ဗဟိုပစ္စည်းထိန်းဌာန

နိဒါန်း

   ဗဟိုပစ္စည်းထိန်းဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနကြီး(၂ဝ) ၊ ခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများမှ လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ ၊ ရုံးသုံး ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများနှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ၊ ဖြည့်တင်း ၊ သိုလှောင်၊ ဖြန့်ဖြူး ပေးရသော ဌာနတစ်ခုဖြစ်သည့်အပြင် အသုံးမလိုတော့၍ ပြန်လည်အပ်နှံလာသည့် အထွေထွေ ပြန်ပို့လုပ်ငန်းသုံး ပစ္စည်းအဟောင်းများကိုလည်း စာရင်းရေးသွင်း လက်ခံဆောင်ရွက်၍ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် နှစ်စဉ်လေလံတင်ရောင်းချပေးခြင်းဖြင့် ကော်မတီ၏ဘဏ္ဍာငွေကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေသည့် ဌာနတစ်ခုဖြစ်ပါသည်။
      ၎င်းအပြင် ကော်မတီမှ ဖွဲ့စည်းပေးထားသည့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ တင်ဒါစနစ်ဖြင့် ဝယ်ယူဖြည့်တင်းသည့် လုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်၍ ကော်မတီကိုတာဝန်ခံ၍ ပစ္စည်းစာရင်း မှတ်တမ်း များအား ထိန်းသိမ်းဆောင်ရွက်ပေးရသည့် တစ်ခုတည်းသောဌာနဖြစ်ပြီး ပစ္စည်း ပေးသွင်းသူများအား ကော်မတီမှ ပစ္စည်းတန်ဘိုးငွေပေးချေနိုင်ရေးအတွက် ကော်မတီကိုယ်စား ပစ္စည်း လက်ခံရရှိကြောင်း (CRV) ထုတ်ပေးခြင်း နှင့်အင်ဂျင်နီယာလုပ်ငန်းများပြီးစီးမှုအတွက် အစစ်ဆေးခံနိုင်အောင် (IV ၊ LIV ၊ TIV ၊ NAC ၊ SR ၊ DO ) ပြေစာများ ထုတ်ပေးရသည့် ဌာနတစ်ခုလည်းဖြစ်ပေသည်။


 ဧရိယာ

  • ဗဟိုပစ္စည်းထိန်းဌာန၏ တည်နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ဌာန၏ရုံးချုပ် (၄၆ လမ်း ၊ ၁၂ ၁/၂ ထပ်ရုံး ဒုတိယထပ်)။
  • ပင်မပစ္စည်းသိုလှောင်ရုံ (ရွာသာကြီး) (ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၊ အမှတ်(၂) လမ်းမကြီး ဘေးရှိ ၂၅.၁၂ ဧက) ။
  • ပင်မသိုလှောင်ရုံဝင်း (ရေနံသာ) (သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစခန်း) ။

 လုပ်ငန်းတာဝန်များ

ဗဟိုပစ္စည်းထိန်းဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကော်မတီ၏ တည်ဆောက်ပြုပြင် လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို ဝယ်ယူ ဖြည့်တင်းခြင်း။
  • အဆိုပါပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် သိုလှောင်ရုံလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ထိန်းသိမ်းကွပ်ကဲဆောင်ရွက်ခြင်း ။
  • အသုံးလိုသည့်ဌာနများသို့ ကော်မတီခွင့်ပြုချက်ဖြင့် ပြန်လည်ထုတ်ပေးခြင်း ။
  • ကော်မတီ၏ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ တင်ဒါစနစ်ဖြင့်ဝယ်ယူသော ပစ္စည်းများ အတွက် ပစ္စည်းစာရင်းမှတ်တမ်းများအား ထိန်းသိမ်းဆောင်ရွက်ခြင်း ။
  • ကော်မတီမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ တင်ဒါစနစ်ဖြင့် ဝယ်ယူသော ပစ္စည်းအသစ်များအတွက်လည်းကောင်း၊ ကော်မတီ လက်အောက် ရှိ ဌာနများ / ရုံးများမှ အသုံးမလို ပြန်လည်အပ်နှံလာသည့် ပစ္စည်းအဟောင်းများအတွက် လည်းကောင်း၊ ပစ္စည်းလက်ခံရရှိ ကြောင်း (CRV) ထုတ်ပေးခြင်း။
  • ကော်မတီ၏ တည်ဆောက်ပြုပြင်လုပ်ငန်းခွင်များသို့ ကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြန်လည် ထုတ်ပေး သည့်ပစ္စည်းများအတွက်ပစ္စည်းထုတ်ပေးပြေစာ (IV) ထုတ်ပေး ခြင်း။
  • ပစ္စည်းချေးငှားပြေစာ (LIV) ထုတ်ပေးခြင်း ။
  • ယာယီထုတ်ပေးပြေစာ (TIV)ထုတ်ပေးခြင်း ။
  • ပစ္စည်းမရှိကြောင်းထောက်ခံချက် (NAC) ထုတ်ပေးခြင်း ။
  • ပစ္စည်းပြန်လည်အပ်နှံခြင်းအတွက် (SR) ထုတ်ပေးခြင်း ။
  • ပစ္စည်းတိုက်ရိုက်ထုတ်ပေးမိန့် (DO) ထုတ်ပေးခြင်း ။
  • ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူမှုအပေါ်(CRV) ထုတ် ပေးခြင်း ၊ ခွင့်ပြုချက်အရ ပစ္စည်းပြန်လည်ထုတ်ပေးမှုအပေါ် (IV) ဖြတ်ပေးခြင်းနှင့် ဆက်လက်၍ IV ဖြတ်ပေးရန် ပစ္စည်းလက်ကျန် ကျန်ရှိမှုအခြေအနေကို လစဉ် ဥက္ကဌ (မြို့တော်ဝန်)သို့ အစီရင်ခံတင်ပြခြင်း ။
  • ကော်မတီ၏လုပ်ငန်းခွင်များအတွက် လိုအပ်သည့် လမ်းခင်းကျောက်လိုအပ်ချက်အား အသုံးလိုသည့် ဌာနများမှ အမှာစာဖြင့်တောင်းခံလာမှုအရ ကော်မတီမှခွင့်ပြုထားသည့် လုပ်ငန်းရှင်များထံမှ ကော်မတီ မှသတ်မှတ်စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ကြီးကြပ်ကွပ် ကဲ ဆောင်ရွက်ခြင်း။
  • လမ်းခင်းကျောက်လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်များသို့ ပစ္စည်းပေးသွင်းမှုအပေါ် ပစ္စည်း ပေးသွင်းသူ ၊ ပစ္စည်းလက်ခံသူနှင့် ဤဌာနမှ ကျောက်ချထားရေးကြီးကြပ်မှုအဖွဲ့တို့ လက်မှတ် ရေးထိုးထားသော ပစ္စည်းပေးသွင်းပြီးကြောင်း ကုန်ပို့လွှာများနှင့် ရက်စွဲအလိုက် ပစ္စည်းပေး သွင်းမှုအစီရင်ခံစာတို့ကို စီစစ်ဆောင်ရွက်ခြင်းနှင့် မှန်ကန်ပါက ဥက္ကဌ(မြို့တော်ဝန်) ထံသို့ ခွင့်ပြုချက်တင်ပြတောင်းခံခြင်း ။
  • ယင်းသို့ ဥက္ကဌ(မြို့တော်ဝန်)ထံသို့ တင်ပြခွင့်ပြုချက်ရရှိမှုအပေါ် လမ်းခင်းလိပ်သဲကျောက် ပေးသွင်း သည့် လုပ်ငန်းရှင်များသို့ ပေးသွင်းသည့် ကျောက်အမျိုးအစား နှင့် အရေအတွက် အလိုက် သတ်မှတ် စျေးနှုန်းဖြင့် ကော်မတီမှပေးချေနိုင်ရေး ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့ ငွေတောင်းခံလွှာ ရေးဆွဲ ပေးပို့ခြင်း။
  • ယင်းသို့ ငွေတောင်းခံလွှာရေးဆွဲပေးပို့မှုအရ ချက်လက်မှတ်ထွက်ရှိလာပါက လုပ်ငန်း ရှင်များသို့ ငွေထုတ်ပေးခြင်းနှင့် ကျပ်(၅) သိန်းအထက် ထုတ်ယူငွေ၏ ၂% အား ဖြတ်တောက်၍ Withholding Tax အဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ခြင်း ။
  • ဌာနများမှ ပြန်လည်အပ်နှံလာသည့် နှစ်ကြာ/ဟောင်းနွမ်း/အသုံးမလို ပိုလျှံပစ္စည်းများ အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ကော်မတီဝင်ငွေရရှိရေးတို့အတွက် လေလံတင် ရောင်းချခြင်း ။
  • ကော်မတီပိုင်ယမ်းတိုက်များရှိ ယမ်းနှင့်ဆက်စပ်ပစ္စည်း လက်ကျန်စာရင်းကို ကာကွယ်ရေးဝန်ကြီးဌာန နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လစဉ် ပေးပို့ခြင်း ။
  • ကော်မတီပိုင်ယမ်းတိုက်များတွင် ဘဏ္ဍာရေးနှစ်(၁)နှစ်အတွင်း သုံးစွဲမည့်ယမ်းနှင့် ဆက်စပ် ပစ္စည်းများ စာရင်းကို ကော်မတီပိုင် ပြည်ညောင်ဘိလပ်မြေစက်ရုံအား ငှားရမ်းလုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီနှင့် ညှိနှိုင်းတွက်ချက်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်း။
  • ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား ပန်းတောင်းရှိ ခဲယမ်းမီးကျောက်တပ်မှ ပြည်ညောင် ဘိလပ်မြေ စက်ရုံသို့ ဤဌာနမှအရာရှိ ကိုယ်စားလှယ်၊ စည်ပင်ရဲ တို့ ပါဝင်သောအဖွဲ့ဖြင့် သယ်ယူဆောင်ရွက် ပေးရခြင်း။
  • နေပြည်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန စက်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပ သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများအစည်းအဝေးသို့ ဌာနမှူးကိုယ်စား ဖြည့်တင်းရေးဌာနခွဲ အရာရှိ ကိုယ်စားလှယ် တက်ရောက်ခြင်း။
  • ဤကော်မတီ၏ အင်ဂျင်နီယာလုပ်ငန်းခွင်များမှ ဝယ်ယူအသုံးပြုသည့် လမ်းခင်းကျောက် အမျိုးအစား များအနက် ၆"×၉" အမျိုးအစားလိပ်သဲကျောက်စာရင်းကို လစဉ် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ ကော်မတီရုံးမှ တဆင့် Fax ဖြင့် ပေးပို့ခြင်း။
  • ဤဌာနမှထုတ်ပေးသည့် CRV ၊ IV များနှင့်ပတ်သက်၍ CRV မူရင်းကို ပစ္စည်းပေးသွင်းသူသို့ လည်းကောင်း၊ ပ-မိတ္တူကို ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့လည်းကောင်းပေးပို့ပြီး ဒု-မိတ္တူ ကို ဤဌာန ၏ပစ္စည်းစာရင်း ဌာနခွဲတွင်လည်းကောင်း ၊ တ-မိတ္တူကို ဤဌာန၏ သိုလှောင်ရေး ဌာနခွဲတွင် လည်းကောင်း ၊ စ-မိတ္တူကို ဤဌာန၏ ပစ္စည်းစာရင်းဌာနခွဲတွင် လည်းကောင်း လက်ခံထားရှိပါသည် ။ IV များနှင့်ပတ်သက်၍ IV မူရင်းကို ဤဌာန၏ ပစ္စည်းစာရင်း ဌာနခွဲတွင် လည်းကောင်း ၊ ပ-မိတ္တူကို ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့လည်းကောင်း ၊ ဒု-မိတ္တူကို လုပ်ငန်းအင်ဂျင်နီယာသို့လည်းကောင်း ၊ တ-မိတ္တူကို စစ်ဆေးရေးဌာနသို့ လည်းကောင်းပေးပို့ပြီး စ-မိတ္တူကို ဤဌာန၏ပစ္စည်းစာရင်းဌာနခွဲတွင် လက်ခံထားရှိပါသည်။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များအစည်းအဝေးသို့ ခွင့်ပြုချက် တင်ပြ တောင်းခံရန်ရှိပါက တင်ပြတောင်းခံနိုင်ရေးဆောင်ရွက်ခြင်း။
  • သိုလှောင်ရုံများနှင့် ပစ္စည်းစုပုံကွင်းများ၏ နေ့ညလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး ကိစ္စရပ် များကို စီမံချက်များရေးဆွဲ၍ အထူးကိစ္စတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

  အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်အတိုကောက်စာလုံးများ

ဗဟိုပစ္စည်းထိန်းဌာနတွင် အသုံးပြုလျက်ရှိသည့် အတိုကောက်စကားလုံးများနှင့် ၎င်းတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • စီအာဗွီ (CRV) ဆိုသည်မှာ ပစ္စည်းလက်ခံရရှိကြောင်းပြေစာ (Certified Received Voucher) ကို ဆိုသည်။
  • အိုင်ဗွီ (IV) ဆိုသည်မှာ ပစ္စည်းထုတ်ပေးပြေစာ (Issue Voucher) ကိုဆိုသည်။
  • အယ်လ်အိုင်ဗွီ (LIV ) ဆိုသည်မှာ ပစ္စည်းချေးငှားထုတ်ပေးခြင်းပြေစာ (Loan Issue Voucher) ကိုဆိုသည်။
  • တီအိုင်ဗွီ (TIV) ဆိုသည်မှာ ယာယီထုတ်ပေးပြေစာ( Temporary Issue Voucher) ကို ဆိုသည်။
  • အင်န်အေစီ (NAC) ဆိုသည်မှာ ပစ္စည်းမရှိကြောင်းထောက်ခံချက် (Non Available Certified ) ကိုဆိုသည်။
  • အက်စ်အာရ်( SR) ဆိုသည်မှာ ပြန်လည်အပ်နှံခြင်း (Store Return) ကိုဆိုသည်။
  • ဒီအို (DO) ဆိုသည်မှာ ပစ္စည်းတိုက်ရိုက်ထုတ်ပေးမိန့် (Direct Order) ကိုဆိုသည်။
  • လယ်ဂျာ (Ledger) ဆိုသည်မှာ ပစ္စည်းအမျိုးအစားအရေအတွက် မှတ်ပုံတင်စာအုပ်ကို ဆိုသည်။
  • ကားဒက်ကတ် (Kardex Card ) ဆိုသည်မှာ ပစ္စည်းတန်ဖိုးထည့်သွင်းဖော်ပြထားသော ပစ္စည်းစာရင်း ကတ်ကိုဆိုသည်။
  • ဘင်ကတ် (Bim Card) ဆိုသည်မှာ မြေပြင်ပစ္စည်းစာရင်းကတ်ကိုဆိုသည် ။
  • ကုန်ပို့လွှာ ဆိုသည်မှာ ပစ္စည်းသယ်ထုတ်ခွင့်ကိုဆိုသည်။
  • ကူရီယာ (Courier) ဆိုသည်မှာ ဝယ်ယူဖြည့်တင်း ပစ္စည်းသယ်ယူရာတွင် လိုက်ပါလမ်းညွှန်သူ ၊ ဆက်သားကိုဆိုသည်။

ဌာနခွဲများ

ဗဟိုပစ္စည်းထိန်းဌာနတွင်အောက်ပါအတိုင်း ဌာနခွဲ(၃)ခု သတ်မှတ်၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိပါသည်-

  • အုပ်ချုပ်မှုနှင့်ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ
  • ဖြည့်တင်းရေးဌာနခွဲ
  • သိုလှောင်ရေးဌာနခွဲ

အုပ်ချုပ်မှုနှင့်ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ

အုပ်ချုပ်မှုနှင့်ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲတွင် အောက်ပါအတိုင်း ဌာနခွဲ(၂)ခု သတ်မှတ် ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်-

  •  အုပ်ချုပ်မှုဌာနခွဲ
  •  ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ

  အုပ်ချုပ်မှုဌာနခွဲ

အုပ်ချုပ်မှုဌာနခွဲတွင် အောက်ပါအတိုင်း ဌာနခွဲ(၂)ခု သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်-

  • အုပ်ချုပ်မှုဌာနစု
  • ငွေစာရင်းဌာနစု

   အုပ်ချုပ်မှုဌာနစု

  • ဝန်ထမ်းဖွဲ့စည်းပုံနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့်တပြေးညီစီစစ်ဆောင်ရွက်ခြင်း ။
  • ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဦးစီးတာဝန်နှင့်အညီဆောင်ရွက်ခြင်း ။
  • ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ်များ ၊ သာရေးနာရေးကိစ္စရပ်များ၊ ဌာန၏လုံခြုံရေးနှင့် သန့်ရှင်း ရေး၊ လျှပ်စစ်ဓါတ်အားခြိုးခြံချွေတာရေးကိစ္စရပ်များကို ကွပ်ကဲဆောင်ရွက်ခြင်း။
  • အထက်ဌာနများမှညွှန်ကြားချက်များအား အချိန်နှင့်တပြေးညီပြီးစီးပေးပို့နိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။
  • ကော်မတီမှကြီးမှူးဆောင်ရွက်သော အခမ်းအနားများသို့ ဝန်ထမ်းများ အချိန်နှင့်တပြေး ညီ တက်ရောက်နိုင်ရေးကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း ။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များအစည်းအဝေးသို့ ဌာနအနေ ဖြင့် တင်ပြခွင့်ပြုချက်တောင်းခံရန်ရှိပါက တင်ပြတောင်းခံမည့်အချက်များနှင့် ပတ်သက်၍ ကော်မတီရုံးသို့ အချိန်မီပေးပို့ဆောင်ရွက်ခြင်း ။
  • သိုလှောင်ရုံဝင်းသို့ ပစ္စည်းတင်/ချရန် ရောက်ရှိလာသော မော်တော်ယာဉ်များနှင့်ပတ်သက်၍ စနစ်တကျကြီးကြပ်၍ မော်တော်ယာဉ်ဝင်ထွက်ခွင့် (Gate Pass) ထုတ်ပေးခြင်း ။

  ငွေစာရင်းဌာနစု

  • လစာနှင့်စရိတ်ကိစ္စရပ်များ ၊ ဌာနမှူး၏ ကော်မတီသို့တင်ပြခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော ကိစ္စရပ်များအတွက် ဘဏ္ဍာရေးစည်းမျဉ်းသတ်မှတ်ချက်နှင့်အညီ လိုအပ်သောလုပ်ငန်းသုံး ငွေများကို အချိန်မီတောင်းခံထုတ်ပေးခြင်း ။
  • ဝန်ထမ်းများအား လစာထုတ်ပေးခြင်း။
  • ရသုံးမှန်းခြေငွေစာရင်းပြုစုခြင်း ။
  • ဝင်ငွေလျာထားချက်များ ရေးဆွဲ၍ ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့ အချိန်မီပေးပို့ခြင်း ။
  • ငွေတောင်းခံလွှာများအား စိစစ်၍ ဘဏ္ဍာရေးခွင့်ပြုမိန့်တောင်းခံခြင်း ။
  • ငွေတောင်းခံလွှာများ ရေးဆွဲပေးပို့ခြင်းနှင့် ချက်လက်မှတ်ကျလာပါက ဌာနမှူး၏ခွင့်ပြု ချက်ရယူ၍ ငွေထုတ်ပေးခြင်း နှင့် ငွေကျပ်(၅)သိန်းအထက် ထုတ်ပေးမှုများအပေါ် ထုတ်ယူငွေ ၏ ၂% အား Withholding Tax အဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ခြင်း ။
  • လေလံစနစ်ဖြင့် အထွေထွေပြန်ပို့ပစ္စည်းအဟောင်းများ လေလံတင်ရောင်းချခြင်းအတွက် လေလံတန်ဘိုး ငွေပေးသွင်းခြင်းအား ကြီးကြပ်ဆောင်ရွက်ခြင်း။

  ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနခွဲ

  • ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနစု
  • ပစ္စည်းလက်ခံ/လက်ကျန်စစ်ဆေးရေးဌာနစု

  ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနစု

  • ကော်မတီ၏ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ တင်ဒါစနစ်ဖြင့်ဝယ်ယူသော ပစ္စည်း များအတွက် ပစ္စည်းစာရင်းမှတ်တမ်းများအား ထိန်းသိမ်းဆောင်ရွက်ခြင်း ။
  • ကော်မတီ၏အင်ဂျင်နီယာလုပ်ငန်းခွင်များသို့ ကော်မတီ၏ခွင့်ပြုချက်ဖြင့် ပစ္စည်းများ ပြန်လည်ထုတ်ပေး ခြင်းအပေါ် ညှိနှိုင်းဆောင်ရွက်ရေးဌာနမှ ပေးပို့လာသည့် လုပ်ငန်း ကြိုတင်ခွင့်ပြုမိန့် (PAE) ဖော်ပြပါ တောင်းခံပစ္စည်းအမျိုးအစား၊ အရေအတွက်၊ စျေးနှုန်းနှင့် သက်ဆိုင်ရာဌာနများမှ ပေးပို့လာသည့် ပစ္စည်းတောင်းခံလွှာ (Indent) ဖော်ပြပါ တောင်းခံ ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ စျေးနှုန်းတို့အား နှိုင်းယှဉ်စစ်ဆေး၍ တူညီမှုရှိပါက ပစ္စည်းထုတ်ပေးပြေစာ(IV) ဖြတ်ပေးခြင်း။
  • ပစ္စည်းချေးငှားခြင်းအတွက် အယ်လ်အိုင်ဗွီ (LIV ) ထုတ်ပေးခြင်း ။
  • ပစ္စည်းယာယီထုတ်ပေးခြင်းအတွက် တီအိုင်ဗွီ (TIV) ထုတ်ပေးခြင်း ။
  • ပိုလျှံပစ္စည်းပြန်လည်အပ်နှံခြင်းအတွက် အက်စ်အာရ်( SR) ထုတ်ပေးခြင်း ။
  • ပစ္စည်းတိုက်ရိုက်ထုတ်ပေးမိန့် ဒီအို(DO) ထုတ်ပေးခြင်း ။
  • ပစ္စည်းလက်ခံရရှိခြင်း/ ပစ္စည်းထုတ်ပေးခြင်းအတွက် ကားဒက်ကတ် (Kardex Card ) တွင် အလျော့ စာရင်းရေးသွင်းခြင်း ။
  • ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူမှုအပေါ်(CRV) ထုတ် ပေးခြင်း ၊ ခွင့်ပြုချက်အရ ပစ္စည်းပြန်လည်ထုတ်ပေးမှုအပေါ် (IV) ဖြတ်ပေးခြင်းနှင့် ဆက်လက်၍ IV ဖြတ်ပေးရန် ပစ္စည်းလက်ကျန် ကျန်ရှိမှုအခြေအနေကို လစဉ် ဥက္ကဌ (မြို့တော်ဝန်)သို့ အစီရင်ခံတင်ပြခြင်း ။

  ပစ္စည်းလက်ခံ/လက်ကျန်စစ်ဆေးရေးဌာနစု

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ ဝယ်ယူသော ပစ္စည်းအသစ်များအတွက်လည်းကောင်း၊ ဌာန/ရုံး/မြို့တော်ဂေါက်ကွင်း တို့မှ အသုံးမလို ပြန်လည် အပ်နှံလာသည့် ပစ္စည်းအဟောင်းများအတွက်လည်းကောင်း၊ ပစ္စည်းလက်ခံရရှိ ကြောင်း (CRV) ထုတ်ပေးခြင်း။
  • ပစ္စည်းထုတ်ပေးခြင်းအတွက် Kardex Card တွင် အရစာရင်းရေးသွင်းခြင်း ။
  • ဤဌာနခွဲမှထုတ်ပေးသည့် CRV များနှင့်ပတ်သက်၍ ဒု-မိတ္တူနှင့် စ-မိတ္တူ ကို ဤဌာနခွဲတွင် လက်ခံ ထားရှိပြီး မူရင်း၊ ပ-မိတ္တူ ၊ တ-မိတ္တူ တို့ကို လိုအပ်သည့် ဌာနနှင့်ဌာနခွဲများသို့ ဖြန့်ဝေနိုင်ရေး သိုလှောင် ရေးဌာနခွဲသို့ ပေးပို့ပါသည်။

  ဖြည့်တင်းရေးဌာနခွဲ

ဖြည့်တင်းရေးဌာနခွဲတွင် ရုံးအဖွဲ့၊ ပြင်ပပစ္စည်းဌာနစု ၊ အစိုးရစက်ရုံပစ္စည်းဌာနစု ၊ သမပုဂ္ဂလိက ဌာနစုနှင့် ပစ္စည်းထုတ်လုပ်ရေးဌာနစု ဟူ၍ ဌာနစု(၅)ခုဖြင့် အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-

  • အုပ်ချုပ်မှုဌာနခွဲမှနှိုးဆော်လာသော ရုံးလုပ်ငန်းနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များကို ဦးစီးတာဝန် နှင့်အညီ ဆောင်ရွက်ခြင်း ။
  • ဌာနတွင် မရှိသော တည်ဆောက်ရေးနှင့် လမ်းလုပ်ငန်းသုံးပစ္စည်းများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ သို့ အမှာစာထုတ်ခြင်း။
  • ဌာနအသီးသီးမှ အရေးပေါ်လုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာများကို ဒေသန္တရ ဝယ်ယူ ရေးအဖွဲ့ဖြင့် တာဝန်ယူရှာဖွေ ဝယ်ယူဖြည့်တင်းပေးခြင်း။
  • ဌာနအသီးသီးအတွက် လိုအပ်သော ပြည်တွင်းပြည်ပ ပစ္စည်းများကို ပစ္စည်းလက်ကျန် အခြေအနေအရ ဝယ်ယူဖြည့်တင်းပေးရန် ပစ္စည်းဝယ်ယူရေးအဖွဲ့သို့တင်ပြနှိုးဆော်ခြင်း။
  • ဝယ်ယူသိုလှောင်နိုင်ရန် လိုအပ်သော ပစ္စည်းများစာရင်းကို ဌာနအသီးသီးမှ တောင်းခံ၍ တစ်နှစ်အတွက် လိုအပ်ချက်ကို စာရင်းပြုစု၍ ခန့်မှန်းချက်များ ရေးဆွဲတင်ပြခြင်း။
  • ဝန်ကြီးဌာနများလက်အောက်ရှိ စက်ရုံ ၊ အလုပ်ရုံများမှ ထုတ်လုပ်ဖြန့်ချီသော ဘိလပ်မြေ အုတ်၊ သစ်၊ သံချောင်းလုံးအစရှိသော ပစ္စည်းများအား လုပ်ငန်းလိုအပ်ချက်နှင့်အညီ လျှောက်ထားခြင်း ၊ ငွေပေးချေ၍ ဝယ်ယူစုဆောင်းခြင်း ။
  • သမနှင့်ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းများမှ ဝယ်ယူသောဂဝံ၊ မြေကြီး ၊ မြစ်၊ သဲ ၊ ကျောက်စရစ် ၊ ထုံး၊ လက်အုတ်နှင့် သန့်ရှင်းရေး လုပ်ငန်းသုံးပစ္စည်းများအား အမှာစာ ထုတ်၍လည်းကောင်း ၊ ဒေသန္တရ ဝယ်ယူရေးအဖွဲ့ဖြင့်လည်းကောင်း ၊ အရည်အသွေး ပြည့်မီ၍ စျေးနှုန်းသင့်လျော်စွာဖြင့် ဝယ်ယူဖြည့်တင်း ပေးခြင်း။
  • ဌာန၏လိပ်သဲကျောက်များထုတ်လုပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စာချုပ်ချုပ် ဆို၍ အကျိုးတူဆောင်ရွက်ခြင်း ။
  • ပြည်တွင်းပြည်ပမှ ရောက်ရှိလာသော ပစ္စည်းများအား စာချုပ်နှင့်အမှာစာပါ သတ်မှတ် အရည်အသွေးနှင့် အရေအတွက် ၊ ပစ္စည်းအမျိုးအစား မှန်/မမှန်ကို ကော်မတီ၏ ပစ္စည်း ဝယ်ယူရေးအဖွဲ့ဖြင့် စစ်ဆေး၍ လက်ခံစစ်ဆေးချက်ပုံစံ မှတ်တမ်းရေးသွင်းပြီး ပစ္စည်းစာရင်း ထိန်းသိမ်းစစ်ဆေးရေးဌာနစုသို့ CRV ထုတ်ပေးနိုင်ရေးအတွက် အချိန်နှင့်တပြေးညီပေးပို့ ခြင်း ။
  • အကျဉ်းဦးစီးဌာနက ရောင်းချပေးမည့်လိပ်သဲကျောက်များကို သက်ဆိုင်ရာ ကျောက်ထုတ် စခန်းအသီးသီးမှ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လုပ်ငန်းခွင်အသီးသီးသို့ အသုံးလိုသည့် ဌာနများမှ အမှာစာဖြင့်တောင်းခံလာမှုအရ ကော်မတီမှခွင့်ပြုထားသည့် လုပ်ငန်းရှင်များထံမှ ကော်မတီမှသတ်မှတ်စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ကြီးကြပ်ကွပ် ကဲ ဆောင်ရွက်ခြင်း ။
  • လမ်းခင်းကျောက်လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်များသို့ ပစ္စည်းပေးသွင်းမှုအပေါ် ပစ္စည်း ပေးသွင်းသူ ပစ္စည်းလက်ခံသူနှင့် ဤဌာနမှ ကျောက်ချထားရေးကြီးကြပ်မှုအဖွဲ့တို့ လက်မှတ် ရေးထိုးထားသော ပစ္စည်ပေးသွင်းပြီးကြောင်း ကုန်ပို့လွှာများနှင့် ရက်စွဲအလိုက် ပစ္စည်း ပေးသွင်းမှု အစီရင်ခံစာတို့ကို စီစစ်ဆောင်ရွက်ခြင်းနှင့် မှန်ကန်ပါက ဥက္ကဌ(မြို့တော်ဝန်)သို့ ခွင့်ပြုမိန့်တင်ပြတောင်းခံခြင်း ။
  • ကော်မတီပိုင်ယမ်းတိုက်များရှိ ယမ်းနှင့်ဆက်စပ်ပစ္စည်းလက်ကျန် စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာန နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လစဉ်ပေးပို့ ခြင်း ။
  • ကော်မတီပိုင်ယမ်းတိုက်များတွင် ဘဏ္ဍာရေးနှစ်(၁)နှစ်အတွင်း သုံးစွဲမည့် ယမ်းနှင့် ဆက်စပ် ပစ္စည်းများစာရင်းကို ကော်မတီပိုင် ပြည်ညောင်ဘိလပ်မြေစက်ရုံအား ငှားရမ်းလုပ်ကိုင်လျက် ရှိသည့် ကုမ္ပဏီနှင့်ညှိနှိုင်းတွက်ချက်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်း ။
  • ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား ပန်းတောင်းရှိ ခဲယမ်းမီးကျောက်တပ်မှ ပြည်ညောင် ဘိလပ်မြေ စက်ရုံသို့ ဤဌာနခွဲမှအရာရှိ ကိုယ်စားလှယ် နှင့် စည်ပင်ရဲ တို့ပါဝင်သော အဖွဲ့ဖြင့် သယ်ယူဆောင်ရွက် ပေးရခြင်း။
  • နေပြည်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စက်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပ သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများအစည်းအဝေးသို့ ဌာနမှူးကိုယ်စား ဤဌာနခွဲမှ အရာရှိကိုယ်စားလှယ် တက်ရောက်ခြင်း။
  • ဤကော်မတီ၏ အင်ဂျင်နီယာလုပ်ငန်းခွင်များမှ ဝယ်ယူအသုံးပြုသည့် လမ်းခင်းကျောက် အမျိုးအစား များအနက် ၆"×၉" အမျိုးအစားလိပ်သဲကျောက်စာရင်းကို လစဉ် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ ကော်မတီရုံးမှ တဆင့် Fax ဖြင့်ပေးပို့ခြင်း။

  သိုလှောင်ရေးဌာနခွဲ

   သိုလှောင်ရေးဌာနခွဲတွင် ရုံးအဖွဲ့ ၊ လမ်းတံတားပစ္စည်းဌာနစု ၊ အဆောက်အအုံပစ္စည်းဌာနစု ၊ ရေနှင့်သန့်ရှင်းမှု ပစ္စည်းဌာနစု ၊ မော်တော်ယာဉ်နှင့်ယန္တရားပစ္စည်းဌာနစု၊ပစ္စည်းဟောင်းနှင့်အထွေထွေ ပစ္စည်းဌာနစုဟူ၍ ဌာနစု (၅)စုဖြင့် အောက်ပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

  • အုပ်ချုပ်မှုဌာနစုမှ နှိုးဆော်လာသော ရုံးလုပ်ငန်းများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဦးစီးတာဝန်နှင့်အညီ ဆောင်ရွက်ခြင်း ။
  • သိုလှောင်ရုံ တာဝန်ခံများမှ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများ စနစ်တကျထားသိုခြင်း ၊ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ လျော့နည်း၊ ပျက်စီး ၊ ပျောက်ဆုံး ၊ လေလွင့် ခြင်းနှင့် မသမာမှုမပြုလုပ်စေရေး စီစစ်ကြပ်မတ်ထိန်းသိမ်းပေးခြင်း ၊ပစ္စည်းလယ်ဂျာ/ ဘင်းကတ်ပြားတို့တွင် စာရင်းရေးသွင်းထားရှိခြင်း ။
  • သိုလှောင်ရုံများတွင် ထုတ်ပေးရန် လက်ကျန်လုံလောက်မှုမရှိသော ပစ္စည်းများအား လိုအပ်သလို ဖြည့်တင်းနိုင်ရေး စိစစ်တင်ပြခြင်း ။
  • နှစ်စဉ်ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပစ္စည်းလက်ကျန်စစ်ဆေးခြင်းအား ဌာနတွင်းအရာရှိ နှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်၍ နှစ်ချုပ်(Ground Stock) မှတ်တမ်းထားရှိ ခြင်း။
  • အထုတ်နှေးပစ္စည်းများအတွက် သက်ဆိုင်ရာဌာနများအားဖိတ်ကြားအစည်းအဝေးပြုလုပ်၍ အသုံးလို/မလို အတည်ပြုချက်ရယူ၍မှတ်တမ်းတင်ခြင်း။
  • ရက်လွန် ၊ အသုံးမလို ၊ ပြန်ပို့ ပစ္စည်းဟောင်းများ လေလံတင်ရောင်းချနိုင်ရေး စာရင်း ပြုစု မှတ်ပုံတင်ထားရှိ၍ လေလံတင်ရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း ။
  • ဌာနများမှ ပစ္စည်းအပ်နှံစာများအပေါ် ဌာနမှူး၏ခွင့်ပြုချက်ရရှိပြီးပါက အုပ်ချုပ်မှု ဌာနခွဲမှ ရုံးတွင်းအမိန့်ဖြင့်ထုတ်ပြန်သည့် ဌာနခွဲ(၃)ခုမှ အရာရှိများပါဝင်သည့် ဖွင့်ဖောက်စစ်အဖွဲ့ဖြင့် အပ်နှံစာပါအတိုင်း ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ မှန်ကန် မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပစ္စည်းအဝင်ရရှိမှုအတွက် Bim Card ရေးသွင်းခြင်း ။
  • ဖွင့်ဖောက်စစ်အဖွဲ့ဖြင့် စစ်ဆေးလက်ခံပြီးပါက ပစ္စည်းအပ်နှံလာသူသို့ CRV ထုတ်ပေး နိုင်ရေးအတွက် MS တွင် ဖွင့်ဖောက်စစ်အစီရင်ခံစာ ဖွင့်ဖောက်စစ်မှတ်တမ်းတို့ ပူးတွဲ၍ ဌာနမှူးထံ တင်ပြအစီရင်ခံခြင်း နှင့် ခွင့်ပြုမိန့်ရရှိပါက CRV ထုတ်ပေးခြင်း ။
  • ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေးဌာနစုမှ ထုတ်ပေးသည့် ပစ္စည်းထုတ်ပေးပြေစာ (IV) အပေါ် ပစ္စည်းသယ်ထုတ်ခွင့်(ကုန်ပို့လွှာ) ဖြတ်၍ သိုလှောင်ရုံပစ္စည်းများကို စနစ်တကျ ထုတ်ပေးခြင်းအတွက် Bim Card ရေးသွင်းခြင်း။
  • ပစ္စည်းအဟောင်းများ လေလံတင်ရောင်းချနိုင်ရေးအတွက် ဌာနများအနေဖြင့် ပစ္စည်း အဟောင်းများရှိပါက ဤဌာနသို့ပေးပို့ရန် နှိုးဆော်ခြင်း ။
  • သိုလှောင်ရုံများ၏ မြေပြင်လက်ကျန်ပစ္စည်းစာရင်းနှင့် ပစ္စည်းစာရင်းထိန်းသိမ်းစစ်ဆေးရေး ဌာနစု၏ ပစ္စည်းမှတ်တမ်းစာရင်း ကိုက်ညီမှု ရှိ/မရှိ လစဉ် တိုက်ဆိုင်စစ်ဆေးခြင်း ။
  • ဌာနများမှပေးပို့လာသည့် ပစ္စည်းအဟောင်းများအား ကော်မတီဝင်(၄) ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဗဟိုပစ္စည်းထိန်းဌာနမှူး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ကော်မတီ၏ ဌာနများပါဝင်သော ကြမ်းခင်းစျေးညှိနှိုင်းသတ်မှတ်ရေးအဖွဲ့ဖြင့် ညှိနှိုင်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ခြင်း ။
  • ကြမ်းခင်းစျေးအတည်ပြုချက်ရရှိပြီးပါက တွဲဖက်အတွင်းရေးမှူးထံသို့ ခွင့်ပြုချက်တောင်းခံ ခြင်း နှင့် ဥက္ကဌ(မြို့တော်ဝန်)ထံသို့ အတည်ပြုချက်တောင်းခံခြင်း ။
  • ဥက္ကဌ ( မြို့တော်ဝန် ) ၏ အတည်ပြုချက်ရရှိပြီးပါက လေလံစာရင်း ရေးသွင်းနိုင်ရေးအတွက် အင်ဂျင်နီယာဌာန(အဆောက်အအုံ) သို့ ပေးပို့ခြင်း။
  • ပစ္စည်းစာရင်းဌာနခွဲမှပေးပို့လာသည့် CRV ၊ IV များနှင့်ပတ်သက်၍ CRV မူရင်းကို ပစ္စည်းပေးသွင်းသူသို့လည်းကောင်း၊ ပ-မိတ္တူကို ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့လည်းကောင်း ပေးပို့ပြီး တ-မိတ္တူကို သိုလှောင်ရေးဌာနခွဲတွင်လည်းကောင်း လက်ခံထားရှိပြီး IV ပ-မိတ္တူ ကို ဘတ်ဂျက်နှင့်ငွေစာရင်းဌာနသို့လည်းကောင်း ၊ ဒု-မိတ္တူကို လုပ်ငန်းအင်ဂျင်နီယာသို့ လည်းကောင်း ၊ တ-မိတ္တူကို စစ်ဆေးရေးဌာနသို့လည်းကောင်း ပေးပို့ပါသည်။
  • တောင်းခံလာသည့်ပစ္စည်းများနှင့်ပတ်သက်၍ သိုလှောင်ရုံတွင် ပစ္စည်းမရှိခြင်းအတွက် ပစ္စည်း မရှိကြောင်းထောက်ခံချက် အင်န်အေစီ(NAC) ထုတ်ပေးခြင်း ။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC