အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)

ဌာန၏လုပ်ငန်းတာဝန်များ

  • ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းများ၊ တံတားများ၊ မြေအောက် ဥမင်များ၊ လူသွားစင်္ကြန်များ၊ နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများ၊ ရေထုတ်ပြွန်များ၊ စက်ဘီးလမ်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ဆင် ထိန်းသိမ်းခြင်း။ ။
  • ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းများတွင် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်နှင့် လူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် လမ်းဆေးအမှတ်အသားများ ရေးဆွဲခြင်း၊ အချက်ပြမီးပွိုင့်နှင့် အခြားလိုအပ်သည့် ကိရိယာများ၊ လမ်းညွှန် ဆိုင်းဘုတ်များတပ်ဆင်ပေးခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း။
  • ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့်နေရာများတွင် လမ်းအား ယာယီပိတ် ခြင်းနှင့် အချိန်ပိုင်း လမ်းရှင်း စနစ် ဆောင်ရွက်ခြင်း။
  • လမ်းများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန် လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
  • မော်တော်ယာဉ်များ သွားလာမှု လွယ်ကူစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်ကြော စီမံခန့်ခွဲမှုအစီအမံများ ဆောင်ရွက်ပေးခြင်း။
  • ဘတ်စ်ကားလိုင်းများ သွားရာလမ်းကြောင်း၊ စက်ဘီးလမ်းကြောင်းနှင့် ဘတ်စ်ကားမှတ်တိုင်များ နေရာ သတ်မှတ်ပေးခြင်းနှင့် ပြောင်းရွှေ့ခြင်းတို့အား စီမံ ဆောင်ရွက်ခြင်း။
  • လိုအပ်သည့်လမ်းများအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်ပေးခြင်း။
  • မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကုန်တင်ယာဉ်ကြီးများ မဝင်ရ သတ်မှတ်ထား သော လမ်းများတွင် လိုအပ်ပါက ကုန်တင်ယာဉ်ကြီးများ အချိန်ပိုင်းဖြင့် ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
  • ယာဉ်များနှင့် ခြေလျင်လျှောက်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ခုံးကျော်တံတားများ၊ မြေအောက်လမ်းကူး လူသွားဥမင်(Underpass)များ ဆောက်လုပ်ပေးခြင်း၊ နေရာသတ်မှတ် ပေးခြင်းနှင့် လမ်းမကြီးများတွင် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန် အကာအရံများ တပ်ဆင်ဆောင်ရွက်ပေးခြင်း။
  • ဆိုက်ကား၊ စက်ဘီး၊ လက်တွန်းလှည်းနှင့် အနှေးယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ် စေရန် ကန့်သတ်စီမံဆောင်ရွက်ပေးခြင်း။
  • လုပ်ငန်းသုံးပစ္စည်းနှင့် စက်ယန္တရားများအား ပြည်တွင်းပြည်ပတို့မှ စနစ်တကျမှာယူခြင်း၊ ဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း။
  • ကတ္တရာကွန်ကရိ၊ ဘိလပ်မြေကွန်ကရိ၊ ကွန်ကရိကတ္တုံး၊ ကွန်ကရိ ကျောက်ပြားနှင့် Interlock များ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း။
  • ကတ္တရာကွန်ကရိဖျော်စက်များ၊ ဘိလပ်မြေကွန်ကရိဖျော်စက်များ၊ Interlock အုတ်စက်များ နှင့် ၎င်းတို့နှင့် ဆက်စပ် သည့် စက်များအား ပြုပြင်ထိန်းသိမ်းခြင်း။
  • ဌာန၏ အသုံးစရိတ်များနှင့် ဝင်ငွေများအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ တောင်းခံခြင်းနှင့် သုံးစွဲ ခြင်း။
  • ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ပြုပြင်ခဲ့သော လုပ်ငန်းများနှင့် အသုံးစရိတ်များအား မှတ်တမ်းများဖြင့် စနစ် တကျ မှတ်ပုံတင်ထားရှိခြင်း။
  • ကော်မတီပိုင်တယ်လီဖုန်းများ၊ လက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ဆောင်ရွက် ခြင်း။
  • ကုန်တင်ယာဉ်ကြီးများ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ အငှားယာဉ်များ စနစ်တကျ ရပ်နား စေ‌ရေးအတွက် ယာဉ်ရပ်နားစခန်းများ၊ ယာဉ်ရပ်နားရန်နေရာများ သတ်မှတ်တည်ဆောက်ပေး ခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများ၊ လမ်းနယ်နိမိတ်များ၊ ယာဉ်မရပ်ရ လမ်းများ ရွေးချယ်သတ်မှတ်ပေးခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် လမ်းနယ်နိမိတ်အတွင်း အခြားဌာနများ၊ အဖွဲ့အစည်းများမှ လမ်းနယ်နိမိတ်အတွင်း ဆောင်ရွက်လိုသောလုပ်ငန်းများ (ဥပမာ - ရေပိုက် သွယ်တန်းခြင်း၊ လျှပ်စစ် မီးကြိုး၊ ဆက်သွယ်ရေးကြိုးများ၊ မြေပေါ်မြေအောက်သွယ်တန်းခြင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အခြေခံအဆောက်အအုံ များ တည်ဆောက်ခြင်း၊ သစ်ပင်စိုက်ပျိုး ခြင်းနှင့် မြေယာရှု့ခင်း ဆောင်ရွက်ခြင်း)အတွက် စည်းမျဉ်းစည်းကမ်း နှင့်အညီ ဆောင်ရွက် နိုင်ရေး စိစစ်ခွင့်ပြုပေးခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်း။
  • ယာဉ်မဝင်ရ နယ်မြေသတ်မှတ်ပေးခြင်းနှင့် မောင်းနှင်ရမည့် လမ်းကြောင်းများ သတ်မှတ် တည်ဆောက်ပေးခြင်း။
  • အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်းများ၊ ကုန်တင်ယာဉ်နှင့် အခြားယာဉ်များရပ်နားရန်နေရာများ စနစ်တကျ ရှိစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် အခွန်အခများ ကောက်ခံခြင်း။
  • ယာဉ်ရောင်းဝယ်ရေးစခန်းများ၊ ယာဉ်မောင်းသင်ကွင်းများ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထား သည့် အခွန်အခများ ကောက်ခံခြင်း။
  • ဌာနမှ စီမံခန့်ခွဲသော ဆိုင်ခန်းများ၊ မြေနေရာများ၊ ပုဂ္ဂလိကပိုင် ဆိုင်ခန်းများအား သတ်မှတ် ထားရှိသော အခွန်အခ များ ကောက်ခံခြင်း။
  • ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC