ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ဌာန၏လုပ်ငန်းတာ၀န်များ

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သယ်ယူပို့ဆောင်မှုအတွက် ယာဉ်၊ ယန္တရား၊ စက်ပစ္စည်း ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်ခြင်း။
  • မြို့နယ်အသီးသီးတွင် လမ်းဖောက်ခြင်း၊ လမ်းပြင်ခြင်း၊ မြောင်းသွယ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်း၊ မိလ္လာသိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ သောက်သုံးရေရရှိရေးဆောင်ရွက်ခြင်း၊ ရေဆိုးသန့်စင်ရေးဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်း အစရှိသည့် အင်ဂျင်နီယာလုပ်ငန်းများအတွက် ယာဉ်၊ စက်၊ ယန္တရားများ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဆောင်ရွက်ခြင်း။
  • ကော်မတီတစ်ရပ်လုံးရှိဝန်ထမ်းများအတွက် ကြို/ပို့ယာဉ်များပြေးဆွဲဆောင်ရွက်ပေးခြင်း။
  • ဌာနအသီးသီးမှ လိုအပ်သော လုပ်ငန်းသုံးယာဉ် ၊ စက် ၊ ယန္တရားများအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းအပိုများကို ကြိုတင်စီမံထားရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း။
  • ယာဉ်၊ စက်၊ ယန္တရားများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများကို ကော်မတီ၏ ခွင့်ပြုချက်နှင့်အညီ စနစ်တကျဝယ်ယူသုံးစွဲခြင်း။
  • ကော်မတီတစ်ရပ်လုံးရှိ ယာဉ်၊ စက်၊ ယန္တရားများသုံးစွဲမှုကို စနစ်တကျကွပ်ကဲထိန်းသိမ်းခြင်း။
  • ဌာနအသီးသီးသို့ ဤဌာနမှထုတ်ပေးထားသော ယာဉ်၊ စက်၊ ယန္တရားများ၏ တည်ရှိမှုအခြေအနေနှင့်ပတ်သက်၍ နှစ်စဉ်အဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်ခြင်း။
  • ကော်မတီတစ်ရပ်လုံးရှိ ယာဉ်၊ စက်၊ ယန္တရားများအတွက် တာယာ၊ ဘက်ထရီ၊ စက်ဆီ၊ ချောဆီများအား ဈေးပြိုင်တင်ဒါစနစ်ဖြင့်ဝယ်ယူနိုင်ရေး ကော်မတီသို့ တွက်ချက် တင်ပြခြင်းနှင့် ဝယ်ယူရရှိမှုအပေါ် စနစ်တကျထိန်းသိမ်းခြင်း၊ ဌာနများမှ တောင်းခံလာမှုအပေါ် သတ်မှတ်စည်းကမ်းများအတိုင်း ပြန်လည်ထုတ်ပေးခြင်း။
  • ယာဉ်၊ စက်၊ ယန္တရားများပြုပြင်ခြင်းအတွက် ထွက်ရှိလာသော သံတိုသံစအဟောင်းများ နှင့်အခြားပြန်လည်အသုံးပြု၍မရတော့သည့် အထွေထွေပစ္စည်းဟောင်းများအား လေလွှင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ကော်မတီဝင်ငွေရရှိရေးအတွက် ပစ္စည်းဟောင်းများ ဈေးပြိုင်တင်ဒါရောင်းချခြင်း။
  • နိုင်ငံတော်နှင့်ကော်မတီမှ ကြီးမှူးကျင်းပသော အထိမ်းအမှတ်နေ့များတွင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယာဉ်၊ စက်၊ ယန္တရားများစီစဉ်ပံ့ပိုးဆောင်ရွက်ပေးခြင်း။
  • အသုံးပြုရန်မလိုအပ်တော့သည့် ယာဉ်၊ ယန္တရားများနှင့် စက်ပစ္စည်းအဟောင်းများအား သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ သံရည်ကျိုအပ်နှံခြင်း။
  • ကော်မတီပိုင် ယာဉ်၊ စက်၊ ယန္တရားများအား သက်တမ်းအလိုက် ယာဉ်လိုင်စင်သက်တမ်း တိုးဆောင်ရွက်ခြင်းနှင့် ယာဉ်မှတ်ပုံတင်စာအုပ်များအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ခြင်း။
  • မော်တော်ယာဉ်ဝင်းများ၊ ဆီပန့်များ၊ ဆီသိုလှောင်ကန်များ၊ စတိုများလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးစီမံဆောင်ရွက်ခြင်း။
  • တာဝန်ယူထိန်းသိမ်းကွပ်ကဲရသော ယာဉ်၊ စက်၊ ယန္တရားများ၏ ရာဇဝင်မှတ်တမ်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိခြင်း။
  • ဌာနရှိ အရာထမ်း၊ အမှုထမ်းများအား ယာဉ်၊ စက်၊ ယန္တရားများနှင့် ပတ်သက်၍ မောင်းနှင်၊ ပြင်ဆင်၊ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းနှင့် စက်ဆီ၊ ချောဆီများ ချိန်တွယ်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ လေ့ကျင့်သင်ကြားပေးခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်များသို့ သတ်မှတ်ဈေးနှုန်းများဖြင့် ရေပုပ်စုပ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်း။
  • ဤဌာန၏ ကွပ်ကဲမှုအောက်တွင်တည်ရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ မီးသတ်ဌာနစုတွင် တည်ရှိသည့် မီးသတ်ကားနှင့် မီးသတ်ဝန်ထမ်းများအား အရေးပေါ်လိုအပ်ပါက အချိန်မီသွားရောက်နိုင်ရေး စနစ်တကျကွပ်ကဲဆောင်ရွက်ထားရှိခြင်း။
  • ကော်မတီမှညွှန်ကြားလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • e-Governmentဦးစီးကော်မတီနှင့် e-Governmentလုပ်ငန်းကော်မတီတို့မှ ညွှန်ကြားချက်များအတိုင်း e-Government လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက် ခြင်း။
  • ကော်မတီတစ်ရပ်လုံးရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်တစ်ဦးဦးကွယ်လွန်ပါက နာရေးဆောင်ရွက်မည့်နေ့တွင် ဝန်ထမ်းတစ်ဦးလျှင် (ဆီ)အပါဘတ်စ် ယာဉ်ကြီး တစ်စီးနှုန်းဖြင့် ကူညီဆောင်ရွက်ပေးခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC