အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)

ဌာန၏လုပ်ငန်းတာ၀န်များ

  • ရေအရင်းအမြစ်များ၊ ရေသန့်စင်စက်ရုံများနှင့် ရေဆိုးသန့်စင်စက်များ၏ ကြံ့ခိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တိုးတက်လာသော မြို့တော်နေလူဦးရေအား လုံလောက်စွာရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်အသစ်များ ဖော်ထုတ်အသုံးပြုနိုင်ရေးနှင့် ရေဆိုးသန့်စင်စွန့်ပစ်မှုများအား စီမံဆောင်ရွက်ခြင်း။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့် ညီညွတ်သောရေကောင်းရေသန့်များကို ပေးဝေနိုင်ရေးအတွက် ရေအရည်အသွေးနှင့် စွန့်ပစ်ရေဆိုးအရည်အသွေးများအား စီမံခန့်ခွဲခြင်း။
  • ရေတွန်းစက်ကြီးများ၊ ရေသန့်စင်စက်ရုံများနှင့် ရေဆိုးသန့်စင်စက်ရုံများအား စွမ်းအားပြည့်ဖြင့် မောင်းနှင်နိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့တပ်ဆင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခြင်း။
  • ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်မကြီးများ၊ DMA Network များနှင့် Service Reservoir များနှင့် ရေဆိုးပိုက်လိုင်းကွန်ရက်များ၏ ကြံ့ခိုင်ရေးကို စီမံဆောင်ရွက်ခြင်းနှင့် စီမံကိန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခြင်း။
  • ရန်ကုန်မြို့တော်နေပြည်သူများသို့ ရေပေးဝေရေးနှင့် ရေဆိုးဝန်ဆောင်မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ရေဖိုးရေခအပြည့်အဝကောက်ခံရရှိရေး၊ ရေလေလွင့်ဆုံးရှုံးမှု လျှော့ချရေးလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ စီမံ ဆောင်ရွက်ခြင်း။
  • ရေပိုက်လိုင်းစနစ်မှ ရေပေးဝေနိုင်ခြင်းမရှိသော မြို့နယ်များတွင် မြေအောက်ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ခြင်း။
  • ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များအတွက် အထောက်အကူပြုသည့် လျှပ်စစ်မီးသွယ်တန်းရယူသုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရေရှည်တွင် လျှပ်စစ်မီးသုံးစွဲမှုသက်သာရေးအတွက် ခေတ်မှီနည်းစနစ်များဖြင့် အရည်အသွေးပြည့်မှီသော စက်ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခြင်း။
  • ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ယာဉ်၊ ယန္တရားများနှင့် စက်သုံးဆီများ စနစ်တကျသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ခြင်း။
  • ဝန်ထမ်းရေးရာကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အရ၊ အသုံးငွေ စာရင်းများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။
  • Master Plan နှင့်အညီ နှစ်တိုနှစ်ရှည်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ရန်ပုံငွေ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံတကာချေးငွေနှင့် ထောက်ပံ့ငွေများရရှိရန် စီမံဆောင်ရွက်ခြင်း။
  • တိုးတက်လာသော ခေတ်မှီနည်းပညာများကိုအသုံးပြု၍ ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ အဆင့်မြှင့်တင်ခြင်းကို စီမံဆောင်ရွက်ခြင်း။

    ရည်မှန်းချက်လုပ်ငန်းတာ၀န်(၅)ရပ်
  • ရန်ကုန်မြို့တော်သူ၊မြို့တော်သားတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို နေ့စဉ် လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး။
  • ရေဖိုးရေခများ အပြည့်အ၀ကောက်ခံရရှိရေး။
  • ရေလေလွင့်ပြုန်းတီးမှုများ ကာကွယ်ထိန်းသိမ်းရေး။
  • မိလ္လာများ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရေး။
  • ခေတ်မီနည်းစနစ်ဖြင့်ရေပေးဝေဖြန့်ဖြူးရေးနှင့်မိလ္လာများစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် တိုးမြှင့်စီမံ ဆောင်ရွက်ရေး။

ရေအရင်းအမြစ်များနှင့်ရေသန့်စင်စက်ရုံများစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေအရင်းအမြစ်နှင့် ရေသန့်စင်စက်ရုံများမှ ရေကောင်းရေသန့်များကို ရေပို့ပိုက်လိုင်းကွန်ရက်အတွင်းသို့ ရေဖိအားညီမျှစွာ ရောက်ရှိရေးလုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေအရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရေဝေရေလဲသစ်တောဧရိယာများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း။
  • ရေလှောင်ကန်ကြီးများအတွင်းသို့ မိုးရေစီးဆင်းမှုကောင်းပြီး ရေသိုလှောင်စုဆောင်းရရှိမှု အပြည့်အဝရရှိစေရန် ရေအဝင်ချောင်းဝများကို စစ်ဆေးခြင်း၊ အမှိုက်၊ ဒိုက်၊ ဗေဒါများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ကန်ရေပြင်ကြည်လင်သန့်ရှင်းမှုလုပ်ငန်းဆောင်ရွက်ခြင်း။
  • ရေအရင်းအမြစ်များအတွင်းရှိ ရေပေးဝေရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ကြံ့ခိုင်မှုကောင်းစေရန် အစဉ်အမြဲစစ်ဆေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေအရင်းအမြစ်များ၏ ရေအရည်အသွေးကောင်းစေရန် ကာကွယ်ထိန်းသိမ်းခြင်း၊ နေ့စဉ်တိုင်းတာစစ်ဆေးခြင်း၊ ဆန်းစစ်လေ့လာသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • ရေအရင်းအမြစ်များ၏ မိုးလေဝသနှင့်ဇလဗေဒ အချက်အလက်များ တိုင်းတာခြင်း၊ ရေလှောင်ကန်များ၏ မိုးရေသိုလှောင်ရရှိမှုနှင့် ရေလိုအပ်ချက် ဟန်ချက်ညီစေရန် နေ့စဉ်တိုင်းတာတွက်ချက်ပြီး ရေပေးဝေခြင်းနှင့် မှတ်တမ်းတင်ခြင်း။
  • ရေသန့်စင်စက်ရုံများ၌ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ရေအရည်အသွေးများ ထုတ်လုပ် ဖြန့်ဝေပေးနိုင်ရန် ရေသန့်စင်မှုစနစ်ကို နေ့စဉ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုကိုစီမံခန့်ခွဲခြင်း။
  • မြေအောက်ရေထုတ်လုပ်နိုင်မှုနှင့် အရည်အသွေးများကို တိုင်းတာခြင်း၊ စစ်ဆေးခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်း။
  • မြေအောက်ရေဖြင့် အားဖြည့်ပေးဝေနိုင်ရေး အဝီစိတွင်းများ တူးဖော်ခြင်း၊ မြေအောက်ရေပေးဝေရေးစခန်းများ တည်ထောင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်းနှင့် ကော်မတီ၏ နယ်နိမိတ်အတွင်း မြေအောက်ရေသုံးစွဲမှုများကို စီမံကြီးကြပ်ကွပ်ကဲရေးနှင့် လေ့လာဆန်းစစ်ထိန်းသိမ်းခြင်း။
  • အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် ရေပေးဝေရေးဆောင်ရွက်နေသော မိုးရေစု ရေကန်များ၏ ကြံ့ခိုင်မှု၊ ရေအရည်အသွေး၊ မိုးရေစုဆောင်းရရှိမှု၊ ပတ်ဝန်းကျင်မှ အညစ်အကြေးဝင်ရောက်မှုများကို စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။

ရေပို့ပိုက်လိုင်းကွန်ရက်နှင့်ထပ်ဆင့်ရေတွန်းစက်ရုံများစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေပို့ပိုက်လိုင်းကွန်ရက်မှတစ်ဆင့် ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန်များသို့ ရေလုံလောက်စွာ ရောက်ရှိစေရေးအတွက် ရေဖိအားထိန်းညှိဖြန့်ဝေပေးပို့နိုင်ရန် လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရေပို့ပိုက်လိုင်းများ ကြံ့ခိုင်မှုနှင့် လုံခြုံမှု အတွက် စစ်ဆေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်း။
  • ရေပို့ပိုက်လိုင်းကွန်ရက်အတွင်းရှိ ထပ်ဆင့်ရေတွန်းစက်ရုံများ၊ ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန်များနှင့် ရေဖြန့်ဖြူးပေးဝေရေးရေတွန်းစက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊ ကြံ့ခိုင်မှုအတွက် စစ်ဆေးခြင်းနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်း။
  • ရေဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ရေပို့ပိုက်လိုင်းကွန်ရက်များကို နေ့စဉ်စစ်ဆေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။
  • ရေပို့ပိုက်လိုင်းများ၏ နယ်နိမိတ်အတွင်း ကျူးကျော်များ ဝင်ရောက်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ကာကွယ်တားဆီးဖယ်ရှားခြင်း။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။

အုပ်ချုပ်ရေးနှင့်ရန်ပုံငွေစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ဝန်ထမ်းရေးရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း။
  • ရုံးလုပ်ငန်းတာဝန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်မီအောင်မြင်ပြီးမြောက်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဦးစီးကြပ်မတ်ဆောင်ရွက်ခြင်း။
  • ရေအရင်းအမြစ်များ၊ ရေတွန်းစက်ရုံများ၊ ရေသန့်စင်စက်ရုံများ၊ ရေဆိုးသန့်စင်စက်ရုံများ၊ ရေပိုက်လိုင်းကွန်ရက်များ၊ ရေဆိုးပိုက်လိုင်းကွန်ရက်များ၊ ဝန်ထမ်းအိမ်ရာများစသည့် ဌာနပိုင်အခြေခံအဆောက်အအုံများ၏ လုံခြုံရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်း။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ် တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်းများကို စစ်ဆေးကြပ်မတ်ခြင်း။
  • လူ့စွမ်းအားစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာသင်ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ စာကြည့်တိုက်ကို စီမံခန့်ခွဲခြင်း။
  • ဘဏ္ဍာရေးနှစ်အလိုက် လုပ်ထုံးလုပ်နည်းအညီ ရန်ပုံငွေလျာထားနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေလျာထားချက်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း။
  • ရေဖိုးရေခများ အပြည့်အဝကောက်ခံရရှိရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေစာရင်းဇယားများကို စစ်ဆေးကြပ်မတ်ခြင်း။
  • ရငွေနှင့် အပ်နှံရန်ပုံငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲခြင်း။
  • ရငွေနှင့်သုံးငွေများကို ON-LINE စနစ်ဖြင့် စီမံခန့်ခွဲနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း။
  • စံပြုထားသောလုပ်ထုံးလုပ်နည်းများ(SOP, STANDARD OPERATION PROCEDURE) များကို ဆန်းစစ်ခြင်းနှင့် ပြင်ဆင်ရေးဆွဲခြင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။

စီမံကိန်းနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများရေးဆွဲခြင်းနှင့် စီမံကိန်းများ အောင်မြင်မှုကို လေ့လာစောင့်ကြည့်သုံးသပ်ခြင်းနှင့် စီမံကိန်းများပြင်ဆင်ရေးဆွဲခြင်း။
  • ရေပေးဝေရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်၊ လုပ်ငန်းအသီးသီး၏ အရေးပါသော စွမ်းဆောင်ရည် သော့ချက်များကို လေ့လာသုံးသပ်အကဲဖြတ် ခြင်းနှင့် သုတေသနလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
  • တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးအား စစ်ဆေးကြပ်မတ်ခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်နှင့်စက်မှုပစ္စည်များ သိုလှောင်ထိန်းသိမ်းခြင်း၊ စနစ်တကျထုတ်ပေးခြင်းနှင့် ဖြည့်တင်းခြင်း။
  • အင်ဂျင်နီယာလုပ်ငန်းများအတွက် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် ခန့်မှန်းလုပ်ငန်းတန်ဘိုးနှင့် လုပ်ငန်းသုံးပစ္စည်းများ တွက်ချက်ခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများနှင့် စက်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းစသည့်တို့ကို စီမံကြီးကြပ်ဆောင်ရွက်ခြင်း။
  • နိုင်ငံတကာထောက်ပံ့ငွေနှင့် ချေးငွေလုပ်ငန်းစီမံကိန်းများ၏ ရုံးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
  • ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ၏ အချက်အလက်များကို GIS စနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းနှင့် ဆန်းစစ်လေ့လာသုံးသပ်ခြင်းများ ဆောင်ရွက်ခြင်း။
  • ရေပေးဝေရေးစနစ်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များ၏ ရေအရည်အသွေးကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း။
  • ရေလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် ရေပေးဝေရေးစနစ်ကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်း၊ ရေသုံးစွဲမှုကို စစ်ဆေးကြပ်မတ်ခြင်းနှင့် ညွှန်ကြားခြင်း၊ ရေပေးဝေရေးစနစ်မှန်ကန်ရေး စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခြင်း။
  • ရေလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းများဖွင့်လှစ် ပို့ချခြင်း၊ ဗဟုသုတများမျှဝေပေးခြင်းနှင့် သင်တန်းကျောင်းကို ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေပေးဝေရေးစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သုတေသနလုပ်ငန်းများ၊ စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း။
  • PPP (PUBLIC PRIVATE PARTNERSHIP) ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စနစ်တကျကြီးကြပ်ဆောင်ရွက်ခြင်။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။

လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေပေးဝေရေးစနစ်အတွင်း အသုံးပြုလျက်ရှိသော လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အားကြိုးလိုင်းများ၊ ရေတွန်းစက်များ စသည်တို့၏ ကြံ့ခိုင်မှုအား စစ်ဆေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေပေးဝေရေးစနစ်တွင် အရေးပါသော ရေတွန်းစက်များနှင့် ရေသန့်စင်စက်ရုံများ အချိန်မှန်လုပ်ငန်းလည်ပတ်နိုင်ရန် လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • စီမံကိန်းများဆောင်ရွက်ရာတွင် လျှပ်စစ်မီးရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများ တပ်ဆင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
  • စက်၊ ယာဉ်၊ ယန္တရားများ သုံးစွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများကို ကြီးကြပ်ကွပ်ကဲခြင်း။
  • လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာဆိုင်ရာ အရန်ပစ္စည်းများ အသင့်ရှိနေစေရန် စီမံခန့်ခွဲ ခြင်းနှင့် စက်ယန္တရားများတီထွင်ခြင်း၊ သုတေသနပြုလုပ်ခြင်း။
  • ရေပို့ပိုက်လိုင်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ပံ့ပိုးဆောင်ရွက်ခြင်း။
  • ကော်မတီပိုင် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ နှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။

ရေဖြန့်ဖြူးပေးဝေရေးဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်စနစ်အတွင်း ရေဖိအားညီမျှစွာဖြင့် ရေသုံးစွဲသူများထံ ရေလုံလောက်စွာရောက်ရှိစေရန် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေပြုန်းတီးမှု မဖြစ်ပေါ်စေရေးအတွက် ရေဖြန့်ဖြူးပေးဝေရေးကွန်ရက်စနစ်၏ ကြံ့ခိုင်မှု နှင့် လုံခြုံမှုအတွက် စစ်ဆေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများဆောင်ရွက်ခြင်း။
  • ရေဖိုးရေခများလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စစ်ဆေးခြင်း၊ ကာကွယ်တားဆီးခြင်း နှင့် အရေးယူဆောင်ရွက်ခြင်း။
  • ရေမီတာယူနစ်များ စနစ်တကျဖတ်ရှု မှတ်တမ်းတင်ခြင်းနှင့် ရေဖိုးရေခအပြည့်အဝ ကောက်ခံရရှိရေး စစ်ဆေးကြပ်မတ်ခြင်းများကို စနစ်တကျဆောင်ရွက်ခြင်းနှင့် ခေတ်မှီသောစနစ်ဖြင့် စီမံခန့်ခွဲနိုင်အောင် အဆင့်မြှင့်တင်ခြင်း။
  • ရေဖြုန်းတီးမှုမဖြစ်ပေါ်စေရေး ရေသုံးစွဲသူပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • အိမ်ရေဆက်သွယ်သုံးစွဲခွင့်၊ အဆောက်အအုံများအတွင်း ရေနှင့်မိလ္လာတပ်ဆင် သုံးစွဲခွင့်၊ မိလ္လာကန်တည်ဆောက်ခွင့် စသည့် ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းကို စစ်ဆေးကြပ်မတ်ခြင်းနှင့် စနစ်တကျမှတ်တမ်းတင်ခြင်း။
  • ရေသုံးစွဲသူပြည်သူများ စိတ်ကျေနပ်မှု ရရှိစေရန် ရေဖြန့်ဖြူးပေးဝေရေး ဝန်ဆောင်မှုပေးခြင်းနှင့် ရေသုံးစွဲရမှုဆိုင်ရာ မကျေနပ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း။
  • မြို့နယ်များရှိ ရေပေးဝေရေးအတွက် အထောက်အကူပြုသော မိုးရေစုမြေသား ရေလှောင်ကန်များကို ပြင်ဆင်ထိန်းသိမ်းခြင်း။
  • ကော်မတီပိုင် ရေဖြန့်ဖြူးပေးဝေရေးဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင် မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။

ရေဆိုးပိုက်လိုင်းကွန်ရက်စီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • အဆောက်အအုံများမှ စွန့်ပစ်သောရေဆိုး စုဆောင်းသည့် ပိုက်ပြွန်ဝမှစတင်ပြီး ရေဆိုးသန့်စင်စက်ရုံရောက်သည်ထိ ရေဆိုးသယ်ယူပို့ဆောင်ပေးသော ရေဆိုးပိုက်လိုင်း ကွန်ရက်စနစ်ကို စီမံခန့်ခွဲခြင်း။
  • ရေဆိုးစီးဆင်းမှုကောင်းစေရန် ရေဆိုးပိုက်လိုင်း၊ လေပိုက်လိုင်း၊ လေမှုတ်စက်များ၊ မိလ္လာစက်အိုးများ၊ အထောက်အကူပြုစက်များစသည့် ရေဆိုးသယ်ယူပို့ဆောင်ပေးသော ရေဆိုးပိုက်လိုင်းကွန်ရက်စနစ်တွင် ပါဝင်သော အခြေခံအဆောက်အအုံများကို စစ်ဆေး ကြပ်မတ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲခြင်း။
  • ရေဆိုးပိုက်လိုင်းကွန်ရက်စနစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် သုတေသန ပြုလုပ်ခြင်းနှင့် အဆင့်မြှင်တင်ခြင်း။
  • ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် လိုအပ်သော အရန်စက်နှင့် စက်ပစ္စည်းများ အဆင်သင့်ဖြစ်စေရန် စီစဉ်ခြင်း၊ တင်ပြခြင်း။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
ရေဆိုးဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • အဆောက်အအုံများ၏ ရေဆိုးစွန့်ပစ်မှုစနစ်နှင့် ရေဆိုးသန့်စင်မှုစနစ်များကို စစ်ဆေး ကြပ်မတ်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။
  • ရေဆိုးသန့်စင်စက်ရုံများ လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲခြင်းနှင့် ရေဆိုးသန့်စင်မှုစနစ်ကို စစ်ဆေးကြပ်မတ်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း။
  • ကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အအုံများ၏ အတွင်းနှင့်အပြင် ရေနှင့်မိလ္လာ စနစ်များကို စစ်ဆေးကြပ်မတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူနေထိုင်အသုံးပြုနိုင်ကြောင်း ခွင့်ပြုချက်ပေးနိုင်ရန် စစ်ဆေးတင်ပြခြင်း။
  • ရေဆိုးစွန့်ပစ်မှုစနစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနပြုလုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း။
  • မိလ္လာစွန့်ပစ်မှုစနစ်အား ပြည်သူများ စိတ်ကျေနပ်မှုရရှိစေရန် ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးခြင်းနှင့် မကျေနပ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း။
  • ကော်မတီပိုင်ငွေနှင့် ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်တားဆီးခြင်းနှင့် ပုံသေပိုင်ပစ္စည်းများနှင့် ဌာနပိုင်မြေများကို စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းခြင်း။

ရန်ကုန်မြို့တော် ရေပေးဝေရေးသမိုင်းကြောင်း

၁၈၄၂

ရေတွင်းကြီး (၃၀)

၁၈၇၉

ကန်တော်ကြီးကန်

၁၈၈၄

အင်းလျားကန်

၁၉၀၄

လှော်ကားရေလှောင်ကန်

၁၉၄၀

ဂျိုးဖြူရေလှောင်ကန်

၁၉၉၂

ဖူးကြီးရေလှောင်ကန်

၂၀၀၅

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်)

၂၀၁၄

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်)

လှော်ကားရေလှောင်ကန်ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၀၀ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၀၄ ခုနှစ်

ရေစုဆောင်းသောဧရိယာ

၁၀.၅ စတုရန်းမိုင်

ရေပြင်ဧရိယာ(ရေပြည့်ချိန်)

၄.၄ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၁၂၀၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၁၀၆၀၀ ဂါလန်သန်း

ကန်ရေလျှံအမှတ်

၆၂ ပေ

ပထမရေယူပေါက် အမြင့်ပေ

၅၇.၂ ပေ

ဒုတိယရေယူပေါက် အမြင့်ပေ

၄၉.၂ ပေ

တတိယရေယူပေါက် အမြင့်ပေ

၄၂.၂ ပေ

ပိုက်အရွယ်အစား

၄၂"Ø

အကွာအဝေး

၁၇ မိုင်

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၁၄ ဂါလံ (သန်း)

လှော်ကားရေတွန်းစက်ရုံ

ရေတွန်းစက်ရုံအမှတ်(1)

1000 KW(26 MGD)

၄ လုံး

မော်တာ၊ ပန့်(2DUTY : 2 STANDBY)

ရေတွန်းစက်ရုံအမှတ်(၂)

 

75 KW မော်တာပန့် (8 MGD)

၂ လုံး

ဂျိုးဖြူရေလှောင်ကန်ဆိုင်ရာ အချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၃၆ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၄၀ ခုနှစ်

ရေဝေရေလဲဧရိယာ

၁၂.၇ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၂.၈ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၁၆၆၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၈၄၀၀ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၂၁၅ ပေ

အနိမ့်ဆုံးကန်ရေချိန်

၁၃၈ ပေ

ပထမ ရေယူပေါက်

၂၀၁ ပေ

ဒုတိယရေယူပေါက်

၁၈၀၀၀ ပေ

တတိယ ရေယူပေါက်

၁၃၈ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၂၇ ဂါလန်သန်း

အကွာအဝေး

၄၃ မိုင်

ဖူးကြီးရေလှောင်ကန် ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၇၃ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၈၈ ခုနှစ်

ရေဝေရေလဲဧရိယာ

၂၇.၂၇ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၆.၈ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၂၃၀၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၂၀၀၀၀ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၁၁၅.၅ ပေ

ပထမ ရေယူပေါက်

၉၁.၅ ပေ

ဒုတိယရေယူပေါက်

၇၆.၅ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၅၄ ဂါလန်သန်း

အကွာအဝေး

၃၂ မိုင်

ပျော်ဘွယ်စုရေတွန်းစက်ရုံ

တည်ဆောက်သောခုနှစ်

၂၀၀၅ ခုနှစ်

185KW မော်တာပန့်(16.0 MGD)

၃ လုံး

ဖူကြီး ရေတွန်းစက်ရုံ

450 KW မော်တာပန့်(27 MGD)

၃ လုံး

(2DUTY : 1 STANDBY)

 

ငမိုးရိပ်ရေလှောင်ကန်ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၉၂ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၉၅ ခုနှစ်

ရေဝေရေလဲဧရိယာ

၁၆၀ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၁၇.၁၉ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၄၈၇၉၁ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၄၅၅၃၈ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၁၀၇ ပေ

အနိမ့်ဆုံးကန်ရေချိန်

၈၁ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၉၀ ဂါလန်သန်း

ငမိုးရိပ်ရေသန့်စင်စက်ရုံ

စီမံကိန်းစတင်သည့်နေ့

၂၅-၄-၂၀၀၄

စီမံကိန်းပထမအဆင့်ပြီးစီးသည့်နေ့

၂၃-၁၂-၂၀၀၅

တစ်နေ့ရေပေးဝေနိုင်မှု

၄၅ ဂါလန်သန်း

စီမံကိန်းဒုတိယအဆင့်ပြီးစီးသည့်နေ့

၂၆-၃-၂၀၁၃

ရေသန့်စင်စက်ရုံအမှတ်(၁)

800KW (15 MGD)ရေတွန်းစက်

၄ လုံး

110KW(15MGD)အနိမ့်ရေတင်စက်

၄ လုံး

ရေသန့်စင်စက်ရုံအမှတ်(၂)

560KW(11.25 MGD)ရေတွန်းစက်

၆ လုံး

110KW(15 MGD)အနိမ့်ရေတင်စက်

၄ လုံး

ကုက္ကိုင်းရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၉၂၆ ခုနှစ်

တည်နေရာ

ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့်

အရွယ်အစား

၅၅၉ ပေ x ၂၈၆ ပေ x ၂၀ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၂၀)သန်း

ရေပေးဝေသည့်မြို့နယ်များ

ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်

ရေကူးရေတွန်းစက်ရုံ

မူလရေတွန်းစက်ရုံ

275KW မော်တာပန့် (10MGD)

၃ လုံး

280KW မော်တာပန့် (10 MGD)

၄ လုံး

ဂါလန် (၇)သိန်းဆံ့ ရေလှောင်ကန်

၁ ကန်

ရေတွန်းစက်ရုံသစ်

715 KW မော်တာပန့် (20MGD)

၄ လုံး

ဂါလန် (၁)သန်းဆံ့ရေလှောင်ကန်

၁ ကန်

မဟာဝိဇယရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၉၆၅ ခုနှစ်

တည်နေရာ

ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်း

အရွယ်အစား

၃၄၉ ပေ x ၂၂၀ ပေ x ၂၂ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၁၀)သန်း

ရေပေးဝေနိုင်သည့်မြို့နယ်များ

မရှိပါ

ရွှေတိဂုံဘုရားရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၈၉၄ ခုနှစ်

တည်နေရာ

ရွှေတိဂုံဘုရားလမ်းတောင် ဘက်မုခ်

အရွယ်အစား

၂၀၀ ပေ x ၅၀၀ ပေ x ၂၀ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၁)သန်း

ရေပေးဝေနိုင်သည့်မြို့နယ်များ

ဒဂုံ၊ လသာ၊ လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊

သဲဖြူရေပေးဝေရေးစခန်း(လှိုင်သာယာမြို့နယ်)

တည်ဆောက်သည့်ခုနှစ်

၂၀၀၀ ခုနှစ်

အဝီစိတွင်း

၁၀"Ø (၁၀) တွင်း / ၈"Ø (၃) တွင်း/ ၆"Ø (၂) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

45KW မော်တာပန့် (9.5MGD)

၁ လုံး

22KW မော်တာပန့် (6 MGD)

၃ လုံး

ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း(ဒလမြို့နယ်)

တည်ဆောက်သည့်ခုနှစ်

၂၀၀၀ ခုနှစ်

အဝီစိတွင်း

၁၀"Ø (၃) တွင်း / ၈"Ø (၄) တွင်း/ ၆"Ø (၁) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

22KW မော်တာပန့် (8 MGD)

၁ လုံး

37KW မော်တာပန့် (6 MGD)

၁ လုံး

လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း

တည်ဆောက်သည့်ခုနှစ်

၂၀၂၁ ခုနှစ်

ရေအရင်းအမြစ်

လှိုင်မြစ်

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၆၀)ဂါလန်သန်း

500KW မော်တာပန့် (20 MGD)

(၆) လုံး

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC