသည့်ယာဉ်လိုင်း၊ ထွက်ခွာချိန်၊ ကားခစျေးနှုန်းနှင့် ဆက်သွယ်ရန် ဖုန်း နံပါတ်များအား ပြုစုထားရှိလျက်စုံစမ်းသူသို့ဖြေကြားပေးလျက်ရှိပါသည်။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC