အင်ဂျင်နီယာဌာန (ရေ နှင့် သန့်ရှင်းမှု)

ဌာန၏လုပ်ငန်းတာ၀န်များ

  • မြို့တော်နေလုပ်သားပြည်သူများအတွက် သန့်ရှင်းကြည်လင်ပြီး သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်စေရန် ရေ​​လှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေစုပ်စက်ကြီးများနှင့် အဝီစိတွင်း များအား ပြုပြင်ထိန်းသိမ်းလည်ပတ်၍ ရေဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခြင်း။
  • တိုးတက်လာမည့် မြို့တော်လူဦးရေနှင့်အညီ ရေတိုးချဲ့ဖြန့်ဝေနိုင်ရေးအတွက် ရေအရင်းအမြစ် များ ဖော်ထုတ်ခြင်း၊ ရေပိုက်လိုင်းများတိုးချဲ့ တည်ဆောက်ရန် စီမံကိန်းလုပ်ငန်းများဆောင် ရွက်ခြင်း။
  • ရေပေးရေးနှင့် သက်ဆိုင်သော တည်ဆောက်ရေး ထိန်းသိမ်းရေး၊ ပြုပြင်မွမ်း​မံရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  • ရေမီတာတပ်ဆင်ခြင်းနှင့် ရေဖိုး၊ ရေခများ ကောက်ခံခြင်း။
  • ရေပိုက်ဆက်သွယ်ခြင်း၊ ရေစုပ်စက်တပ်ဆင်ခြင်း မိလ္လာကန်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို စိစစ်ခွင့်ပြုခြင်း။
  • ရေအားနည်းသော ရပ်ကွက်များတွင် ရေပိုမိုရရှိနိုင်ရန် ရေပိုက်လိုင်းများ ဆေးကြောခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ ရေလှောင်ကန်များမှ ရေလွှတ်ချိန်ကို အလှည့်ဖြင့် စီမံစေလွှတ်ခြင်း။
  • ဂျိုးဖြူကန်၊ လှော်ကားကန်နှင့် ဖူးကြီးရေလှောင်ကန်များနှင့်နောင်တည်ဆောက်မည့် ရေပို့ပိုက်မကြီးများကို အမြဲစစ်ဆေး၍ ပြုပြင်ဆောင်ရွက်ခြင်း။
  • မြို့တွင်း၌ ​ရေသွားနှုန်းကောင်းမွန်စေရန် သင့်လျော်သည့်နေရာများတွင် ရေလှောင်ကန်များ ဆောက်လုပ်ခြင်း။
  • ရန်ကုန်တစ်ဖက်ကမ်းနေ ပြည်သူများအတွက် သောက်သုံးရေရရှိစေရန် ပေးပို့ဆောင်ရွက်ခြင်း နှင့် တိုးချဲ့ဒေသများ၊ မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ​ရေကန်များတည်ဆောက်ပေးခြင်း။
  • ရေစစ်ကန်များတွင် ကျောက်ချဉ်ခပ်၍ အနည်ထိုင်စေခြင်းနှင့် ရေပိုက်များအတွင်းသို့ ကလိုရင်းဆေးရည်များ ရောထည့်ပေးခြင်း။
  • ရေဖြုန်းတီးမှု ကာကွယ်ရေးအတွက် နည်းလမ်းများ ရှာဖွေခြင်းနှင့် ရေပိုက်ပေါက်နေခြင်းကို နှိုးဆော်စာ ထုတ်၍ ပြုပြင်ဆောင်ရွက်စေခြင်း။
  • ရေပိုက်နှင့်စက်ပစ္စည်းကိရိယာများ၊ ရေစုပ်စက်များ၊ ကလိုရင်းဆေးရည်၊ ကျောက်ချဉ်တို့ကို ပြင်ပမှမှာယူခြင်း၊သိုလှောင်ထားရှိခြင်း၊ စနစ်တကျ ကိုင်တွယ်သုံးစွဲရန် စီမံညွှန်ကြားခြင်း။
  • မိလ္လာပြွန်စနစ်ဖြင့် မိလ္လာစက်အိုးများ အသုံးပြု၍ မိလ္လာစွန့်ပစ်ခြင်း။
  • မိလ္လာပြွန်စနစ်နှင့်သက်ဆိုင်သော တည်ဆောက်ရေး၊ ထိန်းသိမ်းရေး ပြုပြင်မွမ်းမံရေးလုပ်ငန်း များကို ဆောင်ရွက်ခြင်း။
  • မြို့နေပြည်သူလူထုမှ စွန့်ပစ်သော အညစ်အကြေးများကို မြစ်အတွင်းသို့ လေဖိအားဖြင့် မှုတ်ထုတ်ခြင်းလုပ်ငန်းအတွက် ရန်ကုန်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်း လေမှုတ်စက်ရုံကြီးအား နေ့စဉ်မှန်မှန်လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ခြင်း။
  • လေမှုတ်စက်ကြီးများအတွက် လိုအပ်သည့်စက်ပစ္စည်းများ မှာယူခြင်း၊ သိုလှောင်ထားရှိခြင်း။
  • မိလ္လာပိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် မြေထု၊ ရေထု နှင့် လေထုညစ်ညမ်းမှု မဖြစ်စေရန် စီမံဆောင်ရွက်ခြင်း။
  • မိလ္လာစက်များနှင့် လေမှုတ်စက်များအား (၂၄)နာရီ လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ခြင်း။
  • မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ဇလားအိမ်သာအစား ရေလောင်းအိမ်သာစနစ်ဖြင့် အသုံးပြုရေးကို စီမံကိန်းဖြင့် ဆောင်ရွက်ခြင်း။
  • ဆင်ခြေဖုံးရပ်ကွက်များနှင့် တိုးချဲ့မည့်မြို့သစ်များ၊ ရပ်ကွက်များနှင့် လိုက်လျောညီထွေရှိစေမည့် ခေတ်မီမိလ္လာစွန့်ထုတ်မှုစနစ်များကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်း။
  • ရေကူးရေစက်၊ လှော်ကားရေစက်နှင့် ဖူးကြီးရေစက်နှင်ဂျိုးဖြူရေစက်ရှိ ရေတွန်းစက်ကြီးများ လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
  • ရေစက်ကြီးများ အပျက်အစီးရှိသည့်အခါ အမြန်ဆုံးပြင်ဆင်ခြင်း၊ စက်အပိုပစ္စည်းများ စက်ရုံတွင် တီထွင်ကြံဆလုပ်ဆောင်ခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အဝီစိတွင်းများရှိ ရေထွက်နှုန်းတိုင်းတာစစ်ဆေးခြင်း၊ ရေတွင်းသစ်များတူးဖော်ခြင်း စက်များတပ်ဆင်ပေးခြင်း၊ပိုက်များသွယ်ပေးခြင်း။
  • ဂျိုးဖြူရေပိုက်လိုင်း၊ဖူးကြီး ရေပိုက်လိုင်းနှင့် လှော်ကား ရေပိုက်လိုင်းနှင့်နောင်တည်ဆောက်မည့်ရေပိုက်လိုင်းတို့၏ လုံခြုံရေးဆောင်ရွက် ခြင်း၊ပိုက်ကူးခုံးကျော်တံတားများ တည်ဆောက်ခြင်း။
  • မီးသတ်ပိုက်ခေါင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ မီးငြိမ်းသတ်ရေးအတွက် ရေထည့်ရန် ရေတိုင်ကီများ တည်ဆောက်ပေးခြင်း။
  • တရားမ၀င်ရေသွယ်ခြင်းများကို စစ်ဆေးအရေးယူခြင်း။
  • ဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ကြီးကြပ်ကွပ်ကဲခြင်း။
  • လုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်စဉ်တိုးတက်မှုရှိစေရန် နှစ်တိုနှစ်ရှည် စီမံကိန်းရေးဆွဲ တင်ပြခြင်း၊ ဘတ်ဂျက် ရေးဆွဲတင်ပြခြင်း၊ တောင်းခံ သုံးစွဲခြင်း၊ သုံးစွဲခြင်း၊ ၀င်ငွေကောက်ခံရရှိမှု စစ်ဆေးခြင်း။
  • နှစ်စဉ်ဝင်ငွေအသုံးစရိတ် ရေလှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေပိုက်လိုင်းများ၊ အဝီစိတွင်းများ ရေမီတာစနစ်၊ မိလ္လာစနစ်၊ မိလ္လာပြွန်စနစ် အစရှိသောလုပ်ငန်းများနှင့်ပတ်သက် သည့်ပုံစံများ၊ စာရင်းဇယားများနှင့် ကိန်းဂဏန်းများအား ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ခြင်း။

    ရည်မှန်းချက်လုပ်ငန်းတာ၀န်(၅)ရပ်
  • ရန်ကုန်မြို့တော်သူ၊မြို့တော်သားတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို နေ့စဉ် လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး။
  • ရေဖိုးရေခများ အပြည့်အ၀ကောက်ခံရရှိရေး။
  • ရေလေလွင့်ပြုန်းတီးမှုများ ကာကွယ်ထိန်းသိမ်းရေး။
  • မိလ္လာများ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရေး။
  • ခေတ်မီနည်းစနစ်ဖြင့်ရေပေးဝေဖြန့်ဖြူးရေးနှင့်မိလ္လာများစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် တိုးမြှင့်စီမံ ဆောင်ရွက်ရေး။

ရေလှောင်ကန်ကြီးများ၏ လုပ်ငန်းတာ၀န်များ
  • ရေလှောင်ကန်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှာက်ခြင်း။
  • ရေဝေရေလဲ သစ်တောများ ပြုစုပျိုးထောင် ထိန်းသိမ်းစောင့်ရှာက်ခြင်း။
  • ကြည်လင်သန့်ရှင်း၍ အဆင့်အတန်းမှီသော သောက်သုံးရေရရှိစေရန် ကလိုရင်း၊ ကျောက်ချဉ်နှင့် ဓာတုဗေဒ ဆေးများခပ်ခြင်း။
  • ကန်ရေချိန်၊မိုးရေချိန်ပို့လွတ်ရေပမာဏများကို နေ့စဉ်တိုင်းတာခြင်း။
  • ရေလှောင်ကန်ကြီးများရှိရေတွန်းစက်ကြီးများမောင်းနှင်ခြင်း၊ ရေတွန်းစက်ကြီးများ၊ ထရန်စဖော်မာများ၊ စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများအား ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ခြင်း။
  • ကန်ရေပြင်များ သန့်ရှင်းစေရန် ရေပြင်အတွင်းမှ မှော်၊ ဒိုက်၊ ဗေဒါစသည်များ ဆယ်ထုတ်ခြင်း။
  • ရေလှောင်ကန်ကြီးများ အတွင်းရှိရေပေးရေးဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများအား ပြုပြင်ခြင်း၊ခေတ်နှင့်လျော်ညီစွာတိုးချဲ့ဆောက်လုပ်ခြင်း။

ရေပေးရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေပို့ပိုက်မကြီးများ၊ ရေအားဖြည့်ပိုက်လိုင်းများ၊ ရေဖြန့်ဝေပိုက်များ ကြံ့ခိုင်မှုအတွက်ပြုပြင် ထိန်းသိမ်း ခြင်း၊ရေတိုးချဲ့ဖြန့်ဝေမှုအတွက် အသစ်ဆက်သွယ်ခြင်း။
  • မြို့နယ်များအတွင်းရှိ ရေအားဖြည့်ရေတွန်းစက်များ မောင်းနှင်ပေးခြင်း။
  • ရေလှောင်ကန်ကြီးများမှ တိုက်ရိုက် ရေပို့ပိုက်လိုင်းမရှိသောမြို့နယ်များတွင် အဝီစိရေတွင်းများမှ ရေကို ဖြန့်ဝေပေးခြင်း။
  • ကြည်လင်သန့်ရှင်းအဆင့်မီသောသောက်သုံးရေရရှိရေးအတွက် ကလိုရင်း၊ကျောက်ချဉ်နှင့်ဓါတုဆေးများ ထပ်မံခပ်ခြင်း။
  • အဆောက်အအုံများသို့ ဆက်သွယ်ယူထားသော ပိုက်များမှရေပိုက်ပေါက်ခြင်းစသည့် ရေဖြုန်းတီးမှုမရှိ စေရေးအတွက် ဆောင်ရွက်ခြင်း။
  • အများသုံးသောက်ရေကန်များ၊မီးသတ်ပိုက်ခေါင်းများ၊ထိန်းသိမ်းစောင့်ရှောက်ခြင်း။
  • တရားမ၀င်ရေဆက်သွယ်မှုများ မရှိစေရန်စိစစ်ဆောင်ရွက်ခြင်း။
  • အဆောက်အအုံများသို့ရေသွယ်ခြင်း၊မိလ္လာပြွန်ဆက်သွယ်ခြင်းနှင့်မိလ္လာကန်တည်ဆောက်ခြင်းတို့ကို စိစစ်ခွင့်ပြုခြင်း။
  • ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်များနှင့် တိုးချဲ့မြို့သစ်များရေရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။

လျှပ်စစ်နှင့်စက်မှုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေကူးရေတွန်းစက်နှင့် အားဖြည့်ရေတွန်းစက်ကြီးများ မောင်းနှင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း။
  • ရေတွန်းစက်ကြီးများ၊ထရန်စဖော်မာကြီးများနှင့် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ၏ အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်း။
  • အဝီစိတွင်းသစ်များတူးခြင်းနှင့် တွင်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း။
  • စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း။
  • အဝီစိတွင်းသုံး ရေစုပ်စက်များ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း။
  • ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်း။
  • လျှပ်စစ်နှင့်စက်မှုဆိုင်ရာအရန်ပစ္စည်းများနှင့် ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။

အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • လိုအပ်သော လုပ်ငန်းသုံးပစ္စည်း၊ အရန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း။
  • ရေနမူနာများရယူခြင်း၊ ရေအရည်အသွေးများ ဓါတ်ခွဲစမ်းသပ်ခြင်း နေ့စဉ်ရေဖြန့်ဝေပေးလျှက်ရှိသော သောက်သုံးရေအရည်အသွေးများကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း။
  • အင်ဂျင်နီယာလုပ်ငန်းများအတွက် ခေတ်မီနည်းစနစ်ဖြင့်လိုအပ်သောပုံစံထုတ်ခြင်း၊ပိုက်လိုင်းပုံစံများ ရေးဆွဲခြင်း၊ပစ္စည်းစာရင်းများတွက်ချက်ခြင်း။
  • မြေပုံနှင့်ပုံစံများမှတ်တမ်းတင်ခြင်း၊ထိန်းသိမ်းခြင်း၊လိုအပ်သောရုံးလုပ်ငန်းများဆောင်ရွက်ပေးခြင်း။
  • ရေအရင်းအမြစ်ရှာဖွေခြင်း၊စီမံကိန်း၊စီမံချက်များရေးဆွဲခြင်း။
  • စဉ်ဆက်မပြတ်လုပ်ငန်းခွင်သင်တန်းများပေးခြင်းနှင့်ပြည်တွင်းပြည်ပခေတ်မီနည်းပညာသင် ကြားနိုင်ရေးစီစဉ်တင်ပြဆောင်ရွက်ခြင်း။

အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • ရေခိုးရေခများကောက်ခံနိုင်ရေးဆောင်ရွက်ခြင်း၊စာရင်းဇယားများထိန်းသိမ်းခြင်း။
  • ၀င်ငွေများလက်ခံအပ်နှံခြင်း၊သုံးငွေများစိစစ်ထုတ်ပေးခြင်း။
  • နှစ်တိုနှစ်ရှည်စီမံကိန်းများ၊သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ် ခန့်မှန်းခြေစာရင်းများ တွက်ချက်ရေး ဆွဲခြင်း။
  • ၀န်ထမ်းရပိုင်ခွင့်များ ဆောင်ရွက်ပေးခြင်း။
  • ၀န်ထမ်းများစည်းကမ်းလိုက်နာရေး ဆောင်ရွက်ခြင်း။
  • ၀န်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

သန့်ရှင်းမှုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
  • မိလ္လာပြွန်လိုင်းများပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းခြင်း၊ပြုပြင်ခြင်း။
  • လေမှုတ်စက်များ၊မိလ္လာစက်အိုးများမောင်းနှင်ခြင်း၊ပြုပြင်ခြင်း၊ထိန်းသိမ်းခြင်း။
  • မိလ္လာပြွန်၊မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများ၊စီမံချက်များရေးဆွဲခြင်း။
  • မြို့တော်အင်္ဂါရပ်နှင့်အညီ မိလ္လာစွန့်ပစ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများ၊စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။

ကြိုတင်အားဖြည့် ကွန်ကရစ်ပိုက်စက်ရုံ
  • ရေပေးရေးလုပ်ငန်းအတွက် လိုအပ်သော ပိုက်အမျိုးမျိုးနှင့် အထူးပိုက်များ ထုတ်လုပ်ခြင်း။
  • ဌာန၀င်ငွေ တိုးတက်ရရှိစေရေးအတွက် အခြားလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်း။
  • စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများ၊စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။

ရန်ကုန်မြို့တော် ရေပေးဝေရေးသမိုင်းကြောင်း

၁၈၄၂

ရေတွင်းကြီး (၃၀)

၁၈၇၉

ကန်တော်ကြီးကန်

၁၈၈၄

အင်းလျားကန်

၁၉၀၄

လှော်ကားရေလှောင်ကန်

၁၉၄၀

ဂျိုးဖြူရေလှောင်ကန်

၁၉၉၂

ဖူးကြီးရေလှောင်ကန်

၂၀၀၅

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်)

၂၀၁၄

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်)

လှော်ကားရေလှောင်ကန်ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၀၀ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၀၄ ခုနှစ်

ရေစုဆောင်းသောဧရိယာ

၁၀.၅ စတုရန်းမိုင်

ရေပြင်ဧရိယာ(ရေပြည့်ချိန်)

၄.၄ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၁၂၀၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၁၀၆၀၀ ဂါလန်သန်း

ကန်ရေလျှံအမှတ်

၆၂ ပေ

ပထမရေယူပေါက် အမြင့်ပေ

၅၇.၂ ပေ

ဒုတိယရေယူပေါက် အမြင့်ပေ

၄၉.၂ ပေ

တတိယရေယူပေါက် အမြင့်ပေ

၄၂.၂ ပေ

ပိုက်အရွယ်အစား

၄၂"Ø

အကွာအဝေး

၁၇ မိုင်

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၁၄ ဂါလံ (သန်း)

လှော်ကားရေတွန်းစက်ရုံ

ရေတွန်းစက်ရုံအမှတ်(1)

1000 KW(26 MGD)

၄ လုံး

မော်တာ၊ ပန့်(2DUTY : 2 STANDBY)

ရေတွန်းစက်ရုံအမှတ်(၂)

 

75 KW မော်တာပန့် (8 MGD)

၂ လုံး

ဂျိုးဖြူရေလှောင်ကန်ဆိုင်ရာ အချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၃၆ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၄၀ ခုနှစ်

ရေဝေရေလဲဧရိယာ

၁၂.၇ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၂.၈ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၁၆၆၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၈၄၀၀ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၂၁၅ ပေ

အနိမ့်ဆုံးကန်ရေချိန်

၁၃၈ ပေ

ပထမ ရေယူပေါက်

၂၀၁ ပေ

ဒုတိယရေယူပေါက်

၁၈၀၀၀ ပေ

တတိယ ရေယူပေါက်

၁၃၈ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၂၇ ဂါလန်သန်း

အကွာအဝေး

၄၃ မိုင်

ဖူးကြီးရေလှောင်ကန် ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၇၃ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၈၈ ခုနှစ်

ရေဝေရေလဲဧရိယာ

၂၇.၂၇ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၆.၈ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၂၃၀၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၂၀၀၀၀ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၁၁၅.၅ ပေ

ပထမ ရေယူပေါက်

၉၁.၅ ပေ

ဒုတိယရေယူပေါက်

၇၆.၅ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၅၄ ဂါလန်သန်း

အကွာအဝေး

၃၂ မိုင်

ပျော်ဘွယ်စုရေတွန်းစက်ရုံ

တည်ဆောက်သောခုနှစ်

၂၀၀၅ ခုနှစ်

185KW မော်တာပန့်(16.0 MGD)

၃ လုံး

ဖူကြီး ရေတွန်းစက်ရုံ

450 KW မော်တာပန့်(27 MGD)

၃ လုံး

(2DUTY : 1 STANDBY)

 

ငမိုးရိပ်ရေလှောင်ကန်ဆိုင်ရာအချက်အလက်များ

စတင်တည်ဆောက်သောခုနှစ်

၁၉၉၂ ခုနှစ်

ပြီးစီးသောခုနှစ်

၁၉၉၅ ခုနှစ်

ရေဝေရေလဲဧရိယာ

၁၆၀ စတုရန်းမိုင်

ကန်ရေပြည့်ရေပြင်ဧရိယာ

၁၇.၁၉ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား

၄၈၇၉၁ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ

၄၅၅၃၈ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန်

၁၀၇ ပေ

အနိမ့်ဆုံးကန်ရေချိန်

၈၁ ပေ

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

၉၀ ဂါလန်သန်း

ငမိုးရိပ်ရေသန့်စင်စက်ရုံ

စီမံကိန်းစတင်သည့်နေ့

၂၅-၄-၂၀၀၄

စီမံကိန်းပထမအဆင့်ပြီးစီးသည့်နေ့

၂၃-၁၂-၂၀၀၅

တစ်နေ့ရေပေးဝေနိုင်မှု

၄၅ ဂါလန်သန်း

စီမံကိန်းဒုတိယအဆင့်ပြီးစီးသည့်နေ့

၂၆-၃-၂၀၁၃

ရေသန့်စင်စက်ရုံအမှတ်(၁)

800KW (15 MGD)ရေတွန်းစက်

၄ လုံး

110KW(15MGD)အနိမ့်ရေတင်စက်

၄ လုံး

ရေသန့်စင်စက်ရုံအမှတ်(၂)

560KW(11.25 MGD)ရေတွန်းစက်

၆ လုံး

110KW(15 MGD)အနိမ့်ရေတင်စက်

၄ လုံး

ကုက္ကိုင်းရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၉၂၆ ခုနှစ်

တည်နေရာ

ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့်

အရွယ်အစား

၅၅၉ ပေ x ၂၈၆ ပေ x ၂၀ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၂၀)သန်း

ရေပေးဝေသည့်မြို့နယ်များ

ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်

ရေကူးရေတွန်းစက်ရုံ

မူလရေတွန်းစက်ရုံ

275KW မော်တာပန့် (10MGD)

၃ လုံး

280KW မော်တာပန့် (10 MGD)

၄ လုံး

ဂါလန် (၇)သိန်းဆံ့ ရေလှောင်ကန်

၁ ကန်

ရေတွန်းစက်ရုံသစ်

715 KW မော်တာပန့် (20MGD)

၄ လုံး

ဂါလန် (၁)သန်းဆံ့ရေလှောင်ကန်

၁ ကန်

မဟာဝိဇယရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၉၆၅ ခုနှစ်

တည်နေရာ

ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်း

အရွယ်အစား

၃၄၉ ပေ x ၂၂၀ ပေ x ၂၂ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၁၀)သန်း

ရေပေးဝေနိုင်သည့်မြို့နယ်များ

မရှိပါ

ရွှေတိဂုံဘုရားရေလှောင်ကန်

တည်ဆောက်သည့်ခုနှစ်

၁၈၉၄ ခုနှစ်

တည်နေရာ

ရွှေတိဂုံဘုရားလမ်းတောင် ဘက်မုခ်

အရွယ်အစား

၂၀၀ ပေ x ၅၀၀ ပေ x ၂၀ ပေ

ရေလှောင်ပမာဏ

ရေဂါလန် (၁)သန်း

ရေပေးဝေနိုင်သည့်မြို့နယ်များ

ဒဂုံ၊ လသာ၊ လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊

သဲဖြူရေပေးဝေရေးစခန်း(လှိုင်သာယာမြို့နယ်)

တည်ဆောက်သည့်ခုနှစ်

၂၀၀၀ ခုနှစ်

အဝီစိတွင်း

၁၀"Ø (၁၀) တွင်း / ၈"Ø (၃) တွင်း/ ၆"Ø (၂) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

45KW မော်တာပန့် (9.5MGD)

၁ လုံး

22KW မော်တာပန့် (6 MGD)

၃ လုံး

ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း(ဒလမြို့နယ်)

တည်ဆောက်သည့်ခုနှစ်

၂၀၀၀ ခုနှစ်

အဝီစိတွင်း

၁၀"Ø (၃) တွင်း / ၈"Ø (၄) တွင်း/ ၆"Ø (၁) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

22KW မော်တာပန့် (8 MGD)

၁ လုံး

37KW မော်တာပန့် (6 MGD)

၁ လုံး

ဒဂုံတောင်အမှတ် (၁) ရေပေးဝေရေးစခန်း

တည်ဆောက်သည့်ခုနှစ်

၂၀၀၈ ခုနှစ်

အဝီစိတွင်း

၈"Ø (၄) တွင်း / ၆"Ø (၄) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

22KW မော်တာပန့် (8 MGD)

၃ လုံး

18.5KW မော်တာပန့် (8 MGD)

၃ လုံး

ဒဂုံတောင်အမှတ် (၂) ရေပေးဝေရေးစခန်း

တည်ဆောက်သည့်ခုနှစ်

၂၀၀၉ ခုနှစ်

အဝီစိတွင်း

၈"Ø (၁၀) တွင်း

တစ်နေ့ရေပေးဝေနိုင်မှုပမာဏ

(၁)သန်း

22KW မော်တာပန့် (8 MGD)

၄လုံး

Back to Top